CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Saturday, February 13, 2016
ေရွ႕တန္းတိုက္ခိုက္ေရးသမားအျဖစ္ ကေလးငယ္မ်ားအား အိုင္အက္စ္အဖြဲ႔ျဖန္႔ၾကက္
ဒမတ္စကတ္ ေဖေဖာ္ဝါရီ ၁၂
အိုင္အက္စ္စစ္ေသြးၾကြအုပ္စုက ေဒသခံကေလးငယ္မ်ားကို တစ္လတာ စစ္ေရးေလ့က်င့္ေပးၿပီးေနာက္ ေရွ႕တန္းစစ္မ်က္ႏွာ၌ တိုက္ခိုက္ေရးသမားမ်ားအျဖစ္ျဖန္႔ၾကက္လ်က္ရွိေၾကာင္း ဆီးရီးယားျပည္တြင္းစစ္ကို ေစာင့္ၾကည့္ေလ့လာသည့္ ၿဗိတိန္အေျခစိုက္အဖြဲ႕တစ္ဖြဲ႕က ေျပာၾကားသည္။
ၿပီးခဲ့သည့္အပတ္က ေလ့က်င့္မႈ ျပီးစီးခဲ့သည့္ တိုက္ခိုက္ေရးတပ္သား သစ္မ်ား (အၾကမ္းအားျဖင့္ ၄၅ဝ အနက္ ၁ဝဝခန္႔)မွာ ကေလးငယ္မ်ားျဖစ္ေၾကာင္း ဆီးရီးယားလူ႔အခြင့္ အေရးဆိုင္ရာ ေစာင့္ၾကည့္ေလ့လာ ေရးအဖြဲ႕က ေျပာၾကားသည္။ စစ္ေရး ေလ့က်င့္မႈအခ်ိန္ကာလမွာ ယခင္က ႏွစ္လရွိရာမွ တစ္လသို႔ သိသိသာသာ ေလွ်ာ့ခ်လိုက္ေၾကာင္း ယင္းအဖြဲ႕က ဆိုသည္။ ေလ့က်င့္ေပးၿပီးသည့္တပ္သားသစ္မ်ားကို ၎တို႔၏မိသားစုမ်ား ႏွင့္ေတြ႕ဆံုရန္ သံုးရက္တာေရႊ႕ဆိုင္းၿပီးေနာက္ ေရွ႕တန္းစစ္မ်က္ႏွာသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။ အေမရိကန္ဦးေဆာင္ေသာ ညြန္႔ေပါင္းအဖြဲ႕ က ဆီးရီးယားႏိုင္ငံ၌ ေလေၾကာင္းတိုက္ခိုက္မႈမ်ားလုပ္ေဆာင္ျပီးေနာက္ ႐ုရွားႏိုင္ငံက ျပီးခဲ့သည့္စက္တင္ဘာလတြင္ ယင္းေလေၾကာင္းတိုက္ခိုက္မႈမ်ား၌စတင္ပါဝင္လာခဲ့ရာ အိုင္အက္စ္အဖြဲ႔မွာ ၎တို႔၏ထိန္းခ်ဳပ္မႈ ေအာက္ရွိနယ္ေျမမ်ား ဆံုးရံႈးလ်က္ရွိသည္။
ႏိုင္ငံျခားတပ္ဖြဲ႕မ်ား၏ ေလေၾကာင္း တိုက္ခိုက္မႈမ်ားေၾကာင့္ အိုင္အက္စ္ တိုက္ခိုက္ေရးသမားအေရအတြက္ မွာ ၂ဝ,ဝဝဝ ခန္႔မွ ၁ဝ,ဝဝဝ နီးပါးထိ ေလ်ာ့နည္းသြားၿပီျဖစ္ေၾကာင္း အေမရိကန္ကာကြယ္ေရးဝန္ၾကီးဌာနက ေျပာၾကားသည္။ ကေလးငယ္မ်ားအား လူသစ္စုေဆာင္းမႈႏွင့္တိုေတာင္း ေသာေလ့က်င့္မႈကာလတို႔မွာ စစ္ေသြးၾကြအဖြဲ႕၏ တိုက္ခိုက္ေရးသမားေလ်ာ့ နည္းလာမႈအတြက္တံု႔ျပန္မႈျဖစ္ေၾကာင္း ေစာင့္ၾကည့္ေလ့လာသူမ်ားက ဆိုသည္။
အင္န္အိတ္ခ်္ေက။
The Mirror Daily
https://www.facebook.com/TheMirrorDaily
...................................
ဒမတ်စကတ် ဖေဖော်ဝါရီ ၁၂
အိုင်အက်စ်စစ်သွေးကြွအုပ်စုက ဒေသခံကလေးငယ်များကို တစ်လတာ စစ်ရေးလေ့ကျင့်ပေးပြီးနောက် ရှေ့တန်းစစ်မျက်နှာ၌ တိုက်ခိုက်ရေးသမားများအဖြစ်ဖြန့်ကြက်လျက်ရှိကြောင်း ဆီးရီးယားပြည်တွင်းစစ်ကို စောင့်ကြည့်လေ့လာသည့် ဗြိတိန်အခြေစိုက်အဖွဲ့တစ်ဖွဲ့က ပြောကြားသည်။
ပြီးခဲ့သည့်အပတ်က လေ့ကျင့်မှု ပြီးစီးခဲ့သည့် တိုက်ခိုက်ရေးတပ်သား သစ်များ (အကြမ်းအားဖြင့် ၄၅ဝ အနက် ၁ဝဝခန့်)မှာ ကလေးငယ်များဖြစ်ကြောင်း ဆီးရီးယားလူ့အခွင့် အရေးဆိုင်ရာ စောင့်ကြည့်လေ့လာ ရေးအဖွဲ့က ပြောကြားသည်။ စစ်ရေး လေ့ကျင့်မှုအချိန်ကာလမှာ ယခင်က နှစ်လရှိရာမှ တစ်လသို့ သိသိသာသာ လျှော့ချလိုက်ကြောင်း ယင်းအဖွဲ့က ဆိုသည်။ လေ့ကျင့်ပေးပြီးသည့်တပ်သားသစ်များကို ၎င်းတို့၏မိသားစုများ နှင့်တွေ့ဆုံရန် သုံးရက်တာရွှေ့ဆိုင်းပြီးနောက် ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့ က ဆီးရီးယားနိုင်ငံ၌ လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်ပြီးနောက် ရုရှားနိုင်ငံက ပြီးခဲ့သည့်စက်တင်ဘာလတွင် ယင်းလေကြောင်းတိုက်ခိုက်မှုများ၌စတင်ပါဝင်လာခဲ့ရာ အိုင်အက်စ်အဖွဲ့မှာ ၎င်းတို့၏ထိန်းချုပ်မှု အောက်ရှိနယ်မြေများ ဆုံးရှုံးလျက်ရှိသည်။
နိုင်ငံခြားတပ်ဖွဲ့များ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် အိုင်အက်စ် တိုက်ခိုက်ရေးသမားအရေအတွက် မှာ ၂ဝ,ဝဝဝ ခန့်မှ ၁ဝ,ဝဝဝ နီးပါးထိ လျော့နည်းသွားပြီဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ ကလေးငယ်များအား လူသစ်စုဆောင်းမှုနှင့်တိုတောင်း သောလေ့ကျင့်မှုကာလတို့မှာ စစ်သွေးကြွအဖွဲ့၏ တိုက်ခိုက်ရေးသမားလျော့ နည်းလာမှုအတွက်တုံ့ပြန်မှုဖြစ်ကြောင်း စောင့်ကြည့်လေ့လာသူများက ဆိုသည်။
အင်န်အိတ်ချ်ကေ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
ေရွ႕တန္းတိုက္ခိုက္ေရးသမားအျဖစ္ ကေလးငယ္မ်ားအား အိုင္အက္စ္အဖြဲ႔ျဖန္႔ၾကက္
Reviewed by MP4 YoU
on
February 13, 2016
Rating: 5
Reviewed by MP4 YoU
on
February 13, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment