Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, February 5, 2016

ဘိန္းဘုရင္ခြန္ဆာ၏ ကြန္ရက္ႏွင့္ ဆက္ႏႊယ္ေနေသာ မူးယစ္ဂိုဏ္း ထိုင္းမွာဖမ္းမိ


 ခန္႔မွန္းထိုင္းဘတ္ေငြသန္း၂၀၀ ေပါက္ေဈးရိွေသာ မူးယစ္ေဆး၀ါးမ်ား ဖမ္းမိမႈႏွင့္ ပတ္သက္၍ ထိုင္းရဲတပ္ဖဲြ႕က ဂ်မ္ရတ္ဒင္ပရီးခ်ာ (၅၄)ႏွစ္၊ လတ္ဆက္ ဖုရီပန္ရာနန္႔ (၃၇)ႏွစ္ႏွင့္ စိုင္းဟုေဖာ္ျပထားေသာ ရွမ္းအမ်ဳိးသား တဦးတို႔ကို ဖမ္းဆီးစစ္ေနသည္။

ပထမႏွစ္ဦးကို လတ္ဖေယာႏွင့္ ဘင္ကပီတို႔တြင္ ဖမ္းဆီးရမိခဲ့ျပီး ရွမ္းလူမို်းကိုမူ တနလၤာေန႔က ခ်င္းရိုင္ေဒသ၏ မယ္ဆိုင္တြင္ ဖမ္းဆီးရမိခဲ့သည္။

စိုင္းဆိုသူသည္ ေျမာက္ဘက္ေဒသမွေန၍မူးယစ္ေဆး၀ါးျဖန္႔ခိ်သူအျဖစ္ ေဆာင္ရြက္တရားမ၀င္ေဆး၀ါးမ်ားကိုကားတာယာတြင္ထည့္သြင္းသိုေလွာင္ထားေၾကာင္း စံုစမ္းစစ္ေဆးမႈအရ သိခဲ့ရေၾကာင္း၊ ထိုင္း မူးယစ္ဗ်ဴရိုမွ ရဲဗိုလ္ခ်ဳပ္ပြန္ခိ်ဳင္းခ်ာယြန္းေ၀ါင္က ေျပာၾကားခဲ့သည္။

အသြင္ယူရဲတပ္ဖဲြ႔က အိုက္စ္မူးယစ္ေဆး၀ါး ၂၇ ကီလိုဂရမ္၀ယ္လိုေၾကာင္း ဟန္ေဆာင္၍ ေစာင့္ဆိုင္းဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။ ယင္းမူးယစ္အဖဲြ႔၀င္ ဂ်မ္ရတ္၏ အိမ္မွ ရာဘေဆးျပား ငါးသိန္းႏွင့္အိုက္စ္ ၄ ဒသမ ၈ ကီ လိုတို႔ကို ဖမ္းဆီးရမိခဲ့သည္။

ယင္းမူးယစ္ေမွာင္ခိုအဖဲြ႕သည္ကြယ္လြန္သူေရႊၾတိဂံမူးယစ္ေခါင္းေဆာင္ခြန္ဆာ၏ကြန္ရက္မွအစိတ္အပိုင္းတရပ္ျဖစ္ေၾကာင္းအမ်ဳိးသားရဲတပ္ဖဲြ႕အၾကီးအကဲ ရဲဗိုလ္ခ်ဳပ္ၾကီးခ်က္တစ္ခ်ဳိင္ဂ်င္ဒါက ေျပာခဲ့သည္။

ယင္းအမႈႏွင့္ ပတ္သက္ေနသည့္ ခ်င္းရိုင္တြင္ ေရႊဆိုင္ႏွင့္ ေငြလဲေကာင္တာ ဖြင့္ထားေသာ ရွမ္းအမ်ဳိးသားလင္မယားကိုလည္းဖမ္း၀ရမ္းထုတ္ထားေၾကာင္း ဆိုသည္။

ထြဋ္၀င္းထြဋ္
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
......................


 ခန့်မှန်းထိုင်းဘတ်ငွေသန်း၂၀၀ ပေါက်ဈေးရှိသော မူးယစ်ဆေးဝါးများ ဖမ်းမိမှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့က ဂျမ်ရတ်ဒင်ပရီးချာ (၅၄)နှစ်၊ လတ်ဆက် ဖုရီပန်ရာနန့် (၃၇)နှစ်နှင့် စိုင်းဟုဖော်ပြထားသော ရှမ်းအမျိုးသား တဦးတို့ကို ဖမ်းဆီးစစ်နေသည်။

ပထမနှစ်ဦးကို လတ်ဖယောနှင့် ဘင်ကပီတို့တွင် ဖမ်းဆီးရမိခဲ့ပြီး ရှမ်းလူမိုျးကိုမူ တနင်္လာနေ့က ချင်းရိုင်ဒေသ၏ မယ်ဆိုင်တွင် ဖမ်းဆီးရမိခဲ့သည်။

စိုင်းဆိုသူသည် မြောက်ဘက်ဒေသမှနေ၍မူးယစ်ဆေးဝါးဖြန့်ချိသူအဖြစ် ဆောင်ရွက်တရားမဝင်ဆေးဝါးများကိုကားတာယာတွင်ထည့်သွင်းသိုလှောင်ထားကြောင်း စုံစမ်းစစ်ဆေးမှုအရ သိခဲ့ရကြောင်း၊ ထိုင်း မူးယစ်ဗျူရိုမှ ရဲဗိုလ်ချုပ်ပွန်ချိုင်းချာယွန်းဝေါင်က ပြောကြားခဲ့သည်။

အသွင်ယူရဲတပ်ဖွဲ့က အိုက်စ်မူးယစ်ဆေးဝါး ၂၇ ကီလိုဂရမ်ဝယ်လိုကြောင်း ဟန်ဆောင်၍ စောင့်ဆိုင်းဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ယင်းမူးယစ်အဖွဲ့ဝင် ဂျမ်ရတ်၏ အိမ်မှ ရာဘဆေးပြား ငါးသိန်းနှင့်အိုက်စ် ၄ ဒသမ ၈ ကီ လိုတို့ကို ဖမ်းဆီးရမိခဲ့သည်။

ယင်းမူးယစ်မှောင်ခိုအဖွဲ့သည်ကွယ်လွန်သူရွှေတြိဂံမူးယစ်ခေါင်းဆောင်ခွန်ဆာ၏ကွန်ရက်မှအစိတ်အပိုင်းတရပ်ဖြစ်ကြောင်းအမျိုးသားရဲတပ်ဖွဲ့အကြီးအကဲ ရဲဗိုလ်ချုပ်ကြီးချက်တစ်ချိုင်ဂျင်ဒါက ပြောခဲ့သည်။

ယင်းအမှုနှင့် ပတ်သက်နေသည့် ချင်းရိုင်တွင် ရွှေဆိုင်နှင့် ငွေလဲကောင်တာ ဖွင့်ထားသော ရှမ်းအမျိုးသားလင်မယားကိုလည်းဖမ်းဝရမ်းထုတ်ထားကြောင်း ဆိုသည်။

ထွဋ်ဝင်းထွဋ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment