ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကျောက်မဲမြို့နယ်၌ ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများ ရပ်ဆိုင်းနိုင်ရေးအတွက် ဖော်ဖော်ဝါရီ ၁၆ ရက်နေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ပဉ္စမနေ့၌ ကျောက်မဲဆန္ဒနယ်မှ ဦးစိုင်းထွန်းအောင်က အရေးကြီးအဆိုတခု တင်သွင်းခဲ့သည်။
“ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကျောက်မဲမြို့နယ်ဒေသအတွင်း ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် ဆရာ/ဆရာမများ ကျောင်းသားကျောင်းသူများ ဒုက္ခများစွာကြုံတွေ့နေရပါသဖြင့် အမြန်ဆုံးတိုက်ပွဲများ ရပ်ဆိုင်းနိုင်ရေးနှင့် စစ်ဘေးရှောင်ပြည်သူများ၏ လူမှုဒုက္ခများအား အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော်အစိုးရ၊ ရှမ်းပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးအား တိုက်တွန်းပါတယ်”ဟု ဦးစိုင်းထွန်းအောာင်က ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကျောက်မဲမြို့နယ် နမ့်ခမ်းမြို့နယ်ဒေသအတွင်း ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ဒေါ့ဆန်ကျေးရွာအုပ်စု၊ ညောင်မောင်းကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာအုပ်စုများမှ ဒေသခံများ ထောင်နှင့်ချီ၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ဒေါ့ဆန်းကျေးရွာမှ ဆရာ/ဆရာမများ၊ ကျောင်းသူ/သားများအပါအ၀င် ပြည်သူ (၃၀၀) ခန့် ဖော်ဖော်ဝါရီ ၉ ရက် ည ၁၀ နာရီခန့်တွင် ပန်ဆန်းကျေးရွားသို့ တိမ်းရှောင်ခဲ့ရကြောင်း၊ မင်းကုန်းကျေးရွားဘက်မှ ပြည်သူများကလည်း မိုးမိတ်၊ မိုင်းလုံးမြို့များသို့လည်းကောင်း၊ ဒေါ့ဆန်းကျေးရွာ၊ ညောင်မောင်းကျေးရွာမှ ပြည်သူများသည်လည်း မိုင်းမောမြို့၊ ကျောက်မဲမြို့သို့လည်းကောင်း တိမ်းရှောင်ခဲ့ရကြောင်း ၎င်းအဆိုတွင် ထည့်သွင်းတင်ပြခဲ့သည်။
ဖေဖော်ဝါရီ ၆ ရက်နေ့တွင် လက်နက်ကိုင်တပ်ဖွဲ့တခုမှ မင်းကုန်းကျေးရွာအုပ်စု ဒေသခံများဖြစ်သည့် ဦးသုမန (၄၈ နှစ်)၊ ဦးမုလိန္ဒ (၅၃ နှစ်)၊ ဦးကန် (၄၅ နှစ်)၊ စိုင်းအိုက်မိန်း (၃၀ နှစ်) စိုင်းလေး (၄၁ နှစ်)၊ အိုက်စိုင်း (၁၉ နှစ်)၊ အောင်ကျော် (၁၉ နှစ်)၊ အိုက်ခေး (၂၆ နှစ်)၊ မောင်းတောကျေးရွာနေ ဟန်ဦး (၂၈ နှစ်) စုစုပေါင်း ၉ ဦးတို့အား ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တရက် ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ၆ ဦးအား သတ်ဖြတ်ခဲ့သည်ကို ကလောဝိုင်းကျေးရွာသားများက သွားရောက်မြှုပ်နှံပေးခဲ့ရကြောင်း ဒေသခံများ၏ပြောစကားကို ကိုးကား၍ ဦးစိုင်းထွန်းအောင်က အဆို တင်သွင်းခဲ့သည်။ ယင်းအပြင် ပင်လှကျေးရွာ ဘုန်တော်ကြီးကျောင်းဝင်းအတွင်း ကျောင်းထိုင်ဆရာတော်ဖြစ်သော ဦးသုစိတ္တအား ဖမ်းဆီးချုပ်နှောင်ထားကြောင်း၊ ဒေါ့ဆန်ကျေးရွားအတွင်းရှိ လူနေအိမ် သုံးလုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ၎င်းက ထည့်သွင်းတင်ပြခဲ့သည်။
အဆိုကို နမ္မတူမဲဆန္ဒနယ်မှ ဒေါ်နမ်းခမ်းအေးက ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒမဲကောက်ခံရာ လွှတ်တော်တက်ရောက်လာသူ ၄၁၈ ဦးတွင် ၄၁၂ ဦးက ထောက်ခံခဲ့သဖြင့် လွှတ်တော် အစည်းအဝေး ဆဌမနေ့ ဖော်ဖော်ဝါရီ ၁၇ တွင် ဆွေးနွေးရန် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က အတည်ပြုခဲ့သည်။
ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, February 15, 2016
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများနှင့် ပတ်သက်၍ အရေးကြီးအဆိုတင်သွင်း
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများနှင့် ပတ်သက်၍ အရေးကြီးအဆိုတင်သွင်း
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 15, 2016
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 15, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment