Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, February 14, 2016

ၿမိဳ႕ျပဝန္းက်င္အတြက္ အစိုးရသစ္ဆီက ေမွ်ာ္လင့္ခ်က္


ရန္ကုန္ မႏၱေလးအပါအဝင္ ၿမိဳ႕ႀကီးေတြမွာ သဘာဝဝန္းက်င္နဲ႔ ပါတ္သက္ၿပီး ခံစားေနရတဲ့ထဲမွာ ဆိုးဝါးတာေတြက  ယာဥ္ၾကပ္ၿပီး လမ္းေတြပိတ္ဆို႔ေနတာ၊ အမိႈက္နဲ႔ ေရရွားပါးတဲ့ ျပႆ     နာေတြ ျဖစ္ပါတယ္။

ေရရွားပါးတာ အတြက္ ေရရွည္ေျဖရွင္းဖုိ႔ လုပ္ေဆာင္ရမွာ ျဖစ္ေပမယ့္ လက္တေလာမွာ ေတာ့ လက္ရွိ စီမံခန္႔ခြဲမႈ ညံ့ဖ်င္းတဲ့အတြက္ ေလလြင့္ဖိတ္စင္ ေနတာေတြကို ျပန္ထိမ္းသိမ္းႏိုင္တယ္လုိ႔ ဆရာဝင္းမ်ိဳးသူက ေျပာပါတယ္။

ျမန္မာႏိုင္ငံရဲ့ လက္ရွိ စည္ပင္သာယာမွာ ပြင့္လင္းျမင္သာမႈ တာဝန္ခံ တာဝန္ယူမႈ မရွိပဲ အေရြးေကာက္ခံ ဝန္ထမ္းေတြ မရွိပဲ ျဖစ္ေနတာမို႔ အားနည္းခ်က္ေတြ မ်ားသလို   အမိႈက္သိမ္းဆည္းမႈမွာ အားနည္းၿပီး ပတ္ဝန္းက်င္နဲ႔ က်န္းမာေရးဆိုင္ရာ ကိုက္ညီမႈ မရွိဘူးလို႔ ဆိုပါတယ္။ ဒါ့အျပင္ အေရးအႀကီးဆံုးက ရန္ကုန္ၿမိဳ႕မွာ တခ်ိန္တုန္းက ရွိခဲ့တဲ့ စုေပါင္းအမိႈက္ရွင္းတာေတြ၊ ေရေျမာင္းဆယ္တာေတြ၊ အမိႈက္ေတြကို ေနရာတက်စြန္႔ပစ္တာ လိုမ်ိဳး  ျပည္သူေတြ ကိုယ္တုိင္ပါဝင္တဲ့ ဝန္းက်င္ ထိမ္းသိမ္းေရး ျပန္လုပ္ႏိုင္ဖို႔ ျဖစ္ပါတယ္။

လမ္းပိတ္ဆို႔မႈအတြက္ ကေရရွည္လုပ္ရမယ့္ ကိစၥျဖစ္ေပမယ့္ လက္ငင္းလုပ္ႏိုင္တာကေတာ့ လမ္းေပၚက က်ဴးေက်ာ္ ေစ်းသည္ေတြကို ေနရာခ်ထားေရး ျဖစ္ပါတယ္။ အရင္ေလဟာျပင္ေစ်းလို က်ယ္က်ယ္ျပန္႔ျပန္႔ သပ္သပ္ရပ္ရပ္ ဆိုင္ေနရာ အတည္တက်နဲ႔ ခ်ထားေပးႏိုင္ရင္ေတာ့ လမ္းေတြ အတြက္သာမက အလုပ္အကိုင္ ျပႆ     နာေတြကိုပါ ေျဖရွင္းႏုိင္ဖုိ႔ ရွိတယ္လုိ႔ ဆိုပါတယ္။

ေရရွည္ လုပ္သင့္တာေတြထဲက ေက်းလက္မွာ ေျမယာ အေျခခံတဲ့ စီးပြါးတိုးတက္မႈ ရွိေအာင္ လုပ္ဖုိ႔ပါ။ လက္ေတြ႔မွာ ေျမက အမ်ားႀကီးရွိေပမယ့္ လူနဲစုက ကိုင္တြယ္ထားတာမို႔ ေျမရွားတဲ့ ျပႆ    နာ ႀကံဳေနရ ၿပီး ေျမယာမဲ့က ရာႏံႈး ၄၀ ေလာက္ ရွိေနပါတယ္။

ေရရွည္မွာ စြမ္းအင္က အေရးပါတာမို႔ ေရရွည္မွာစြမ္းအင္ဖြံ႕ၿဖိဳးတိုးတက္ဖုိ႔ ျပန္ျပည့္ၿမဲ စြမ္းအင္ေတြကို အေကာင္ထည္ ေဖၚရမွာ ျဖစ္ပါတယ္။ အစိုးရက ဓါတ္အားလိုင္းကေန ေပးေဝတာကို အဓိက လုပ္ေနေပမယ့္ တကယ္တမ္းမွာ ဓါတ္အားလိုင္း မေရာက္တဲ့ ေနရာေတြ အတြက္ပါ စဥ္းစားၿပီး ရင္းႏွီးျမႈပ္ႏွံဖုိ လုိအပ္ေနတာပါ။

ၿမိဳ႕ျပအတြက္ အဓိက လိုအပ္တာက master plan ပါ။ ဒါကို ေသေသခ်ာခ်ာ ျပန္ၿပီး ခ်မွတ္ဖို႔ျဖစ္ပါတယ္။ အစီအမံ မေကာင္းပဲ ဆက္သြားေနမယ္ဆိုရင္ လုပ္သမွ်ဟာ ေဆးၿမီးတိုနဲ႔ ကုတဲ့ သေဘာပဲ ျဖစ္ေနမယ္လို ေထာက္ျပပါတယ္။ ဒါ့အျပင္  ပြင့္လင္းျမင္သာမႈ ရွိရွိ လုပ္ဖုိ႔လည္း အေရးႀကီးပါတယ္။ ႏိုင္ငံတကာ က်င့္သံုးေနတဲ့ ၿမိဳ႕ျပကို ျပန္လည္ စိမ္းလန္းေအာင္ လုပ္တဲ့ နည္းစံနစ္ေတြနဲ႔ ျပန္လည္ထူေထာင္ မယ္ဆိုရင္ စြမ္းအင္ဆိုင္ရာ စံသတ္မွတ္ခ်က္ေတြ၊ အေဆာက္အဦး ေဆာက္လုပ္ရာမွာ လိုက္နာရမယ့္ စံသတ္မွတ္ခ်က္ေတြနဲ႔ ျပန္လည္တည္ေဆာက္ၿပီး လိုအပ္သလို capacity building လို႔ေခၚတဲ့ ပုဂၢလိက ေတြနဲ႔ပါ ပူးေပါင္းၿပီး ေဆာင္ရြက္မယ္ဆိုရင္ လာမယ့္ ၅ ႏွစ္ ဆယ္ႏွစ္အတြင္းမွာ အရင္ ယာယီ ေျဖရွင္းထားတာေတြပါ ေျပလည္ႏုိင္မယ္လုိ႔ လည္း ေျပာပါတယ္။

​ေဒၚခင္မ်ဳိးသက္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..............................


ရန်ကုန် မန္တလေးအပါအဝင် မြို့ကြီးတွေမှာ သဘာဝဝန်းကျင်နဲ့ ပါတ်သက်ပြီး ခံစားနေရတဲ့ထဲမှာ ဆိုးဝါးတာတွေက  ယာဉ်ကြပ်ပြီး လမ်းတွေပိတ်ဆို့နေတာ၊ အမှိုက်နဲ့ ရေရှားပါးတဲ့ ပြဿ     နာတွေ ဖြစ်ပါတယ်။

ရေရှားပါးတာ အတွက် ရေရှည်ဖြေရှင်းဖို့ လုပ်ဆောင်ရမှာ ဖြစ်ပေမယ့် လက်တလောမှာ တော့ လက်ရှိ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့အတွက် လေလွင့်ဖိတ်စင် နေတာတွေကို ပြန်ထိမ်းသိမ်းနိုင်တယ်လို့ ဆရာဝင်းမျိုးသူက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ စည်ပင်သာယာမှာ ပွင့်လင်းမြင်သာမှု တာဝန်ခံ တာဝန်ယူမှု မရှိပဲ အရွေးကောက်ခံ ဝန်ထမ်းတွေ မရှိပဲ ဖြစ်နေတာမို့ အားနည်းချက်တွေ များသလို   အမှိုက်သိမ်းဆည်းမှုမှာ အားနည်းပြီး ပတ်ဝန်းကျင်နဲ့ ကျန်းမာရေးဆိုင်ရာ ကိုက်ညီမှု မရှိဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် အရေးအကြီးဆုံးက ရန်ကုန်မြို့မှာ တချိန်တုန်းက ရှိခဲ့တဲ့ စုပေါင်းအမှိုက်ရှင်းတာတွေ၊ ရေမြောင်းဆယ်တာတွေ၊ အမှိုက်တွေကို နေရာတကျစွန့်ပစ်တာ လိုမျိုး  ပြည်သူတွေ ကိုယ်တိုင်ပါဝင်တဲ့ ဝန်းကျင် ထိမ်းသိမ်းရေး ပြန်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။

လမ်းပိတ်ဆို့မှုအတွက် ကရေရှည်လုပ်ရမယ့် ကိစ္စဖြစ်ပေမယ့် လက်ငင်းလုပ်နိုင်တာကတော့ လမ်းပေါ်က ကျူးကျော် စျေးသည်တွေကို နေရာချထားရေး ဖြစ်ပါတယ်။ အရင်လေဟာပြင်စျေးလို ကျယ်ကျယ်ပြန့်ပြန့် သပ်သပ်ရပ်ရပ် ဆိုင်နေရာ အတည်တကျနဲ့ ချထားပေးနိုင်ရင်တော့ လမ်းတွေ အတွက်သာမက အလုပ်အကိုင် ပြဿ     နာတွေကိုပါ ဖြေရှင်းနိုင်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

ရေရှည် လုပ်သင့်တာတွေထဲက ကျေးလက်မှာ မြေယာ အခြေခံတဲ့ စီးပွါးတိုးတက်မှု ရှိအောင် လုပ်ဖို့ပါ။ လက်တွေ့မှာ မြေက အများကြီးရှိပေမယ့် လူနဲစုက ကိုင်တွယ်ထားတာမို့ မြေရှားတဲ့ ပြဿ    နာ ကြုံနေရ ပြီး မြေယာမဲ့က ရာနှုံး ၄၀ လောက် ရှိနေပါတယ်။

ရေရှည်မှာ စွမ်းအင်က အရေးပါတာမို့ ရေရှည်မှာစွမ်းအင်ဖွံ့ဖြိုးတိုးတက်ဖို့ ပြန်ပြည့်မြဲ စွမ်းအင်တွေကို အကောင်ထည် ဖေါ်ရမှာ ဖြစ်ပါတယ်။ အစိုးရက ဓါတ်အားလိုင်းကနေ ပေးဝေတာကို အဓိက လုပ်နေပေမယ့် တကယ်တမ်းမှာ ဓါတ်အားလိုင်း မရောက်တဲ့ နေရာတွေ အတွက်ပါ စဉ်းစားပြီး ရင်းနှီးမြှုပ်နှံဖို လိုအပ်နေတာပါ။

မြို့ပြအတွက် အဓိက လိုအပ်တာက master plan ပါ။ ဒါကို သေသေချာချာ ပြန်ပြီး ချမှတ်ဖို့ဖြစ်ပါတယ်။ အစီအမံ မကောင်းပဲ ဆက်သွားနေမယ်ဆိုရင် လုပ်သမျှဟာ ဆေးမြီးတိုနဲ့ ကုတဲ့ သဘောပဲ ဖြစ်နေမယ်လို ထောက်ပြပါတယ်။ ဒါ့အပြင်  ပွင့်လင်းမြင်သာမှု ရှိရှိ လုပ်ဖို့လည်း အရေးကြီးပါတယ်။ နိုင်ငံတကာ ကျင့်သုံးနေတဲ့ မြို့ပြကို ပြန်လည် စိမ်းလန်းအောင် လုပ်တဲ့ နည်းစံနစ်တွေနဲ့ ပြန်လည်ထူထောင် မယ်ဆိုရင် စွမ်းအင်ဆိုင်ရာ စံသတ်မှတ်ချက်တွေ၊ အဆောက်အဦး ဆောက်လုပ်ရာမှာ လိုက်နာရမယ့် စံသတ်မှတ်ချက်တွေနဲ့ ပြန်လည်တည်ဆောက်ပြီး လိုအပ်သလို capacity building လို့ခေါ်တဲ့ ပုဂ္ဂလိက တွေနဲ့ပါ ပူးပေါင်းပြီး ဆောင်ရွက်မယ်ဆိုရင် လာမယ့် ၅ နှစ် ဆယ်နှစ်အတွင်းမှာ အရင် ယာယီ ဖြေရှင်းထားတာတွေပါ ပြေလည်နိုင်မယ်လို့ လည်း ပြောပါတယ်။

​ဒေါ်ခင်မျိုးသက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment