Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, February 13, 2016

ပင္လံုစာခ်ဳပ္ဟာ ညီညြတ္မႈနဲ႔ ယံုၾကည္ခ်က္ သေကၤတျဖစ္ေၾကာင္း သူရဦးတင္ဦး ေျပာၾကား

ရန္ကုန္ၿမိဳ႕အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရံုးမွာ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔ကက်င္းပတဲ့ ၆၉ ႀကိမ္ေျမာက္ ျပည္ေထာင္စုေန႔ အခမ္းအနားမွာ သူရဦးတင္ဦး မိန္႔ခြန္းေျပာၾကားစဥ္။ Photo: Htet Arkar/RFA
ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ တုိင္းရင္းသားေခါင္းေဆာင္ေတြ သေဘာတူညီခဲ့ၾကတဲ့ ပင္လံုစာခ်ဳပ္ဟာ ျမန္မာ့ လြတ္လပ္ေရးႀကိဳးပမ္းမႈ သမိုင္းမွာ အဓိကက်တဲ့ ညီညြတ္မႈနဲ႔ ယံုၾကည္ခ်က္ရဲ႕ သေကၤတျဖစ္ေၾကာင္း အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဴပ္နာယက သူရဦးတင္ဦးက ေျပာၾကားလုိက္ပါတယ္။

၆၉ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔အထိမ္မွတ္အခမ္းနားကို ရန္ကုန္ၿမိဳ႕ ေရႊဂံုတိုင္ၿမိဳ႕နယ္က အမ်ဳိးသား ဒီမိုကေရစီအဖြဲ႔ခ်ဴပ္ရံုးမွာ ဒီကေန႔ က်င္းပရာမွာ နာယက သူရဦးတင္ဦက ေျပာတာျဖစ္ပါတယ္။

ဒါ့ျပင္ လာမယ့္ မတ္လ ၁၇ရက္ေန႔ဟာ ႏိုင္ငံအတြက္ အေရးႀကီးေၾကာင္းနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ သမၼတျဖစ္ကိုျဖစ္ရမယ္လို႔ သံဓိဌာန္ခ် ယံုၾကည္ထားေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။

"ႏိုင္ငံေတာ္ကို ဦးေဆာင္မယ့္ အဖြဲ႕အစည္းေတြနဲ႔တကြ အစိုးရအဖြဲ႕အစည္းအသီးသီးမ်ားကို ထုတ္ျပန္ေတာ့ မွာ ျဖစ္တဲ့အတြက္ေၾကာင့္ တိုင္းရင္းသားအားလံုး ပါဝင္ႏို္င္ေအာင္ ေဆာင္ရြက္သြားမည္၊ အေရးႀကီးေသာ ေနရာ မ်ားေတြမွာလည္း တိုင္းျပည္နဲ႔ ထိုက္တန္စြာ တိုးတက္ေအာင္ ေဆာင္ရြက္ႏိုင္မယ့္ ပုဂၢိဳလ္ေတြကို ပါဝင္ေအာင္ ေဆာင္ရြက္သြားမွာျဖစ္တာေၾကာင့္ ေရွ႕လာမည့္ အလားအလာေတာ့ျဖင့္ ေမွ်ာ္လင့္ခ်က္ အင္မတန္မွ အလင္းေရာင္ဘက္ဆီသို႔ ခ်ီတက္လွ်က္ရွိေနတာကို ျမင္ေနရတာျဖစ္ပါတယ္၊ အထူးသျဖင့္ က်ေနာ့္ရဲ႕စိိတ္ထဲမွာ က်ေနာ္တို႔ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ဟာ သမၼတျဖစ္ကို ျဖစ္ရမယ္ဆိုတဲ့ သံဓိဌာန္ခ်ထားပါတယ္"

ဒါ့အျပင္ နာယကသူရဦးတင္ဦးက ပင္လံုစာခ်ဳပ္ရဲ႕ အနွစ္သာရဟာ ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စု ထူေထာင္ေရးျဖစ္ေၾကာင္းနဲ႔ စကၠဴေပၚမွာေရးထားတဲ့ စာခ်ဳပ္မွ်သာမဟုတ္ဘဲ ျပည္ေထာင္စုကို လိုလားယံုၾကည္ တဲ့ ျမန္မာနုိင္ငံသူ နုိင္ငံသားအားလံုးက ေသြးစည္းညီညြတ္မႈကို ယံုၾကည္ေၾကာင္း ႏွလံုးသားေပၚမွာ ေရးထိုးထားတဲ့ ကတိက၀တ္ျဖစ္ေၾကာင္း ေျပာပါတယ္။

အန္အယ္လ္ဒီရံုးခ်ဳပ္က ျပည္ေထာင္စုေန႔ အခမ္းအနားကို ႏိုင္ငံတကာသံတမန္ေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ လည္း တက္ေရာက္ခဲ႔ၾကပါတယ္။

RFA Burmese
http://www.rfa.org/burmese

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,



ရန်ကုန်မြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကကျင်းပတဲ့ ၆၉ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှာ သူရဦးတင်ဦး မိန့်ခွန်းပြောကြားစဉ်။ Photo: Htet Arkar/RFA
ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ သဘောတူညီခဲ့ကြတဲ့ ပင်လုံစာချုပ်ဟာ မြန်မာ့ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှာ အဓိကကျတဲ့ ညီညွတ်မှုနဲ့ ယုံကြည်ချက်ရဲ့ သင်္ကေတဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်နာယက သူရဦးတင်ဦးက ပြောကြားလိုက်ပါတယ်။

၆၉နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်မှတ်အခမ်းနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်မြို့နယ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်ရုံးမှာ ဒီကနေ့ ကျင်းပရာမှာ နာယက သူရဦးတင်ဦက ပြောတာဖြစ်ပါတယ်။

ဒါ့ပြင် လာမယ့် မတ်လ ၁၇ရက်နေ့ဟာ နိုင်ငံအတွက် အရေးကြီးကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ကိုဖြစ်ရမယ်လို့ သံဓိဌာန်ချ ယုံကြည်ထားကြောင်းလည်း ပြောကြားခဲ့ပါတယ်။

"နိုင်ငံတော်ကို ဦးဆောင်မယ့် အဖွဲ့အစည်းတွေနဲ့တကွ အစိုးရအဖွဲ့အစည်းအသီးသီးများကို ထုတ်ပြန်တော့ မှာ ဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသားအားလုံး ပါဝင်နို်င်အောင် ဆောင်ရွက်သွားမည်၊ အရေးကြီးသော နေရာ များတွေမှာလည်း တိုင်းပြည်နဲ့ ထိုက်တန်စွာ တိုးတက်အောင် ဆောင်ရွက်နိုင်မယ့် ပုဂ္ဂိုလ်တွေကို ပါဝင်အောင် ဆောင်ရွက်သွားမှာဖြစ်တာကြောင့် ရှေ့လာမည့် အလားအလာတော့ဖြင့် မျှော်လင့်ချက် အင်မတန်မှ အလင်းရောင်ဘက်ဆီသို့ ချီတက်လျှက်ရှိနေတာကို မြင်နေရတာဖြစ်ပါတယ်၊ အထူးသဖြင့် ကျနော့်ရဲ့စိိတ်ထဲမှာ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ သံဓိဌာန်ချထားပါတယ်"

ဒါ့အပြင် နာယကသူရဦးတင်ဦးက ပင်လုံစာချုပ်ရဲ့ အနှစ်သာရဟာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးဖြစ်ကြောင်းနဲ့ စက္ကူပေါ်မှာရေးထားတဲ့ စာချုပ်မျှသာမဟုတ်ဘဲ ပြည်ထောင်စုကို လိုလားယုံကြည် တဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးက သွေးစည်းညီညွတ်မှုကို ယုံကြည်ကြောင်း နှလုံးသားပေါ်မှာ ရေးထိုးထားတဲ့ ကတိကဝတ်ဖြစ်ကြောင်း ပြောပါတယ်။

အန်အယ်လ်ဒီရုံးချုပ်က ပြည်ထောင်စုနေ့ အခမ်းအနားကို နိုင်ငံတကာသံတမန်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လည်း တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment