Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 11, 2016

ဆိုင္းငံ့ရမွာက မွိဳင္းတိုက္ေနတဲ့ မင္းပါးစပ္ေပါက္

"အေျခခံဥပေဒပုဒ္မ တစ္ခုကို ဆိုင္းငံ့မယ့္အစား ဦးေလးတို႕ ေမေမစုရဲ့ သမၼတျဖစ္ခ်င္စိတ္ကို ဆိုင္းငံ့ခိုင္းလိုက္ပါလား ဦးေလးရယ္"
"ဟင္ .... ဘာျဖစ္လို႕လဲဟ"
"မဆိုင္းငံ့ရင္ တပ္မေတာ္နဲ႕ ထိပ္တိုက္ေတြ႕လိမ့္မယ္"
"ဘာေၾကာင့္ေတြ႕မွာလဲ?"
"တပ္က သေဘာမတူရင္ ဘာမွ လုုပ္လို႕မရဘူးဆိုတာ ဦးေလးနားမလည္ဘူးလားဗ်"
"ေအးေလ ... ငါတို႕လည္း အဲ့ဒီအေျခအေနကို ေျပာင္းလဲခ်င္ေနတာပဲေလကြာ"
"အခု ပုဒ္မ တစ္ခုကို ဆိုင္းငံ့လိုက္ရင္ တပ္နဲ႕ ညွိႏွိဳင္းစရာမလိုတဲ့ သေဘာျဖစ္သြားျပီေလ"
"အဲ့ဒီေတာ့"
"တပ္နဲ႕ မညွိႏိုုင္းတဲ့သေဘာက တပ္ရဲ့ သေဘာထား ဘယ္လိုရွိရွိ ဂရုမစိုက္ဘူးဆိုတဲ့ သေဘာျဖစ္မေနဘူးလား"
"အဲ့ဒီသေဘာျဖစ္သြားလို႕လား?"
"ျဖစ္သြားလို႕လားေတြဘာေတြ လုပ္မေနနဲ႕ ျဖစ္ေနတာ ျဖစ္ေနတာ ၾကပ္ၾကပ္ျဖစ္ ... ဦးေလးတို႕နာမယ္"
"ဘယ္လို ျဖစ္လို႕လဲကြာ"
"ဦးေလးတို႕က တပ္မေတာ္ကို အာဏာသိမ္းျဖစ္ေအာင္ တြန္းပို႕ေနတာကိုးဗ်"
"ဟင္"
"တပ္ကလည္း ေရြးစရာမရွိရင္ အာဏာသိမ္းတဲ့အလုပ္ကို လုပ္မွာပဲ"
"ပုဒ္မ တစ္ခုကို ဆိုင္းငံ့ရုံနဲ႕ တပ္က အာဏာသိမ္းတဲ့အထိျဖစ္မယ္ဆိုတာ မင္းေျပာလို႕သာ ၾကားရတယ္ ငါေတာ့ နားမလည္ဘူး"
"ဦးေလး ဖြဲ႕စည္းပုံကို ေလ့လာရင္သိမွာပါ ... ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒထဲမွာ တပ္မေတာ္သည္ ဖြဲ ့စည္းပံုအေျခခံဥပေဒကို ကာကြယ္ေစာင့္ေရွာက္ရန္ တာ၀န္ရွိသည္ လို႕ အတိအလင္းပါတယ္ဗ်"
"ဟင္ .... ဖြဲ႕စည္းပုံအေျခခံဥပေဒကို ကာကြယ္ေစာင့္ေရွာက္ဖို႕အတြက္ တပ္မေတာ္တစ္ခုတည္း တာဝန္ရွိတယ္လို႕မင္းထင္သလား?"
"အဲ"
"တျပည္လုံးမွာတာဝန္ရွိတယ္ကြ"
"အဲ"
"မင္းေရာ ငါေရာ၊ တိုင္းရင္းသားေပါင္းစုံ ၊ လယ္သမား အလုပ္သမား၊ ဆရာဝန္၊ သူနာျပဳ၊ ေက်ာင္းဆရာ၊ ရဲ ၊ ဆိုက္ကားဆရာ၊ ကားဆရာ၊ ေစ်းသည္၊ ကုန္သည္ အားလုံးအားလုံး တို႕ႏိုင္ငံအတြင္းမွာ ေနထိုင္ၾကတဲ့ ႏိုင္ငံသားအားလုံးမွာတာဝန္ရွိတယ္ကြ"
"ဟုတ္ျပီ ... ဒါဆိုရင္ ဦးေလးတို႕လည္းကာကြယ္ၾကေလဗ်ာ"
"ေကာင္းတာေပါ့ အဲ့လို တာဝန္ကို ခြဲေဝယူတဲ့စကားေျပာစမ္းပါ"
"ဒီေတာ့ ဆိုင္းငံ့တဲ့ကိစၥကို ဦးေလးတို႕လည္း ဆန္႕က်င္ပါ"
"၅၉(စ) ဆိုတဲ့ ပုဒ္မ ဆိုင္းငံ့ရင္ ဒါမွ မဟုတ္ ျပင္လိုက္ရင္ တိုင္းျပည္အတြက္ ျပႆနာရွိႏိုင္လို႕လား?"
"ရွိေတာ့ မရွိဘူးေပါ့"
"အဲ့ဒါဆို အဲ့ဒီပုဒ္မ ဆိုင္းငံ့ရုံနဲ႕ ဘာျဖစ္လို႕ တပ္မေတာ္က အာဏာသိမ္းရမွာလဲ?"
"ဦးေလးကလည္းဗ်ာ .... ျပင္ခ်င္ရင္ တပ္မေတာ္ရဲ့ သေဘာတူညီမွဳကို ယူရမယ္ေလ"
"မင္းဆိုလိုတဲ့သေဘာက ... ျပင္တာ ျပႆနာမရွိဘူး တပ္မေတာ္ရဲ့ သေဘာတူညီမွဳကို မရရင္ ျပႆနာ ဆိုတဲ့သေဘာလား?"
"ဟုတ္တယ္ေလ"
"ဒါဆိုရင္ ျပႆနာက တပ္မေတာ္မွာ ရွိေနတာေပါ့"
"အဲ"
"တိုင္းျပည္နဲ႕ ဥပေဒပုဒ္မ ေတြက ျပႆနာမဟုတ္ပဲ တပ္မေတာ္ကျပႆနာျဖစ္ေနတာမွန္တယ္လို႕မင္းထင္သလား?"
"အဲ"
"ျပည္သူေတြက တပ္မေတာ္ကို ျပႆနာေကာင္ လို႕ ထင္ကုန္ၾကရင္ မခက္ဘူးလား?"
"အဲ"
"မင္းက တပ္မေတာ္ကို ျပႆနာေကာင္ျဖစ္ေစခ်င္လို႕လား?"
"အဲ"
"တပ္မေတာ္ဆိုတာ ျပည္သူအထဲကပဲ ေပါက္ဖြားလာတာမဟုတ္ဘူးလား?"
"ဟုတ္တယ္ေလ"
"ဒါဆို ျပည္သူ႕ဆႏၵကို အေလးထားရမွာေပါ့"
"ဒါေပါ့"
"ျပည္သူ႕ဆႏၵက ေဒၚေအာင္ဆန္းစုၾကည္ကို သမၼတျဖစ္ေစခ်င္ေနၾကတယ္ေလ"
"အာဗ်ာ"
"အဲ့ဒါ တပ္မေတာ္အေနနဲ႕ ဘယ္လိုမ်ား လုပ္ေပးႏိုင္မယ္လို႕ မင္းထင္လဲ?"
"အဲ"
"ဘာမွ မလုပ္ေပးႏိုင္ရင္ေတာ့ မလိုအပ္တဲ့ ဥပေဒတစ္ခုဆိုင္းငံ့တာကို ေထာက္ခံလိုက္ေပါ့ ရွင္းရွင္းေလး"
"ဟင္ ... တပ္မေတာ္က လိုအပ္လို႕ ဝင္ပါေနရတာဗ် ... ဥပေဒအတိုင္းသြားမယ္လို႕လည္း ေျပာထားျပီးျပီေလ"
"လိုအပ္တယ္သာေျပာတာပါကြာ ... ဟိုေန႕က ႏိုင္ငံျခားသား သတင္းေထာက္တစ္ေယာက္ တပ္မေတာ္သား ကိုယ္စားလွယ္ေတြ လႊတ္ေတာ္မွာ ဘာေၾကာင့္ရွိေနတာလဲ လို႕ေမးတာေလးေတာင္ မေျဖႏိုင္ဘူး"
"အဲ"
"ဟဲ ဟဲ တကယ္တမ္းမွာ ျပည္သူက တပ္မေတာ္ကို ျပႆနာေကာင္လို႕ ျမင္တာမဟုတ္ပါဘူး"
"ဘယ္လို ျမင္လို႕လဲဟင္"
"မင္းတို႕လိုေကာင္ေတြကသာ တပ္မေတာ္ကို ျပႆနာေကာင္ပုံစံမ်ိဳးျဖစ္ေအာင္ အတင္းတြန္းပို႕ေနၾကတာေလ"
"ဟင္"
"မဟင္ နဲ႕ေလ ... မဟုတ္လို႕လား?"
"ဘယ္မွာတြန္းပို႕လို႕လဲ"
"မင္းပဲေျပာတယ္ေလ ... ပုဒ္မျပင္လည္း တိုင္းျပည္အတြက္ ျပႆနာမရွိဘူးဆို"
"ဟုတ္တယ္ေလ"
"ျပႆနာက တပ္မေတာ္မွာရွိတာဆို"
"အဲ"
"ဆိုင္းငံ့ရင္ပဲ တပ္က အာဏာသိမ္းေတာ့မွာဆို"
"အဲ"
"အဲ့လိုေျပာရေအာင္ မင္းက ကာခ်ဳပ္ရဲ့ မယားငယ္မို႕လို႕လား?"
"ဟာဗ်ာ ... ဦးေလး မမိုက္ရိုင္းနဲ႕"
"ကာခ်ဳပ္သေဘာ အတြင္းသိပုံစံေျပာေနလို႕ ဥပမာေပးတာပါကြာ စိတ္မဆိုးပါနဲ႕"
"ဘာပဲျဖစ္ျဖစ္ ႏိုင္ငံေတာ္အနာဂါတ္အတြက္ ဖြဲ႕စည္းပုံကို ကာကြယ္ရမယ္ေလ"
"မကာကြယ္နဲ႕လို႕ေျပာပါဘူး .... ျပည္သူ႕ဆႏၵနဲ႕အသက္အိုးအိမ္အက်ိဳးစီးပြားေလးေတြကိုပါ ကာကြယ္ေပးဖို႕ ေတာင္းဆိုေနတာပါ"
"ႏိုင္ငံေတာ္အနာဂါတ္အတြက္ ကန္႕ကြက္သင့္ရင္ေတာ့ ကန္႕ကြက္ရမွာပဲ"
"ႏိုင္ငံေတာ္အတြက္ မင္းဘာေတြမ်ား ကန္႕ကြက္ဖူးလို႕လဲ?"
"အမ်ားၾကီးပဲ"
"ႏိုင္ငံ ကံဆိုးမိုးေမွာင္က်ေအာင္ လူမ်ိဳးေရးဘာသာေရးမီးေမႊးတဲ့လုပ္ရပ္ေတြကို မင္းဘယ္ႏွစ္ခါ ကန္႕ကြက္ဖူးလဲ?"
"အဲ"
"လက္ပတ္နီကိစၥ ကန္႕ကြက္ဖူးလား?"
"အဲ"
"ဖားကန္႕က ေက်ာက္တူးသမားေတြကို ကန္႕ကြက္ဖူးလား?"
"အာဗ်ာ ... ဘာပဲျဖစ္ျဖစ္ ဥပေဒကို ဆိုင္းငံ့မွာလား သမၼတျဖစ္ခ်င္စိတ္ကို ဆိုင္းငံ့မွာလား ... အဲ့ဒါပဲ သိခ်င္တယ္"
"အရင္ဆုံး ဆိုင္းငံ့ရမွာက အဲ့ဒါေတြမဟုတ္ဘူး"
"ဘယ္ဟာလဲဟင္"
"တပ္မေတာ္ နဲ႕ ျပည္သူကို ေသြးခြဲခ်င္ေနတဲ့ မင္းရဲ့စိတ္"
"အမ္"
"အဲ့ဒါျပီးရင္ တပ္မေတာ္ကို ျပႆနာေကာင္လို႕ ျပည္သူကထင္ေအာင္မွိဳင္းတိုက္ခ်င္တဲ့ မင္းရဲ့ ရည္ရြယ္ခ်က္"
"အင္"
"ေခတ္ပ်က္မွာ ေကာင္းစားခဲ့သမွ် ျပန္္ေတာင့္တေနတဲ့ မင္းတို႕အေၾကာင္း ငါေကာင္းေကာင္းသိတယ္"
"ဘာသိတာလဲဗ်"
"ေခတ္ပ်က္ကို ျပန္ေရာက္ခ်င္ေနၾကတာေလ"
"အဲ"
"အဲ့ဒီေတာ့ ဆိုင္းငံ့ရမွာက မွိဳင္းတိုက္ေနတဲ့ မင္းပါးစပ္ေပါက္တစ္ခုပါပဲကြာ"
"မဆိုင္းငံ့ႏိုင္ဘူးဗ်ာ"
"ဒါဆိုရင္လည္း လြယ္ပါတယ္ကြာ ... ငါ့ႏွီးေလး ငုံထားလိုက္ေပါ့"
"(*&^%$#@!"
_________
ေအာင္ၾကီး
Cartoon Credit : ေမာင္ေမာင္ေဖာင္တိန္
.................


"အခြေခံဥပဒေပုဒ်မ တစ်ခုကို ဆိုင်းငံ့မယ့်အစား ဦးလေးတို့ မေမေစုရဲ့ သမ္မတဖြစ်ချင်စိတ်ကို ဆိုင်းငံ့ခိုင်းလိုက်ပါလား ဦးလေးရယ်"
"ဟင် .... ဘာဖြစ်လို့လဲဟ"
"မဆိုင်းငံ့ရင် တပ်မတော်နဲ့ ထိပ်တိုက်တွေ့လိမ့်မယ်"
"ဘာကြောင့်တွေ့မှာလဲ?"
"တပ်က သဘောမတူရင် ဘာမှ လုုပ်လို့မရဘူးဆိုတာ ဦးလေးနားမလည်ဘူးလားဗျ"
"အေးလေ ... ငါတို့လည်း အဲ့ဒီအခြေအနေကို ပြောင်းလဲချင်နေတာပဲလေကွာ"
"အခု ပုဒ်မ တစ်ခုကို ဆိုင်းငံ့လိုက်ရင် တပ်နဲ့ ညှိနှိုင်းစရာမလိုတဲ့ သဘောဖြစ်သွားပြီလေ"
"အဲ့ဒီတော့"
"တပ်နဲ့ မညှိနိုုင်းတဲ့သဘောက တပ်ရဲ့ သဘောထား ဘယ်လိုရှိရှိ ဂရုမစိုက်ဘူးဆိုတဲ့ သဘောဖြစ်မနေဘူးလား"
"အဲ့ဒီသဘောဖြစ်သွားလို့လား?"
"ဖြစ်သွားလို့လားတွေဘာတွေ လုပ်မနေနဲ့ ဖြစ်နေတာ ဖြစ်နေတာ ကြပ်ကြပ်ဖြစ် ... ဦးလေးတို့နာမယ်"
"ဘယ်လို ဖြစ်လို့လဲကွာ"
"ဦးလေးတို့က တပ်မတော်ကို အာဏာသိမ်းဖြစ်အောင် တွန်းပို့နေတာကိုးဗျ"
"ဟင်"
"တပ်ကလည်း ရွေးစရာမရှိရင် အာဏာသိမ်းတဲ့အလုပ်ကို လုပ်မှာပဲ"
"ပုဒ်မ တစ်ခုကို ဆိုင်းငံ့ရုံနဲ့ တပ်က အာဏာသိမ်းတဲ့အထိဖြစ်မယ်ဆိုတာ မင်းပြောလို့သာ ကြားရတယ် ငါတော့ နားမလည်ဘူး"
"ဦးလေး ဖွဲ့စည်းပုံကို လေ့လာရင်သိမှာပါ ... ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တပ်မတော်သည် ဖွဲ ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည် လို့ အတိအလင်းပါတယ်ဗျ"
"ဟင် .... ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် တပ်မတော်တစ်ခုတည်း တာဝန်ရှိတယ်လို့မင်းထင်သလား?"
"အဲ"
"တပြည်လုံးမှာတာဝန်ရှိတယ်ကွ"
"အဲ"
"မင်းရော ငါရော၊ တိုင်းရင်းသားပေါင်းစုံ ၊ လယ်သမား အလုပ်သမား၊ ဆရာဝန်၊ သူနာပြု၊ ကျောင်းဆရာ၊ ရဲ ၊ ဆိုက်ကားဆရာ၊ ကားဆရာ၊ စျေးသည်၊ ကုန်သည် အားလုံးအားလုံး တို့နိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ နိုင်ငံသားအားလုံးမှာတာဝန်ရှိတယ်ကွ"
"ဟုတ်ပြီ ... ဒါဆိုရင် ဦးလေးတို့လည်းကာကွယ်ကြလေဗျာ"
"ကောင်းတာပေါ့ အဲ့လို တာဝန်ကို ခွဲဝေယူတဲ့စကားပြောစမ်းပါ"
"ဒီတော့ ဆိုင်းငံ့တဲ့ကိစ္စကို ဦးလေးတို့လည်း ဆန့်ကျင်ပါ"
"၅၉(စ) ဆိုတဲ့ ပုဒ်မ ဆိုင်းငံ့ရင် ဒါမှ မဟုတ် ပြင်လိုက်ရင် တိုင်းပြည်အတွက် ပြဿနာရှိနိုင်လို့လား?"
"ရှိတော့ မရှိဘူးပေါ့"
"အဲ့ဒါဆို အဲ့ဒီပုဒ်မ ဆိုင်းငံ့ရုံနဲ့ ဘာဖြစ်လို့ တပ်မတော်က အာဏာသိမ်းရမှာလဲ?"
"ဦးလေးကလည်းဗျာ .... ပြင်ချင်ရင် တပ်မတော်ရဲ့ သဘောတူညီမှုကို ယူရမယ်လေ"
"မင်းဆိုလိုတဲ့သဘောက ... ပြင်တာ ပြဿနာမရှိဘူး တပ်မတော်ရဲ့ သဘောတူညီမှုကို မရရင် ပြဿနာ ဆိုတဲ့သဘောလား?"
"ဟုတ်တယ်လေ"
"ဒါဆိုရင် ပြဿနာက တပ်မတော်မှာ ရှိနေတာပေါ့"
"အဲ"
"တိုင်းပြည်နဲ့ ဥပဒေပုဒ်မ တွေက ပြဿနာမဟုတ်ပဲ တပ်မတော်ကပြဿနာဖြစ်နေတာမှန်တယ်လို့မင်းထင်သလား?"
"အဲ"
"ပြည်သူတွေက တပ်မတော်ကို ပြဿနာကောင် လို့ ထင်ကုန်ကြရင် မခက်ဘူးလား?"
"အဲ"
"မင်းက တပ်မတော်ကို ပြဿနာကောင်ဖြစ်စေချင်လို့လား?"
"အဲ"
"တပ်မတော်ဆိုတာ ပြည်သူအထဲကပဲ ပေါက်ဖွားလာတာမဟုတ်ဘူးလား?"
"ဟုတ်တယ်လေ"
"ဒါဆို ပြည်သူ့ဆန္ဒကို အလေးထားရမှာပေါ့"
"ဒါပေါ့"
"ပြည်သူ့ဆန္ဒက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်နေကြတယ်လေ"
"အာဗျာ"
"အဲ့ဒါ တပ်မတော်အနေနဲ့ ဘယ်လိုများ လုပ်ပေးနိုင်မယ်လို့ မင်းထင်လဲ?"
"အဲ"
"ဘာမှ မလုပ်ပေးနိုင်ရင်တော့ မလိုအပ်တဲ့ ဥပဒေတစ်ခုဆိုင်းငံ့တာကို ထောက်ခံလိုက်ပေါ့ ရှင်းရှင်းလေး"
"ဟင် ... တပ်မတော်က လိုအပ်လို့ ဝင်ပါနေရတာဗျ ... ဥပဒေအတိုင်းသွားမယ်လို့လည်း ပြောထားပြီးပြီလေ"
"လိုအပ်တယ်သာပြောတာပါကွာ ... ဟိုနေ့က နိုင်ငံခြားသား သတင်းထောက်တစ်ယောက် တပ်မတော်သား ကိုယ်စားလှယ်တွေ လွှတ်တော်မှာ ဘာကြောင့်ရှိနေတာလဲ လို့မေးတာလေးတောင် မဖြေနိုင်ဘူး"
"အဲ"
"ဟဲ ဟဲ တကယ်တမ်းမှာ ပြည်သူက တပ်မတော်ကို ပြဿနာကောင်လို့ မြင်တာမဟုတ်ပါဘူး"
"ဘယ်လို မြင်လို့လဲဟင်"
"မင်းတို့လိုကောင်တွေကသာ တပ်မတော်ကို ပြဿနာကောင်ပုံစံမျိုးဖြစ်အောင် အတင်းတွန်းပို့နေကြတာလေ"
"ဟင်"
"မဟင် နဲ့လေ ... မဟုတ်လို့လား?"
"ဘယ်မှာတွန်းပို့လို့လဲ"
"မင်းပဲပြောတယ်လေ ... ပုဒ်မပြင်လည်း တိုင်းပြည်အတွက် ပြဿနာမရှိဘူးဆို"
"ဟုတ်တယ်လေ"
"ပြဿနာက တပ်မတော်မှာရှိတာဆို"
"အဲ"
"ဆိုင်းငံ့ရင်ပဲ တပ်က အာဏာသိမ်းတော့မှာဆို"
"အဲ"
"အဲ့လိုပြောရအောင် မင်းက ကာချုပ်ရဲ့ မယားငယ်မို့လို့လား?"
"ဟာဗျာ ... ဦးလေး မမိုက်ရိုင်းနဲ့"
"ကာချုပ်သဘော အတွင်းသိပုံစံပြောနေလို့ ဥပမာပေးတာပါကွာ စိတ်မဆိုးပါနဲ့"
"ဘာပဲဖြစ်ဖြစ် နိုင်ငံတော်အနာဂါတ်အတွက် ဖွဲ့စည်းပုံကို ကာကွယ်ရမယ်လေ"
"မကာကွယ်နဲ့လို့ပြောပါဘူး .... ပြည်သူ့ဆန္ဒနဲ့အသက်အိုးအိမ်အကျိုးစီးပွားလေးတွေကိုပါ ကာကွယ်ပေးဖို့ တောင်းဆိုနေတာပါ"
"နိုင်ငံတော်အနာဂါတ်အတွက် ကန့်ကွက်သင့်ရင်တော့ ကန့်ကွက်ရမှာပဲ"
"နိုင်ငံတော်အတွက် မင်းဘာတွေများ ကန့်ကွက်ဖူးလို့လဲ?"
"အများကြီးပဲ"
"နိုင်ငံ ကံဆိုးမိုးမှောင်ကျအောင် လူမျိုးရေးဘာသာရေးမီးမွှေးတဲ့လုပ်ရပ်တွေကို မင်းဘယ်နှစ်ခါ ကန့်ကွက်ဖူးလဲ?"
"အဲ"
"လက်ပတ်နီကိစ္စ ကန့်ကွက်ဖူးလား?"
"အဲ"
"ဖားကန့်က ကျောက်တူးသမားတွေကို ကန့်ကွက်ဖူးလား?"
"အာဗျာ ... ဘာပဲဖြစ်ဖြစ် ဥပဒေကို ဆိုင်းငံ့မှာလား သမ္မတဖြစ်ချင်စိတ်ကို ဆိုင်းငံ့မှာလား ... အဲ့ဒါပဲ သိချင်တယ်"
"အရင်ဆုံး ဆိုင်းငံ့ရမှာက အဲ့ဒါတွေမဟုတ်ဘူး"
"ဘယ်ဟာလဲဟင်"
"တပ်မတော် နဲ့ ပြည်သူကို သွေးခွဲချင်နေတဲ့ မင်းရဲ့စိတ်"
"အမ်"
"အဲ့ဒါပြီးရင် တပ်မတော်ကို ပြဿနာကောင်လို့ ပြည်သူကထင်အောင်မှိုင်းတိုက်ချင်တဲ့ မင်းရဲ့ ရည်ရွယ်ချက်"
"အင်"
"ခေတ်ပျက်မှာ ကောင်းစားခဲ့သမျှ ပြန််တောင့်တနေတဲ့ မင်းတို့အကြောင်း ငါကောင်းကောင်းသိတယ်"
"ဘာသိတာလဲဗျ"
"ခေတ်ပျက်ကို ပြန်ရောက်ချင်နေကြတာလေ"
"အဲ"
"အဲ့ဒီတော့ ဆိုင်းငံ့ရမှာက မှိုင်းတိုက်နေတဲ့ မင်းပါးစပ်ပေါက်တစ်ခုပါပဲကွာ"
"မဆိုင်းငံ့နိုင်ဘူးဗျာ"
"ဒါဆိုရင်လည်း လွယ်ပါတယ်ကွာ ... ငါ့နှီးလေး ငုံထားလိုက်ပေါ့"
"(*&^%$#@!"
_________
အောင်ကြီး
Cartoon Credit : မောင်မောင်ဖောင်တိန်

No comments:

Post a Comment