Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 11, 2016

ေဖစ့္ဘြတ္နာမည္ေက်ာ္ ၾကက္ဖႀကီးကိုဖမ္းမိ


လူမႈကြန္ရက္စာမ်က္ႏွာတစ္ခုျဖစ္သည့္ ေဖစ္ဘြတ္တြင္ လူသိမ်ားထင္႐ွားသူတစ္ဦးျဖစ္ေသာ Kyat Pha Gyi(ၾကက္ဖၾကီး) အေကာင့္၏ပိုင္ရွင္ဟုဆိုေသာ အသက္ ၃၈ ႏွစ္အရြယ္ ဦးလွဖုန္းကို ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔က ရန္ကုန္အေနာက္ပိုင္းခရိုင္အတြင္းရွိ ျမိဳ႕နယ္ တစ္ခုတြင္ ဖမ္းဆီးခဲ့ၿပီး ဆက္သြယ္ေရး ဥပေဒျဖင့္ အမႈဖြင့္ကာ ဖမ္းဆီးစစ္ေဆးေနေၾကာင္း ရဲအသိုင္းအဝိုင္းထံမွ စံုစမ္းသိရသည္။
ၾကက္ဖႀကီးအမည္ ေဖစ္ဘြတ္အေကာင့္တြင္ ၂၀၁၅ ခုႏွစ္ ေအာက္တိုဘာလမွ ၂၀၁၆ ခုႏွစ္ ေဖေဖာ္ဝါရီလ ၉ ရက္ေန႔အထိ ႏိုင္ငံ့ေခါင္းေဆာင္ အၾကီးအကဲမ်ား၏ ရုပ္ပံုမ်ားကို ေလွာင္ေျပာင္သေရာ္သည့္ပံုမ်ား ျပဳျပင္ဖန္တီးကာ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ျဖန္ေဝခဲ့သျဖင့္ အေကာင့္ပိုင္႐ွင္ကို ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္မွ ဒုဗိုလ္မွဴးၾကီး တစ္ဦးက တရားလိုျပဳ အမႈဖြင့္ထားျခင္း ျဖစ္သည္။
The Voice Weekly
............
ဖေစ့်ဘွတ်နာမည်ကျော် ကြက်ဖကြီးကိုဖမ်းမိ
လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်သည့် ဖေစ်ဘွတ်တွင် လူသိများထင်ရှားသူတစ်ဦးဖြစ်သော Kyat Pha Gyi(ကြက်ဖကြီး) အကောင့်၏ပိုင်ရှင်ဟုဆိုသော အသက် ၃၈ နှစ်အရွယ် ဦးလှဖုန်းကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ် တစ်ခုတွင် ဖမ်းဆီးခဲ့ပြီး ဆက်သွယ်ရေး ဥပဒေဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။
ကြက်ဖကြီးအမည် ဖေစ်ဘွတ်အကောင့်တွင် ၂၀၁၅ ခုနှစ် အောက်တိုဘာလမှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ နိုင်ငံ့ခေါင်းဆောင် အကြီးအကဲများ၏ ရုပ်ပုံများကို လှောင်ပြောင်သရော်သည့်ပုံများ ပြုပြင်ဖန်တီးကာ လူမှုကွန်ရက်စာမျက်နှာတွင် ဖြန်ဝေခဲ့သဖြင့် အကောင့်ပိုင်ရှင်ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး တစ်ဦးက တရားလိုပြု အမှုဖွင့်ထားခြင်း ဖြစ်သည်။
The Voice Weekly


No comments:

Post a Comment