အာရွအဆင္းရဲဆံုး ၁၅ ႏုိင္ငံစာရင္းမွာ ျမန္မာ ဒုတိယလိုက္



အာရွတုိက္ရဲ႕ အဆင္းရဲဆံုးနဲ႔ အခ်မ္းသာဆံုး ႏုိင္ငံေတြနဲ႔ လူေတြရဲ႕ စာရင္းေတြကို ႏွစ္စဥ္ ထုတ္ျပန္ေလ့ရွိတဲ့ Asian Ranking အင္တာနက္ စာမ်က္ႏွာကေန ၂၀၁၅ ခုႏွစ္ အာရွတုိက္ရဲ႕ အဆင္းရဲဆံုး ၁၅ ႏုိင္ငံစာရင္းကို ထုတ္ျပန္လိုက္ရာမွာ - ျမန္မာႏုိင္ငံက နံပါတ္ ၂ ေနရာမွာ ရွိေနတာျဖစ္ပါတယ္။

ႏိုင္ငံအလိုက္ လူတဦးခ်င္းဆီရဲ႕ တႏွစ္စာ၀င္ေငြအေပၚ အေျခခံၿပီး တြက္ထားတ့ဲ ဒီစာရင္းအရ ျမန္မာႏုိင္ငံမွာ လူတဦးခ်င္းဆီရဲ႕ တႏွစ္စာ၀င္ေငြဟာ အေမရိကန္ေဒၚလာ ၁၇၁၁ ေဒၚလာ ရွိတယ္လို႔ ေဖာ္ျပထားတာပါ။

လယ္ယာစိုက္ပ်ိဳးေရးနဲ႔ ႏုိင္ငံျခားကုန္တင္ပို႔မႈအေပၚ အဓိက အားထားေနရတဲ့ ျမန္မာႏုိင္ငံအတြက္ အခုလို အာရွရဲ႕ ဒုတိယအဆင္းရဲဆံုး ႏုိင္ငံ ျဖစ္လာရျခင္းမွာ - အစိုးရတာ၀န္ရွိသူေတြရဲ႕ စီးပြားေရး ဆုိင္ရာ လြဲမွားတဲ့ စီမံခန္႔ခြဲမႈေတြက အေၾကာင္းရင္းေတြထဲက တခုျဖစ္တယ္လို႔ Asian Ranking က ေထာက္ျပထားပါတယ္။

အနိမ့္ဆုံးကေတာ့ အာဖဂန္နစၥတန္ႏုိင္ငံျဖစ္ၿပီး၊ လူတဦးခ်င္းရဲ႕ တႏွစ္စာ၀င္ေငြက အေမရိကန္ေဒၚလာ ၁၁၇၇ ေဒၚလာ ရွိတာျဖစ္ပါတယ္။ ျမန္မာ့ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံကေတာ့ - ျမန္မာႏုိင္ငံရဲ႕အထက္ နံပါတ္ ၃ ေနရာမွာရွိေနၿပီး၊ လူတဦးခ်င္းရဲ႕ တႏွစ္စာ၀င္ေငြက အေမရိကန္ ေဒၚလာ ၂၀၈၃ ေဒၚလာ ရွိပါတယ္။ အျမင့္ဆံုးကေတာ့ အင္ဒိုနီးရွားႏုိင္ငံျဖစ္ပါတယ္။ လူတဦးခ်င္းရဲ႕ တႏွစ္၀င္ေငြက အေမရိကန္ ေဒၚလာ ၅၂၁၄ ေဒၚလာရွိေပမဲ့ စီးပြားေရးဖြံ႔ၿဖိဳးတည္ၿငိမ္မႈက ႏုိင္ငံတြင္း ဆင္းရဲမြဲေတမႈကို တေျဖးေျဖးခ်င္း ေလ်ာ့နည္းလာေစတယ္လို႔ ဆုိထားပါတယ္။ သူ႔ေနာက္မွာ ဖိလစ္ပိုင္နဲ႔ အိႏၵိယႏုိင္ငံတို႔က ကပ္လ်က္ ရွိေနတာပါ။ အာဆီယံႏုိင္ငံေတြျဖစ္ၾကတဲ့ လာအိုက နံပါတ္ ၉ ေနရာမွာရွိေနၿပီး၊ ဗီယက္နမ္ ကေတာ့ - နံပါတ္ ၁၁ မွာ ရွိေနတာကို ျပသထားပါတယ္။

၂၀၁၁ သမၼတ ဦးသိန္းစိန္အရပ္သားအစိုးရတက္လာၿပီးေနာက္ပိုင္း ႏုိင္ငံေရး၊ စီးပြားေရး ျပဳျပင္ေျပာင္းလဲမႈေတြကို လုပ္ေဆာင္လာေနတဲ့ ျမန္မာႏုိင္ငံမွာ လာမယ့္ ၅ ႏွစ္အတြင္း တႏွစ္ကို ၈ ရာခိုင္ႏႈန္း၀န္းက်င္ စီးပြားေရးတိုးတက္လာႏုိင္ဖြယ္ ရွိတယ္လို႔ ကမၻာ့ဘဏ္အဖြဲ႔ႀကီးက ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ သံုးသပ္ခဲ့တာပါ။ ဒီလို တိုးတက္ဖုိ႔အတြက္ လက္ရွိ လိုအပ္ေနတဲ့ ျပဳျပင္ေျပာင္းလဲရမယ့္ အခ်က္ေတြကို ေနာင္တက္လာမယ့္ အစိုးရသစ္လက္ထက္မွာ  ျပဳျပင္ေျပာင္းလဲႏိုင္မွသာ ႏိုင္ငံအေနနဲ႔အမွန္တကယ္ တိုးတက္ဖြံ႔ၿဖိဳးလာႏိုင္မွာ ျဖစ္တာေၾကာင့္ က႑တခုခ်င္းဆီအလိုက္ ျပဳျပင္ေျပာင္းလဲသင့္တဲ့ အခ်က္ေတြကို ကမာၻ႔ဘဏ္က အဂၤါေန႔မွာ ထုတ္ျပန္ခဲ့ပါတယ္။

ဒါ့အျပင္ Asain Ranking က ထုတ္ျပန္ခဲ့တဲ့ ၂၀၁၅ ခုႏွစ္ရဲ႕ အာရွမွာ ဖြံ႔ၿဖိဳးမႈအနိမ့္ဆံုး ၁၀ ႏုိင္ငံစာရင္းမွာလည္း ျမန္မာပါ၀င္သလို၊ အာရွက သက္တမ္းအရင့္ဆံုး တကၠသိုလ္ ၂၀ စာရင္းမွာလည္း ရန္ကုန္တကၠသိုလ္ ပါ၀င္ၿပီး၊ အာရွရဲ႕ အလွဴဒါန အရက္ေရာဆံုး ၁၀ ႏုိင္ငံစာရင္းမွာလည္း ျမန္မာႏုိင္ငံက နံပါတ္ ၁ ေနရာမွာ ရွိေနတာ ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..........


အာရှတိုက်ရဲ့ အဆင်းရဲဆုံးနဲ့ အချမ်းသာဆုံး နိုင်ငံတွေနဲ့ လူတွေရဲ့ စာရင်းတွေကို နှစ်စဉ် ထုတ်ပြန်လေ့ရှိတဲ့ Asian Ranking အင်တာနက် စာမျက်နှာကနေ ၂၀၁၅ ခုနှစ် အာရှတိုက်ရဲ့ အဆင်းရဲဆုံး ၁၅ နိုင်ငံစာရင်းကို ထုတ်ပြန်လိုက်ရာမှာ - မြန်မာနိုင်ငံက နံပါတ် ၂ နေရာမှာ ရှိနေတာဖြစ်ပါတယ်။

နိုင်ငံအလိုက် လူတဦးချင်းဆီရဲ့ တနှစ်စာဝင်ငွေအပေါ် အခြေခံပြီး တွက်ထားတဲ့ ဒီစာရင်းအရ မြန်မာနိုင်ငံမှာ လူတဦးချင်းဆီရဲ့ တနှစ်စာဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၇၁၁ ဒေါ်လာ ရှိတယ်လို့ ဖော်ပြထားတာပါ။

လယ်ယာစိုက်ပျိုးရေးနဲ့ နိုင်ငံခြားကုန်တင်ပို့မှုအပေါ် အဓိက အားထားနေရတဲ့ မြန်မာနိုင်ငံအတွက် အခုလို အာရှရဲ့ ဒုတိယအဆင်းရဲဆုံး နိုင်ငံ ဖြစ်လာရခြင်းမှာ - အစိုးရတာဝန်ရှိသူတွေရဲ့ စီးပွားရေး ဆိုင်ရာ လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေက အကြောင်းရင်းတွေထဲက တခုဖြစ်တယ်လို့ Asian Ranking က ထောက်ပြထားပါတယ်။

အနိမ့်ဆုံးကတော့ အာဖဂန်နစ္စတန်နိုင်ငံဖြစ်ပြီး၊ လူတဦးချင်းရဲ့ တနှစ်စာဝင်ငွေက အမေရိကန်ဒေါ်လာ ၁၁၇၇ ဒေါ်လာ ရှိတာဖြစ်ပါတယ်။ မြန်မာ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ - မြန်မာနိုင်ငံရဲ့အထက် နံပါတ် ၃ နေရာမှာရှိနေပြီး၊ လူတဦးချင်းရဲ့ တနှစ်စာဝင်ငွေက အမေရိကန် ဒေါ်လာ ၂၀၈၃ ဒေါ်လာ ရှိပါတယ်။ အမြင့်ဆုံးကတော့ အင်ဒိုနီးရှားနိုင်ငံဖြစ်ပါတယ်။ လူတဦးချင်းရဲ့ တနှစ်ဝင်ငွေက အမေရိကန် ဒေါ်လာ ၅၂၁၄ ဒေါ်လာရှိပေမဲ့ စီးပွားရေးဖွံ့ဖြိုးတည်ငြိမ်မှုက နိုင်ငံတွင်း ဆင်းရဲမွဲတေမှုကို တဖြေးဖြေးချင်း လျော့နည်းလာစေတယ်လို့ ဆိုထားပါတယ်။ သူ့နောက်မှာ ဖိလစ်ပိုင်နဲ့ အိန္ဒိယနိုင်ငံတို့က ကပ်လျက် ရှိနေတာပါ။ အာဆီယံနိုင်ငံတွေဖြစ်ကြတဲ့ လာအိုက နံပါတ် ၉ နေရာမှာရှိနေပြီး၊ ဗီယက်နမ် ကတော့ - နံပါတ် ၁၁ မှာ ရှိနေတာကို ပြသထားပါတယ်။

၂၀၁၁ သမ္မတ ဦးသိန်းစိန်အရပ်သားအစိုးရတက်လာပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်လာနေတဲ့ မြန်မာနိုင်ငံမှာ လာမယ့် ၅ နှစ်အတွင်း တနှစ်ကို ၈ ရာခိုင်နှုန်းဝန်းကျင် စီးပွားရေးတိုးတက်လာနိုင်ဖွယ် ရှိတယ်လို့ ကမ္ဘာ့ဘဏ်အဖွဲ့ကြီးက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သုံးသပ်ခဲ့တာပါ။ ဒီလို တိုးတက်ဖို့အတွက် လက်ရှိ လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲရမယ့် အချက်တွေကို နောင်တက်လာမယ့် အစိုးရသစ်လက်ထက်မှာ  ပြုပြင်ပြောင်းလဲနိုင်မှသာ နိုင်ငံအနေနဲ့အမှန်တကယ် တိုးတက်ဖွံ့ဖြိုးလာနိုင်မှာ ဖြစ်တာကြောင့် ကဏ္ဍတခုချင်းဆီအလိုက် ပြုပြင်ပြောင်းလဲသင့်တဲ့ အချက်တွေကို ကမ္ဘာ့ဘဏ်က အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် Asain Ranking က ထုတ်ပြန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ရဲ့ အာရှမှာ ဖွံ့ဖြိုးမှုအနိမ့်ဆုံး ၁၀ နိုင်ငံစာရင်းမှာလည်း မြန်မာပါ၀င်သလို၊ အာရှက သက်တမ်းအရင့်ဆုံး တက္ကသိုလ် ၂၀ စာရင်းမှာလည်း ရန်ကုန်တက္ကသိုလ် ပါ၀င်ပြီး၊ အာရှရဲ့ အလှူဒါန အရက်ရောဆုံး ၁၀ နိုင်ငံစာရင်းမှာလည်း မြန်မာနိုင်ငံက နံပါတ် ၁ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)