Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 16, 2016

ထပ္မံေရြးခ်ယ္မခံရသည့္ ကိုယ္စားလွယ္္မ်ား တစ္လံုးတစ္ခဲတည္း ႏုိင္ငံေရးပင္စင္ က်ပ္သိန္း ၂၀ ေက်ာ္ရရွိ

Tuesday, February 16, 2016
ထပ္မံေရြးခ်ယ္ မခံရေတာ့သျဖင့္ အနားယူသြားရသည့္ ျပည္ေထာင္စုအဆင့္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေဖေဖာ္ဝါရီ ၉ ရက္က စတင္၍တစ္လံုးတစ္ခဲတည္း ႏုိင္ငံေရးပင္စင္ က်ပ္၂၂ သိန္း ရရွိေၾကာင္း သတင္းရရွိသည္။
ထိုကဲ့သို႔ ႏုိင္ငံေရးပင္စင္မ်ား ရရွိရာတြင္ ၂၀၁၁ က စတင္တက္ ေရာက္ခဲ့သည့္ ကိုယ္စားလွယ္ ေဟာင္းမ်ားမွာ ႏွစ္အလိုက္တြက္ ခ်က္မႈအရ က်ပ္ ၂၂ သိန္းရရွိခဲ့ၿပီး၂၀၁၂ ၾကားျဖတ္ေရြးေကာက္ပြဲမွတစ္ဆင့္ တက္ေရာက္လာသည့္ ကိုယ္စားလွယ္ေဟာင္းမ်ားသည္ က်ပ္ ၁၉ သိန္းရရွိခဲ့ေၾကာင္း လႊတ္ ေတာ္ကိုယ္စားလွယ္အခ်ိဳ႕က ေျပာသည္။
‘‘ႏုိင္ငံေရးပင္စင္ ၂၂ သိန္း ရတယ္။ တစ္လံုးတစ္ခဲတည္း ေပါ့။ လစဥ္ေတာ့ မရေတာ့ဘူး ေလ။ အရင္အစိုးရ(နယကအစိုး ရ)လက္ထက္မွာပါခဲ့တဲ့ ဝန္ႀကီး၊ ဒုဝန္ႀကီးေဟာင္းေတြကေတာ့ ဒီ လႊတ္ေတာ္ပင္စင္ကို ယူလိုက္ရင္ ဟိုဘက္က ဝန္ႀကီး၊ ဒုဝန္ႀကီးပင္ စင္ေတြကို မရေတာ့မွာျဖစ္တဲ့အ တြက္ ဒီလႊတ္ေတာ္ပင္စင္ကို မယူ ေတာ့ဘူးလို႔ၾကားတယ္’’ဟု ျပည္ သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဟာင္း ဦးရဲထြန္းက ေျပာသည္။
ၾကားျဖတ္ေရြးေကာက္ပြဲမွ တစ္ဆင့္ လႊတ္ေတာ္တြင္းသို႔ ဝင္ ေရာက္ခဲ့သည့္ အမ်ိဳးသားဒီမုိက ေရစီအဖြဲ႕ခ်ဳပ္မွ လႊတ္ေတာ္ကိုယ္ စားလွယ္ေဟာင္းမ်ားကမူ ၎တို႔ ရရွိသည့္ ႏုိင္ငံေရးပင္စင္ က်ပ္ ၁၉ သိန္းကို ပါတီသို႔ အားလံုးလွဴဒါန္း မည္ျဖစ္ေၾကာင္း ေျပာသည္။
‘‘ကြၽန္ေတာ္က ေဒသျပန္မ ေရာက္ေသးေတာ့ လက္ထဲေတာ့ မေရာက္ေသးဘူးေပါ့။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ပါတီမူအတုိင္းပဲ ရ တာကို အကုန္ျပန္ၿပီး လွဴသြားမွာ ျဖစ္ပါတယ္’’ဟု NLD မွ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးမင္းသူက ေျပာၾကားသည္။
ထုိသို႔ လႊတ္ေတာ္ကိုယ္စား လွယ္ေဟာင္းမ်ားအား ႏိုင္ငံေရး ပင္စင္တစ္လံုးတစ္ခဲတည္း ခ်ီး ျမႇင့္ရာတြင္ လက္ရွိ ဒုတိယအႀကိမ္သက္တမ္းအတြက္ပါ ဆက္လက္ ေရြးေကာက္ခံရသည့္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားသည္ ယင္းခ်ီးျမႇင့္ေငြမရရွိဘဲ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္လႊတ္ေတာ္မ်ားသို႔ ေျပာင္းေရႊ႕ေရြးေကာက္ခံရသည့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားမွာ လည္း ယင္းခ်ီးျမႇင့္ေငြကို မရရွိ ေၾကာင္း လႊတ္ေတာ္ကိုယ္စား လွယ္အခ်ိဳ႕က ေျပာသည္။
တစ္လံုးတစ္ခဲတည္း ႏုိင္ငံ ေရးပင္စင္မ်ား ေပးအပ္ရာတြင္ လႊတ္ေတာ္သက္တမ္း ငါးႏွစ္အ တြင္း ပထမ ေလးႏွစ္အတြက္ ရရွိ သည့္ လစာေငြက်ပ္သံုးသိန္းကို ေလးႏွစ္အတြက္ ေလးလစာ ေငြ က်ပ္ ၁၂ သိန္းကိုလည္းေကာင္း၊ က်န္ရွိသည့္ တစ္ႏွစ္အတြက္ တုိး ျမႇင့္ရရွိသည့္ ခ်ီးျမႇင့္ေငြ က်ပ္ ၁၀ သိန္းအတြက္ တစ္လစာ က်ပ္၁၀ သိန္းကိုလည္းေကာင္း အေျခခံ ကာ စုစုေပါင္းခ်ီးျမႇင့္ေငြ က်ပ္ ၂၂ သိန္း ခ်ီးျမႇင့္ခဲ့ျခင္းျဖစ္သည္။
7Day Daily
......
ထပ်မံရွေးချယ်မခံရသည့် ကိုယ်စားလှယ််များ တစ်လုံးတစ်ခဲတည်း နိုင်ငံရေးပင်စင် ကျပ်သိန်း ၂၀ ကျော်ရရှိ
Tuesday, February 16, 2016
ထပ်မံရွေးချယ် မခံရတော့သဖြင့် အနားယူသွားရသည့် ပြည်ထောင်စုအဆင့်လွှတ်တော်ကိုယ်စားလှယ်များ ဖေဖော်ဝါရီ ၉ ရက်က စတင်၍တစ်လုံးတစ်ခဲတည်း နိုင်ငံရေးပင်စင် ကျပ်၂၂ သိန်း ရရှိကြောင်း သတင်းရရှိသည်။
ထိုကဲ့သို့ နိုင်ငံရေးပင်စင်များ ရရှိရာတွင် ၂၀၁၁ က စတင်တက် ရောက်ခဲ့သည့် ကိုယ်စားလှယ် ဟောင်းများမှာ နှစ်အလိုက်တွက် ချက်မှုအရ ကျပ် ၂၂ သိန်းရရှိခဲ့ပြီး၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှတစ်ဆင့် တက်ရောက်လာသည့် ကိုယ်စားလှယ်ဟောင်းများသည် ကျပ် ၁၉ သိန်းရရှိခဲ့ကြောင်း လွှတ် တော်ကိုယ်စားလှယ်အချို့က ပြောသည်။
‘‘နိုင်ငံရေးပင်စင် ၂၂ သိန်း ရတယ်။ တစ်လုံးတစ်ခဲတည်း ပေါ့။ လစဉ်တော့ မရတော့ဘူး လေ။ အရင်အစိုးရ(နယကအစိုး ရ)လက်ထက်မှာပါခဲ့တဲ့ ဝန်ကြီး၊ ဒုဝန်ကြီးဟောင်းတွေကတော့ ဒီ လွှတ်တော်ပင်စင်ကို ယူလိုက်ရင် ဟိုဘက်က ဝန်ကြီး၊ ဒုဝန်ကြီးပင် စင်တွေကို မရတော့မှာဖြစ်တဲ့အ တွက် ဒီလွှတ်တော်ပင်စင်ကို မယူ တော့ဘူးလို့ကြားတယ်’’ဟု ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးရဲထွန်းက ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲမှ တစ်ဆင့် လွှတ်တော်တွင်းသို့ ဝင် ရောက်ခဲ့သည့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ် စားလှယ်ဟောင်းများကမူ ၎င်းတို့ ရရှိသည့် နိုင်ငံရေးပင်စင် ကျပ် ၁၉ သိန်းကို ပါတီသို့ အားလုံးလှူဒါန်း မည်ဖြစ်ကြောင်း ပြောသည်။
‘‘ကျွန်တော်က ဒေသပြန်မ ရောက်သေးတော့ လက်ထဲတော့ မရောက်သေးဘူးပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ပါတီမူအတိုင်းပဲ ရ တာကို အကုန်ပြန်ပြီး လှူသွားမှာ ဖြစ်ပါတယ်’’ဟု NLD မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းသူက ပြောကြားသည်။
ထိုသို့ လွှတ်တော်ကိုယ်စား လှယ်ဟောင်းများအား နိုင်ငံရေး ပင်စင်တစ်လုံးတစ်ခဲတည်း ချီး မြှင့်ရာတွင် လက်ရှိ ဒုတိယအကြိမ်သက်တမ်းအတွက်ပါ ဆက်လက် ရွေးကောက်ခံရသည့်လွှတ်တော် ကိုယ်စားလှယ်များသည် ယင်းချီးမြှင့်ငွေမရရှိဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များသို့ ပြောင်းရွှေ့ရွေးကောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များမှာ လည်း ယင်းချီးမြှင့်ငွေကို မရရှိ ကြောင်း လွှတ်တော်ကိုယ်စား လှယ်အချို့က ပြောသည်။
တစ်လုံးတစ်ခဲတည်း နိုင်ငံ ရေးပင်စင်များ ပေးအပ်ရာတွင် လွှတ်တော်သက်တမ်း ငါးနှစ်အ တွင်း ပထမ လေးနှစ်အတွက် ရရှိ သည့် လစာငွေကျပ်သုံးသိန်းကို လေးနှစ်အတွက် လေးလစာ ငွေ ကျပ် ၁၂ သိန်းကိုလည်းကောင်း၊ ကျန်ရှိသည့် တစ်နှစ်အတွက် တိုး မြှင့်ရရှိသည့် ချီးမြှင့်ငွေ ကျပ် ၁၀ သိန်းအတွက် တစ်လစာ ကျပ်၁၀ သိန်းကိုလည်းကောင်း အခြေခံ ကာ စုစုပေါင်းချီးမြှင့်ငွေ ကျပ် ၂၂ သိန်း ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
7Day Daily

No comments:

Post a Comment