Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 15, 2016

လႊတ္ေတာ္မွာ ကိုယ္က်ိဳး မရွာဖို႔ ေဒၚစုေျပာ

လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ အားလုံးကို စြမ္းရည္ျမႇင့္ သင္တန္းေပး
NLD အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ပါတီ ဥကၠ႒ ေဒၚေအာင္ဆန္း စုၾကည္က လႊတ္ေတာ္ ဆိုတာဟာ ကိုယ္က်ိဳးအတြက္ အသုံးခ်ဖို႔ စင္ျမင့္ မဟုတ္သလို ရာထူးေနရာရဖို႔ ခုတုံး ေလွကားထစ္လည္း မဟုတ္ဘူးလို႔ ေျပာလိုက္ပါတယ္။

ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔က စတင္ၿပီး UNDP ကုလ သမဂၢ ဖြံ့ၿဖိဳးတိုးတက္ေရး အစီအစဥ္က ႀကီးမွူးတဲ့ ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေတြ အတြက္ ငါးရက္ၾကာ စြမ္းေဆာင္ရည္ ျမႇင့္တင္ေရး သင္တန္း အဖြင့္ မိန႔္ခြန္းမွာ အခုလို ေျပာခဲ့တာ ျဖစ္ပါတယ္။

ျပည္သူ႔ ကိုယ္စားလွယ္ေတြဟာ ျပည္သူ႔မ်က္ႏွာကို အဓိက ၾကည့္ရမွာျဖစ္ၿပီး ကိုယ့္အစုအဖြဲ႕ မ်က္ႏွာကိုေတာင္ အဓိက မၾကည့္ရဘူးလို႔လည္း သူက ေျပာပါတယ္။

ဒါအျပင္ ပထမအႀကိမ္ လႊတ္ေတာ္က ခ်မွတ္ခဲ့တဲ့ ပါတီစြဲ ပုဂၢိဳလ္စြဲ မထားဘဲ နိုင္ငံနဲ႔ ျပည္သူ႔အတြက္ ဝိုင္းဝန္း တာဝန္ ထမ္းေဆာင္ၾကမယ္ ဆိုတဲ့ စိတ္ဓါတ္ကို ဆက္လက္ ထိန္းသိမ္း သြားဖို႔လည္း ေဒၚေအာင္ဆန္း စုၾကည္က ေျပာခဲ့ပါတယ္။ ဒီသင္တန္းကို ေဟာင္ေကာင္၊ အဂၤလန္၊ ေတာင္ကိုရီးယားက လႊတ္ေတာ္ ကိုယ္စားလွယ္ေတြနဲ႔ ျပည္တြင္းက ပညာရွင္တခ်ိဳ႕ လာေရာက္ ပို႔ခ်တာျဖစ္ပါတယ္။

ပထမအႀကိမ္ လႊတ္ေတာ္တုန္းက စြမ္းေဆာင္ရည္သင္တန္းေတြ ျပဳလုပ္ခဲ့ေပမဲ့ အခုလို လႊတ္ေတာ္ ကိုယ္စား လွယ္အားလုံး အတြက္ မဟုတ္သလို ျပည္တြင္းက ပညာရွင္ေတြ ကပဲ ပို႔ခ် ခဲ့တာျဖစ္ပါတယ္။

အခုအေျခအေနကို ၾကည့္ျခင္အားျဖင့္ အခု ဒုတိယအႀကိမ္လႊတ္ေတာ္ဟာ နိုင္ငံတကာအကူအညီ အေထာက္အပံ့ ပိုရလာတယ္လို႔ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ျပည္သူ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းသီဟေက်ာ္က ေျပာပါတယ္။

ဒီသင္တန္းကို ေဒၚေအာင္ဆန္းစုၾကည္နဲ႔ လႊတ္ေတာ္ဥကၠ႒ ဒုတိယ ဥကၠ႒ေတြလည္း တက္ေရာက္ခဲ့ ပါတယ္။

BBC Burmese
http://www.bbc.com/burmese

............................................



လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးကို စွမ်းရည်မြှင့် သင်တန်းပေး
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က လွှတ်တော် ဆိုတာဟာ ကိုယ်ကျိုးအတွက် အသုံးချဖို့ စင်မြင့် မဟုတ်သလို ရာထူးနေရာရဖို့ ခုတုံး လှေကားထစ်လည်း မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စတင်ပြီး UNDP ကုလ သမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်က ကြီးမှူးတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ အတွက် ငါးရက်ကြာ စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်း အဖွင့် မိန့်ခွန်းမှာ အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

ပြည်သူ့ ကိုယ်စားလှယ်တွေဟာ ပြည်သူ့မျက်နှာကို အဓိက ကြည့်ရမှာဖြစ်ပြီး ကိုယ့်အစုအဖွဲ့ မျက်နှာကိုတောင် အဓိက မကြည့်ရဘူးလို့လည်း သူက ပြောပါတယ်။

ဒါအပြင် ပထမအကြိမ် လွှတ်တော်က ချမှတ်ခဲ့တဲ့ ပါတီစွဲ ပုဂ္ဂိုလ်စွဲ မထားဘဲ နိုင်ငံနဲ့ ပြည်သူ့အတွက် ဝိုင်းဝန်း တာဝန် ထမ်းဆောင်ကြမယ် ဆိုတဲ့ စိတ်ဓါတ်ကို ဆက်လက် ထိန်းသိမ်း သွားဖို့လည်း ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့ပါတယ်။ ဒီသင်တန်းကို ဟောင်ကောင်၊ အင်္ဂလန်၊ တောင်ကိုရီးယားက လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပြည်တွင်းက ပညာရှင်တချို့ လာရောက် ပို့ချတာဖြစ်ပါတယ်။

ပထမအကြိမ် လွှတ်တော်တုန်းက စွမ်းဆောင်ရည်သင်တန်းတွေ ပြုလုပ်ခဲ့ပေမဲ့ အခုလို လွှတ်တော် ကိုယ်စား လှယ်အားလုံး အတွက် မဟုတ်သလို ပြည်တွင်းက ပညာရှင်တွေ ကပဲ ပို့ချ ခဲ့တာဖြစ်ပါတယ်။

အခုအခြေအနေကို ကြည့်ခြင်အားဖြင့် အခု ဒုတိယအကြိမ်လွှတ်တော်ဟာ နိုင်ငံတကာအကူအညီ အထောက်အပံ့ ပိုရလာတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောပါတယ်။

ဒီသင်တန်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်ဥက္ကဋ္ဌ ဒုတိယ ဥက္ကဋ္ဌတွေလည်း တက်ရောက်ခဲ့ ပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment