Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 16, 2016

၂၀၁၅ ပါတီစံု အေထြေထြ ေရြးေကာက္ပြဲၿပီး ရက္ေပါင္း ၁၀၀ အတြင္း ျမန္မာ့ႏိုင္ငံေရး အခင္းအက်င္း



    ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၆ ရက္ (ဆင္ဟြာ)

    ျမန္မာႏိုင္ငံ၏ ဒုတိယအႀကိမ္ ပါတီစံု အေထြေထြ ေရြးေကာက္ပြဲကိုု ၂၀၁၅ ခုႏွစ္ ႏိုဝင္ဘာလ ၈ ရက္ေန႔တြင္ က်င္းပခဲ့ၿပီးေနာက္ ယေန႔ ၂၀၁၆ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၆ ရက္ေန႔တြင္ ေရြးေကာက္ပြဲအၿပီး ရက္ေပါင္း ၁၀၀ ျပည့္ခဲ့ၿပီ ျဖစ္သည္။

ရက္ေပါင္း ၁၀၀ အတြင္း လႊတ္ေတာ္
ပါတီစံု အေထြေထြ ေရြးေကာက္ပြဲ က်င္းပသည့္ ၂၀၁၅ ႏုိဝင္ဘာလ ၈ ရက္ ေနာက္ပိုင္း ယေန႔ ၂၀၁၆ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၆ ရက္ထိ ရက္ေပါင္း ၁၀၀ အတြင္း အဓိက က်ေသာ အခန္းက႑တစ္ခု ျဖစ္သည့္ လႊတ္ေတာ္တြင္း ႏိုင္ငံေရး အခင္းအက်င္းကို ျပည္တြင္း ျပည္ပက စိတ္ဝင္တစား ေလ့လာ ေစာင့္ၾကည့္လ်က္ ရွိသည္။
ဒုတိယအႀကိမ္ လႊတ္ေတာ္ သက္တမ္းကို ေဖေဖာ္ဝါရီလ ၁ ရက္တြင္ စတင္ၿပီး လႊတ္ေတာ္ ဥကၠ႒၊ ဒုတိယ ဥကၠ႒ ေရြးခ်ယ္ခဲ့ကာ ႏိုင္ငံေတာ္ သမၼတ ေရြးခ်ယ္ေရး အတြက္ မတ္လ ၁၇ ရက္တြင္ အမ်ိဳးသား လႊတ္ေတာ္ ကိုယ္စားလွယ္ အစု အဖြဲ႔၊ ျပည္သူ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ အစုအဖြဲ႕ႏွင့္ တပ္မေတာ္သား လႊတ္ေတာ္ ကိုယ္စားလွယ္ အစုအဖြဲ႔ စသည့္ သံုးဖြဲ႔မွ ဒုတိယ သမၼတေလာင္းမ်ား အမည္စာရင္း တင္သြင္းမည့္ ရက္အျဖစ္ ျပည္ေထာင္စု လႊတ္ေတာ္က သတ္မွတ္ခဲ့သည္။
ႏိုင္ငံေတာ္ သမၼတ ေရြးခ်ယ္ၿပီးလွ်င္ သမၼတက တင္သြင္းရမည့္ အစိုးရ အဖြဲ႕ကို ေရြးခ်ယ္ အတည္ျပဳျခင္းအား ဆက္လက္ ျပဳလုပ္မည္ ျဖစ္သည္။

မတ္လ ၃၁ ရက္ေန႔တြင္ သမၼတ ဦးသိန္းစိန္ အစိုးရ အုပ္ခ်ဳပ္ေရး သက္တမ္း ကုန္ဆံုးၿပီးေနာက္ သမၼတအသစ္ႏွင့္ အစိုးရ အဖြဲ႕ အသစ္က အုပ္ခ်ဳပ္ေရး အာဏာ လႊဲေျပာင္း ရယူမည္ ျဖစ္သည္။
၂၀၁၁ ခုႏွစ္ ဇန္နဝါရီလ ၃၁ ရက္၌ စတင္ အသက္ဝင္ခဲ့ေသာ ပထမအႀကိမ္ လႊတ္ေတာ္ သက္တမ္းသည္ ၂၀၁၆ ခုႏွစ္ ဇန္နဝါရီလ ၃၀ ရက္ေန႔တြင္ သက္တမ္း ကုန္ဆံုးကာ ဒုတိယအႀကိမ္ လႊတ္ေတာ္ သက္တမ္းကို ၂၀၁၆ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က စတင္ခဲ့သည္။
ဒုတိယအႀကိမ္ လႊတ္ေတာ္ သက္တမ္း စတင္သည့္ေန႔ ပထမေန႔၌ ျပည္သူ႔ လႊတ္ေတာ္ ဥကၠ႒ ႏွင့္ ဒုတိယ ဥကၠ႒မ်ားကို ေရြးခ်ယ္ခဲ့ရာ ေရြးေကာက္ပြဲ၌ အႏိုင္ရ ပါတီ ျဖစ္ေသာ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္မွ တာေမြ မဲဆႏၵနယ္ ကိုယ္စားလွယ္ ဦးဝင္းျမင့္အား ျပည္သူ႔ လႊတ္ေတာ္ ဥကၠ႒၊ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရး ပါတီ ကြတ္ခိုင္ မဲဆႏၵနယ္မွ ဦးတီခြန္ျမတ္အား ဒုတိယ ဥကၠ႒ အျဖစ္ ျပည္သူ႔ လႊတ္ေတာ္က အတည္ျပဳ ခန္႔အပ္ခဲ့သည္။
အမ်ိဳးသား လႊတ္ေတာ္ ဥကၠ႒ အျဖစ္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္မွ ကရင္ျပည္နယ္ မဲဆႏၵနယ္ အမွတ္ (၈) ကိုယ္စားလွယ္ ဦးမန္းဝင္းခိုင္သန္းႏွင့္ ဒုတိယ ဥကၠ႒ အျဖစ္ ရခိုင္အမ်ိဳးသားပါတီမွ ရခိုင္ျပည္နယ္ မဲဆႏၵနယ္ အမွတ္ (၆) ကိုယ္စားလွယ္ ဦးေအးသာေအာင္ကို အတည္ျပဳ ခန္႔အပ္ခဲ့သည္။
ဒုတိယ အႀကိမ္ ျပည္သူ ့လႊတ္ေတာ္၏ ဖြဲ ့စည္းၿပီးေသာ ေကာ္မတီ/ေကာ္မရွင္မ်ားမွာ ျပည္သူ ့လႊတ္ေတာ္ အၿမဲတမ္း ေကာ္မတီ (၄) ရပ္ျဖစ္ေသာ လႊတ္ေတာ္ အခြင့္အေရး ေကာ္မတီ၊ အစုိးရ၏ အာမခံခ်က္မ်ား၊ ကတိမ်ားႏွင့္ တာဝန္ခံခ်က္မ်ား စိစစ္ေရး ေကာ္မတီ ၊ ဥပေဒၾကမ္း ေကာ္မတီႏွင့္ ျပည္သူ႔ ေငြစာရင္း ေကာ္မတီ တို႔အျပင္ ဥပေဒေရးရာႏွင့္ အထူး ကိစၥရပ္မ်ား ေလ့လာ ဆန္းစစ္ သံုးသပ္ေရး ေကာ္မရွင္ကို ဖြဲ႔စည္းထားသည္။
ဒုတိယ အႀကိမ္ အမ်ဳိးသား လႊတ္ေတာ္ အတြက္ အၿမဲတမ္း ေကာ္မတီ ၄ ရပ္ ျဖစ္ေသာ လႊတ္ေတာ္ အခြင့္အေရး ေကာ္မတီ ၊ အစုိးရ၏ အာမခံခ်က္မ်ား၊ ကတိမ်ားႏွင့္ တာဝန္ခံခ်က္မ်ား စိစစ္ေရး ေကာ္မတီ၊ ဥပေဒၾကမ္း ေကာ္မတီ ႏွင့္ ျပည္သူ႔ ေငြစာရင္း ေကာ္မတီတို႔ကိုလည္း ဖြဲ႔စည္းခဲ့သည္။
ဒုတိယအႀကိမ္ ျပည္ေထာင္စု လႊတ္ေတာ္ ပထမပံုမွန္ အစည္းအေဝးကို ေဖေဖာ္ဝါရီလ ၈ ရက္ေန႔တြင္ စတင္က်င္းပခဲ့ၿပီး ဖဲြ႔စည္းပုံ အေျခခံ ဥပေဒအရ ျပည္ေထာင္စု လႊတ္ေတာ္ နာယက အျဖစ္ အမ်ိဳးသား လႊတ္ေတာ္ ဥကၠ႒ ဦးမန္းဝင္းခိုင္သန္းက ေဆာင္ရြက္လ်က္ ရွိသည္။
ဒုတိယ အႀကိမ္ ျပည္ေထာင္စု လႊတ္ေတာ္တြင္ ျပည္သူ႔ ေငြစာရင္း ပူးေပါင္း ေကာ္မတီ ၊ လႊတ္ေတာ္ ကုိယ္စားလွယ္ စိစစ္ေရး ေကာ္မတီႏွင့္ ဥပေဒၾကမ္း ပူးေပါင္း ေကာ္မတီကိုလည္း ဖဲြ႔စည္းခဲ့သည္။
ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး လႊတ္ေတာ္မ်ားလည္း ေဖေဖာ္ဝါရီလ (၈) ရက္ေန႔တြင္ စတင္ၿပီး ဥကၠ႒ႏွင့္ ဒုတိယ ဥကၠ႒မ်ားကုိ ေရြးခ်ယ္ တင္ေျမႇာက္ခဲ့သည္။
ပုဒ္မ ၅၉ (စ) အဆို ဆိုင္းငံံ့မႈ အသံမ်ား
ႏိုင္ငံေတာ္ သမၼတ အရည္အခ်င္း သတ္မွတ္သည့္ ပုဒ္မ ၅၉ (စ) ဆုိင္းငံ့ေရးႏွင့္ ပတ္သက္ေသာ အဆို တင္သြင္း ေဆြးေႏြးမည့္ အသံမ်ား ဒုတိယအႀကိမ္ လႊတ္ေတာ္ ျပန္လည္ စတင္ခ်ိန္တြင္ ထြက္ေပၚလာေသာ္လည္း ယေန႔ခ်ိန္ထိ အဆိုပါ ၅၉ (စ) ႏွင့္ ပတ္သက္ေသာ အေရးကိစၥကို အႏိုင္ရ ပါတီက လုပ္ေဆာင္ျခင္း မရွိေသးေပ။
အဆုိပါ ပုဒ္မ ၅၉ (စ) ဆုိင္းငံံ့မႈ အဆို တင္သြင္းလာလွ်င္ တပ္မေတာ္သား လႊတ္ေတ္ာ ကိုယ္စားလွယ္မ်ား ဘက္က ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံ ဥပေဒ အတုိင္း ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း ေျပာၾကားထားသည္။
အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္  (NLD) ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ သမၼတ ျဖစ္လာရန္ အတြက္ အတားအဆီး ျဖစ္ေနေသာ ပုဒ္မ ၅၉ (စ) အေပၚ ျပည္သူမ်ားက စိတ္ဝင္စားလ်က္ ရွိသည္။
ဒုတိယ အႀကိမ္ ျပည္ေထာင္စု လႊတ္ေတာ္ စတင္သည့္ ပထမေန႔တြင္ ႏိုင္ငံေတာ္ သမၼတ ဦးသိန္းစိန္က သဝဏ္လႊာ ေပးပို႔ရာ အဆိုပါ သဝဏ္လႊာတြင္ ဥပေဒ အသစ္မ်ား ေရးဆြဲျခင္း၊ ျပင္ဆင္ျခင္းႏွင့္ ရုပ္သိမ္းျခင္းမ်ား ျပဳလုပ္ရာတြင္ ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံ ဥပေဒကို ေလးစား လိုက္နာၿပီး အေလးထား ေဆာင္ရြက္ရန္ ထည့္သြင္း ေဖာ္ျပထားသည္။
 ရက္ေပါင္း ၁၀၀ တြင္း အႏုိင္ရ ပါတီ သမိုင္းဝင္ ေတြ႔ဆံုမႈ
၂၀၁၅ ေရြးေကာက္ပြဲ ရလဒ္မ်ား ထြက္ေပၚလာခ်ိန္တြင္ အႏိုင္ရပါတီ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္သည္ ႏိုင္ငံေတာ္ သမၼတ ဦးသိန္းစိန္၊ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ပထမအႀကိမ္ ျပည္ေထာင္စု လႊတ္ေတာ္ နာယက သူရ ဦးေရႊမန္းတို႔ႏွင့္ အသြင္ကူးေျပာင္းေရး ေခ်ာေမြ႕ေစေရး အတြက္ ေတြ႕ဆံု ေဆြးေႏြးခဲ့သည္။
အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္သည္ အၿငိမ္းစား ဗိုလ္ခ်ဳပ္မွဴးႀကီး သန္းေရႊႏွင့္လည္း ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလ ၅ ရက္ေန႔တြင္ ေတြ႔ဆံုကာ အာဏာလဲႊေျပာင္းေရး ေခ်ာေမြ႕ေစရန္ အတြက္ ေဆြးေႏြးခဲ့သည္။
၂၀၁၅ ပါတီစံု အေထြေထြ ေရြးေကာက္ပြဲ ယွဥ္ၿပိဳင္မႈ ရလဒ္
ျမန္မာႏိုင္ငံ၏ ဒုတိယေျမာက္ ပါတီစံု အေထြေထြ ေရြးေကာက္ပြဲကို ၂၀၁၅ ခုႏွစ္ ႏိုဝင္ဘာလ ၈ ရက္ေန႔တြင္ က်င္းပခဲ့ၿပီး ေရြးေကာက္ပြဲ၌ လႊတ္ေတာ္ သံုးရပ္၏ အမတ္ေနရာ ၁,၁၅၀ အတြက္ ႏိုင္ငံေရး ပါတီ ၉၁ ခုမွ ကိုယ္စားလွယ္ေလာင္း ၆,၀၃၈ ဦးသည္ ျပည္သူ႔လႊတ္ေတာ္ ၃၂၃ ေနရာအတြက္ ၁,၇၃၃ ဦး၊ အမ်ဳိးသားလႊတ္ေတာ္ ၁၆၈ ေနရာအတြက္ ၈၈၆ ဦး၊ တိုင္းေဒသႀကီး/ျပည္နယ္ ႏွင့္ တိုင္းရင္းသား လူမ်ဳိးစုေနရာ ၆၅၉ ေနရာ အတြက္ ၃,၄၁၉ ဦး ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့သည္။
အမ်ဳိးသား ဒီမုိကေရစီ အဖြဲ႕ခ်ဳပ္ အေနျဖင့္ လႊတ္ေတာ္ သုံးရပ္၌ ျပည္သူ႔ လႊတ္ေတာ္တြင္ ၂၅၅ ေနရာ၊ အမ်ဳိးသား လႊတ္ေတာ္တြင္ ၁၃၅ ေနရာ၊ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္ လႊတ္ေတာ္တြင္ ၄၇၅ ေနရာ၊ တုိင္းရင္းသား လူမ်ဳိး ကုိယ္စားလွယ္ ၂၁ ေနရာ စုစုေပါင္း ၈၈၆ ေနရာ အႏုိင္ရရွိထားသည္။
ျပည္ေထာင္စု ၾကံ့ခုိင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရး ပါတီအေနျဖင့္ ျပည္သူ႔ လႊတ္ေတာ္တြင္ ေနရာ ၃၀၊ အမ်ဳိးသား လႊတ္ေတာ္တြင္ ၁၁ ေနရာႏွင့္ တုိင္းေဒသႀကီး/ျပည္နယ္လႊတ္ေတာ္ ကုိယ္စားလွယ္ ၇၄ ေနရာ၊ တုိင္းရင္းသားလူမ်ဳိး ကုိယ္စားလွယ္ တစ္ေနရာ စုစုေပါင္း  ၁၁၇ ေနရာ အႏုိင္ ရရွိထားသည္။
ရခုိင္အမ်ဳိးသား ပါတီအေနျဖင့္ ျပည္သူ႔ လႊတ္ေတာ္တြင္ ၁၂ ေနရာ၊ အမ်ဳိးသား လႊတ္ေတာ္တြင္ ၁၀ ေနရာ၊ ျပည္နယ္ လႊတ္ေတာ္တြင္ ၂၂ ေနရာႏွင့္ ရန္ကုန္တုိင္း ေဒသႀကီးတြင္ ရခုိင္တုိင္းရင္းသား လူမ်ဳိး ကုိယ္စားလွယ္တစ္ေနရာ စုစုေပါင္း ၄၅ ေနရာ အႏုိင္ရရွိထားသည္။

ပထမအႀကိမ္ လႊတ္ေတာ္၏ စိတ္လႈပ္ရွားဖြယ္ အခိုက္အတန္႔
အမ်ိဳးသား ဒီမိ္ုကေရစီ အဖြဲ႕ခ်ဳပ္က ႀကိဳးပမ္းခဲ့ေသာ ဖြဲ႕စည္းပံု အေျခခံဥပေဒ ျပင္ဆင္ေရးႏွင့္ ပတ္သက္ၿပီး ပထမ အႀကိမ္ ျပည္ေထာင္စု လႊတ္ေတာ္တြင္ မဲခြဲဆံုးျဖတ္ရာ  ပုဒ္မ ၅၉ (စ) ႏွင့္ ပုဒ္မ ၄၃၆ ျပင္ဆင္ေရးမ်ား ႐ႈံးနိမ့္ခဲ့သည္။
၅၉ (စ)၊ ၄၃၆ အပါအဝင္ ပုဒ္မမ်ားျပင္ဆင္ေရးမွာ အျမင့္ဆံုး ေထာက္ခံမဲ ၃၈၀ ေက်ာ္ ရသည့္တိုင္ ၇၅ ရာခိုင္ႏႈန္း မေက်ာ္သျဖင့္ ႐ႈံးနိမ့္ခဲ့သည္။
လႊတ္ေတာ္ ကိုယ္စားလွယ္ တာဝန္မွ ျပန္လည္ ႐ုပ္သိမ္းျခင္း ဆုိင္ရာ ဥပေဒၾကမ္းကို လႊတ္ေတာ္က မျပ႒ာန္းဘဲ ဆုိင္းငံ့ခဲ့ျခင္းက အျငင္းပြားဖြယ္ရာ ျဖစ္ခဲ့သည္။ မဲဆႏၵရွင္ ျပည္သူ လူထု၏ ၁ ရာခုိင္ႏႈန္းက တိုင္တန္းႏုိင္သည္ ဟူေသာ အခ်က္ကုိ ေထာက္ျပ၍ လႊတ္ေတာ္ ကုိယ္စားလွယ္မ်ားက ကန္႔ကြက္ေသာ္လည္း ေကာ္မရွင္ကမူ တုိင္တန္းခ်က္ကို မဲေပးပုိင္ခြင့္ရွိသူ အားလံုး၏ ထက္ဝက္ေက်ာ္ ဆႏၵမဲျဖင့္သာ လႊတ္ေတာ္ ကိုယ္စားလွယ္ အျဖစ္မွ ႐ုပ္သိမ္းရေၾကာင္း ျပန္လည္ ေခ်ပခဲ့သည္။
တစ္လင္တစ္မယား စနစ္ က်င့္သုံးျခင္းဆုိင္ရာ ဥပေဒ၊ ျမန္မာ ဗုဒၶဘာသာဝင္ မိန္းမမ်ား အထူးထိမ္းျမားျခင္း ဆုိင္ရာ ဥပေဒ၊ ကုိးကြယ္ရာဘာ သာကူးေျပာင္းျခင္းဆုိင္ရာ ဥပေဒ၊ လူဦးေရ တုိးပြားႏႈန္း ထိန္းညိႇျခင္း ဆုိင္ရာ က်န္းမာေရး ေစာင့္ေရွာက္မႈ ဥပေဒတုိ႔ ကိုလည္း အတည္ျပဳခဲ့ၿပီး လူမႈေရး ကိစၥမ်ားကုိ ဥပေဒျပဳသည္ဟု ေဝဖန္မႈမ်ား ရွိခဲ့သကဲ့သုိ႔ ေထာက္ခံမႈမ်ားလည္း အမ်ားအျပား ရွိခဲ့သည္။ အဆုိပါ မ်ဳိးေစာင့္ ဥပေဒ ေလးခုအနက္ တစ္လင္တစ္မယား စနစ္ က်င့္သုံးျခင္း ဆုိင္ရာ ဥပေဒသည္ သက္ေရာက္မႈ အရွိဆုံး ျဖစ္ခဲ့ၿပီး အဆုိပါ ဥပေဒျဖင့္ တရားစြဲမႈ အမ်ားအျပား ေပၚေပါက္ခဲ့သည္။
ျပည္ေထာင္စု လႊတ္ေတာ္ ပထမ သက္တမ္း အတြင္း ဥပေဒ ၂၂၉ ခု ျပ႒ာန္း
၂၀၁၁ ခုႏွစ္မွ ၂၀၁၆ ခုႏွစ္အထိ က်င္းပခဲ့သည့္ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးတြင္ ဥပေဒ စုစုေပါင္း ၂၂၉ ခု ျပ႒ာန္းႏိုင္ခဲ့ေၾကာင္း၊ အသစ္ျပ႒ာန္းသည့္ ဥပေဒ ၁၀၉ ခု ရွိၿပီး ျပင္ဆင္ျပ႒ာန္းသည့္ ဥပေဒေပါင္း ၁၀၃ ခုရွိ၊ ျပန္လည္႐ုပ္သိမ္းသည့္ ဥပေဒေပါင္း ၁၇ ခုရွိသည္။
ျပည္ေထာင္စု လႊတ္ေတာ္တြင္ ေဆာင္ရြက္ရန္ က်န္ရွိခဲ့သည့္ ဥပေဒၾကမ္း ၂၃ ခုတြင္ ျပည္ေထာင္စု သမၼတ ျမန္မာႏိုင္ငံေတာ္ ဖြဲ႕စည္းပံု အေျခခံ ဥပေဒကို ျပင္ဆင္သည့္ ဥပေဒၾကမ္းတြင္ ပုဒ္မ ၄၃၆၊ ပုဒ္မခြဲ (က) ႏွင့္ စပ္လ်ဥ္းၿပီး ျပည္ေထာင္စု လႊတ္ေတာ္တြင္ ေဆြးေႏြး ဆံုးျဖတ္ႏိုင္ရန္ အတြက္ ျပည္ေထာင္စု လႊတ္ေတာ္ နာယကက ဥပေဒၾကမ္း ပူးေပါင္း ေကာ္မတီအား ေလ့လာ သံုးသပ္ရန္ ညႊန္ၾကားခဲ့ေၾကာင္း၊ ျပင္ဆင္ရန္ တင္သြင္းသည့္ ပုဒ္မ၊ ပုဒ္မခြဲ ေျခာက္ခုအနက္မွ ပုဒ္မ ၅၉ ပုဒ္မခြဲ (ဃ) တစ္ခုသာ ေထာက္ခံဆႏၵမဲ ၅၅၀ ေက်ာ္ျဖင့္ အတည္ျပဳႏိုင္ခဲ့သည့္ အတြက္ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ေထာက္ခံမဲျဖင့္ ဆက္လက္ ေဆာင္ရြက္ႏိုင္ရန္ အတည္ျပဳခဲ့ေၾကာင္း ဥပေဒၾကမ္း ပူးေပါင္း ေကာ္မတီက ေျပာၾကားသည္။

ဥပေဒၾကမ္းမ်ားတြင္ လႊတ္ေတာ္ ကိုယ္စားလွယ္ တာဝန္မွ ျပန္လည္ ႐ုပ္သိမ္းျခင္းဆိုင္ရာ ဥပေဒၾကမ္း၊ ျပည္ေထာင္စု အစိုးရအဖြဲ႕ ဥပေဒကို ျပင္ဆင္သည့္ ဥပေဒၾကမ္း၊ စက္မႈလုပ္ငန္း ဥပေဒၾကမ္း၊ အစိုးရ ေအာင္ဘာေလထီ ဥပေဒၾကမ္း၊ အက်ဥ္းေထာင္မ်ား ဥပေဒၾကမ္း၊ ပုဂၢလိက ပညာေရး ဥပေဒၾကမ္း၊ ဖြဲ႕စည္းပံု အေျခခံဥပေဒကို ကာကြယ္ ေစာင့္ေရွာက္ေရး ဥပေဒၾကမ္း၊ အေျခခံပညာေရး ဥပေဒၾကမ္း စသည္ျဖင့္ ဥပေဒၾကမ္း ၂၂ ခု က်န္ရွိခဲ့ေၾကာင္း ပူးေပါင္းေကာ္မတီ၏ အစီရင္ခံစာအရ သိရသည္။

 ဥပေဒၾကမ္း ပူးေပါင္း ေကာ္မတီ အေနျဖင့္ ျပည္သူ႔လႊတ္ေတာ္၊ အမ်ဳိးသားလႊတ္ေတာ္၊ တိုင္းေဒသႀကီး လႊတ္ေတာ္ သို႔မဟုတ္ ျပည္နယ္ လႊတ္ေတာ္ ဥပေဒမ်ားကို ျပင္ဆင္သည့္ ဥပေဒမ်ားတြင္ ဖြံ႕ၿဖိဳးေရး ရန္ပံုေငြ က်ပ္သိန္း ၁,၀၀၀ သံုးစြဲႏိုင္ရန္ အတည္ျပဳႏိုင္ခဲ့ေၾကာင္း၊ ႏိုင္ငံ့ဝန္ထမ္းမ်ား၏ အခြင့္အေရးမ်ား ပိုမို ခံစားႏိုင္ေစရန္ ေဆာင္ရြက္ခ်က္မ်ားႏွင့္ ဥပေဒႏွစ္ခုကို ျပ႒ာန္းေပးႏိုင္ျခင္း၊ အလုပ္သမားမ်ား၏ အခြင့္အေရး ကာကြယ္ေစာင့္ေရွာက္သည့္ ဥပေဒကိုးခုကို ျပ႒ာန္းေပးႏိုင္ျခင္း၊ ေတာင္သူလယ္သမားမ်ား၏ အခြင့္အေရး ကာကြယ္ေစာင့္ေရွာက္ေရးႏွင့္ အက်ဳိးစီးပြား ျမႇင့္တင္ေရးကို ေဆာင္ရြက္ေပးသည့္ ဥပေဒႏွစ္ခုကို ျပ႒ာန္းေပးႏိုင္ျခင္း၊ တိုင္းရင္းသား လူမ်ဳိးမ်ား၏ အခြင့္အေရး ကာကြယ္ေစာင့္ေရွာက္သည့္ ဥပေဒကို ျပ႒ာန္းေပးႏိုင္ျခင္း၊ ပညာေရးက႑ကို အေထာက္အကူ ျဖစ္ေစမည့္ ဥပေဒေလးခုကို ျပ႒ာန္းေပးႏိုင္ျခင္း စသည္ျဖင့္ ေဆာင္ရြက္ႏိုင္ခဲ့ေၾကာင္း ဥပေဒၾကမ္း ပူးေပါင္းေကာ္မတီ၏ အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

(Xinhua)
http://www.xinhuamyanmar.com
.........


    ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကိုု ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့ပြီးနောက် ယနေ့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၁၀၀ ပြည့်ခဲ့ပြီ ဖြစ်သည်။

ရက်ပေါင်း ၁၀၀ အတွင်း လွှတ်တော်
ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပသည့် ၂၀၁၅ နိုဝင်ဘာလ ၈ ရက် နောက်ပိုင်း ယနေ့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်ထိ ရက်ပေါင်း ၁၀၀ အတွင်း အဓိက ကျသော အခန်းကဏ္ဍတစ်ခု ဖြစ်သည့် လွှတ်တော်တွင်း နိုင်ငံရေး အခင်းအကျင်းကို ပြည်တွင်း ပြည်ပက စိတ်ဝင်တစား လေ့လာ စောင့်ကြည့်လျက် ရှိသည်။
ဒုတိယအကြိမ် လွှတ်တော် သက်တမ်းကို ဖေဖော်ဝါရီလ ၁ ရက်တွင် စတင်ပြီး လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ ရွေးချယ်ခဲ့ကာ နိုင်ငံတော် သမ္မတ ရွေးချယ်ရေး အတွက် မတ်လ ၁၇ ရက်တွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အစု အဖွဲ့၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ စသည့် သုံးဖွဲ့မှ ဒုတိယ သမ္မတလောင်းများ အမည်စာရင်း တင်သွင်းမည့် ရက်အဖြစ် ပြည်ထောင်စု လွှတ်တော်က သတ်မှတ်ခဲ့သည်။
နိုင်ငံတော် သမ္မတ ရွေးချယ်ပြီးလျှင် သမ္မတက တင်သွင်းရမည့် အစိုးရ အဖွဲ့ကို ရွေးချယ် အတည်ပြုခြင်းအား ဆက်လက် ပြုလုပ်မည် ဖြစ်သည်။

မတ်လ ၃၁ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန် အစိုးရ အုပ်ချုပ်ရေး သက်တမ်း ကုန်ဆုံးပြီးနောက် သမ္မတအသစ်နှင့် အစိုးရ အဖွဲ့ အသစ်က အုပ်ချုပ်ရေး အာဏာ လွှဲပြောင်း ရယူမည် ဖြစ်သည်။
၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်၌ စတင် အသက်ဝင်ခဲ့သော ပထမအကြိမ် လွှတ်တော် သက်တမ်းသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးကာ ဒုတိယအကြိမ် လွှတ်တော် သက်တမ်းကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ခဲ့သည်။
ဒုတိယအကြိမ် လွှတ်တော် သက်တမ်း စတင်သည့်နေ့ ပထမနေ့၌ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌများကို ရွေးချယ်ခဲ့ရာ ရွေးကောက်ပွဲ၌ အနိုင်ရ ပါတီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ တာမွေ မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးဝင်းမြင့်အား ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကွတ်ခိုင် မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်အား ဒုတိယ ဥက္ကဋ္ဌ အဖြစ် ပြည်သူ့ လွှတ်တော်က အတည်ပြု ခန့်အပ်ခဲ့သည်။
အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၈) ကိုယ်စားလှယ် ဦးမန်းဝင်းခိုင်သန်းနှင့် ဒုတိယ ဥက္ကဋ္ဌ အဖြစ် ရခိုင်အမျိုးသားပါတီမှ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၆) ကိုယ်စားလှယ် ဦးအေးသာအောင်ကို အတည်ပြု ခန့်အပ်ခဲ့သည်။
ဒုတိယ အကြိမ် ပြည်သူ ့လွှတ်တော်၏ ဖွဲ ့စည်းပြီးသော ကော်မတီ/ကော်မရှင်များမှာ ပြည်သူ ့လွှတ်တော် အမြဲတမ်း ကော်မတီ (၄) ရပ်ဖြစ်သော လွှတ်တော် အခွင့်အရေး ကော်မတီ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ၊ ဥပဒေကြမ်း ကော်မတီနှင့် ပြည်သူ့ ငွေစာရင်း ကော်မတီ တို့အပြင် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို ဖွဲ့စည်းထားသည်။
ဒုတိယ အကြိမ် အမျိုးသား လွှတ်တော် အတွက် အမြဲတမ်း ကော်မတီ ၄ ရပ် ဖြစ်သော လွှတ်တော် အခွင့်အရေး ကော်မတီ ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၊ ဥပဒေကြမ်း ကော်မတီ နှင့် ပြည်သူ့ ငွေစာရင်း ကော်မတီတို့ကိုလည်း ဖွဲ့စည်းခဲ့သည်။
ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပထမပုံမှန် အစည်းအဝေးကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်ထောင်စု လွှတ်တော် နာယက အဖြစ် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းက ဆောင်ရွက်လျက် ရှိသည်။
ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော်တွင် ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ ၊ လွှတ်တော် ကိုယ်စားလှယ် စိစစ်ရေး ကော်မတီနှင့် ဥပဒေကြမ်း ပူးပေါင်း ကော်မတီကိုလည်း ဖွဲ့စည်းခဲ့သည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များလည်း ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် စတင်ပြီး ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌများကို ရွေးချယ် တင်မြှောက်ခဲ့သည်။
ပုဒ်မ ၅၉ (စ) အဆို ဆိုင်းငံံ့မှု အသံများ
နိုင်ငံတော် သမ္မတ အရည်အချင်း သတ်မှတ်သည့် ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ရေးနှင့် ပတ်သက်သော အဆို တင်သွင်း ဆွေးနွေးမည့် အသံများ ဒုတိယအကြိမ် လွှတ်တော် ပြန်လည် စတင်ချိန်တွင် ထွက်ပေါ်လာသော်လည်း ယနေ့ချိန်ထိ အဆိုပါ ၅၉ (စ) နှင့် ပတ်သက်သော အရေးကိစ္စကို အနိုင်ရ ပါတီက လုပ်ဆောင်ခြင်း မရှိသေးပေ။
အဆိုပါ ပုဒ်မ ၅၉ (စ) ဆိုင်းငံံ့မှု အဆို တင်သွင်းလာလျှင် တပ်မတော်သား လွှတ်တေ်ာ ကိုယ်စားလှယ်များ ဘက်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်  (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာရန် အတွက် အတားအဆီး ဖြစ်နေသော ပုဒ်မ ၅၉ (စ) အပေါ် ပြည်သူများက စိတ်ဝင်စားလျက် ရှိသည်။
ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် စတင်သည့် ပထမနေ့တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သဝဏ်လွှာ ပေးပို့ရာ အဆိုပါ သဝဏ်လွှာတွင် ဥပဒေ အသစ်များ ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်းနှင့် ရုပ်သိမ်းခြင်းများ ပြုလုပ်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေးစား လိုက်နာပြီး အလေးထား ဆောင်ရွက်ရန် ထည့်သွင်း ဖော်ပြထားသည်။
 ရက်ပေါင်း ၁၀၀ တွင်း အနိုင်ရ ပါတီ သမိုင်းဝင် တွေ့ဆုံမှု
၂၀၁၅ ရွေးကောက်ပွဲ ရလဒ်များ ထွက်ပေါ်လာချိန်တွင် အနိုင်ရပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းတို့နှင့် အသွင်ကူးပြောင်းရေး ချောမွေ့စေရေး အတွက် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် တွေ့ဆုံကာ အာဏာလွှဲပြောင်းရေး ချောမွေ့စေရန် အတွက် ဆွေးနွေးခဲ့သည်။
၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ယှဉ်ပြိုင်မှု ရလဒ်
မြန်မာနိုင်ငံ၏ ဒုတိယမြောက် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့ပြီး ရွေးကောက်ပွဲ၌ လွှတ်တော် သုံးရပ်၏ အမတ်နေရာ ၁,၁၅၀ အတွက် နိုင်ငံရေး ပါတီ ၉၁ ခုမှ ကိုယ်စားလှယ်လောင်း ၆,၀၃၈ ဦးသည် ပြည်သူ့လွှတ်တော် ၃၂၃ နေရာအတွက် ၁,၇၃၃ ဦး၊ အမျိုးသားလွှတ်တော် ၁၆၈ နေရာအတွက် ၈၈၆ ဦး၊ တိုင်းဒေသကြီး/ပြည်နယ် နှင့် တိုင်းရင်းသား လူမျိုးစုနေရာ ၆၅၉ နေရာ အတွက် ၃,၄၁၉ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် လွှတ်တော် သုံးရပ်၌ ပြည်သူ့ လွှတ်တော်တွင် ၂၅၅ နေရာ၊ အမျိုးသား လွှတ်တော်တွင် ၁၃၅ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်တွင် ၄၇၅ နေရာ၊ တိုင်းရင်းသား လူမျိုး ကိုယ်စားလှယ် ၂၁ နေရာ စုစုပေါင်း ၈၈၆ နေရာ အနိုင်ရရှိထားသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့် ပြည်သူ့ လွှတ်တော်တွင် နေရာ ၃၀၊ အမျိုးသား လွှတ်တော်တွင် ၁၁ နေရာနှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ရ၄ နေရာ၊ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် တစ်နေရာ စုစုပေါင်း  ၁၁၇ နေရာ အနိုင် ရရှိထားသည်။
ရခိုင်အမျိုးသား ပါတီအနေဖြင့် ပြည်သူ့ လွှတ်တော်တွင် ၁၂ နေရာ၊ အမျိုးသား လွှတ်တော်တွင် ၁၀ နေရာ၊ ပြည်နယ် လွှတ်တော်တွင် ၂၂ နေရာနှင့် ရန်ကုန်တိုင်း ဒေသကြီးတွင် ရခိုင်တိုင်းရင်းသား လူမျိုး ကိုယ်စားလှယ်တစ်နေရာ စုစုပေါင်း ၄၅ နေရာ အနိုင်ရရှိထားသည်။

ပထမအကြိမ် လွှတ်တော်၏ စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်
အမျိုးသား ဒီမိ်ုကရေစီ အဖွဲ့ချုပ်က ကြိုးပမ်းခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ  ပုဒ်မ ၅၉ (စ) နှင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးများ ရှုံးနိမ့်ခဲ့သည်။
၅၉ (စ)၊ ၄၃၆ အပါအဝင် ပုဒ်မများပြင်ဆင်ရေးမှာ အမြင့်ဆုံး ထောက်ခံမဲ ၃၈၀ ကျော် ရသည့်တိုင် ရ၅ ရာခိုင်နှုန်း မကျော်သဖြင့် ရှုံးနိမ့်ခဲ့သည်။
လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်က မပြဋ္ဌာန်းဘဲ ဆိုင်းငံ့ခဲ့ခြင်းက အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့သည်။ မဲဆန္ဒရှင် ပြည်သူ လူထု၏ ၁ ရာခိုင်နှုန်းက တိုင်တန်းနိုင်သည် ဟူသော အချက်ကို ထောက်ပြ၍ လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်သော်လည်း ကော်မရှင်ကမူ တိုင်တန်းချက်ကို မဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းရကြောင်း ပြန်လည် ချေပခဲ့သည်။
တစ်လင်တစ်မယား စနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ၊ မြန်မာ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေ၊ ကိုးကွယ်ရာဘာ သာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေတို့ ကိုလည်း အတည်ပြုခဲ့ပြီး လူမှုရေး ကိစ္စများကို ဥပဒေပြုသည်ဟု ဝေဖန်မှုများ ရှိခဲ့သကဲ့သို့ ထောက်ခံမှုများလည်း အများအပြား ရှိခဲ့သည်။ အဆိုပါ မျိုးစောင့် ဥပဒေ လေးခုအနက် တစ်လင်တစ်မယား စနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေသည် သက်ရောက်မှု အရှိဆုံး ဖြစ်ခဲ့ပြီး အဆိုပါ ဥပဒေဖြင့် တရားစွဲမှု အများအပြား ပေါ်ပေါက်ခဲ့သည်။
ပြည်ထောင်စု လွှတ်တော် ပထမ သက်တမ်း အတွင်း ဥပဒေ ၂၂၉ ခု ပြဋ္ဌာန်း
၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဥပဒေ စုစုပေါင်း ၂၂၉ ခု ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊ အသစ်ပြဋ္ဌာန်းသည့် ဥပဒေ ၁၀၉ ခု ရှိပြီး ပြင်ဆင်ပြဋ္ဌာန်းသည့် ဥပဒေပေါင်း ၁၀၃ ခုရှိ၊ ပြန်လည်ရုပ်သိမ်းသည့် ဥပဒေပေါင်း ၁၇ ခုရှိသည်။
ပြည်ထောင်စု လွှတ်တော်တွင် ဆောင်ရွက်ရန် ကျန်ရှိခဲ့သည့် ဥပဒေကြမ်း ၂၃ ခုတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က) နှင့် စပ်လျဉ်းပြီး ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေး ဆုံးဖြတ်နိုင်ရန် အတွက် ပြည်ထောင်စု လွှတ်တော် နာယကက ဥပဒေကြမ်း ပူးပေါင်း ကော်မတီအား လေ့လာ သုံးသပ်ရန် ညွှန်ကြားခဲ့ကြောင်း၊ ပြင်ဆင်ရန် တင်သွင်းသည့် ပုဒ်မ၊ ပုဒ်မခွဲ ခြောက်ခုအနက်မှ ပုဒ်မ ၅၉ ပုဒ်မခွဲ (ဃ) တစ်ခုသာ ထောက်ခံဆန္ဒမဲ ၅၅၀ ကျော်ဖြင့် အတည်ပြုနိုင်ခဲ့သည့် အတွက် ရ၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့် ဆက်လက် ဆောင်ရွက်နိုင်ရန် အတည်ပြုခဲ့ကြောင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီက ပြောကြားသည်။

ဥပဒေကြမ်းများတွင် လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ စက်မှုလုပ်ငန်း ဥပဒေကြမ်း၊ အစိုးရ အောင်ဘာလေထီ ဥပဒေကြမ်း၊ အကျဉ်းထောင်များ ဥပဒေကြမ်း၊ ပုဂ္ဂလိက ပညာရေး ဥပဒေကြမ်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရေး ဥပဒေကြမ်း၊ အခြေခံပညာရေး ဥပဒေကြမ်း စသည်ဖြင့် ဥပဒေကြမ်း ၂၂ ခု ကျန်ရှိခဲ့ကြောင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

 ဥပဒေကြမ်း ပူးပေါင်း ကော်မတီ အနေဖြင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ဥပဒေများကို ပြင်ဆင်သည့် ဥပဒေများတွင် ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း ၁,၀၀၀ သုံးစွဲနိုင်ရန် အတည်ပြုနိုင်ခဲ့ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ အခွင့်အရေးများ ပိုမို ခံစားနိုင်စေရန် ဆောင်ရွက်ချက်များနှင့် ဥပဒေနှစ်ခုကို ပြဋ္ဌာန်းပေးနိုင်ခြင်း၊ အလုပ်သမားများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကိုးခုကို ပြဋ္ဌာန်းပေးနိုင်ခြင်း၊ တောင်သူလယ်သမားများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးကို ဆောင်ရွက်ပေးသည့် ဥပဒေနှစ်ခုကို ပြဋ္ဌာန်းပေးနိုင်ခြင်း၊ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ပြဋ္ဌာန်းပေးနိုင်ခြင်း၊ ပညာရေးကဏ္ဍကို အထောက်အကူ ဖြစ်စေမည့် ဥပဒေလေးခုကို ပြဋ္ဌာန်းပေးနိုင်ခြင်း စသည်ဖြင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

(Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment