Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, February 19, 2016

ျမန္မာျပည္၏ လူဦးေရ ၉၂ ရာခုိင္ႏႈန္းအား MPT မွ ၀န္ေဆာင္မႈ ေပးႏုိင္ခဲ့ၿပီ ျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာ

MPT ဆက္သြယ္ေရးကြန္ရက္ကို အသုံးျပဳေနသည့္ ျပည္သူတစ္ဦးအား ေတြ႔ရစဥ္ (ဆင္ဟြာ)
    ရန္ကုန္ ၊ ေဖေဖာ္ဝါရီ ၁၉ ရက္ (ဆင္ဟြာ)

    ျမန္မာနိုင္ငံတြင္ လက္ရွိ ဆက္သြယ္ေရး ေအာ္ပေရတာ တစ္ခုျဖစ္ေသာ ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္း (MPT) သည္ ဆက္သြယ္ေရး ကြန္ရက္မ်ားအား တုိးခ်ဲ ့ခဲ့ၿပီးေနာက္ ျမန္မာျပည္၏ လူဦးေရ ၉၂ ရာခုိင္ႏႈန္းအား ၀န္ေဆာင္မႈ ေပးႏုိင္ခဲ့ေၾကာင္း ယေန႔ထုတ္ျပန္ ေၾကညာခဲ့သည္။

ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္း (MPT)မွ ည ၁၁ နာရီမွ မနက္ ၇ နာရီအတြင္း အင္တာနက္အသံုးျပဳေလ့ရွိသည့္ သံုးစဲြသူမ်ားအတြက္ "ေဒတာမ်ားနဲ႔ည"အမည္ရွိ ညသံုး Data Package ကိုစတင္လိုက္ေၾကာင္း ေၾကညာခဲ့သည့္ ထုတ္ျပန္ခ်က္တြင္ MPT-KSGM Joint Operation ၏ Chief Commercial Officer ျဖစ္သူ Mr. Koichi Kawase က " ဝန္ေဆာင္မႈေတြ တိုးျမွင့္ၿပီး သံုးစဲြသူေတြစိတ္ေက်နပ္မႈရေစဖို႔က MPT ရဲ႕ ၂၀၁၆ ခုႏွစ္အတြက္ အဓိကပန္းတိုင္ပါ၊ ခုဆိုရင္ ကၽြန္ေတာ္တို႔က ကြန္ရက္ကိုလည္းခ်ဲ႕ခဲ့ၿပီး ျမန္မာျပည္ရဲ႕ လူဦးေရ ၉၂ ရာခုိင္ႏႈန္းကို ဝန္ေဆာင္ေပးႏိုင္ခဲ့ပါၿပီ၊ အခုျပဳလုပ္လိုက္တဲ့ ညအခ်ိန္သံုး Data Package Promotion နဲ႔ဆိုရင္ သံုးစဲြသူေတြဟာ ျမန္ႏႈန္းျမင့္အင္တာနက္ကို ေစ်းသက္သက္သာသာနဲ႔ သံုးစဲြႏိုင္မွာပါ၊ ေစ်းသက္သာတဲ့ data package ျဖစ္တဲ့အတြက္ ဖုန္းအင္တာနက္ကိုသံုးၿပီး ဗီြဒီယိုၾကည့္တာေတြ၊ ဂိမ္းကစားတာေတြနဲ႔ တျခား ေဒတာအကုန္ျမန္တဲ့ app သံုးစဲြမႈေတြကို စိတ္ႀကိဳက္သံုးႏိုင္ေတာ့မွာျဖစ္ပါတယ္၊" ဟု ေျပာသည္။

ျမန္မာ့ဆက္သြယ္ေရးက႑ ဖြံ႔ျဖိဳးတိုးတက္ေစရန္ ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္း (MPT) သည္ KDDI ႏွင့္ Sumitomo အတူပူးေပါင္း၍ အေမရိကန္ေဒၚလာ၂ ဘီလ်ံ ရင္းႏွီးျမွဳပ္ႏွံသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္း (MPT) သည္ ဖုန္းအသံုးျပဳသူေပါင္း ၁၈ သန္းေက်ာ္ရွိၿပီး ယခုအခါတြင္ 2G ႏွင့္ 3G နည္းပညာသံုးကြန္ရက္ အေဆာက္အဦး မ်ားကိုတစ္ႏိုင္ငံလံုးအႏွံ႔ ျဖန္႔က်က္ေဆာင္ရြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ထည့္သြင္း ေဖာ္ျပထားသည္။

ျမန္မာ့ ဆက္သြယ္ေရးလုပ္ငန္း (MPT) သည္ KDDI ေကာ္ပိုေရးရွင္း (KDDI) ၊ Sumitomo ေကာ္ပိုေရးရွင္း (Sumitomo) တို႔ႏွင့္ လုပ္ငန္းစပ္တူပူးေပါင္းရန္ ၂၀၁၄ ခုႏွစ္ ဇူလိုင္လတြင္ သေဘာတူညီမႈ လက္မွတ္ေရးထိုးခဲ့ၿပီး  မိုဘိုင္းဆက္သြယ္ေရးနည္းပညာ ပိုမိုအဆင္ေျပလြယ္ကူေစရန္ ကြန္ရက္မ်ားကိုတိုးခ်ဲ႕ျခင္းႏွင့္ နည္းပညာသစ္မ်ားကို အသံုးျပဳ၍ အရည္အေသြး ျမင့္ ဆက္သြယ္မွဳ ကြန္ရက္အား ျပည္သူအမ်ားသံုးစဲြေစႏိုင္ရန္ အေကာင္အထည္ ေဖာ္ေဆာင္ရြက္ေနေၾကာင္းလည္း ေဖာ္ျပထားသည္။

(Xinhua)
http://www.xinhuamyanmar.com
.................
 MPT ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုနေသည့် ပြည်သူတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံတွင် လက်ရှိ ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် ဆက်သွယ်ရေး ကွန်ရက်များအား တိုးချဲ ့ခဲ့ပြီးနောက် မြန်မာပြည်၏ လူဦးရေ ၉၂ ရာခိုင်နှုန်းအား ၀န်ဆောင်မှု ပေးနိုင်ခဲ့ကြောင်း ယနေ့ထုတ်ပြန် ကြေညာခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ ည ၁၁ နာရီမှ မနက် ရ နာရီအတွင်း အင်တာနက်အသုံးပြုလေ့ရှိသည့် သုံးစွဲသူများအတွက် "ဒေတာများနဲ့ည"အမည်ရှိ ညသုံး Data Package ကိုစတင်လိုက်ကြောင်း ကြေညာခဲ့သည့် ထုတ်ပြန်ချက်တွင် MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က " ဝန်ဆောင်မှုတွေ တိုးမြှင့်ပြီး သုံးစွဲသူတွေစိတ်ကျေနပ်မှုရစေဖို့က MPT ရဲ့ ၂၀၁၆ ခုနှစ်အတွက် အဓိကပန်းတိုင်ပါ၊ ခုဆိုရင် ကျွန်တော်တို့က ကွန်ရက်ကိုလည်းချဲ့ခဲ့ပြီး မြန်မာပြည်ရဲ့ လူဦးရေ ၉၂ ရာခိုင်နှုန်းကို ဝန်ဆောင်ပေးနိုင်ခဲ့ပါပြီ၊ အခုပြုလုပ်လိုက်တဲ့ ညအချိန်သုံး Data Package Promotion နဲ့ဆိုရင် သုံးစွဲသူတွေဟာ မြန်နှုန်းမြင့်အင်တာနက်ကို စျေးသက်သက်သာသာနဲ့ သုံးစွဲနိုင်မှာပါ၊ စျေးသက်သာတဲ့ data package ဖြစ်တဲ့အတွက် ဖုန်းအင်တာနက်ကိုသုံးပြီး ဗွီဒီယိုကြည့်တာတွေ၊ ဂိမ်းကစားတာတွေနဲ့ တခြား ဒေတာအကုန်မြန်တဲ့ app သုံးစွဲမှုတွေကို စိတ်ကြိုက်သုံးနိုင်တော့မှာဖြစ်ပါတယ်၊" ဟု ပြောသည်။

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် KDDI နှင့် Sumitomo အတူပူးပေါင်း၍ အမေရိကန်ဒေါ်လာ၂ ဘီလျံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် ဖုန်းအသုံးပြုသူပေါင်း ၁၈ သန်းကျော်ရှိပြီး ယခုအခါတွင် 2G နှင့် 3G နည်းပညာသုံးကွန်ရက် အဆောက်အဦး များကိုတစ်နိုင်ငံလုံးအနှံ့ ဖြန့်ကျက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် KDDI ကော်ပိုရေးရှင်း (KDDI) ၊ Sumitomo ကော်ပိုရေးရှင်း (Sumitomo) တို့နှင့် လုပ်ငန်းစပ်တူပူးပေါင်းရန် ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီး  မိုဘိုင်းဆက်သွယ်ရေးနည်းပညာ ပိုမိုအဆင်ပြေလွယ်ကူစေရန် ကွန်ရက်များကိုတိုးချဲ့ခြင်းနှင့် နည်းပညာသစ်များကို အသုံးပြု၍ အရည်အသွေး မြင့် ဆက်သွယ်မှု ကွန်ရက်အား ပြည်သူအများသုံးစွဲစေနိုင်ရန် အကောင်အထည် ဖော်ဆောင်ရွက်နေကြောင်းလည်း ဖော်ပြထားသည်။

(Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment