Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 12, 2016

သွပ်မိုး၊ ပျဉ်ထောင်နဲ့ လွှတ်တော်ဥက္ကဋ္ဌ ပိုင်ဆိုင်တဲ့ မြဝတီက နေအိမ်

သွပ်မိုး၊ ပျဉ်ထောင်နဲ့ လွှတ်တော်ဥက္ကဋ္ဌ ပိုင်ဆိုင်တဲ့ မြဝတီက နေအိမ် — at Myawaddy.
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ ပိုင်ဆိုင်မှု တစိတ်တဒေသကို ပြနေသည့် မြဝတီမြို့ အမှတ် (၃) ရပ်ကွက် မန်းဘခိုင်လမ်းရှိ နေအိမ်ကို ဖေဖေါ်ဝါရီ ၁၂ ရက်က မှတ်တမ်းတင်ထားခြင်းဖြစ်သည်။
မန်းဝင်းခိုင်သန်းသည် အာဇာနည် ခေါင်းဆောင် မန်းဘခိုင်၏ မြေးဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော် ဥက္ကဋ္ဌအဖြစ် တင်မြောက်ခြင်း ခံခဲ့ရသူဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ယင်း၏ လွှတ်တော်အမတ်လောင်းများ ပိုင်ဆိုင်မှု စာရင်းကို ရွေးကောက်ပွဲ မတိုင်ခင် ပြုစုထားသည်။ သို့သော် ပြည်သူသို့ ချပြခြင်း မရှိသေးပါ။
ယခုပုံများပါ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ နေအိမ်သည် သွပ်မိုး၊ ပျဉ်ထောင် နေအိမ်အဖြစ်တွေ့ရပြီး အသက်မွေး ဝမ်းကျောင်းအဖြစ် တရားလွှတ်တော်ရှေ့နေ အဖြစ် တွေ့ရသည်။ နေအိမ်တွင် မည်သည့် လုံခြုံရေးမျှ မတွေ့ရဘဲ သူ၏ ဆွေမျိုးတော်စပ်သူ အမျိုးသမီး သုံးဦးက စောင့်ရှောက်ပေးလျက်ရှိသည်။ လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာသူ မန်းဝင်းခိုင်သန်းသို့ ဓာတ်ပုံရိုက်ခွင့် မဇ္ဈိမက ခွင့်တောင်းရာတွင်
“ငါ့အိမ်က ဘာမှ မဆန်းပါဘူးကွာ ချောင်ထဲမှာ ပျဉ်ထောင်အိမ် မင်းတွေ့လိမ့်မယ်” ဟု ပြောသည်။
(ဓာတ်ပုံ - မျိုးသန့်)
Mizzima - News in Burmese 









သြပ္မိုး၊ ပ်ဉ်ထောင္နဲ့ လွှတ်တော်ဥက္ကဋ္ဌ ပိုင္ဆိုင္တျဲ့မဝတီက နေအိမ် — at Myawaddy.
အမိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ ပိုင္ဆိုင္မှု တစိတ္တေဒသကျိုပေနသည့်ျမဝတီမြို့ အမွတ် (၃) ရပ္ကြက် မန်းဘခိုင္လမ်းရွိ နေအိမ္ကို ဖေဖ်ါဝါရီ ၁၂ ရက္က မွတ္တမ်းတင္ထာျးခင်ျးဖစ်သည်။ 
မန်းဝင်းခိုင်သန်းသည် အာဇာနည် ခေါင်းဆောင် မန်းဘခိုင်၏ျေမျးဖစ်ပြီး အမိုးသား ဒီမိုကေရစီအဖြဲ့ခ်ုပ်၏ လွှတ်တော် ဥက္ကဋ္ဌအျဖစ် တင်ျေမာက်ျခင်း ခံခဲ့ရသျူဖစ်သည်။ အမိုးသား ဒီမိုကေရစီ အဖြဲ့ခ်ုပ်သည် ယင်း၏ လွှတ်တော်အမတ်လောင်းမ်ား ပိုင္ဆိုင္မှု စာရင်းကို ရြေးကောက္ပြဲ မတိုင္ခင်ျပုစုထားသည်။ သို့သော်ျပည်သူသို့ ခ်ျပျခင်း မရွိသေးပါ။ 
ယခုပုံမ်ားပါ အမိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ နေအိမ်သည် သြပ္မိုး၊ ပ်ဉ်ထောင် နေအိမ်အျဖစ်တြေ့ရပြီး အသက်မြေး ဝမ်းကော်င်းအျဖစ် တရားလွှတ်တော်ရွေ့နေ အျဖစ် တြေ့ရသည်။ နေအိမ္တြင် မည်သည့် လုံခြုံရေးမွ် မေတြ့ရဘဲ သူ၏ ဆြေမိုးတ္စောပ်သူ အမိုးသမီး သုံးဦးက စောင့်ရွောက်ပေးလ်က်ရွိသည်။ လွှတ်တော် ဥက္ကဋ္ဌျဖစ္လာသူ မန်းဝင်းခိုင်သန်းသို့ ဓာတ္ပုံရိုက္ခြင့် မဇ္ဈိမက ခြင့်တောင်းရာတြင်
“ငါ့အိမ္က ဘာမွ မဆန်းပါဘူးကြာ ခော်င္ထဲမွာ ပ်ဉ်ထောင်အိမ် မင်းတြေ့လိမ့်မယ်” ဟုျေပာသည်။ 
(ဓာတ္ပုံ - မိုးသန့်)
Mizzima - News in Burmese 

















No comments:

Post a Comment