Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, February 14, 2016

ေရပိုက္ေၾကာင့္ရႏိုင္တဲ့ ခဲဆိပ္သင့္အႏၱရာယ္

ေရပိုက္ေၾကာင့္ရႏိုင္တဲ့ ခဲဆိပ္သင့္အႏၱရာယ္
အေမရိကန္ႏိုင္ငံ အေနာက္အလယ္ပိုင္း မီရွီဂန္ ျပည္နယ္ထဲမွာ ရွိတဲ့ Flint ၿမိဳ႕ကေလးမွာ ေသာက္သံုးေရေတြ ခဲဆိပ္သင့္ေနတာမို႔ ေဒသခံ တသိန္းေလာက္အတြက္ ေရးသန္႔ဘူးေတြ၊ ေရစစ္နဲ႔ ေရသန္႔စစ္ေဆးတဲ့ ကရိယာေတြ ျဖန္႔ေဝဖို႔ ဇန္နဝါရီလဆန္းမွာ အမ်ိဳးသား ကာကြယ္ေရးဌာနက တပ္ဖြဲ႔ဝင္ ၇၀ ေလာက္ ေစလႊတ္ေပးခဲ့ရပါတယ္။ ေရပိုက္ကလာေနတဲ့ ေရရဲ့ အေရာင္နဲ႔ အနံ႔အသက္ ထူးျခားတာ သတိထားမိလို႔ တုိင္တန္းခဲ့ေပမယ့္ တာဝန္ရွိသူေတြ အေရးတယူ မလုပ္ခဲ့တဲ့ အတြက္ တႏွစ္ေလာက္ အၾကာမွာ ၿမိဳ႕ခံ ကေလးငယ္ေတြရဲ့  ေသြးထဲ ခဲဆိပ္ ျမင့္မားေနတာ ေတြ႔ခဲ့ရတာပါ။

အရင္က Detroit ကေရ ေပးေဝေနရာကေန ေနာက္ပိုင္း မွာ Flint ျမစ္ထဲက ေရကို ေျပာင္းၿပီး ေပးရာကေန အခုလို ျဖစ္ပြါးခဲ့တာပါ။ ခဲပိုက္ ေၾကးပို္က္ေတြအတြက္ ortho phosphate လို႔ေခၚတဲ့ ပိုက္ကို မစားေစတဲ့ ေဆး မထည့္ပဲ ျမစ္ေရကို ေဝမိသလို ျမစ္ေရထဲမွာ Coliform ဘက္တီးရီးယားေတြ ရွိေနတာမို႔ ေရသန္႔ဖို႔ ထည့္ေပးတဲ့ ကလိုရင္းတမ်ိဳးေၾကာင့္  ပိုက္ေတြကို တိုက္စားမႈ ပိုျဖစ္လာေစတယ္ ဆိုတာကို စစ္ေဆး ေတြ႔ရွိခဲ့တာပါ။

ေရပိုက္ေတြကို ခဲနဲ႔ျဖစ္ေစ ေၾကးနဲ႔ ျဖစ္ေစ ျပဳလုပ္ထားတာမို႔ ဒီပိုက္ေတြ အတိုက္စားခံရရင္ ေသာက္သံုးသူ ေတြအတြက္ ေရကေနတဆင့္ ခဲနဲ႔ ေၾကးနီ ဓါတ္ေတြကိုပါ ရႏိုင္တာမို႔ ခဲဆိပ္ ေၾကးဆိပ္သင့္မယ့္ အႏၱရာယ္ရွိတယ္လို႔ သဘာဝ ဝန္းက်င္ဆိုင္ရာ အင္ဂ်င္နီယာ ေဒၚေအးေအးၾကည္က  ေျပာပါတယ္။

ခဲေတြကို ေရပိုက္အျဖစ္ သံုးစြဲလာတာ ႏွစ္ေပါင္း တရာနီးပါး ေလာက္ ရွိေနၿပီျဖစ္ပါတယ္။  ေရထဲမွာ အက္ဆစ္ဓါတ္မ်ားေနရင္ အက္ဆစ္နဲ႔ ခဲေတြ တုိက္စားၿပီး ေရထဲကို ခဲေတြ ေရာက္သြားတတ္ပါတယ္။ ခဲပိုက္အစား ေၾကးပိုက္ေတြ အစားထိုး သံုးလာၾကတဲ့ အခါမွာလည္း အလားတူ အဆိပ္သင့္တာ ေတြ႔ရ ပါတယ္။ ခဲဆိပ္ပါတဲ့ ေရကိုေသာက္သံုးမိတဲ့ ကေလးငယ္ေတြမွာ ကာယပိုင္းေရာ၊ ဥာဏပိုင္းမွာပါ ဖြံ႔ၿဖိဳးမႈ ေႏွးသြားၿပီး အာရံု သိပ္မစိုက္ႏိုင္ပဲ ပညာသင္ၾကားရာမွာ ဥာဏ္ရည္ နိမ့္ပါးသြားတာ ေတြ႔ရပါတယ္။ ေၾကးပါတဲ့ ေရကို တာရွည္သံုးစြဲမိရင္လည္း ေၾကးဆိပ္သင့္ၿပီး အသဲတို႔ ေက်ာက္ကပ္တို႔ကို ထိခိုက္ႏုိင္တာပါ။

ေရထဲမွာ PH လို႔ေခၚတဲ့ အက္စစ္ပါဝင္မႈ ကိုျပတဲ့ ကိန္းဂဏန္း ၁၄ မွတ္ထဲမွာ ၇ မွတ္ဆိုရင္ ေရထဲမွာ အက္ဆစ္ဓါတ္မရွိဘူးလို႔ သတ္မွတ္ပါတယ္ ၇ မွတ္ ေအာက္ ေလ်ာ့နဲေနရင္ အက္ဆစ္ဓါတ္မ်ားေနတာ ျဖစ္ၿပီး အယ္လ္ကာလီလို႔ေခၚတဲ့ ဆားဓါတ္မ်ားေနရင္ေတာ့ ၇ မွတ္ အထက္မွာ ရွိေနတာပါ။ အက္ဆစ္တင္မကပဲ အယ္လ္ကာလီမ်ားရင္လည္း အႏၱရာယ္ ရွိပါတယ္။

ဒါ့ေၾကာင့္ ကိုယ္ ေသာက္သံုးသံုးမယ့္ ေရရဲ့ အရည္အေသြးကို သိေအာင္ လုပ္ထားဖုိ႔ လိုပါတယ္။  ေသာက္သံုးေရထဲမွာ ခဲဓါတ္လံုးဝ ပါခြင့္ မျပဳပဲ  ေၾကးပါဝင္ႏႈံးကေတာ့ ေရတလီတာမွာ ၁.၃ မီလီဂရမ္ထက္ လံုးဝမပိုသင့္ပါဘူး။ ဒါ့အျပင္ ေရရဲ့ အေရာင္အေသြး အနံ႔အသက္ အေျပာင္းအလဲကို အၿမဲ သတိျပဳဖုိ႔ လိုပါတယ္။ အေျပာင္းအလဲ ျဖစ္လာရင္ ခ်က္ခ်င္းစစ္ေဆးရမွာပါ။

 ေရေပးေဝတဲ့ စံနစ္အတြက္ သတိျပဳသင့္တာေတြထဲမွာ ေသာက္သံုးေရတင္မကပဲ ကိုယ္သံုးေနတဲ့  ေရကို သြယ္ယူတဲ့ ပိုက္ဟာ  ဘာအမ်ိဳးအစားဆိုတာကို သိထားဖုိ႔ လိုအပ္သလို ပိုက္အဆက္ေတြ မွာ ရွိတဲ့ ခဲတို႔ ေၾကးတုိ႔ အတိုက္စာ ခံေနရမႈ ရွိမရွိလည္း သတိထားဖုိ႔ လိုပါတယ္။

အထူးသျဖင့္ ကေလးငယ္ ရွိသူေတြ၊ ကိုယ္ဝန္ေဆာင္ မိခင္ေတြ၊ သက္ႀကီး ရြယ္အို ရွိေတြ ရွိတဲ့ အိမ္ေတြအတြက္ အထူးသတိထားဖုိ႔ လိုတာပါ။

ေဒၚခင္မ်ဳိးသက္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.........
 ရေပိုက်ကြောင့်ရနိုင်တဲ့ ခဲဆိပ်သင့်အန္တရာယ်
အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်း မီရှီဂန် ပြည်နယ်ထဲမှာ ရှိတဲ့ Flint မြို့ကလေးမှာ သောက်သုံးရေတွေ ခဲဆိပ်သင့်နေတာမို့ ဒေသခံ တသိန်းလောက်အတွက် ရေးသန့်ဘူးတွေ၊ ရေစစ်နဲ့ ရေသန့်စစ်ဆေးတဲ့ ကရိယာတွေ ဖြန့်ဝေဖို့ ဇန်နဝါရီလဆန်းမှာ အမျိုးသား ကာကွယ်ရေးဌာနက တပ်ဖွဲ့ဝင် ရ၀ လောက် စေလွှတ်ပေးခဲ့ရပါတယ်။ ရေပိုက်ကလာနေတဲ့ ရေရဲ့ အရောင်နဲ့ အနံ့အသက် ထူးခြားတာ သတိထားမိလို့ တိုင်တန်းခဲ့ပေမယ့် တာဝန်ရှိသူတွေ အရေးတယူ မလုပ်ခဲ့တဲ့ အတွက် တနှစ်လောက် အကြာမှာ မြို့ခံ ကလေးငယ်တွေရဲ့  သွေးထဲ ခဲဆိပ် မြင့်မားနေတာ တွေ့ခဲ့ရတာပါ။

အရင်က Detroit ကရေ ပေးဝေနေရာကနေ နောက်ပိုင်း မှာ Flint မြစ်ထဲက ရေကို ပြောင်းပြီး ပေးရာကနေ အခုလို ဖြစ်ပွါးခဲ့တာပါ။ ခဲပိုက် ကြေးပို်က်တွေအတွက် ortho phosphate လို့ခေါ်တဲ့ ပိုက်ကို မစားစေတဲ့ ဆေး မထည့်ပဲ မြစ်ရေကို ဝေမိသလို မြစ်ရေထဲမှာ Coliform ဘက်တီးရီးယားတွေ ရှိနေတာမို့ ရေသန့်ဖို့ ထည့်ပေးတဲ့ ကလိုရင်းတမျိုးကြောင့်  ပိုက်တွေကို တိုက်စားမှု ပိုဖြစ်လာစေတယ် ဆိုတာကို စစ်ဆေး တွေ့ရှိခဲ့တာပါ။

ရေပိုက်တွေကို ခဲနဲ့ဖြစ်စေ ကြေးနဲ့ ဖြစ်စေ ပြုလုပ်ထားတာမို့ ဒီပိုက်တွေ အတိုက်စားခံရရင် သောက်သုံးသူ တွေအတွက် ရေကနေတဆင့် ခဲနဲ့ ကြေးနီ ဓါတ်တွေကိုပါ ရနိုင်တာမို့ ခဲဆိပ် ကြေးဆိပ်သင့်မယ့် အန္တရာယ်ရှိတယ်လို့ သဘာဝ ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာ ဒေါ်အေးအေးကြည်က  ပြောပါတယ်။

ခဲတွေကို ရေပိုက်အဖြစ် သုံးစွဲလာတာ နှစ်ပေါင်း တရာနီးပါး လောက် ရှိနေပြီဖြစ်ပါတယ်။  ရေထဲမှာ အက်ဆစ်ဓါတ်များနေရင် အက်ဆစ်နဲ့ ခဲတွေ တိုက်စားပြီး ရေထဲကို ခဲတွေ ရောက်သွားတတ်ပါတယ်။ ခဲပိုက်အစား ကြေးပိုက်တွေ အစားထိုး သုံးလာကြတဲ့ အခါမှာလည်း အလားတူ အဆိပ်သင့်တာ တွေ့ရ ပါတယ်။ ခဲဆိပ်ပါတဲ့ ရေကိုသောက်သုံးမိတဲ့ ကလေးငယ်တွေမှာ ကာယပိုင်းရော၊ ဉာဏပိုင်းမှာပါ ဖွံ့ဖြိုးမှု နှေးသွားပြီး အာရုံ သိပ်မစိုက်နိုင်ပဲ ပညာသင်ကြားရာမှာ ဉာဏ်ရည် နိမ့်ပါးသွားတာ တွေ့ရပါတယ်။ ကြေးပါတဲ့ ရေကို တာရှည်သုံးစွဲမိရင်လည်း ကြေးဆိပ်သင့်ပြီး အသဲတို့ ကျောက်ကပ်တို့ကို ထိခိုက်နိုင်တာပါ။

ရေထဲမှာ PH လို့ခေါ်တဲ့ အက်စစ်ပါဝင်မှု ကိုပြတဲ့ ကိန်းဂဏန်း ၁၄ မှတ်ထဲမှာ ရ မှတ်ဆိုရင် ရေထဲမှာ အက်ဆစ်ဓါတ်မရှိဘူးလို့ သတ်မှတ်ပါတယ် ရ မှတ် အောက် လျော့နဲနေရင် အက်ဆစ်ဓါတ်များနေတာ ဖြစ်ပြီး အယ်လ်ကာလီလို့ခေါ်တဲ့ ဆားဓါတ်များနေရင်တော့ ရ မှတ် အထက်မှာ ရှိနေတာပါ။ အက်ဆစ်တင်မကပဲ အယ်လ်ကာလီများရင်လည်း အန္တရာယ် ရှိပါတယ်။

ဒါ့ကြောင့် ကိုယ် သောက်သုံးသုံးမယ့် ရေရဲ့ အရည်အသွေးကို သိအောင် လုပ်ထားဖို့ လိုပါတယ်။  သောက်သုံးရေထဲမှာ ခဲဓါတ်လုံးဝ ပါခွင့် မပြုပဲ  ကြေးပါဝင်နှုံးကတော့ ရေတလီတာမှာ ၁.၃ မီလီဂရမ်ထက် လုံးဝမပိုသင့်ပါဘူး။ ဒါ့အပြင် ရေရဲ့ အရောင်အသွေး အနံ့အသက် အပြောင်းအလဲကို အမြဲ သတိပြုဖို့ လိုပါတယ်။ အပြောင်းအလဲ ဖြစ်လာရင် ချက်ချင်းစစ်ဆေးရမှာပါ။

 ရေပေးဝေတဲ့ စံနစ်အတွက် သတိပြုသင့်တာတွေထဲမှာ သောက်သုံးရေတင်မကပဲ ကိုယ်သုံးနေတဲ့  ရေကို သွယ်ယူတဲ့ ပိုက်ဟာ  ဘာအမျိုးအစားဆိုတာကို သိထားဖို့ လိုအပ်သလို ပိုက်အဆက်တွေ မှာ ရှိတဲ့ ခဲတို့ ကြေးတို့ အတိုက်စာ ခံနေရမှု ရှိမရှိလည်း သတိထားဖို့ လိုပါတယ်။

အထူးသဖြင့် ကလေးငယ် ရှိသူတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ၊ သက်ကြီး ရွယ်အို ရှိတွေ ရှိတဲ့ အိမ်တွေအတွက် အထူးသတိထားဖို့ လိုတာပါ။

ဒေါ်ခင်မျိုးသက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment