Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 8, 2016

ေဒၚေအာင္ဆန္းစုၾကည္ ျမန္မာသမၼတျဖစ္လာမလား

On  Mon, 2016-02-08 06:30Issue No.No.1003 Monday, February 8, 2016

အမ်ဳိးသား ဒီမိုကေရစီအဖဲြ႕ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ (ဓာတ္ပံု − ေအအက္ဖ္ပီ)
ကြၽန္ေတာ္၏ အငွားကားက ၂၀ လမ္းသြား ကားလမ္းမႀကီးကို ျဖတ္လာသည့္အခါ လမ္းမႀကီး ထက္မွာ ေမာ္ေတာ္ဆုိင္ကယ္အ နည္းငယ္သာ ကြၽန္ေတာ္တို႔ကား ႏွင့္ အေဖာ္သဟဲအျဖစ္ ရွိပါသည္။ေနျပည္ေတာ္၏ နာမည္ေက်ာ္ ထင္ရွားမႈႏွင့္ တျခားစီ ၿမိဳ႕ေတာ္ သည္ လူနည္းအထီးက်န္လြန္း လွပါ၏။

ကြၽန္ေတာ္သည္ မနက္စာ ကို အေစာပိုင္းက ဟိုတယ္ဇုန္ဟု ေခၚေသာ ခမ္းနားထည္၀ါၿပီး ေခါင္လွေသာေနရာက ဟိုတယ္ တစ္ခုမွာစားခဲ့သည္။ ဧည့္သည္ တစ္ေယာက္တည္းကို ၀န္ေဆာင္ မႈေပးရေသာ ဟိုတယ္၀န္ထမ္း မ်ားမွာ သက္ေသာင့္သက္သာရွိ ပုံပင္။ ျမန္မာစစ္ဗိုလ္ခ်ဳပ္မ်ား တည္ေထာင္ခဲ့သည့္ ျမန္မာႏုိင္ငံ ၏ ၿမိဳ႕ေတာ္သည္ အာရွတုိက္က အျခားၿမိဳ႕ေတာ္မ်ား၏ အဂၤါရပ္ ျဖစ္ေသာ လူသူေလးပါးႏွင့္ ဆူညံ သံမ်ား လုံး၀ကင္းမဲ့ေန၏။ သည္ ၿမိဳ႕ေတာ္မွာ လမ္းသြားလမ္းလာ လည္း မရွိ။ ခေမာက္ေဆာင္းထား ေသာ သန္႔ရွင္းေရးသမားမ်ားသာ ရွိပါ၏။

ကမၻာေပၚမွာ အမ်ားႏွင့္မတူ ထူးျခားဆန္းျပားလွေသာ ၿမိဳ႕ ေတာ္မွာ ခမ္းနားႀကီးက်ယ္လွ ေသာ အေဆာက္အအုံႀကီးေတြ ရွိေနပါသည္။ ဧရာမ႐ုံးႀကီးမ်ား ႏွင့္ ႐ုံးခန္းေတြကလည္း ေ၀းကြာအလွမ္းေ၀းၾကသည္မွာ စစ္အစိုးရ ေဟာင္းမ်ား၏ ေဒါက္ေထာက္ ၾကည့္တတ္ေသာ မ်က္လုံးမ်ားႏွင့္ ေ၀းေအာင္ ေဆာက္ထားသလိုပင္။

သည္ေဒသမ်ဳိးသည္ ျမန္မာ ျပည္မွာ ၿဗိတိန္အင္ပါယာရဲတပ္ ဖဲြ႕အမႈထမ္းအျဖစ္ ငါးႏွစ္တာတာ ၀န္ထမ္းေဆာင္ခဲ့ဖူးသည့္ စာေရးဆရာေဂ်ာ့ေအာ္၀ဲလ္၏ ကေလာင္စြမ္းရည္ကို ပံ့ပိုးအားျဖည့္ေပး ေသာ ေနရာမ်ဳိး ျဖစ္ပါလိမ့္မည္။  ၀န္ထမ္းမ်ားအတြက္ အေရာင္စုံ ျခယ္ထားေသာ ၀န္ထမ္းအိမ္ရာ မ်ား အပါအ၀င္ ေဂ်ာ့ေအာ္၀ဲလ္ ၏ ၁၉၈၄ ၀တၳဳထဲက အေငြ႕အ သက္အေတာ္မ်ားမ်ားသည္ ၿမိဳ႕ ေတာ္မွာရွိေနပါသည္။

ေနျပည္ေတာ္ၿမိဳ႕အႏွံ႔ ကြၽန္ ေတာ္တို႔ ေလွ်ာက္သြားသည့္ အခါ သိသာထင္ရွားလွေသာအ ရာက ရန္ကုန္က သမုိင္း၀င္ ေရႊတိဂုံေစတီီေတာ္ကို ပုံစံတူတည္ထားသည့္ေရႊေရာင္ေစတီေတာ္ႀကီး ျဖစ္ပါသည္။ အဆုိပါဘုရား၏ တရား၀င္ဘဲြ႕ေတာ္မွာ ဥပၸါတသႏၲိေစတီေတာ္ႀကီးျဖစ္ေသာ္လည္း အားလုံးကေတာ့ ဗုိလ္ခ်ဳပ္မွဴးႀကီး သန္းေရႊဘုရားဟု အလြယ္ေခၚၾက သည္။

၂၀၀၅ ႏုိ၀င္ဘာတြင္ ေဗဒင္ ပညာရွင္ေတြအခါေပးသည့္ ေန႔ ႏွင့္ အခ်ိန္မွာ အစိုးရအဖဲြ႕ကို ရန္ကုန္ကေန ေနျပည္ေတာ္ကို ေန႔ခ်င္းၿပီးေျပာင္းဖို႔ ဗုိလ္ခ်ဳပ္မွဴး ႀကီးက အမိန္႔ခ်ခဲ့သည္။ သို႔ေသာ္ေရႊတိဂုံေစတီေတာ္ႏွင့္ မတူသည့္အခ်က္မွာ ေနျပည္ေတာ္ကဥပၸါတသႏၲိေစတီေတာ္အတြင္း မွာ ဘာမွမရွိ။ ဟာလာဟင္းလင္းျဖစ္၏။ ျမန္မာအမ်ားစုအတြက္ ေတာ့ သည္ေစတီသည္ စစ္ဗိုလ္ခ်ဳပ္ၿမိဳ႕ေတာ္ႏွင့္ လုိက္ဖက္လွေသာ အရာတစ္ခု ျဖစ္ပါသည္။

ေနျပည္ေတာ္ဆုိသည့္ အ မည္မွာ မင္းတုိ႔၏ဌာေနဟု အဓိ ပၸာယ္ရသည္။ ထိုအမည္သည္ ဗိုလ္ခ်ဳပ္မွဴးႀကီးက သူ၏စစ္အစိုး ရအဖဲြ႕ကို မည္သို႔ျမင္လဲဆုိတာကို ျပသေနပါသည္။ သို႔ေသာ္သည္ၿမိဳ႕ေတာ္ကို ကြၽန္ေတာ္ေရာက္ေနရျခင္းမွာသည္ ၿမိဳ႕ေတာ္၏ အုပ္ခ်ဳပ္သူ အစုိးရအသစ္ေၾကာင့္ ျဖစ္၏။ ဒီမုိကေရစီအင္အားစုမ်ားက စစ္အာဏာရွင္တို႔၏ ဒစၥေနကာတြန္းကမၻာဆန္ဆန္ ၿမိဳ႕ေတာ္ကို ရယူခ့ဲသည့္အတြက္ျဖစ္သည္။

၈၈ အေရးအခင္းလိုစစ္အစိုး ရကို ၿခိမ္းေျခာက္ႏုိင္မည့္ ေနာက္ ထပ္အေရးေတာ္ပုံႀကီးမ်ား ျဖစ္ ပြားတာကို ကာကြယ္ေလွ်ာ့ခ်ႏုိင္ ဖို႔ ေနျပည္ေတာ္ကိုတည္ေထာင္ ခဲ့ျခင္း ျဖစ္၏။ စိုးရိမ္ပူပန္တတ္ သည့္ ျမန္မာစစ္ဗိုလ္ခ်ဳပ္မ်ားသည္ ႏုိင္ငံျခားက က်ဴးေက်ာ္မႈရန္ကိုလည္း ေၾကာက္ရြံ႕ၾကၿပီး ရန္ကုန္ထက္စာလွ်င္ ခုခံကာကြယ္ရန္ (သို႔မဟုတ္) ထြက္ေျပးရန္လြယ္သည့္ ေနရာကိုလိုလားခဲ့ၾကသည္။

ေနျပည္ေတာ္မွာ လွ်ဳိ႕၀ွက္ လိုဏ္ေခါင္းမ်ားရွိသည္ဟုလည္း ေျပာၾကပါသည္။ ကြၽန္ေတာ္ျဖတ္ လာခဲ့သည့္ ကားလမ္းမႀကီးမ်ား လည္း အေရးေပၚေလယာဥ္ဆင္း သက္ရန္ ေနရာမ်ားလည္း ျဖစ္ႏုိင္ သည္။ သို႔ေသာ္ အဆုံးမွာေတာ့ စစ္တပ္ႏွင့္ သူ၏ေနာက္ခံပါတီ သည္ ႏုိ၀င္ဘာေရြးေကာက္ပဲြ တြင္ ေဒၚေအာင္ဆန္းစုၾကည္၏ အမ်ဳိးသားဒီမုိကေရစီအဖဲြ႕ခ်ဳပ္ (NLD) ၏ အလဲထုိးျခင္းကိုခံခဲ့ရ ၏။ ထို႔ေၾကာင့္ ကြၽန္ေတာ္၏ၿပီးခ့ဲ သည့္အပတ္က ျမန္မာလႊတ္ေတာ္ သို႔ ခရီးစဥ္သည္ ကမၸည္းတြင္မည့္ ျမန္မာႏုိင္ငံ၏ အာဏာလဲႊေျပာင္း မႈကို မ်က္၀ါးထင္ထင္ျမင္ရေအာင္ သြားေရာက္ျခင္း ျဖစ္ပါသည္။ ကမၻာေက်ာ္နာမည္ႀကီး တစ္ခ်ိန္က ယုံၾကည္မႈေၾကာင့္ အက်ဥ္းသားတစ္ဦးျဖစ္ခဲ့သည့္ ေဒၚေအာင္ဆန္းစုၾကည္သည္ သူ၏ အေပါင္းပါႏုိင္ငံေရးအက်ဥ္းသားေဟာင္းမ်ားကို ဦးေဆာင္ၿပီးလႊတ္ေတာ္ထဲက သူတို႔ကို တစ္ခ်ိန္က ဖမ္းဆီး အက်ဥ္းခ်ခဲ့သူ စစ္ဗိုလ္ခ်ဳပ္ေဟာင္း မ်ားေနရာမွာ ၀င္ေနရာယူေနပါၿပီ။

‘‘စစ္အစုိးရေဆာက္ခဲ့တဲ့ ၿမိဳ႕ ေတာ္မွာ အာဏာကိုလဲႊယူရတာ ၀မ္းသာစရာပါ’’ဟု ႏုိ၀င္ဘာလ ေရြးေကာက္ပဲြ၌ ကာကြယ္ေရး၀န္ ႀကီးေဟာင္းဦးေ၀လြင္ကို အႏုိင္ရ ခဲ့သည့္ လႊတ္ေတာ္ကုိယ္စားလွယ္ ကဗ်ာဆရာႏွင့္ ႏုိင္ငံေရးအက်ဥ္း သားေဟာင္း ဦးတင္သစ္က ေျပာ ပါသည္။ သူ႔အၿပံဳးမ်ားက သူ႔ စကားေတြထက္ပင္ ပိုၿပီးတာသြား ထိေရာက္လွပါသည္။

အင္န္အယ္လ္ဒီက လႊတ္ ေတာ္အတြင္းက အမတ္အမ်ားစု ေနရာကို ရရွိထားပါသည္။ သို႔ ေသာ္ တုိင္းျပည္၏ ေနာက္ထပ္ သမၼတမည္သူလဲဆုိသည္ကို မသိ ရေသးပါ။ စစ္အစိုးရေရးဆဲြခဲ့ သည့္ အေျခခံဥပေဒအရ ႏုိင္ငံ ျခားသား မိသားစု၀င္မ်ားရွိသူကို သမၼတျဖစ္ခြင့္ မေပးသည့္ အ  တြက္ ေဒၚေအာင္ဆန္းစုၾကည္က သမၼတလုပ္ခြင့္မရွိပါ။ သူ၏ကြယ္ လြန္သူ ခင္ပြန္းသည္လုိပင္ သား ႏွစ္ေယာက္စလုံးမွာ ၿဗိတိန္ႏုိင္ငံ သားမ်ား ျဖစ္ပါသည္။

သို႔ေသာ္ စိတ္လႈပ္ရွားစရာ မ်ားႏွင့္ အုန္းအုန္းကြၽက္ကြၽက္ ျဖစ္ေနေသာ ေနျပည္ေတာ္မွာ လႊတ္ေတာ္အမတ္အသစ္ အ ေတာ္မ်ားမ်ားက ေဒၚေအာင္ဆန္း စုၾကည္သည္ သမၼတအျဖစ္ ေပၚ ထြက္လာမည္ဟု သူတုိ႔ယုံၾကည္ ေၾကာင္း ကြၽန္ေတာ့္ကိုေျပာၾကပါ သည္။ ေဒၚေအာင္ဆန္းစုၾကည္ ၏ အနီးကပ္အႀကံေပးမ်ားကလည္း စစ္တပ္ႏွင့္ အသည္းအသန္ညႇိႏႈိင္းေဆြးေႏြးမႈမွာ ပါ၀င္ပတ္သက္ေနပါသည္။

ပါတီ၏လႊတ္ေတာ္အမတ္ ေတြကို မဲဆႏၵနယ္ေျမမ်ားဆီ မျပန္ၾကရန္ ေျပာၾကားျခင္းခံရသည့္အတြက္ မၾကာခင္ သမၼတကို ေၾကညာေတာ့မည္ဆုိသည့္ ထင္ျမင္ခ်က္မ်ားကို ပိုမိုအားေကာင္းလာေစသည္။ ထုိ႔ျပင္သတင္းမီဒီယာမ်ားကို ေတြ႕ဆုံ ေျပာဆုိခဲလွသည့္ ေဒၚေအာင္ဆန္းစုၾကည္က ျပည္တြင္းမီဒီယာမ်ားႏွင့္ ေတြ႕ဆုံသည္။

သည္ေနရာမွာ သတင္းႀကီး ကို သူကေၾကညာခဲ့ပါသလား။ မဟုတ္ပါ။ သူႏွင့္ပတ္သက္ၿပီး ေျပာၾကားေနမႈမ်ားအတြက္ သတင္းေထာက္မ်ားအား ေဒၚေအာင္ဆန္းစုၾကည္က အျပစ္တင္ခဲ့ေသာ္လည္း ဘာမွမေျပာၾကားခဲ့ပါ။ (မွတ္ခ်က္-မတ္လအထိ အခ်ိန္ေပးထား၍ အေမာမခံဘဲ အခ်ိန္တန္လွ်င္ေျပာမည္ဟူ၍ ေျပာၾကားခဲ့သည္)

ထို႔ေၾကာင့္ ျမန္မာလြတ္လပ္ ေရးေခါင္းေဆာင္ဗိုလ္ခ်ဳပ္ေအင္ ဆန္း၏သမီး ေဒၚေအာင္ဆန္းစု ၾကည္သည္ သူ၏အိပ္မက္မ်ား ကို အေကာင္အထည္ေဖာ္ႏုိင္မွာ လား။ သို႔မဟုတ္ပါက သူ၏သစၥာ ရွိေသာ လက္ေထာက္တစ္ဦးကုိ ပဲ ႐ုပ္ေသး႐ုပ္သဖြယ္ ထားၿပီး အုပ္ခ်ဳပ္သြားမွာလား။   ။

(ၿဗိတိန္ႏုိင္ငံထုတ္တယ္လီ ဂရဖ္သတင္းစာပါ ေဆာင္းပါးရွင္ Philip Sherwell ၏ Will Aung San Suu Kyi Ever be Presidentof Burma ? ေဆာင္းပါးကို ထားထားျမင့္က ဘာသာျပန္သည္။)
7Daydaily
.........................
ဒေါ်အောင်ဆန်းစုကြည် မြန်မာသမ္မတဖြစ်လာမလား

On  Mon, 2016-02-08 06:30Issue No.No.1003 Monday, February 8, 2016

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ − အေအက်ဖ်ပီ)
ကျွန်တော်၏ အငှားကားက ၂၀ လမ်းသွား ကားလမ်းမကြီးကို ဖြတ်လာသည့်အခါ လမ်းမကြီး ထက်မှာ မော်တော်ဆိုင်ကယ်အ နည်းငယ်သာ ကျွန်တော်တို့ကား နှင့် အဖော်သဟဲအဖြစ် ရှိပါသည်။နေပြည်တော်၏ နာမည်ကျော် ထင်ရှားမှုနှင့် တခြားစီ မြို့တော် သည် လူနည်းအထီးကျန်လွန်း လှပါ၏။

ကျွန်တော်သည် မနက်စာ ကို အစောပိုင်းက ဟိုတယ်ဇုန်ဟု ခေါ်သော ခမ်းနားထည်ဝါပြီး ခေါင်လှသောနေရာက ဟိုတယ် တစ်ခုမှာစားခဲ့သည်။ ဧည့်သည် တစ်ယောက်တည်းကို ၀န်ဆောင် မှုပေးရသော ဟိုတယ်ဝန်ထမ်း များမှာ သက်သောင့်သက်သာရှိ ပုံပင်။ မြန်မာစစ်ဗိုလ်ချုပ်များ တည်ထောင်ခဲ့သည့် မြန်မာနိုင်ငံ ၏ မြို့တော်သည် အာရှတိုက်က အခြားမြို့တော်များ၏ အင်္ဂါရပ် ဖြစ်သော လူသူလေးပါးနှင့် ဆူညံ သံများ လုံးဝကင်းမဲ့နေ၏။ သည် မြို့တော်မှာ လမ်းသွားလမ်းလာ လည်း မရှိ။ ခမောက်ဆောင်းထား သော သန့်ရှင်းရေးသမားများသာ ရှိပါ၏။

ကမ္ဘာပေါ်မှာ အများနှင့်မတူ ထူးခြားဆန်းပြားလှသော မြို့ တော်မှာ ခမ်းနားကြီးကျယ်လှ သော အဆောက်အအုံကြီးတွေ ရှိနေပါသည်။ ဧရာမရုံးကြီးများ နှင့် ရုံးခန်းတွေကလည်း ဝေးကွာအလှမ်းဝေးကြသည်မှာ စစ်အစိုးရ ဟောင်းများ၏ ဒေါက်ထောက် ကြည့်တတ်သော မျက်လုံးများနှင့် ဝေးအောင် ဆောက်ထားသလိုပင်။

သည်ဒေသမျိုးသည် မြန်မာ ပြည်မှာ ဗြိတိန်အင်ပါယာရဲတပ် ဖွဲ့အမှုထမ်းအဖြစ် ငါးနှစ်တာတာ ၀န်ထမ်းဆောင်ခဲ့ဖူးသည့် စာရေးဆရာဂျော့အော်ဝဲလ်၏ ကလောင်စွမ်းရည်ကို ပံ့ပိုးအားဖြည့်ပေး သော နေရာမျိုး ဖြစ်ပါလိမ့်မည်။  ၀န်ထမ်းများအတွက် အရောင်စုံ ခြယ်ထားသော ၀န်ထမ်းအိမ်ရာ များ အပါအဝင် ဂျော့အော်ဝဲလ် ၏ ၁၉၈၄ ၀တ္ထုထဲက အငွေ့အ သက်အတော်များများသည် မြို့ တော်မှာရှိနေပါသည်။

နေပြည်တော်မြို့အနှံ့ ကျွန် တော်တို့ လျှောက်သွားသည့် အခါ သိသာထင်ရှားလှသောအ ရာက ရန်ကုန်က သမိုင်းဝင် ရွှေတိဂုံစေတီီတော်ကို ပုံစံတူတည်ထားသည့်ရွှေရောင်စေတီတော်ကြီး ဖြစ်ပါသည်။ အဆိုပါဘုရား၏ တရားဝင်ဘွဲ့တော်မှာ ဥပ္ပါတသန္တိစေတီတော်ကြီးဖြစ်သော်လည်း အားလုံးကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဘုရားဟု အလွယ်ခေါ်ကြ သည်။

၂၀၀၅ နို၀င်ဘာတွင် ဗေဒင် ပညာရှင်တွေအခါပေးသည့် နေ့ နှင့် အချိန်မှာ အစိုးရအဖွဲ့ကို ရန်ကုန်ကနေ နေပြည်တော်ကို နေ့ချင်းပြီးပြောင်းဖို့ ဗိုလ်ချုပ်မှူး ကြီးက အမိန့်ချခဲ့သည်။ သို့သော်ရွှေတိဂုံစေတီတော်နှင့် မတူသည့်အချက်မှာ နေပြည်တော်ကဥပ္ပါတသန္တိစေတီတော်အတွင်း မှာ ဘာမှမရှိ။ ဟာလာဟင်းလင်းဖြစ်၏။ မြန်မာအများစုအတွက် တော့ သည်စေတီသည် စစ်ဗိုလ်ချုပ်မြို့တော်နှင့် လိုက်ဖက်လှသော အရာတစ်ခု ဖြစ်ပါသည်။

နေပြည်တော်ဆိုသည့် အ မည်မှာ မင်းတို့၏ဌာနေဟု အဓိ ပ္ပာယ်ရသည်။ ထိုအမည်သည် ဗိုလ်ချုပ်မှူးကြီးက သူ၏စစ်အစိုး ရအဖွဲ့ကို မည်သို့မြင်လဲဆိုတာကို ပြသနေပါသည်။ သို့သော်သည်မြို့တော်ကို ကျွန်တော်ရောက်နေရခြင်းမှာသည် မြို့တော်၏ အုပ်ချုပ်သူ အစိုးရအသစ်ကြောင့် ဖြစ်၏။ ဒီမိုကရေစီအင်အားစုများက စစ်အာဏာရှင်တို့၏ ဒစ္စနေကာတွန်းကမ္ဘာဆန်ဆန် မြို့တော်ကို ရယူခဲ့သည့်အတွက်ဖြစ်သည်။

၈၈ အရေးအခင်းလိုစစ်အစိုး ရကို ခြိမ်းခြောက်နိုင်မည့် နောက် ထပ်အရေးတော်ပုံကြီးများ ဖြစ် ပွားတာကို ကာကွယ်လျှော့ချနိုင် ဖို့ နေပြည်တော်ကိုတည်ထောင် ခဲ့ခြင်း ဖြစ်၏။ စိုးရိမ်ပူပန်တတ် သည့် မြန်မာစစ်ဗိုလ်ချုပ်များသည် နိုင်ငံခြားက ကျူးကျော်မှုရန်ကိုလည်း ကြောက်ရွံ့ကြပြီး ရန်ကုန်ထက်စာလျှင် ခုခံကာကွယ်ရန် (သို့မဟုတ်) ထွက်ပြေးရန်လွယ်သည့် နေရာကိုလိုလားခဲ့ကြသည်။

နေပြည်တော်မှာ လျှို့ဝှက် လိုဏ်ခေါင်းများရှိသည်ဟုလည်း ပြောကြပါသည်။ ကျွန်တော်ဖြတ် လာခဲ့သည့် ကားလမ်းမကြီးများ လည်း အရေးပေါ်လေယာဉ်ဆင်း သက်ရန် နေရာများလည်း ဖြစ်နိုင် သည်။ သို့သော် အဆုံးမှာတော့ စစ်တပ်နှင့် သူ၏နောက်ခံပါတီ သည် နို၀င်ဘာရွေးကောက်ပွဲ တွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အလဲထိုးခြင်းကိုခံခဲ့ရ ၏။ ထို့ကြောင့် ကျွန်တော်၏ပြီးခဲ့ သည့်အပတ်က မြန်မာလွှတ်တော် သို့ ခရီးစဉ်သည် ကမ္ပည်းတွင်မည့် မြန်မာနိုင်ငံ၏ အာဏာလွှဲပြောင်း မှုကို မျက်ဝါးထင်ထင်မြင်ရအောင် သွားရောက်ခြင်း ဖြစ်ပါသည်။ ကမ္ဘာကျော်နာမည်ကြီး တစ်ချိန်က ယုံကြည်မှုကြောင့် အကျဉ်းသားတစ်ဦးဖြစ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ အပေါင်းပါနိုင်ငံရေးအကျဉ်းသားဟောင်းများကို ဦးဆောင်ပြီးလွှတ်တော်ထဲက သူတို့ကို တစ်ချိန်က ဖမ်းဆီး အကျဉ်းချခဲ့သူ စစ်ဗိုလ်ချုပ်ဟောင်း များနေရာမှာ ၀င်နေရာယူနေပါပြီ။

‘‘စစ်အစိုးရဆောက်ခဲ့တဲ့ မြို့ တော်မှာ အာဏာကိုလွှဲယူရတာ ၀မ်းသာစရာပါ’’ဟု နို၀င်ဘာလ ရွေးကောက်ပွဲ၌ ကာကွယ်ရေးဝန် ကြီးဟောင်းဦးဝေလွင်ကို အနိုင်ရ ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ကဗျာဆရာနှင့် နိုင်ငံရေးအကျဉ်း သားဟောင်း ဦးတင်သစ်က ပြော ပါသည်။ သူ့အပြုံးများက သူ့ စကားတွေထက်ပင် ပိုပြီးတာသွား ထိရောက်လှပါသည်။

အင်န်အယ်လ်ဒီက လွှတ် တော်အတွင်းက အမတ်အများစု နေရာကို ရရှိထားပါသည်။ သို့ သော် တိုင်းပြည်၏ နောက်ထပ် သမ္မတမည်သူလဲဆိုသည်ကို မသိ ရသေးပါ။ စစ်အစိုးရရေးဆွဲခဲ့ သည့် အခြေခံဥပဒေအရ နိုင်ငံ ခြားသား မိသားစုဝင်များရှိသူကို သမ္မတဖြစ်ခွင့် မပေးသည့် အ  တွက် ဒေါ်အောင်ဆန်းစုကြည်က သမ္မတလုပ်ခွင့်မရှိပါ။ သူ၏ကွယ် လွန်သူ ခင်ပွန်းသည်လိုပင် သား နှစ်ယောက်စလုံးမှာ ဗြိတိန်နိုင်ငံ သားများ ဖြစ်ပါသည်။

သို့သော် စိတ်လှုပ်ရှားစရာ များနှင့် အုန်းအုန်းကျွက်ကျွက် ဖြစ်နေသော နေပြည်တော်မှာ လွှတ်တော်အမတ်အသစ် အ တော်များများက ဒေါ်အောင်ဆန်း စုကြည်သည် သမ္မတအဖြစ် ပေါ် ထွက်လာမည်ဟု သူတို့ယုံကြည် ကြောင်း ကျွန်တော့်ကိုပြောကြပါ သည်။ ဒေါ်အောင်ဆန်းစုကြည် ၏ အနီးကပ်အကြံပေးများကလည်း စစ်တပ်နှင့် အသည်းအသန်ညှိနှိုင်းဆွေးနွေးမှုမှာ ပါ၀င်ပတ်သက်နေပါသည်။

ပါတီ၏လွှတ်တော်အမတ် တွေကို မဲဆန္ဒနယ်မြေများဆီ မပြန်ကြရန် ပြောကြားခြင်းခံရသည့်အတွက် မကြာခင် သမ္မတကို ကြေညာတော့မည်ဆိုသည့် ထင်မြင်ချက်များကို ပိုမိုအားကောင်းလာစေသည်။ ထို့ပြင်သတင်းမီဒီယာများကို တွေ့ဆုံ ပြောဆိုခဲလှသည့် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံသည်။

သည်နေရာမှာ သတင်းကြီး ကို သူကကြေညာခဲ့ပါသလား။ မဟုတ်ပါ။ သူနှင့်ပတ်သက်ပြီး ပြောကြားနေမှုများအတွက် သတင်းထောက်များအား ဒေါ်အောင်ဆန်းစုကြည်က အပြစ်တင်ခဲ့သော်လည်း ဘာမှမပြောကြားခဲ့ပါ။ (မှတ်ချက်-မတ်လအထိ အချိန်ပေးထား၍ အမောမခံဘဲ အချိန်တန်လျှင်ပြောမည်ဟူ၍ ပြောကြားခဲ့သည်)

ထို့ကြောင့် မြန်မာလွတ်လပ် ရေးခေါင်းဆောင်ဗိုလ်ချုပ်အေင် ဆန်း၏သမီး ဒေါ်အောင်ဆန်းစု ကြည်သည် သူ၏အိပ်မက်များ ကို အကောင်အထည်ဖော်နိုင်မှာ လား။ သို့မဟုတ်ပါက သူ၏သစ္စာ ရှိသော လက်ထောက်တစ်ဦးကို ပဲ ရုပ်သေးရုပ်သဖွယ် ထားပြီး အုပ်ချုပ်သွားမှာလား။   ။

(ဗြိတိန်နိုင်ငံထုတ်တယ်လီ ဂရဖ်သတင်းစာပါ ဆောင်းပါးရှင် Philip Sherwell ၏ Will Aung San Suu Kyi Ever be Presidentof Burma ? ဆောင်းပါးကို ထားထားမြင့်က ဘာသာပြန်သည်။)

No comments:

Post a Comment