Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 27, 2016

လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်သော ဆွေးနွေးမှု အချက်အလက်များကို ပယ်ဖြတ်ပေးရန် တပ်မတော်သား ကိုယ်စားလှယ်များ စာရေးသားတောင်းဆို



 NLD ပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အောင်လွင်က လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်သော ဆွေးနွေးမှု အချက်အလက်ကို လွှတ်တော်မှ မှတ်တမ်းတင်ထားမှု ပယ်ဖြတ်ပေးရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ထံ စာရေးသား တောင်ဆိုလိုက်သည်။

အဆိုပါ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ တပ်မတော်သား ကိုယ်စာလှယ်များ၏ တောင်းဆိုမှုစာ၌ စေတုတ္တရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အောင်လွင် ဆွေးနွေးခဲ့သော လက်ပံတောင်းတောင် စီမံကိန်းနှင့် က.ပ.စ ၂၀ ၏ တပ်မြေကိစ္စများကို ဆွေးနွေးခြင်းသည် မြန်မာစီးပွားရေး ဦးပိုင်လီမီတက်နှင့် တပ်မတော်၏ ဥပဒေနှင့်အညီ လုပ်ဆောင်ချက်များအပေါ် ပြည်သူလူထုအနေဖြင့် အထင်မြင်လွဲမှားမှုများ ဖြစ်စေနိုင်ခြင်း၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးအစမှာပင် လွှတ်တော် ကိုယ်စားလှယ် အချင်းချင်း အမြင်သဘောထား ကွဲလွဲမှုများ ဖြစ်စေနိုင်သဖြင့် ဦးကျော်အောင်လွင် ဆွေးနွေးခဲ့သော လက်ပံတောင်းတောင် စီမံကိန်းနှင့် ကပစ ၂၀ တပ်မြေကိစ္စနှင့် ပတ်သက်သော အချက်အလက်များအား ကန့်ကွက်ကြောင်းနှင့် ပြည်သူ့လွှတ်တော် မှတ်တမ်းမှ ပယ်ဖြတ်ပေးရန် စသည်ဖြင့် ရေးသားတောင်းဆိုခဲ့သည်။


ပြည်သူ့လွှတ်တော် စီမံကိန်းများနှင့် ပတ်သက်သည့် အရေးကြီးအဆို ဆွေးနွေးရာ၌ စေတုတ္တရာ NLD လွှတ်တော် အမတ် ဦးကျော်အောင်လွင်မှ လက်ပံတောင်းတောင် စီမံကိန်းအကြောင်း ထည့်သွင်း ဆွေးနွေးခဲ့သည်။ ယင်းဆွေးနွေးမှုကို တပ်မတော်သား ကိုယ်စားလှယ်များက မတ်တပ်ရပ် ကန့်ကွက်ခဲ့သည်။ ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက မဲခွဲဆုံးဖြတ်ပြီး အချက်အလက်များကို လွှတ်တော် မှတ်တမ်းအဖြစ် ထားရှိခဲ့သည်။

ပြည်သူ့လွှတ်တော်မှ မှတ်တမ်းအဖြစ် ထားရှိခြင်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့၌ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့က ပယ်ဖြတ်ပေးရန် လက်မှတ်ရေးထိုး တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

သတင်း - ကျော်စိုးဦး
The Ladies News
https://www.facebook.com/News.TheLadies

No comments:

Post a Comment