Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, February 24, 2016

ျမန္မာျပည္ရဲ႕ပထမဦးဆုံးေသာ အမ်ဳိးသမီးဆရာ၀န္ဘြဲ႔ ရ အထက္လႊတ္ေတာ္ အမတ္



ေဒါက္တာ ေဒၚေစာဆ (အထက္လႊတ္ေတာ္ အမတ္ ၊ F.R.C.S ၊ D.P.H ၊ M.B.E)
ျမန္မာ့အမ်ိဳးသမီးေဆးေလာက ကို စတင္ ဦးေဆာင္ခဲ့တဲ့ မိခင္ၾကီး လို႕ေတာင္ တင္စားေခၚေ၀ၚခဲ့ရတဲ့ သူက ေတာ့ ေဒၚေစာဆ ပါ ။

ဘာလို႕လဲဆိုေတာ့ စစ္ၾကိဳကာလ မွာ အမ်ိဳးသမီး ဆရာ၀န္ဆိုလို႕ ေဒါက္တာ ေဒၚေမစုနဲ႕ ေဒါက္တာ ေဒၚေစာဆ ပဲရွိခဲ့တာပါ ။

ေဒါက္တာ ေဒၚေစာဆ က ျမန္မာအမ်ိဳးသမီးေတြထဲမွာမွ ပထမဆံုး ခြဲစိပ္ပါရဂူ ဘြဲ႕ (F.R.C.S) ကို ရရွိခဲ့တာပါ ။

ျမန္မာ့႐ိုးရာေဆးေလာကမွာေတာ့ တိုင္းရင္းေဆးဆရာမေတြရွိရင္ရွိခဲ့မယ္ ။ ဒါေပမဲ့ ေခတ္ေဆးပညာအရေတာ့ (Modern Medicine) မွာေတာ့ ေဒၚေစာဆ က ျမန္မာျပည္ရဲ႕ပထမဦးဆုံးေသာ အမ်ဳိးသမီးဆရာ၀န္ပါ ။

ထို႕အျပင္ ထိုေခတ္နိုင္ငံေရး ေခါင္းေဆာင္ ဦးဘေဘ ၊ ဦးခ်စ္လွိဳင္ ၊ ဦးသိမ္းေမာင္ တို႕နဲ႕ ရင္ေဘာင္တန္းျပီး အထက္လႊတ္ေတာ္ အမတ္လည္း လုပ္ခဲ့ပါတယ္ ။

ေဒါက္တာ ေဒၚေစာဆကို ၁၈၈၄ ခုနွစ္ ၊ ၾသဂုတ္လ ၁ ရက္ေန႕က ေမြးဖြားခဲ့ပါတယ္ ။

ျပည္ျမိဳ႕နယ္ပိုင္၀န္ေထာက္ ဦးဘိုးေစာရဲ႕ ဆ႒မေျမာက္သမီးျဖစ္သည့္အတိုင္း ဖခင္၏နာမည္ကို ပူးတြဲ ကာေဒၚေစာဆဟု မွည့္ေခၚခဲ့ေႀကာင္း သိရပါတယ္ ။

ပါဠိဂဏန္းအလိုက္ ပထမ သမီးကို ( ဧက ) ျဖစ္ျပီး မေစာအစ္၊ ဒုတိယသမီးကို မေစာေဒြး ၊ တတိယသမီးကို မေစာတလို႕ေခၚျပီး ဆ႒မသမီး ျဖစ္လို႕ မေစာဆ ဟု ေခၚခဲ့သည္ ။

ထိုေခတ္ ထိုအခ်ိန္တုန္းက မိန္းကေလးေတြ စာတတ္တာ အရမ္းရွားပါတယ္ ။

၁၉၀၆ မွာ ေဒၚေစာဆ က ခရစ္ယာန္သာသနာျပဳ ေကာလိပ္ ကေန FA စာေမးပြဲ ေအာင္ျမင္ခဲ့တယ္ ။ ထိုအခ်ိန္ ျမန္မာနိုင္ငံမွာ တကၠသိုလ္ ဆိုတာ မရွိေသးဘူး ။

ေကာလိပ္ ပဲရွိေသးတာ ။

FA ေအာင္ျပီး ၅ နွစ္ အၾကာ ၁၉၀၁ မွာ ေဒၚေစာဆ က ေဆးေကာလိပ္ကေန L.M.S ဘြဲ႕ကို ရခဲ့တယ္ ။

ေဒါက္တာ ေဒၚေစာဆ က ရိုးရိုး ဆရာ၀န္ အျဖစ္နဲ႕ တင္းတိမ္လိုက္ျခင္းမ်ိဳးမလုပ္ဘဲ ေနာက္ႏွစ္ ၁၉၁၂ ခုႏွစ္တြင္ အိုင္ယာလန္ျပည္ ဒဗၺလင္ျမိဳ႕ Royal College of Surgeons ေက်ာင္းမွ ( F.R.C.S ) ဘြဲ႕ထူးကို ျမန္မာအမ်ိဳးသမီးမ်ားထဲမွ ေဒၚေစာဆက ပထမဦးဆံုးရခဲ့လို႕ တိုင္းျပည္၏ က်က္သေရေဆာင္ ျဖစ္ခဲ့ရျပန္တယ္ ။

M.B.E (Member of the British Empire) ဘြဲ႕ သာမက ၁၉၁၃ တြင္ Royal College of Physicians ေက်ာင္းမွ D.P.H ဘြဲ႕ကိုလည္း ရရွိခဲ့သည့္ အျပင္ အထက္လႊတ္ေတာ္ အမတ္လည္း ျဖစ္ခဲ့ပါေသးတယ္ ။

“ေဆးနွင့္ ကုတာထက္ ေဒၚေစာဆက ေမတၱာဂရုဏာ နဲ႕ ကုတာက ပိုမ်ားတယ္” လို႕ သူ႕ ေဆြမ်ိဳးေတြက ေျပာျပပါတယ္ ။

ေဒၚေစာဆ က ရန္ကုန္ေဆးရံုၾကီး အမ်ိဳးသမီး လူနာဌါနမွာ လက္ေထာက္ ဆရာ၀န္မၾကီး အျဖစ္သာမက ၁၉၁၄ ကေန ၁၉၂၁ အထိ ဒပ္ဖရင္ေဆးရံုၾကီးမွာ ၇ နွစ္တိတိ ေဆးရံုအုပ္ အျဖစ္လည္း ျပဳလုပ္ခဲ့ပါတယ္ ။

ေဒၚေစာဆ မွာ အသက္ရွင္စဥ္ ကာလ ပတ္လံုး အလုပ္နဲ႕လက္ ျပတ္သည္ မရွိခဲ့ပါ ။

၁၉၂၂ မွာ အေမရိကန္ကေန ျမန္မာျပည္ျပန္ေရာက္ လာတဲ့အခါ ကိုယ္ပိုင္ သားဖြားေဆးခန္းဖြင့္ျပီး ေ၀ဒနာ သည္ေတြကို ကုသေပးခဲ့ပါတယ္ ။

ထိုၾကားထဲ သူနာျပဳ၀မ္းဆြဲ ဆရာမမ်ားလက္စြဲ စာအုပ္ကိုလည္း ေနာင္လာေနာက္သား သူနာျပဳ ဆရာမမ်ားအတြက္ ေရးသားခဲ့ပါေသးတယ္ ။

ေဒၚေစာဆ က လူနာ ေတြအေပၚ စိတ္ရွည္တယ္ ။
သူမ ေဆးထိုး တာဆိုရင္ ညင္သာလြန္းလို႕ ထိုးလို႕ ထိုးလိုက္မွန္းေတာင္ မသိလိုက္တဲ့ အထိပင္ ျဖစ္ပါတယ္ ။

“စစ္ေျပးတုန္းက ေဆးရံုကလည္းရွားပါး ၊ ဒဏ္ရာရ သူေတြက ေပါမ်ား ၊ တစ္ခါတစ္ရံ လူနာေခၚလို႕ သြားရတယ္ ။ ၾကမ္းက မခိုင္လို႕ ထိုင္ေတာင္ မထိုင္၀ံ့ဘူး ။ ဒိုက္ဦးမွာ ေနတုန္းကလည္းက ေမြးလူနာတစ္ဦး လယ္ေတာ တဲထဲ မွာ အသည္းအသန္ ျဖစ္ေနတယ္ ဆိုလို႕ လိုက္သြားတာ ေတာ္ေတာ္ နဲ႔ျပန္မလာ ဘဲေနတယ္ ။

တဲကေလးကလည္း ငံု႕၀င္မွ ရတယ္ ။ ေညာင္ေလးပင္ ေဆးရံုနဲ႔လည္းမနီး ၊ ဒါနဲ႕ ေမ့ေဆးေပးျပီး ခြဲစိပ္ကုသေပးရတယ္ ။

အ၀တ္သန္႔သန္႔ မရွိလို႕ အိမ္က အိပ္ယာခင္း ၊ စားပြဲခင္း ေတြကို ဆုတ္ျပီး ေဆးရံုမွာလို တဲကေလးကို ေဆးခန္းလုပ္ျပီး ကုသေပးခဲ့ရတယ္ ။

အဖ်ား မက်မခ်င္း အနားကမခြါ ကိုယ္ဖိ ရင္ဖိ ကုသေပးခဲ့တယ္ ” လို႕ ေဒၚေစာဆရဲ႕ ေကာင္းသတင္းမ်ားကို တျခားသူေတြ ျပန္ေျပာျပတာ ၾကားရျပီး သူမရဲ႕ လူနာေတြ အေပၚထားတဲ့ ေစတနာေတြကို အထင္းသား ျမင္ေတြ႔ရပါတယ္ ။

ထိုသို႕ သူမ ဘ၀တစ္ေလွ်ာက္လံုး အလုပ္ၾကိဳးစားျပီး လူနာေတြ အတြက္ သာ အသက္ရွင္ခဲ့တဲ့ ေဒါက္တာ ေဒၚေစာဆ က ၁၉၆၂ ေဖေဖာ္၀ါရီ ၂၈ မွာ ေသြးတိုးေရာဂါ ေၾကာင့္ ကြယ္လြန္ သြားခဲ့ပါတယ္ ။

သူမ ေသဆံုးသြားေပမယ့္ သူမ ရဲ႕ နာမည္ကေတာ့ အခုခ်ိန္ထိ ျမန္မာ့ေဆးေလာက သမိုင္းေၾကာင္းမွာ ျမန္မာျပည္ရဲ႕ပထမဦးဆုံးေသာ အမ်ဳိးသမီးဆရာ၀န္ဘြဲ႔ ရ အထက္လႊတ္ေတာ္ အမတ္ အျဖစ္တည္ရွိေနမွာပါ ။

Ref:
ကိုလိုနီေခတ္ ထင္ေပၚေက်ာ္ၾကား ျမန္မာအမ်ိဳးသမီးမ်ား - တင္နိုင္တိုး
ျမန္မာအမ်ိဳးသမီးမ်ား - ေဒၚေစာမံုညင္း

Copy Link ✏ https://m.facebook.com/story.php?story_fbid=500049356833841&id=382550531917058

မယံုရင္ပံုျပင္မွတ္

................................................

မြန်မာပြည်ရဲ့ပထမဦးဆုံးသော အမျိုးသမီးဆရာဝန်ဘွဲ့ ရ အထက်လွှတ်တော် အမတ်

ဒေါက်တာ ဒေါ်စောဆ (အထက်လွှတ်တော် အမတ် ၊ F.R.C.S ၊ D.P.H ၊ M.B.E)
မြန်မာ့အမျိုးသမီးဆေးလောက ကို စတင် ဦးဆောင်ခဲ့တဲ့ မိခင်ကြီး လို့တောင် တင်စားခေါ်ဝေါ်ခဲ့ရတဲ့ သူက တော့ ဒေါ်စောဆ ပါ ။

ဘာလို့လဲဆိုတော့ စစ်ကြိုကာလ မှာ အမျိုးသမီး ဆရာဝန်ဆိုလို့ ဒေါက်တာ ဒေါ်မေစုနဲ့ ဒေါက်တာ ဒေါ်စောဆ ပဲရှိခဲ့တာပါ ။

ဒေါက်တာ ဒေါ်စောဆ က မြန်မာအမျိုးသမီးတွေထဲမှာမှ ပထမဆုံး ခွဲစိပ်ပါရဂူ ဘွဲ့ (F.R.C.S) ကို ရရှိခဲ့တာပါ ။

မြန်မာ့ရိုးရာဆေးလောကမှာတော့ တိုင်းရင်းဆေးဆရာမတွေရှိရင်ရှိခဲ့မယ် ။ ဒါပေမဲ့ ခေတ်ဆေးပညာအရတော့ (Modern Medicine) မှာတော့ ဒေါ်စောဆ က မြန်မာပြည်ရဲ့ပထမဦးဆုံးသော အမျိုးသမီးဆရာဝန်ပါ ။

ထို့အပြင် ထိုခေတ်နိုင်ငံရေး ခေါင်းဆောင် ဦးဘဘေ ၊ ဦးချစ်လှိုင် ၊ ဦးသိမ်းမောင် တို့နဲ့ ရင်ဘောင်တန်းပြီး အထက်လွှတ်တော် အမတ်လည်း လုပ်ခဲ့ပါတယ် ။

ဒေါက်တာ ဒေါ်စောဆကို ၁၈၈၄ ခုနှစ် ၊ သြဂုတ်လ ၁ ရက်နေ့က မွေးဖွားခဲ့ပါတယ် ။

ပြည်မြို့နယ်ပိုင်ဝန်ထောက် ဦးဘိုးစောရဲ့ ဆဋ္ဌမမြောက်သမီးဖြစ်သည့်အတိုင်း ဖခင်၏နာမည်ကို ပူးတွဲ ကာဒေါ်စောဆဟု မှည့်ခေါ်ခဲ့ကြောင်း သိရပါတယ် ။

ပါဠိဂဏန်းအလိုက် ပထမ သမီးကို ( ဧက ) ဖြစ်ပြီး မစောအစ်၊ ဒုတိယသမီးကို မစောဒွေး ၊ တတိယသမီးကို မစောတလို့ခေါ်ပြီး ဆဋ္ဌမသမီး ဖြစ်လို့ မစောဆ ဟု ခေါ်ခဲ့သည် ။

ထိုခေတ် ထိုအချိန်တုန်းက မိန်းကလေးတွေ စာတတ်တာ အရမ်းရှားပါတယ် ။

၁၉၀၆ မှာ ဒေါ်စောဆ က ခရစ်ယာန်သာသနာပြု ကောလိပ် ကနေ FA စာမေးပွဲ အောင်မြင်ခဲ့တယ် ။ ထိုအချိန် မြန်မာနိုင်ငံမှာ တက္ကသိုလ် ဆိုတာ မရှိသေးဘူး ။

ကောလိပ် ပဲရှိသေးတာ ။

FA အောင်ပြီး ၅ နှစ် အကြာ ၁၉၀၁ မှာ ဒေါ်စောဆ က ဆေးကောလိပ်ကနေ L.M.S ဘွဲ့ကို ရခဲ့တယ် ။

ဒေါက်တာ ဒေါ်စောဆ က ရိုးရိုး ဆရာဝန် အဖြစ်နဲ့ တင်းတိမ်လိုက်ခြင်းမျိုးမလုပ်ဘဲ နောက်နှစ် ၁၉၁၂ ခုနှစ်တွင် အိုင်ယာလန်ပြည် ဒဗ္ဗလင်မြို့ Royal College of Surgeons ကျောင်းမှ ( F.R.C.S ) ဘွဲ့ထူးကို မြန်မာအမျိုးသမီးများထဲမှ ဒေါ်စောဆက ပထမဦးဆုံးရခဲ့လို့ တိုင်းပြည်၏ ကျက်သရေဆောင် ဖြစ်ခဲ့ရပြန်တယ် ။

M.B.E (Member of the British Empire) ဘွဲ့ သာမက ၁၉၁၃ တွင် Royal College of Physicians ကျောင်းမှ D.P.H ဘွဲ့ကိုလည်း ရရှိခဲ့သည့် အပြင် အထက်လွှတ်တော် အမတ်လည်း ဖြစ်ခဲ့ပါသေးတယ် ။

“ဆေးနှင့် ကုတာထက် ဒေါ်စောဆက မေတ္တာဂရုဏာ နဲ့ ကုတာက ပိုများတယ်” လို့ သူ့ ဆွေမျိုးတွေက ပြောပြပါတယ် ။

ဒေါ်စောဆ က ရန်ကုန်ဆေးရုံကြီး အမျိုးသမီး လူနာဌါနမှာ လက်ထောက် ဆရာဝန်မကြီး အဖြစ်သာမက ၁၉၁၄ ကနေ ၁၉၂၁ အထိ ဒပ်ဖရင်ဆေးရုံကြီးမှာ ရ နှစ်တိတိ ဆေးရုံအုပ် အဖြစ်လည်း ပြုလုပ်ခဲ့ပါတယ် ။

ဒေါ်စောဆ မှာ အသက်ရှင်စဉ် ကာလ ပတ်လုံး အလုပ်နဲ့လက် ပြတ်သည် မရှိခဲ့ပါ ။

၁၉၂၂ မှာ အမေရိကန်ကနေ မြန်မာပြည်ပြန်ရောက် လာတဲ့အခါ ကိုယ်ပိုင် သားဖွားဆေးခန်းဖွင့်ပြီး ဝေဒနာ သည်တွေကို ကုသပေးခဲ့ပါတယ် ။

ထိုကြားထဲ သူနာပြုဝမ်းဆွဲ ဆရာမများလက်စွဲ စာအုပ်ကိုလည်း နောင်လာနောက်သား သူနာပြု ဆရာမများအတွက် ရေးသားခဲ့ပါသေးတယ် ။

ဒေါ်စောဆ က လူနာ တွေအပေါ် စိတ်ရှည်တယ် ။
သူမ ဆေးထိုး တာဆိုရင် ညင်သာလွန်းလို့ ထိုးလို့ ထိုးလိုက်မှန်းတောင် မသိလိုက်တဲ့ အထိပင် ဖြစ်ပါတယ် ။

“စစ်ပြေးတုန်းက ဆေးရုံကလည်းရှားပါး ၊ ဒဏ်ရာရ သူတွေက ပေါများ ၊ တစ်ခါတစ်ရံ လူနာခေါ်လို့ သွားရတယ် ။ ကြမ်းက မခိုင်လို့ ထိုင်တောင် မထိုင်ဝံ့ဘူး ။ ဒိုက်ဦးမှာ နေတုန်းကလည်းက မွေးလူနာတစ်ဦး လယ်တော တဲထဲ မှာ အသည်းအသန် ဖြစ်နေတယ် ဆိုလို့ လိုက်သွားတာ တော်တော် နဲ့ပြန်မလာ ဘဲနေတယ် ။

တဲကလေးကလည်း ငုံ့ဝင်မှ ရတယ် ။ ညောင်လေးပင် ဆေးရုံနဲ့လည်းမနီး ၊ ဒါနဲ့ မေ့ဆေးပေးပြီး ခွဲစိပ်ကုသပေးရတယ် ။

အဝတ်သန့်သန့် မရှိလို့ အိမ်က အိပ်ယာခင်း ၊ စားပွဲခင်း တွေကို ဆုတ်ပြီး ဆေးရုံမှာလို တဲကလေးကို ဆေးခန်းလုပ်ပြီး ကုသပေးခဲ့ရတယ် ။

အဖျား မကျမချင်း အနားကမခွါ ကိုယ်ဖိ ရင်ဖိ ကုသပေးခဲ့တယ် ” လို့ ဒေါ်စောဆရဲ့ ကောင်းသတင်းများကို တခြားသူတွေ ပြန်ပြောပြတာ ကြားရပြီး သူမရဲ့ လူနာတွေ အပေါ်ထားတဲ့ စေတနာတွေကို အထင်းသား မြင်တွေ့ရပါတယ် ။

ထိုသို့ သူမ ဘဝတစ်လျှောက်လုံး အလုပ်ကြိုးစားပြီး လူနာတွေ အတွက် သာ အသက်ရှင်ခဲ့တဲ့ ဒေါက်တာ ဒေါ်စောဆ က ၁၉၆၂ ဖေဖော်ဝါရီ ၂၈ မှာ သွေးတိုးရောဂါ ကြောင့် ကွယ်လွန် သွားခဲ့ပါတယ် ။

သူမ သေဆုံးသွားပေမယ့် သူမ ရဲ့ နာမည်ကတော့ အခုချိန်ထိ မြန်မာ့ဆေးလောက သမိုင်းကြောင်းမှာ မြန်မာပြည်ရဲ့ပထမဦးဆုံးသော အမျိုးသမီးဆရာဝန်ဘွဲ့ ရ အထက်လွှတ်တော် အမတ် အဖြစ်တည်ရှိနေမှာပါ ။

Ref:
ကိုလိုနီခေတ် ထင်ပေါ်ကျော်ကြား မြန်မာအမျိုးသမီးများ - တင်နိုင်တိုး
မြန်မာအမျိုးသမီးများ - ဒေါ်စောမုံညင်း



Copy Link ✏ https://m.facebook.com/story.php?story_fbid=500049356833841&id=382550531917058


No comments:

Post a Comment