Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, February 5, 2016
အမွေစားအမွေခံမွေးစားပြီး နှိပ်စက်ခံရတဲ့စက်စဲကျေးရွာ ဓမင်းဆိပ် ကလေးငယ်များ
ကလေးငယ်နှစ်ဦးအား ဈေးရောင်းခိုင်း(လင်ဗန်းပေါ် အသီးအရွက် တွေကို အရွယ်နဲ့မလိုက်အောင်
ဗန်းအပြည့်ထဲ့ကာရွာလှည့်ရောင်းရ) ခဲသယ်ခိုင်း ပြီး ထမင်းနပ်မှန်အောင် မကြွေးပဲ စာလွန်းတော့ခိုးစား ခိုးစားလို့ဆိုပြီး အရိုက်ခံရ ဈေးရောင်းတာမကုန်ရင်လဲအရိုက် ခံရသေးတယ်
မှတ်ဥာဏ်သိပ်မကောင်းတော့ဘူး စာသင်ရင်လဲ လိုက်နိုင်မှာမဟုတ်တော့ဘူး။
Zar Gyi
https://www.facebook.com/permalink.php?story_fbid=1555885814737498&id=100009482833458
....................................
လောကငရဲခံရသည်လော အိုကလေးငယ် ဘုရားသုံးဆူက အမွေစားအမွေခံ မွေးစားပြီး စက်စဲကျေးရွာ ဓမင်းဆိပ်ကို ခေါ် လာပြီး အောက်ပုံက ကလေးငယ်နှစ်ဦးအား စျေးရောင်းခိုင်း(လင်ဗန်းပေါ် အသီးအရွက် တွေကို အရွယ်နဲ့မလိုက်အောင် ဗန်းအပြည့်ထဲ့ကာရွာလှည့်ရောင်းရ) ခဲသယ်ခိုင်း ပြီး ထမင်းနပ်မှန်အောင် မကြွေးပဲ စာလွန်းတော့ခိုးစား ခိုးစားလို့ဆိုပြီး အရိုက်ခံရ စျေးရောင်းတာမကုန်ရင်လဲအရိုက် ခံရသေးတယ် ကလေးကိုလိမ်မာအောင်ဆုံးမ တဲ့နည်းတွေက
သံပြားကိုမီးဖုတ် ပြီးအဲ့သံပြားပေါ်တတ်နင်းခိုင်း
နားလို့ငိုရင် ရေထမ်းတဲ့ တပိုးနဲ့ ပါးစပ်ကိုရိုက် တယ်
သံချောင်းကိုမီဖုတ်ပြီး အကိုဖြစ်သူကို သူ့ညီမလေးခြေထောက်မှာထိုးခိုင်းတယ် အကိုက မထိုးရဲ့တော့ မထိုးရကောင်းလားဆိုပြီး အကိုဖြစ်သူကိုရိုက်တယ် နာတော့လဲမျက်စိမိတ် ပြီး သူညီမကို ထိုးရတယ် တဲ့ ကလေးတွေကိုရိုက်ဖို့ဆိုပြီး ဝါးခြမ်းပြားတွေအကျောသတ်ပြီးရေစိမ်းထားတယ်
အိမ်နားနီးချင်းတွေက ကလေးတွေကိုသနားလို့ ထမင်းကြွေး မုန့်ဝယ်ကြွေးတာ စားလို့ဆိုပြီး နုတ်ခမ်းတဝှိက် ချိတ်နဲ့ထိုး တယ်
လွန်ခဲ့အပတ် အရမ်းအေးနေတဲ့ အချိန် ကလေးနှစ်ယောက်ကို အိမ်အောက်ကြက်ခြံထဲမှာ အိပ်ခိုင်းတယ် ရိုက်ထားတဲ့နေ့ဆိုကြိုးချည်ထားပြီး သိပ်တယ် ထွက်ပြေးမှာဆိုလို့တဲ့
ဒါတွေကိုတွေ့နေတဲ့ အိမ်နီးနားခြင်းတွေက ကလေးတွေကို နောက်တခါရိုက်ရင်ဦးတို့ဆီ ထွတ်ပြေးခဲ့ လို့မှာထားခဲ့လို့ အိမ်သာတတ်ချင်ရောင်ဆောင်ပြီး ခြံစည်းရိုးကို ဖေါက်ပြီးထွက်ပြေးလာခဲ့တာလို့ အကြီးကောင်လေးကပြောပြတယ် အိမ်နီခြင်းတွေက ရွာက မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဆီခေါ်လားပေးတယ်
ကလေးတွေရဲ့ကိုယ်ပေါ်က ဒဏ်ရာတွေက အပ်ချစရာမရှိအောင်များနေလို့ ရွာက မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့က ကျုံကဒက်ဆေးရုံကို ခေါ်သွားပြတယ် ဆေးစစ်ချက်လဲယူထားတယ် ဘယ်အချိန်ထဲကရိုက်ခံထားရတယ်မသိ ဒဏ်ရာတွေ ခေါင်းမှာက ဓါးဦးနဲ့ပေါက်ထားတဲ့ဒဏ်ရာ
ကျောမှာက ညိုမဲပြီးရင်းနေတဲ့ဒဏ်ရာပေါ် တပတ်နွမ်း အသစ် အထပ်ထပ်သော အရှိုးရာ ခြေထောက်မှာက သံပူအနင်းခံထားရလို့ ရင်းပြီးမာနေတဲ့ဒဏ်ရာ လက်ဖြန်မှာ အညိုအမဲ အသားပါခဲနေတယ် ကောင်းမလေးက သူ့ကို အကိုင်မခံနိုင်အောင် တကိုယ်လုံး အသားတွေခဲနေတယ် အရိုက်ခံရလို့ သွားတွေလဲကြိုးထားတယ်လို့ကောင်းမလေးက ပြောပြသေးတယ် နားရွက်ကိုလိမ်ဆွဲထားတာ နားရွက်မှာလဲ ဒဏ်ရာတွေအပြည့်ပဲ
အခု စက်စဲရွာက မိခင်နှင့်ကလေးစောင့်ရှောက်ရေးက ဆေးကုသ ပြီး အဖွဲ့ဝင် တစ်ယောက်ရဲ့အိမ်မှာထားပါတယ် ကလေးတွေက လိမ်မာလိုက်တာ သူတို့ကိုလာကြည့်တဲ့သူတွေကို သူတို့ကိုပေးထားတဲ့မုန့်တွေပြန်ကြွေး ပြီး ဧည့်ခံတယ် မနက်ဖြန်စားရအောင်သိမ်းထားလိုက်လို့ပြောတော့ရပါတယ် မရှိတော့ရင်မစားဘူးလို့ပြန်ပြောတယ် သွားကြည့်တဲ့သူတွေ စိတ်မကောင်းဖြစ်ပြီးမျက်ရည်ပါကျရတယ်
ကလေးကိုနိပ်စက်တဲ့ လင်းမယားကိုတော့ ရဲစခန်းက စစ်ပြီးပြန်လွတ်ပေးလိုက်တယ်
ကျမဒီpost ကိုတင်တဲ့ရည်ရွယ်ချက်က ကလေးတွေက အနိပ်စက်ခံထားရတော့ မှတ်ဉာဏ်သိပ်မကောင်းတော့ဘူး စာသင်ရင်လဲ လိုက်နိုင်မှာမဟုတ်တော့ဘူး ဒါကြောင့် ဖောင်ဒေရှင်းတစ်ခုဆီ ပို့ပေးချင်လို့ပါ ကလေးတွေဘဝရှေ့ရေး ကောင်းနိုင်တဲ့နေရာ ရှိရင် commtမှာလိပ်စာရေးပေးပါ
Zar Gyi
No comments:
Post a Comment