Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 15, 2016

ေငြ လုယူ ထြက္ေျပးသြားသူ (၃)ဦးအား ၀ိုင္း၀န္းဖမ္းဆီး


ရန္ကုန္၊ ေဖေဖာ္၀ါရီ ၁၅

၁၄.၂.၂၀၁၆ ရက္ေန႔ ၁၉၃၀ အခ်ိန္တြင္ ဦးသိန္းထိုက္သည္ ၎တည္းခိုရာ ဒဂံုၿမိဳ႕နယ္ရွိ ဟိုတယ္မွ ပန္းဘဲတန္းၿမိဳ႕နယ္၊ (၄)ရပ္ကြက္ရွိ ဘုရားရွိခိုးေက်ာင္းသို႔ ဘုရား၀တ္ျပဳရန္ သြားေရာက္ခဲ့ၿပီး ဘုရားေက်ာင္းအနီးတြင္ ၎တြင္ပါရွိေသာေငြမ်ားအား ေရတြက္ေနစဥ္ ေနာက္ဘက္မွ လူငယ္(၃)ဦးေရာက္ရွိလာၿပီး ေငြမ်ားကုိ လုယူထြက္ေျပး သြားေၾကာင္း သိရသည္။

အဆုိပါ လုယက္သူမ်ားမွ လူငယ္(၂)ဦးက ဦးသိန္းထုိက္အား ေရွ႕/ေနာက္လူကာ၍ က်န္(၁)ဦးမွ ၎၏လက္ထဲတြင္ ကိုင္ထားေသာေငြမ်ားအား လုယူထြက္ေျပးသြားခဲ့သျဖင့္ ပတ္၀န္းက်င္ရွိသူမ်ား အား ၀ိုင္း၀န္းဖမ္းဆီးေပးရန္ အကူအညီေတာင္းခံရာ ပတ္၀န္းက်င္ရွိျပည္သူမ်ားႏွင့္ ပန္းဘဲတန္းၿမိဳ႕မရဲစခန္းမွ လွည့္ကင္းတာ၀န္ေဆာင္ရြက္ေနေသာ ရဲတပ္ဖဲြ႕၀င္မ်ားမွ ေငြမ်ားအား လုယူထြက္ေျပးသြားသူမ်ား ကို လိုက္လံဖမ္းဆီး
ခဲ့ရာ ၂၃၀၀အခ်ိန္တြင္ ဒဂံုေျမာက္ၿမိဳ႕နယ္ေန မိုးေက်ာ္သန္း(ခ)ေစာမိုးေက်ာ္ (၃၁)ႏွစ္၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ ကနီၿမိဳ႕နယ္ေန စိုးႀကီး(၃၂)ႏွစ္ႏွင့္ သာေကတၿမိဳ႕နယ္ေန ျပည့္စံု(ခ) ဥာဏ္လင္း (၂၉)ႏွစ္တို႔ (၃)ဦးအား ဖမ္းဆီး ရမိခဲ့ပါသည္။

ယင္းသို႔ ေငြမ်ားအား လုယူထြက္ေျပးသြားသူ မိုးေက်ာ္သန္း(ခ)ေစာမိုးေက်ာ္ပါ(၃)ဦးအား ပန္းဘဲတန္းၿမိဳ႕မရဲစခန္း (ပ)၃၇/၂၀၁၆၊ ျပစ္မႈပုဒ္မ ၃၈၂ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္လ်က္ရွိေၾကာင္း ရန္ကုန္တုိင္း ရဲတပ္ဖဲြ ့မွ သတင္းထုတ္ျပန္ ထားပါသည္။

By သစ္ထူးလြင္

...............................................................


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

၁၄.၂.၂၀၁၆ ရက်နေ့ ၁၉၃၀ အချိန်တွင် ဦးသိန်းထိုက်သည် ၎င်းတည်းခိုရာ ဒဂုံမြို့နယ်ရှိ ဟိုတယ်မှ ပန်းဘဲတန်းမြို့နယ်၊ (၄)ရပ်ကွက်ရှိ ဘုရားရှိခိုးကျောင်းသို့ ဘုရားဝတ်ပြုရန် သွားရောက်ခဲ့ပြီး ဘုရားကျောင်းအနီးတွင် ၎င်းတွင်ပါရှိသောငွေများအား ရေတွက်နေစဉ် နောက်ဘက်မှ လူငယ်(၃)ဦးရောက်ရှိလာပြီး ငွေများကို လုယူထွက်ပြေး သွားကြောင်း သိရသည်။

အဆိုပါ လုယက်သူများမှ လူငယ်(၂)ဦးက ဦးသိန်းထိုက်အား ရှေ့/နောက်လူကာ၍ ကျန်(၁)ဦးမှ ၎င်း၏လက်ထဲတွင် ကိုင်ထားသောငွေများအား လုယူထွက်ပြေးသွားခဲ့သဖြင့် ပတ်ဝန်းကျင်ရှိသူများ အား ၀ိုင်းဝန်းဖမ်းဆီးပေးရန် အကူအညီတောင်းခံရာ ပတ်ဝန်းကျင်ရှိပြည်သူများနှင့် ပန်းဘဲတန်းမြို့မရဲစခန်းမှ လှည့်ကင်းတာဝန်ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များမှ ငွေများအား လုယူထွက်ပြေးသွားသူများ ကို လိုက်လံဖမ်းဆီး
ခဲ့ရာ ၂၃၀၀အချိန်တွင် ဒဂုံမြောက်မြို့နယ်နေ မိုးကျော်သန်း(ခ)စောမိုးကျော် (၃၁)နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်နေ စိုးကြီး(၃၂)နှစ်နှင့် သာကေတမြို့နယ်နေ ပြည့်စုံ(ခ) ဉာဏ်လင်း (၂၉)နှစ်တို့ (၃)ဦးအား ဖမ်းဆီး ရမိခဲ့ပါသည်။

ယင်းသို့ ငွေများအား လုယူထွက်ပြေးသွားသူ မိုးကျော်သန်း(ခ)စောမိုးကျော်ပါ(၃)ဦးအား ပန်းဘဲတန်းမြို့မရဲစခန်း (ပ)၃၇/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၈၂ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ ့မှ သတင်းထုတ်ပြန် ထားပါသည်။


By သစ်ထူးလွင်

No comments:

Post a Comment