Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, February 13, 2016

ျမန္မာကေလးစစ္သား ျပႆ နာ တိုးတက္မႈ မရွိ

တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔က ကေလးစစ္သားေတြ။
ျမန္မာႏိုင္ငံဟာ ကုလသမဂၢ အတြင္းေရးမွဳးခ်ဳပ္ ဘန္ကီမြန္း ကိုယ္တိုင္ ေစာင့္ၾကည့္ ေဖၚျပထားတဲ့ ကေလးစစ္သားရွိေနဆဲႏိုင္ငံ (၈) ႏိုင္ငံ စာရင္းထဲမွာ ဆက္လက္ ပါ၀င္ေနဆဲျဖစ္တယ္လို႔ မေန႔က က်ေရာက္တဲ့ ကေလးစစ္သားအသံုး ျပဳမူဆန္႔က်င္တဲ့ ႏိုင္ငံတကာေန႔ အတြက္ ထုတ္ျပန္တဲ့ ကုလသမဂၢရဲ႕ေၾကညာခ်က္မွာေဖၚျပထားပါတယ္။ ကေလးစစ္သားေတြရဲ႕ ဘ၀ျပန္လည္ ထူေထာင္ေရး အတြက္ ျမန္မာအစိုးရဘက္က ေဆာင္ရြက္ခ်က္ေတြမွာ အားနည္းခ်က္ေတြ ရွိေနတယ္လို႔လည္း လူ႔အခြင့္အေရးေဆာင္ရြက္ေနသူေတြက ဗီြအိုေအကိုေျပာပါတယ္။ အျပည့္အစံုကို မအင္ၾကင္းႏိုင္က ေျပာျပမွာပါ။

နယူးေရာက္ ကုလသမဂၢဌာနခ်ဳပ္ကေန ေဖေဖၚ၀ါရီလ (၁၂)ရက္ေန႔ကထုတ္ျပန္တဲ့ အဲဒီေၾကညာခ်က္မွာ ကမၻာတ၀ွမ္း လက္နက္ကိုင္ပဋိပကၡေတြျဖစ္ေနတဲ့ ႏိုင္ငံေပါင္း (၂၀)ေက်ာ္မွာ မိန္းကေလးနဲ႔ ေယာက်္ားေလး အေရအတြက္ ေသာင္းနဲ႔ခ်ီၿပီး ကေလးစစ္သားအျဖစ္ အသံုးျပဳေနဆဲျဖစ္တယ္လို႔ ေဖၚျပထားပါတယ္။

ဒီႏွစ္မွာလည္းပဲ ပဋိပကၡတိုက္ပဲြေတြ အဆမတန္ျဖစ္လာတာ၊ စစ္ပဲြေတြရဲ႕ ရက္စက္ ၾကမ္းၾကဳတ္တဲ့ နည္းလမ္းေတြ စတာေတြဟာ ကေလးေတြကို စစ္သားအျဖစ္ စုေဆာင္းအသံုးျပဳႏိုင္ဖို႔ ေပ်ာ့ကြက္ျဖစ္ေစခဲ့တယ္လို႔ ကေလးသူငယ္နဲ႔ လက္နက္ကိုင္ ပဋိပကၡဆိုင္ရာ ကုလသမဂၢ အတြင္းေရးမွဳးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ Leila Zerrougui ကေျပာပါတယ္။

ဒါအျပင္ လက္နက္ကိုင္တပ္ေတြမွာ ကေလးစစ္သားစုေဆာင္းမႈေတြရွိေနတာေၾကာင့္ ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ကေန ေစာင့္ၾကည့္ေဖၚျပခံရတဲ့ ႏိုင္ငံ (၈)ႏိုင္ငံစာရင္းမွာ Chad ႏိုင္ငံက လဲြၿပီး ျမန္မာအပါအ၀င္ က်န္တဲ့ အာဖဂန္နစၥတန္၊ ဆိုမာလီးယား ၊ ေတာင္ဆူဒန္၊ ဆူဒန္ နဲ႔ ရီမင္ စတဲ့ (၇) ႏိုင္ငံ ပါ၀င္ေနဆဲျဖစ္တယ္ လို႔ ေၾကညာခ်က္ မွာ ေဖၚျပထားပါတယ္။ အဲဒီႏိုင္ငံေတြမွာ အထူးကိုယ္စားလွယ္နဲ႕ UNICEF တို႔ပူးေပါင္းၿပီး ကေလးစစ္သား ပေပ်ာက္ေရးလႈပ္ရွားမႈကို ၂၀၁၄ခုနွစ္မွာ စတင္ေဆာင္ရြက္ခဲ့ေၾကာင္းလည္း ေရးသားထားပါတယ္။

ျမန္မာစစ္တပ္က အသက္မျပည့္ေသးတဲ့ ကေလးစစ္သားေတြကို မိဘထံျပန္လည္အပ္ႏွံတဲ့အခမ္းအနားတြင္ ေတြ႔ရစဥ္။
ျမန္မာႏိုင္ငံမွာေတာ့ အခုလို ကုလသမဂၢဦးေဆာင္တဲ့ လႈပ္ရွားမႈမွာ အားနည္းခ်က္ေတြ ရွိေနတယ္လို႔ ရန္ကုန္အေျခစိုက္ လူ႔အခြင့္အေရးေဆာင္ရြက္ေန တဲ့ Equality Myanmar ရဲ႕ညႊန္ၾကားေရးမွဴး ဦးေအာင္မ်ဳိးမင္းက ေျပာပါတယ္။

“ တကယ့္ ထဲထဲဝင္ဝင္ေတာ့ မေတြ႔ရဘူးဗ်။ ကုလသမဂၢကေန ျမန္မာႏုိင္ငံအေပၚမွာ ကေလးစစ္သား ပေပ်ာက္ဖို႔ ေတာင္းဆို တဲ့ သေဘာမ်ိဳးေတြေလာက္ပဲ က်ေနာ္တို႔ ေတြ႔ေနရတယ္။ ျပည္တြင္းမွာ ဒါနဲ႔ပတ္သက္လို႔ လာေရာက္လုပ္ေဆာင္တဲ့ အေၾကာင္းအရာေတြ က်ေနာ္တို႔ မေတြ႔ရဘူး။ အထူးသျဖင့္ ကေလးစစ္သားအေရး ဆိုရင္ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြ တခ်ိဳ႕ေသာ လက္နက္ကိုင္ အဖြဲ႔ေတြ လုပ္ေဆာင္ေနတဲ့ ၾကားထဲမွာ ရွိေနတယ္။ အဲ့ဒီ့လူေတြနဲ႔ UNICEF တို႔ ဘာတို႔နဲ႔ သြားေရာက္ၿပီးေတာ့ ေတြ႔ဆံုတဲ့သေဘာမ်ိဳးေတာ့ ရွိတယ္။ ဒါေပမဲ့ ကုလသမဂၢ ဆိုတဲ့ ပံုစံမ်ိဳးနဲ႔ လာေရာက္ လုပ္ေဆာင္တဲ့ အရာမ်ိဳးေတာ့ က်ေနာ္ မေတြ႔ရဘူးဗ်။”


ေရွ႕တန္းစစ္မ်က္ႏွာက ကေလးစစ္သားေတြ
တိုင္းရင္းသားလက္နက္ကိုင္တပ္ဖဲြ႔ေတြမွာ ကေလးစစ္သားအသံုးျပဳတာကို သတိထား လုပ္ေဆာင္တာမ်ဳိး ရွိေပမဲ့လည္း ျမန္မာစစ္တပ္နဲ႔ တိုက္ပဲြေတြျဖစ္ေနတဲ့ ေဒသေတြ မွာေတာ့ ကေလးစစ္သား စုေဆာင္းတာေတြ ပိုၿပီးမ်ားလာတာေတြ႕ရတယ္လို႔ ဦးေအာင္မ်ဳိးမင္းက ဆိုပါတယ္။

“ ဒါေပမဲ့ တခ်ိဳ႕ေသာအဖြဲ႔ေတြကေတာ့ အခုမွ ပိုၿပီးေတာ့ေတာင္ ျဖစ္ပြားေနတဲ့ တုိက္ပြဲေတြ ျဖစ္ပြားေနတဲ့အတြက္ေၾကာင့္မို႔လို႔ အသက္မျပည့္ေသးတဲ့သူေတြကို စစ္မႈထမ္းတဲ့ အရာကို အခုအခ်ိန္မွာ ပိုေတာင္ လုပ္ေဆာင္လာတာကို က်ေနာ္တို႔ ေတြ႔ေနရတယ္။ ေနာက္တခုက ၿငိမ္းခ်မ္းေရးေဆြးေႏြးေနေပမဲ့ တခ်ိဳ႕ေသာ တပ္ဖြဲ႔ေတြထဲမွာ ဒီအပစ္အခတ္ရပ္စဲဖို႔အတြက္ ေဆြးေႏြးတာရွိေပမဲ့ တကယ္တမ္းက်ေတ့ လက္နက္ေတြ တပ္ဆင္ထားတုန္းပဲ။ အဲ့ေတာ့ အဲ့ေနရာေတြမွာလည္း ကေလးစစ္သားေတြကို အသံုးျပဳေနတယ္။ ဒီ ဝတပ္ဖြဲ႔တို႔ ဘာတို႔မွာ ဒီအတုိင္းပဲ က်င့္သံုးေနတဲ့ပံုစံမ်ိဳး က်ေနာ္ ေတြ႔ေနရပါတယ္။”


အသက္မျပည့္တဲ့ကေလးေတြ မိဘျပန္အပ္
ျမန္မာႏိုင္ငံမွာ ကေလးစစ္သားစုေဆာင္းမႈအေျခအေနအဟာ အရင္ကလို မဟုတ္ပဲ ေလ်ာ့က် လာၿပီး စစ္တပ္ကေန ျပန္လည္ လြတ္ေျမာက္လာတဲ့ ကေလးသူငယ္ေတြ ရာနဲ႔ခ်ီရွိခဲ့တယ္လို႔ ILO ကမၻာ့အလုပ္သမား အဖဲြ႔ႀကီးက ေဖၚျပခဲ့ ပါတယ္။ ျမန္မာအစိုးရအေနနဲ႔လည္း ကုလသမဂၢက ျပဌာန္း ထားတဲ့ လက္နက္ကိုင္ ပဋိပကၡေတြမွာ ကေလးသူငယ္ေတြရဲ႕ ပါ၀င္မွဳဆိုင္ရာ အကာအကြယ္ေပးေရး သေဘာတူစာခ်ဳပ္မွာ မႏွစ္က ပဏာမ လက္မွတ္ေရးထိုးခဲ့တာပါ။

ဒါေပမဲ့ ဒီစာခ်ဳပ္အတိုင္းလိုက္နာအေကာင္အထည္ေဖၚပါမယ္ဆိုတဲ့ အဆင့္မ်ဳိး မေရာက္ေသးတာေၾကာင့္ ကေလးစစ္သားေဟာင္းေတြရဲ႕ ဘ၀လံုၿခံဳေရး အကာအကြယ္ေပးႏိုင္ဖုိ႔ လိုအပ္ေနဆဲျဖစ္တယ္လို႔ ဦးေအာင္မ်ဳိးမင္းကေျပာပါတယ္။

“ပဏာမ အဆင့္ဆိုတာကေတာ့ အတိအက် တာဝန္ယူၿပီးေတာ့ အျပည့္အဝ လုိက္နာပါမယ္ဆိုၿပီးေတာ့ ကတိမ်ိဳး မဟုတ္ဘူး။ တဝက္ေပးထားတဲ့ သေဘာမ်ိဳးပဲ ျဖစ္တယ္။ အဲ့ေတာ့ ဒီစာခ်ဳပ္ကို ပဏာမ လက္မွတ္ထိုးတာက လုပ္ေဆာင္ဖို႔ စိတ္ဆႏၵရွိတယ္။ ဒါေပမဲ့ မလုပ္ႏုိင္ေသးဘူးဆိုတဲ့ ပံုစံမ်ိဳး ျဖစ္ေနတဲ့အတြက္ တကယ့္ကို အေကာင္အထည္ေဖာ္ လုပ္ေဆာင္ဖို႔အတြက္ကို ပဏာမ လက္မွတ္ထိုးတာနဲ႔ စာလို႔ရွိရင္ အတည္ျပဳလက္မွတ္ထိုးတဲ့ကိစၥကို က်ေနာ္တို႔ အျမန္ဆံုး ျဖစ္ေစခ်င္ပါတယ္။”

ဒါအျပင္ ကေလးစစ္သားအျဖစ္ လြတ္ေျမာက္လာသူေတြရဲ႕ ဘ၀ျပန္လည္ ထူေထာင္ေရးမွာ တာ၀န္ရွိသူေတြဘက္က အျပည့္အ၀ေဆာင္ရြက္ေပးႏိုင္ျခင္း မရွိဘူးလို႔ ဦးေအာင္မ်ဳိးမင္းကဆိုပါတယ္။

မေန႔က က်ေရာက္တဲ့ ကေလးစစ္သားအသံုးျပဳမႈဆန္႔က်င့္တဲ့ ႏိုင္ငံတကာေန႔မွာ ထုတ္ျပန္လိုက္တဲ့ ကုလသမဂၢရဲ႕ေၾကညာခ်က္မွာေတာ့ စစ္ေရးပဋိပကၡမွာ ကေလးစစ္သားစုေဆာင္း အသံုးျပဳေနတာေၾကာင့္ ကေလးသူငယ္အခြင့္အေရး အမ်ားဆံုးခ်ဴိးေဖာက္အဖဲြ႕အစည္းေပါင္း (၅၀)ေက်ာ္ရဲ႕အမည္စာရင္းေတြကို အတြင္းေရးမွဴးခ်ဳပ္ ဘန္ကီမြန္းရဲ႕ ၂၀၁၅ အစီရင္ခံစာမွာ အတိအက်ေဖၚျပ ထားေၾကာင္း ေရးသားထားပါတယ္။

အင္ၾကင္းႏိုင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...............
 တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ကလေးစစ်သားတွေ။
မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း ကိုယ်တိုင် စောင့်ကြည့် ဖေါ်ပြထားတဲ့ ကလေးစစ်သားရှိနေဆဲနိုင်ငံ (၈) နိုင်ငံ စာရင်းထဲမှာ ဆက်လက် ပါ၀င်နေဆဲဖြစ်တယ်လို့ မနေ့က ကျရောက်တဲ့ ကလေးစစ်သားအသုံး ပြုမူဆန့်ကျင်တဲ့ နိုင်ငံတကာနေ့ အတွက် ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ကြေညာချက်မှာဖေါ်ပြထားပါတယ်။ ကလေးစစ်သားတွေရဲ့ ဘဝပြန်လည် ထူထောင်ရေး အတွက် မြန်မာအစိုးရဘက်က ဆောင်ရွက်ချက်တွေမှာ အားနည်းချက်တွေ ရှိနေတယ်လို့လည်း လူ့အခွင့်အရေးဆောင်ရွက်နေသူတွေက ဗွီအိုအေကိုပြောပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က ပြောပြမှာပါ။

နယူးရောက် ကုလသမဂ္ဂဌာနချုပ်ကနေ ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ကထုတ်ပြန်တဲ့ အဲဒီကြေညာချက်မှာ ကမ္ဘာတဝှမ်း လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေတဲ့ နိုင်ငံပေါင်း (၂၀)ကျော်မှာ မိန်းကလေးနဲ့ ယောကျ်ားလေး အရေအတွက် သောင်းနဲ့ချီပြီး ကလေးစစ်သားအဖြစ် အသုံးပြုနေဆဲဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ဒီနှစ်မှာလည်းပဲ ပဋိပက္ခတိုက်ပွဲတွေ အဆမတန်ဖြစ်လာတာ၊ စစ်ပွဲတွေရဲ့ ရက်စက် ကြမ်းကြုတ်တဲ့ နည်းလမ်းတွေ စတာတွေဟာ ကလေးတွေကို စစ်သားအဖြစ် စုဆောင်းအသုံးပြုနိုင်ဖို့ ပျော့ကွက်ဖြစ်စေခဲ့တယ်လို့ ကလေးသူငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် Leila Zerrougui ကပြောပါတယ်။

ဒါအပြင် လက်နက်ကိုင်တပ်တွေမှာ ကလေးစစ်သားစုဆောင်းမှုတွေရှိနေတာကြောင့် ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ကနေ စောင့်ကြည့်ဖေါ်ပြခံရတဲ့ နိုင်ငံ (၈)နိုင်ငံစာရင်းမှာ Chad နိုင်ငံက လွဲပြီး မြန်မာအပါအဝင် ကျန်တဲ့ အာဖဂန်နစ္စတန်၊ ဆိုမာလီးယား ၊ တောင်ဆူဒန်၊ ဆူဒန် နဲ့ ရီမင် စတဲ့ (၇) နိုင်ငံ ပါ၀င်နေဆဲဖြစ်တယ် လို့ ကြေညာချက် မှာ ဖေါ်ပြထားပါတယ်။ အဲဒီနိုင်ငံတွေမှာ အထူးကိုယ်စားလှယ်နဲ့ UNICEF တို့ပူးပေါင်းပြီး ကလေးစစ်သား ပပျောက်ရေးလှုပ်ရှားမှုကို ၂၀၁၄ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့ကြောင်းလည်း ရေးသားထားပါတယ်။
မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို မိဘထံပြန်လည်အပ်နှံတဲ့အခမ်းအနားတွင် တွေ့ရစဉ်။
မြန်မာနိုင်ငံမှာတော့ အခုလို ကုလသမဂ္ဂဦးဆောင်တဲ့ လှုပ်ရှားမှုမှာ အားနည်းချက်တွေ ရှိနေတယ်လို့ ရန်ကုန်အခြေစိုက် လူ့အခွင့်အရေးဆောင်ရွက်နေ တဲ့ Equality Myanmar ရဲ့ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ တကယ့် ထဲထဲဝင်ဝင်တော့ မတွေ့ရဘူးဗျ။ ကုလသမဂ္ဂကနေ မြန်မာနိုင်ငံအပေါ်မှာ ကလေးစစ်သား ပပျောက်ဖို့ တောင်းဆို တဲ့ သဘောမျိုးတွေလောက်ပဲ ကျနော်တို့ တွေ့နေရတယ်။ ပြည်တွင်းမှာ ဒါနဲ့ပတ်သက်လို့ လာရောက်လုပ်ဆောင်တဲ့ အကြောင်းအရာတွေ ကျနော်တို့ မတွေ့ရဘူး။ အထူးသဖြင့် ကလေးစစ်သားအရေး ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တချို့သော လက်နက်ကိုင် အဖွဲ့တွေ လုပ်ဆောင်နေတဲ့ ကြားထဲမှာ ရှိနေတယ်။ အဲ့ဒီ့လူတွေနဲ့ UNICEF တို့ ဘာတို့နဲ့ သွားရောက်ပြီးတော့ တွေ့ဆုံတဲ့သဘောမျိုးတော့ ရှိတယ်။ ဒါပေမဲ့ ကုလသမဂ္ဂ ဆိုတဲ့ ပုံစံမျိုးနဲ့ လာရောက် လုပ်ဆောင်တဲ့ အရာမျိုးတော့ ကျနော် မတွေ့ရဘူးဗျ။”

ရှေ့တန်းစစ်မျက်နှာက ကလေးစစ်သားတွေ
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေမှာ ကလေးစစ်သားအသုံးပြုတာကို သတိထား လုပ်ဆောင်တာမျိုး ရှိပေမဲ့လည်း မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသတွေ မှာတော့ ကလေးစစ်သား စုဆောင်းတာတွေ ပိုပြီးများလာတာတွေ့ရတယ်လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

“ ဒါပေမဲ့ တချို့သောအဖွဲ့တွေကတော့ အခုမှ ပိုပြီးတော့တောင် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက်ကြောင့်မို့လို့ အသက်မပြည့်သေးတဲ့သူတွေကို စစ်မှုထမ်းတဲ့ အရာကို အခုအချိန်မှာ ပိုတောင် လုပ်ဆောင်လာတာကို ကျနော်တို့ တွေ့နေရတယ်။ နောက်တခုက ငြိမ်းချမ်းရေးဆွေးနွေးနေပေမဲ့ တချို့သော တပ်ဖွဲ့တွေထဲမှာ ဒီအပစ်အခတ်ရပ်စဲဖို့အတွက် ဆွေးနွေးတာရှိပေမဲ့ တကယ်တမ်းကျတေ့ လက်နက်တွေ တပ်ဆင်ထားတုန်းပဲ။ အဲ့တော့ အဲ့နေရာတွေမှာလည်း ကလေးစစ်သားတွေကို အသုံးပြုနေတယ်။ ဒီ ဝတပ်ဖွဲ့တို့ ဘာတို့မှာ ဒီအတိုင်းပဲ ကျင့်သုံးနေတဲ့ပုံစံမျိုး ကျနော် တွေ့နေရပါတယ်။”

အသက်မပြည့်တဲ့ကလေးတွေ မိဘပြန်အပ်
မြန်မာနိုင်ငံမှာ ကလေးစစ်သားစုဆောင်းမှုအခြေအနေအဟာ အရင်ကလို မဟုတ်ပဲ လျော့ကျ လာပြီး စစ်တပ်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ ကလေးသူငယ်တွေ ရာနဲ့ချီရှိခဲ့တယ်လို့ ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ကြီးက ဖေါ်ပြခဲ့ ပါတယ်။ မြန်မာအစိုးရအနေနဲ့လည်း ကုလသမဂ္ဂက ပြဌာန်း ထားတဲ့ လက်နက်ကိုင် ပဋိပက္ခတွေမှာ ကလေးသူငယ်တွေရဲ့ ပါ၀င်မှုဆိုင်ရာ အကာအကွယ်ပေးရေး သဘောတူစာချုပ်မှာ မနှစ်က ပဏာမ လက်မှတ်ရေးထိုးခဲ့တာပါ။

ဒါပေမဲ့ ဒီစာချုပ်အတိုင်းလိုက်နာအကောင်အထည်ဖေါ်ပါမယ်ဆိုတဲ့ အဆင့်မျိုး မရောက်သေးတာကြောင့် ကလေးစစ်သားဟောင်းတွေရဲ့ ဘဝလုံခြုံရေး အကာအကွယ်ပေးနိုင်ဖို့ လိုအပ်နေဆဲဖြစ်တယ်လို့ ဦးအောင်မျိုးမင်းကပြောပါတယ်။

“ပဏာမ အဆင့်ဆိုတာကတော့ အတိအကျ တာဝန်ယူပြီးတော့ အပြည့်အဝ လိုက်နာပါမယ်ဆိုပြီးတော့ ကတိမျိုး မဟုတ်ဘူး။ တဝက်ပေးထားတဲ့ သဘောမျိုးပဲ ဖြစ်တယ်။ အဲ့တော့ ဒီစာချုပ်ကို ပဏာမ လက်မှတ်ထိုးတာက လုပ်ဆောင်ဖို့ စိတ်ဆန္ဒရှိတယ်။ ဒါပေမဲ့ မလုပ်နိုင်သေးဘူးဆိုတဲ့ ပုံစံမျိုး ဖြစ်နေတဲ့အတွက် တကယ့်ကို အကောင်အထည်ဖော် လုပ်ဆောင်ဖို့အတွက်ကို ပဏာမ လက်မှတ်ထိုးတာနဲ့ စာလို့ရှိရင် အတည်ပြုလက်မှတ်ထိုးတဲ့ကိစ္စကို ကျနော်တို့ အမြန်ဆုံး ဖြစ်စေချင်ပါတယ်။”

ဒါအပြင် ကလေးစစ်သားအဖြစ် လွတ်မြောက်လာသူတွေရဲ့ ဘဝပြန်လည် ထူထောင်ရေးမှာ တာဝန်ရှိသူတွေဘက်က အပြည့်အဝဆောင်ရွက်ပေးနိုင်ခြင်း မရှိဘူးလို့ ဦးအောင်မျိုးမင်းကဆိုပါတယ်။

မနေ့က ကျရောက်တဲ့ ကလေးစစ်သားအသုံးပြုမှုဆန့်ကျင့်တဲ့ နိုင်ငံတကာနေ့မှာ ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂရဲ့ကြေညာချက်မှာတော့ စစ်ရေးပဋိပက္ခမှာ ကလေးစစ်သားစုဆောင်း အသုံးပြုနေတာကြောင့် ကလေးသူငယ်အခွင့်အရေး အများဆုံးချိူးဖောက်အဖွဲ့အစည်းပေါင်း (၅၀)ကျော်ရဲ့အမည်စာရင်းတွေကို အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ၂၀၁၅ အစီရင်ခံစာမှာ အတိအကျဖေါ်ပြ ထားကြောင်း ရေးသားထားပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment