မှတ်မှတ်သားသား သမိုင်းတွင်မယ့် စကားများ

မကြာမီက ဦးကောင်းမြင့်ထွဋ်မှ 'အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရင် သာကေတ ငမိုးရိပ် မိချောင်းခြံမှာ ကျူပ်ကိုယ်ကျုပ် မိကျောင်းစာ ကျွေးပြီး အဆုံးစီရင်မယ် ဟု ပြောဆိုခဲ့မှုကို ဆက်စပ်၍ Ye Myint Oo ဆိုသူရဲ့ ယခင် က အဆိုအမိန့် သတင်းဓါတ်ပုံများ စုဆောင်းထားသော အယ်လ်ဘန်မှ ကူးယူ ဖေါ်ပြလိုက်ပါတယ်။

ကြော်ကြားခဲ့သော အဆိုအမိန့်များ
=======================

ဆရာတော် ဦးဝီရသူ

- လာမည့် ရွေးကောက်ပွဲတွင် ဒကာမကြီး အမေ၀ိုင်း မှ အနိုင်မရလျင် ကိုယ့်ကို ကိုယ် အဆုံးစီရင်ကာ ပျံလွန်တော်မူမည်။

- NLD အစိုးရ ဖြစ်ဖို့ မိုးပေါ်က အပ်တစင်း နဲ့ မြေကြီးပေါ်က အပ်တစင်း ထိဖို့ ခက်သလို ခက်ခဲတယ်။

- ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီ အနိုင်ရရှိမှု NLD ပါတီထက် သာလွန်မည်။

- မျိုးစောင့် ဥပဒေတော်နှင့် ညိစွန်းသည့် ဖေ့စ်ဘုတ် သုံးစွဲခြင်းကို တားမြစ် ပိတ်ပင်သည့် အဆိုတင်ရန် ဒေါ်ခင်ဝိုင်းကြည်အား မှာကြားခဲ့။

- ကြံခိုင်ဖွံ့ဖြိုးရေး ပါတီ အတွက် အမှန်တကယ် လိုအပ်ပါက သင်္ကန်းစွန့်၍ လူဝတ်လဲမည်။

- နိုင်ငံတော်အစိုးရက လယ်မြေတွေကို သိမ်းတာ မဟုတ်ဘူး၊ လယ်သမားတွေကို ကောင်းစားစေဖို့ သိမ်းရတာပါ။

- တစုံတရာ အန္တာရယ် ကျရောက်တော့မှာမို့ ရွှေ့ပြောင်းတာရယ်၊ ဖျက်ဆီးစေချင်တဲ့ ဆန္ဒမပါပဲ ရွှေ့ပြောင်းပေးတာ ဖြစ်တဲ့အတွက် အပြစ် မဖြစ်နိုင်ပါဘူး၊

ဗိုလ်မှုးကြီး တင်အောင်ထွန်း
(ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေး နဲ့ နယ်စပ်ရေးရာ ၀န်ကြီး)

- ရွှေ့ပြောင်းတဲ့ အချိန်မှာ ကိုယ့် မိသားစုလို သဘောထားပြီး သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ဇွန်းတစ်ချောင်းက အစ ပန်းကန်လေး တလုံး အဆုံး မပျက်စီးအောင် ပြောင်းရွှေ့ပေးဘို့ မှာကြားထားပါတယ်။

- ဘင်္ဂလီ ၁၀ ဦးအား တပ်မတော် ယာဉ်ဖြင့် ပို့ဆောင်သည်ဟု လက်ရှိ ဖမ်းမိထားသူများက ထွက်ဆိုသော်လည်း လွတ်မြောက်နေသည့် ကျူးလွန်သူ သုံးဦးကို ဖမ်းမိ စစ်ဆေးမှသာ အဖြေပေါ်မည်။

ဦးတေဇ ရဲ့ ထူး လုပ်ငန်းစု
- သစ် နဲ့ ပါတ်သက်၍ သွားကြားထိုးတံ တချောင်းပင် ခိုးထုတ်ယူခဲ့ခြင်း မရှိ။

ဦးရဲထွဋ် (ပြန်ကြားရေးဝန်ကြီး)
- လူသား အချင်းချင်း အမုန်းမပွားဘို့ ငါတို့ နှုတ်ကို စောင့်စည်းစို့။

ဦးညဏ်ထွန်း (ဒုတိယ သမ္မတ)
- ပြည်သူ့ အိုးအိမ် အသက်ကာကွယ်ရန် မြေယာများ သိမ်းခဲ့ရ။
- ပြည်ပမှ နားရွက် တံတွေး လာမစွတ်ရဲသည့် တပ်မတော်ဖြစ်စေရေး အတွက် လယ်ယာမြေများ သိမ်းဆည်းရ။

ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်

- လွှတ်တော်တွင် တပ်မတော်သားများ ပါဝင်နေမှုကို လွှတ်တော်အတွင်း နှင့် ပြည်သူလူထုက လက်ခံလျက်ရှိ။

သူရ ဦးရွှေမန်း
- သမ္မတ ကို လစာကောင်းကောင်းပေးမှ နိုင်ငံအတွက် စေတနာဖြင့် အလုပ်လုပ်မည်။

ဦးသိန်းစိန် (နိုင်ငံတော် သမ္မတ)
- သမ္မတ သက်တမ်း ဒုတိယ အကြိမ် ထမ်းဆောင် ဖြစ်က ဆင်းရဲ နွမ်းပါးမှု ပပျောက်ရေး ဦးစားပေး လုပ်မည်။

ဦးသိန်းစိန် (၀န်ကြီးချုပ်)

- ကျုပ် အခုလာတာ ဘာမှ မပါသေးဘူး၊ ခင်ဗျားတို့ ဘာလိုအပ်လဲလို့ လာကြည့်တာ၊ ထမင်းစားစရာ ပန်းကန်ပြား မတ်ခွက်က အစ လိုတယ်ဆိုတာ သိသွားပြီ၊ (နာဂစ် မုန်တိုင်းသင့် ပြည်သူများနဲ့ တွေ့ဆုံစဉ်)

ဦးစိုးသိမ်း (သမ္မတရုံး ၀န်ကြီး)

- အလှု ပေးသည်ဟု သဘောထား၍ အခွန် ဆောင်ကြပါ၊

ဦးဌေးဦး (ကြံခိုင်းရေး ပါတီ ဥက္ကဌ)
- ပါးနမ်းသည့် ကိစ္စ လွှတ်ကနဲ ပြောခဲ့မိ၊

ဦးသာအေး (စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်)
- ဓားမဦးချ တောင်သူများရဲ့ လယ်မြေဧက များစွာကို ပြည်ခိုင်ဖြိုးပါတီမှ သိမ်းယူ လုပ်ကိုင်နေခြင်းမှာ ဥပဒေနဲ့ အညီ ဖြစ်။

ဦးသိန်းအောင် (ဧရာဝတီ တိုင်း ၀န်ကြီးချုပ်)
- ကျွန်တော့်အနေနဲ့ နောက် ငါးနှစ်သာ ဆက်လုပ်ခွင့်ရရင် စင်္ကာပူလို ဖြစ်အောင် လုပ်ပေးမယ်။

ဦးညဏ်ဝင်း (ပဲခူးတိုင်း ၀န်ကြီးချုပ်)
- ဒီလို လာလှုတာလေးတွေ စားနေရလို့ နောက်နှစ် ဒီလို ဖြစ်ပါစေတော့ ဆုမတောင်းကြနဲ့။

ဦးတင်အေး (ရွေးကော် ဥက္ကဌ)
- ၂၀၁၅ ရွေးကောက်ပွဲ ပြီးလို့ လာမယ့် ရွေးကောက်ပွဲတွေမှာ ကော်မရှင်မှာ လုပ်ဘို့ ကန်တော့ပွဲ နဲ့ တောင်းဆိုလာရင်တောင် မလုပ်တော့။

-
ဦးလှဆွေ
- ဥပဒေအရ ပိုက်ဆံ ၅၀၀၀ ပေး၍ ၀အောင် ထိုးမည်။

ဒေါ်ယုယုခိုင် (ကော့မှုးမြို့နယ် အမတ်လောင်း)
- ဒေါ်စုဟာ ပြိုင်ဘက်ကောင်း တယောက်ပါ။

ရန်ကုန်မြို့တော် စည်ပင်
- ဗိုလ်တထောင် မြို့နယ်အတွင်း သစ်ပင်များ လဲရမှုသည် သစ်ရွက်များ လေး လံလာမှုကြောင့် ဖြစ်။

ဦးအောင်ခိုင် (ရန်ကုန်မြို့တော် လျပ်စစ် ဓါတ်အားပေးရေး အဖွဲ့ ဥက္ကဌ)
- မီတာခ တက်တာကို ကြိုတင် ပြောပြထားရင် စိတ်ဆင်းရဲမှာစိုး၍ မပြောခဲ့။

လက်ပံတန်းမြိုနယ် ရဲမှုး
- ကျောင်းသားများ အကြမ်းဖက် ခံရမှု ဓါတ်ပုံများသည် ရိုက်နှက်နေခြင်း မဟုတ်ပဲ ရွယ်နေသော ဓါတ်ပုံများသာ ဖြစ်။

ဗိုလ်မှုး သိန်းဇော် (မွန်ပြည်နယ် လွှတ်တော် မှ တပ်မတော်သား ကိုယ်စားလှယ်)
- ပညာရေ နိမ်ကကျမှုကြောင့် လွှတ်တော်တွင် တပ်မတော်သားများ ပါဝင်နေရ။

ဦးကျော်ဝင်း
- ဓမ္မစေတီ ခေါင်းလောင်း မတွေ့က လျှာဖြတ်ခံမည်။

ဦးဇေယျကို (နက္ခတ ဗေဒ ပညာရှင်)
- ဗိုလ်ချုပ်မှုးကြီးဟောင်း ဦးသန်းရွှေ ဘုရားရှင် ဗျာဒိတ်ထဲက ပုဂ္ဂို လ်
BrainWave ဉာဏ်လှိုင်း



Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)