Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 15, 2016

လႊတ္ေတာ္သည္ ႏိုင္ငံႏွင့္ ျပည္သူ႔အက်ိဳးကို အတတ္ႏုိင္ဆုံး အားလုံး ဝုိင္းဝန္း ထမ္းေဆာင္ရမည့္ ေနရာ ျဖစ္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ ေျပာၾကား



    ရန္ကုန္ ၊ ေဖေဖာ္ဝါရီ ၁၅ ရက္ (ဆင္ဟြာ)

    လႊတ္ေတာ္သည္ ႏိုင္ငံႏွင့္ ျပည္သူ႔ အက်ိဳးကို အတတ္ႏုိင္ဆုံး အားလုံး ဝုိင္းဝန္း ထမ္းေဆာင္ရမည့္ ေနရာ ျဖစ္ေၾကာင္း အမ်ဳိးသား ဒီမုိကေရစီ အဖြဲ ့ခ်ဳပ္ (NLD) ဥကၠ႒ ျပည္သူ ့လႊတ္ေတာ္ ကုိယ္စားလွယ္ ေဒၚေအာင္ဆန္းစုၾကည္က ယေန ့ေဖေဖာ္ဝါရီလ ၁၅ ရက္ ေနျပည္ေတာ္ လႊတ္ေတာ္ အေဆာက္အဦးရွိ သဘင္ေဆာင္၌ ျပဳလုပ္ေသာ ဒုတိယ အႀကိမ္ ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား အတြက္ လႊတ္ေတာ္ ဆိုင္ရာ လုပ္ငန္းမ်ားကို ရွင္းလင္း တင္ျပျခင္း အစီအစဥ္တြင္ အမွာစကား ေျပာၾကားခဲ့သည္။

အမ်ဳိးသား ဒီမုိကေရစီ အဖြဲ ့ခ်ဳပ္ (NLD) ဥကၠ႒ ျပည္သူ ့လႊတ္ေတာ္ ကုိယ္စားလွယ္ ေဒၚေအာင္ဆန္းစုၾကည္က "ကၽြန္မတို႔ ကိုယ္စားလွယ္ အားလံုးဟာ ကိုယ္စားလွယ္ ေတြဆိုတာ ေမ့လို႔မျဖစ္ပါဘူး။ ျပည္သူကို ကိုယ္စားျပဳၿပီး  တက္ေနတာပါ။ ကိုယ့္ကိုကိုယ္ ကိုယ္စားျပဳၿပီး တက္ေနတာမဟုတ္ပါဘူး။ အဲဒါကို ကိုယ္စားလွယ္မ်ား အားလံုး စြဲစြဲၿမဲၿမဲနဲ႕ႏွလံုးသြင္း ထားဖို႔ ျဖစ္ပါတယ္။ လႊတ္ေတာ္ဆိုတာဟာ ကိုယ္စားလွယ္ တစ္ဦးခ်င္း တစ္ဦးခ်င္း ကိုယ့္အတြက္ အသံုးခ်ဖို႔ စင္ျမင့္လည္း မဟုတ္ပါဘူး။ ရာထူးေနရာ ရဖို႔အတြက္ ခုတံုး ေလွကားထစ္လည္း မဟုတ္ပါဘူး။ သေဘာထား မတူညီတဲ့ ပုဂၢိဳလ္မ်ားအႀကား နပန္းလံုးဖို႔ ႀကိဳးဝိုင္းလည္း မဟုတ္ပါဘူး။ ဒီေနရာဟာ က်မတို႔အားလံုး ဝိုင္းဝန္းၿပီးေတာ့ ႏိုင္ငံနဲ႔ ျပည္သူ႔အက်ိဳးကို အတတ္ႏိုင္ဆံုး ထမ္းေဆာင္ရမယ့္ ေနရာျဖစ္ပါတယ္။ ျပည္သူေတြရဲ႕ ကိုယ္စားလွယ္ဆိုတာ ျပည္သူ႔ မ်က္ႏွာကို အဓိက ၾကည့္ရမွာ ျဖစ္ပါတယ္။ ကိုယ့္ရဲ႕ အစုအဖြဲ႔ မ်က္ႏွာကို အဓိက ၾကည့္ရမွာ မဟုတ္ပါဘူး "ဟု အမွာစကား ေျပာၾကားခဲ့သည္။


ဒုတိယ အႀကိမ္ ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား အတြက္ လႊတ္ေတာ္ ဆိုင္ရာ လုပ္ငန္းမ်ားကို ရွင္းလင္း တင္ျပျခင္း အစီအစဥ္သို႔ တက္ေရာက္လာသူမ်ားအား ေတြ႔ရစဥ္ (ဆင္ဟြာ)


ဒုတိယ အႀကိမ္ ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား အတြက္ လႊတ္ေတာ္ ဆိုင္ရာ လုပ္ငန္းမ်ားကို ရွင္းလင္း တင္ျပျခင္း အစီအစဥ္သို႔ တက္ေရာက္လာသူမ်ားအား ေတြ႔ရစဥ္ (ဆင္ဟြာ)

လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၏ စြမ္းရည္ ျမင့္တက္လာ ေစရန္ ရည္ရြယ္၍ ဒုတိယ အႀကိမ္ ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား အတြက္ လႊတ္ေတာ္ ဆိုင္ရာ လုပ္ငန္းမ်ားကို ရွင္းလင္း တင္ျပျခင္း အစီအစဥ္ ေခါင္းစဥ္ျဖင့္ ယေန ့ေဖေဖာ္ဝါရီလ ၁၅ ရက္မွ ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔ အထိ ၅ ရက္ၾကာ က်င္းပမည့္ သင္တန္းအား ယေန ့စတင္ ျပဳလုပ္ခဲ့ၿပီး ျပည္ေထာင္စု လႊတ္ေတာ္ နာယက ၊ အမ်ဳိးသား လႊတ္ေတာ္ ဥကၠ႒ ဦးမန္းဝင္းခုိင္သန္း ႏွင့္ ျပည္သူ ့လႊတ္ေတာ္ ဥကၠ႒ ဦးဝင္းျမင့္ အပါအဝင္ NLD ဥကၠ႒ ျပည္သူ ့လႊတ္ေတာ္ ကုိယ္စားလွယ္ ေဒၚေအာင္ဆန္း စုၾကည္တုိ ့က အမွာစကား အသီးသီး ေျပာၾကားခဲ့သည္။

ထုိလႊတ္ေတာ္ ဆိုင္ရာလုပ္ငန္းမ်ားကို ရွင္းလင္း တင္ျပျခင္း အစီအစဥ္အား UNI ႏွင့္ UNDP တို ့က ပူးေပါင္းစီစဥ္ၾကၿပီး ပါကစၥတန္ လႊတ္ေတာ္ ဥကၠ႒ အပါအဝင္ အေရွ  ့တီေမာ လႊတ္ေတာ္ ဥကၠ႒၊ ၾသစေၾတးလ်၊ ဘူတန္၊ ေဟာင္ေကာင္၊ မေလးရွား၊ ကိုရီးယား၊ နယူးဇီလန္၊ UK လႊတ္ေတာ္မ်ားမွ အမတ္မ်ား၊ အေတြ ့အၾကံဳ ရွိ အမတ္ေဟာင္းမ်ားႏွင့္ UNDP မွ ဘာသာရပ္ဆိုင္ရာ ကၽြမ္းက်င္သူမ်ား စသည့္ ဆရာ ဆရာမ ၁၈ ဦးတို ့က လႊတ္ေတာ္လုပ္ငန္း၊ အမတ္လုပ္ငန္းဆိုင္ရာမ်ားကို ေဆြးေႏြး သင္ၾကားေပးၾကမည္ ျဖစ္ၿပီး ျပည္သူ ့လႊတ္ေတာ္မွ အမတ္ ၃၀၃ ဦး၊ အမ်ိဳးသားလႊတ္ေတာ္မွ အမတ္ ၁၄၉ ဦးႏွင့္ ျပည္သူ ့လႊတ္ေတာ္ ေကာ္မရွင္ အဖြဲ ့ဝင္ ၇ ဦးတို ့တက္ေရာက္ ၾကေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
..............


    ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

    လွှတ်တော်သည် နိုင်ငံနှင့် ပြည်သူ့ အကျိုးကို အတတ်နိုင်ဆုံး အားလုံး ဝိုင်းဝန်း ထမ်းဆောင်ရမည့် နေရာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ ့ချုပ် (NLD) ဥက္ကဋ္ဌ ပြည်သူ ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ယနေ ့ဖေဖော်ဝါရီလ ၁၅ ရက် နေပြည်တော် လွှတ်တော် အဆောက်အဦးရှိ သဘင်ဆောင်၌ ပြုလုပ်သော ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ အတွက် လွှတ်တော် ဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်း တင်ပြခြင်း အစီအစဉ်တွင် အမှာစကား ပြောကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ ့ချုပ် (NLD) ဥက္ကဋ္ဌ ပြည်သူ ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မတို့ ကိုယ်စားလှယ် အားလုံးဟာ ကိုယ်စားလှယ် တွေဆိုတာ မေ့လို့မဖြစ်ပါဘူး။ ပြည်သူကို ကိုယ်စားပြုပြီး  တက်နေတာပါ။ ကိုယ့်ကိုကိုယ် ကိုယ်စားပြုပြီး တက်နေတာမဟုတ်ပါဘူး။ အဲဒါကို ကိုယ်စားလှယ်များ အားလုံး စွဲစွဲမြဲမြဲနဲ့နှလုံးသွင်း ထားဖို့ ဖြစ်ပါတယ်။ လွှတ်တော်ဆိုတာဟာ ကိုယ်စားလှယ် တစ်ဦးချင်း တစ်ဦးချင်း ကိုယ့်အတွက် အသုံးချဖို့ စင်မြင့်လည်း မဟုတ်ပါဘူး။ ရာထူးနေရာ ရဖို့အတွက် ခုတုံး လှေကားထစ်လည်း မဟုတ်ပါဘူး။ သဘောထား မတူညီတဲ့ ပုဂ္ဂိုလ်များအကြား နပန်းလုံးဖို့ ကြိုးဝိုင်းလည်း မဟုတ်ပါဘူး။ ဒီနေရာဟာ ကျမတို့အားလုံး ဝိုင်းဝန်းပြီးတော့ နိုင်ငံနဲ့ ပြည်သူ့အကျိုးကို အတတ်နိုင်ဆုံး ထမ်းဆောင်ရမယ့် နေရာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ကိုယ်စားလှယ်ဆိုတာ ပြည်သူ့ မျက်နှာကို အဓိက ကြည့်ရမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အစုအဖွဲ့ မျက်နှာကို အဓိက ကြည့်ရမှာ မဟုတ်ပါဘူး "ဟု အမှာစကား ပြောကြားခဲ့သည်။


ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ အတွက် လွှတ်တော် ဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်း တင်ပြခြင်း အစီအစဉ်သို့ တက်ရောက်လာသူများအား တွေ့ရစဉ် (ဆင်ဟွာ)


ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ အတွက် လွှတ်တော် ဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်း တင်ပြခြင်း အစီအစဉ်သို့ တက်ရောက်လာသူများအား တွေ့ရစဉ် (ဆင်ဟွာ)

လွှတ်တော် ကိုယ်စားလှယ်များ၏ စွမ်းရည် မြင့်တက်လာ စေရန် ရည်ရွယ်၍ ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ အတွက် လွှတ်တော် ဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်း တင်ပြခြင်း အစီအစဉ် ခေါင်းစဉ်ဖြင့် ယနေ ့ဖေဖော်ဝါရီလ ၁၅ ရက်မှ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ အထိ ၅ ရက်ကြာ ကျင်းပမည့် သင်တန်းအား ယနေ ့စတင် ပြုလုပ်ခဲ့ပြီး ပြည်ထောင်စု လွှတ်တော် နာယက ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း နှင့် ပြည်သူ ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် အပါအဝင် NLD ဥက္ကဋ္ဌ ပြည်သူ ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်တို ့က အမှာစကား အသီးသီး ပြောကြားခဲ့သည်။

ထိုလွှတ်တော် ဆိုင်ရာလုပ်ငန်းများကို ရှင်းလင်း တင်ပြခြင်း အစီအစဉ်အား UNI နှင့် UNDP တို ့က ပူးပေါင်းစီစဉ်ကြပြီး ပါကစ္စတန် လွှတ်တော် ဥက္ကဋ္ဌ အပါအဝင် အရှေ  ့တီမော လွှတ်တော် ဥက္ကဋ္ဌ၊ သြစတြေးလျ၊ ဘူတန်၊ ဟောင်ကောင်၊ မလေးရှား၊ ကိုရီးယား၊ နယူးဇီလန်၊ UK လွှတ်တော်များမှ အမတ်များ၊ အတွေ ့အကြုံ ရှိ အမတ်ဟောင်းများနှင့် UNDP မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ စသည့် ဆရာ ဆရာမ ၁၈ ဦးတို ့က လွှတ်တော်လုပ်ငန်း၊ အမတ်လုပ်ငန်းဆိုင်ရာများကို ဆွေးနွေး သင်ကြားပေးကြမည် ဖြစ်ပြီး ပြည်သူ ့လွှတ်တော်မှ အမတ် ၃၀၃ ဦး၊ အမျိုးသားလွှတ်တော်မှ အမတ် ၁၄၉ ဦးနှင့် ပြည်သူ ့လွှတ်တော် ကော်မရှင် အဖွဲ ့ဝင် ရ ဦးတို ့တက်ရောက် ကြကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment