Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, February 5, 2016

၁၁ႏိုင္ငံမွ သံအမတ္ႀကီးမ်ားကုိ ဖယ္ရွားေပးရန္ ေဒၚေအာင္ဆန္းစုၾကည္က ဦးသိန္းစိန္ထံ ေတာင္းဆုိဟု သတင္းမ်ားထြက္ေပၚ

Submitted by Zay Thu on Wed, 02/03/2016 - 16:38

ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ သမၼတ ဦးသိန္းစိန္ ေဆြးေႏြးစဥ္က ႏုိင္ငံေပါင္း ၁၁ႏုိင္ငံမွ လက္ရွိအစုိးရ ခန္႔အပ္ထားေသာ သံအမတ္ႀကီးမ်ား ေနရာတြင္ အစုိးရသစ္မွ စိတ္ႀကိဳက္ခန္႔ထားႏုိင္ရန္ အတြက္ အဆုိပါ သံအမတ္ႀကီးမ်ားကုိ ယခုအစုိးရ လက္ထက္တြင္ ဖယ္ရွားေျပာင္းေရႊ႕ေပးထားေစလုိေၾကာင္း ေတာင္းဆုိခဲ့သည္ဟု အမ်ဳိးသား ဒီမုိကေရစီ အဖြဲ႔ခ်ဳပ္ႏွင့္ နီးစပ္သူမ်ားထံမွ သတင္းမ်ား ထြက္ေပၚလ်က္ရွိသည္။

အဆုိပါ ႏုိင္ငံမ်ားမွာ အေမရိကန္၊ ၿဗိတိန္၊ ျပင္သစ္၊ ဂ်ာမနီ၊ စင္ကာပူ၊ ထုိင္း၊ မေလးရွား၊ ေတာင္ကုိရီးယား၊ ၾသစေၾတးလ်၊ တ႐ုတ္ႏွင့္ ဂ်ပန္တုိ႔ျဖစ္ေၾကာင္း သိရသည္။ ထုိႏုိင္ငံမ်ားသည္ သံတမန္ အဆင့္အတန္းတြင္ ဂရိတ္ေအအဆင့္ ႏုိင္ငံမ်ား ျဖစ္ေၾကာင္းလည္း သိရသည္။

လက္ရွိတြင္ အေမရိကန္ႏုိင္ငံဆုိင္ရာ ျမန္မာသံအမတ္ႀကီးႏွင့္ ၿဗိတိန္ႏုိင္ငံဆုိင္ရာ ျမန္မာသံအမတ္ႀကီးမ်ားကုိ ျမန္မာႏုိင္ငံသုိ႔ ျပန္လည္ေခၚယူထားသည္။

ထုိသုိ႔ဖယ္ရွားရန္ ေတာင္းဆုိသည့္ ႏုိင္ငံ ၁၁ႏုိင္ငံ၏ သံအမတ္ႀကီး အမ်ားစုမွာ တပ္မေတာ္မွ ႏုိင္ငံျခားေရး ၀န္ႀကီးဌာနသုိ႔ ေျပာင္းေရႊ႕တာ၀န္ ထမ္းေဆာင္ေနသည့္ တပ္မေတာ္ အရာရွိမ်ား ျဖစ္ေၾကာင္းလည္း သိရသည္။

ျမန္မာႏုိင္ငံသည္ ႏုိင္ငံေပါင္း ၉၇ႏုိင္ငံႏွင့္ သံတမန္အဆက္အသြယ္ ရွိေသာ္လည္း ႏုိင္ငံေပါင္း ၄၆ ႏုိင္ငံတြင္သာ သံ႐ုံးရွိၿပီး ေကာင္စစ္၀န္႐ုံးမ်ားမွာလည္း ေျခာက္ခုသာရွိသည္။ ေနာက္ဆံုးဖြင့္လွစ္ခဲ့သည့္ သံ႐ုံးႏွစ္႐ုံးမွာ ၾသစႀတီးယားႏုိင္ငံ ဗီယင္နာၿမိဳ႕ႏွင့္ ေနာ္ေ၀ႏုိင္ငံ ေအာ္စလိုၿမိဳ႕တုိ႔တြင္ျဖစ္ၿပီး အသစ္ဖြင့္လွစ္လိုက္သည့္ ေကာင္စစ္၀န္ ႐ုံးႏွစ္႐ုံးမွာ ထုိင္းႏုိင္ငံ ခ်င္းမုိင္ႏွင့္ အေမရိကန္ႏုိင္ငံ ေလာ့စ္အိန္ဂ်ယ္လိစ္ ၿမိဳ႕မ်ားတြင္ျဖစ္သည္။

လက္ရွိဖယ္ရွားမည့္ သံအမတ္ႀကီးမ်ားကုိ အျခားႏုိင္ငံမ်ားသုိ႔ ေျပာင္းေရႊ႕ခန္႔ထားရန္မွာလည္း ႏုိင္ငံျခားေရး ၀န္ႀကီးဌာနတြင္ သံ႐ုံးမ်ား အသစ္ဖြင့္လွစ္ရန္ ဘတ္ဂ်က္မရွိသျဖင့္ အဆုိပါ သံအမတ္ႀကီးမ်ား အေနျဖင့္ ရာထူးမွ အနားယူရန္ အေျခအေနမ်ားေနေၾကာင္းလည္း ႏုိင္ငံျခားေရး ၀န္ႀကီးဌာန အႀကီးတန္း အရာရွိတစ္ဦးက Tomorrow ဂ်ာနယ္သုိ႔ ေျပာျပခဲ့သည္။
Tomorrow
.............................
၁၁နိုင်ငံမှ သံအမတ်ကြီးများကို ဖယ်ရှားပေးရန် ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်ထံ တောင်းဆိုဟု သတင်းများထွက်ပေါ်

Submitted by Zay Thu on Wed, 02/03/2016 - 16:38

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန် ဆွေးနွေးစဉ်က နိုင်ငံပေါင်း ၁၁နိုင်ငံမှ လက်ရှိအစိုးရ ခန့်အပ်ထားသော သံအမတ်ကြီးများ နေရာတွင် အစိုးရသစ်မှ စိတ်ကြိုက်ခန့်ထားနိုင်ရန် အတွက် အဆိုပါ သံအမတ်ကြီးများကို ယခုအစိုးရ လက်ထက်တွင် ဖယ်ရှားပြောင်းရွှေ့ပေးထားစေလိုကြောင်း တောင်းဆိုခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် နီးစပ်သူများထံမှ သတင်းများ ထွက်ပေါ်လျက်ရှိသည်။

အဆိုပါ နိုင်ငံများမှာ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ တရုတ်နှင့် ဂျပန်တို့ဖြစ်ကြောင်း သိရသည်။ ထိုနိုင်ငံများသည် သံတမန် အဆင့်အတန်းတွင် ဂရိတ်အေအဆင့် နိုင်ငံများ ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးများကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူထားသည်။

ထိုသို့ဖယ်ရှားရန် တောင်းဆိုသည့် နိုင်ငံ ၁၁နိုင်ငံ၏ သံအမတ်ကြီး အများစုမှာ တပ်မတော်မှ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်နေသည့် တပ်မတော် အရာရှိများ ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၉၇နိုင်ငံနှင့် သံတမန်အဆက်အသွယ် ရှိသော်လည်း နိုင်ငံပေါင်း ၄၆ နိုင်ငံတွင်သာ သံရုံးရှိပြီး ကောင်စစ်ဝန်ရုံးများမှာလည်း ခြောက်ခုသာရှိသည်။ နောက်ဆုံးဖွင့်လှစ်ခဲ့သည့် သံရုံးနှစ်ရုံးမှာ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့နှင့် နော်ဝေနိုင်ငံ အော်စလိုမြို့တို့တွင်ဖြစ်ပြီး အသစ်ဖွင့်လှစ်လိုက်သည့် ကောင်စစ်ဝန် ရုံးနှစ်ရုံးမှာ ထိုင်းနိုင်ငံ ချင်းမိုင်နှင့် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ် မြို့များတွင်ဖြစ်သည်။

လက်ရှိဖယ်ရှားမည့် သံအမတ်ကြီးများကို အခြားနိုင်ငံများသို့ ပြောင်းရွှေ့ခန့်ထားရန်မှာလည်း နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် သံရုံးများ အသစ်ဖွင့်လှစ်ရန် ဘတ်ဂျက်မရှိသဖြင့် အဆိုပါ သံအမတ်ကြီးများ အနေဖြင့် ရာထူးမှ အနားယူရန် အခြေအနေများနေကြောင်းလည်း နိုင်ငံခြားရေး ၀န်ကြီးဌာန အကြီးတန်း အရာရှိတစ်ဦးက Tomorrow ဂျာနယ်သို့ ပြောပြခဲ့သည်။
Tomorrow

No comments:

Post a Comment