Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 8, 2016

ေဒၚေအာင္ဆန္းစုၾကည္ကုိလုပ္ႀကံမည္ဟုၿခိမ္းေျခာက္ခဲ႕သူက ဒီခ်ဳပ္ရုံးခ်ဳပ္တြင္လာေရာက္ေတာင္းပန္

၅၉(စ) ကို ဆုိင္းငံ့လုိက္ပါက ေဒၚေအာင္ဆန္းစုၾကည္အား လုပ္ႀကံမည္ဟု ေဖ့စ္ဘြတ္ခ္တြင္ ေရးသားခဲ႔သူက ၄င္း၏ အမွားကုိ ခြင္႔လႊတ္ရန္ အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ရုံးခ်ဳပ္သုိ႔ ယေန႕လာေရာက္ေတာင္းပန္ခဲ႔ေၾကာင္း သတင္းရရွိသည္။
ယေန႔ (ေဖေဖာ္ဝါရီ ၈ရက္) မြန္းလြဲ၂ နာရီ ခြဲခန္႔က လာေရာက္ေတာင္းပန္ျခင္းျဖစ္ေၾကာင္း အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ ဗဟုိအလုပ္အမႈေဆာင္ ဦးဟန္သာျမင္႔က ေျပာသည္။
" လာေတာင္းပန္တာ မွန္ပါတယ္။ က်ေတာ္က သက္ေသအေနနဲ႔ ေနေပးတာပါ။ ဦးဥာဏ္၀င္းဆီမွာ လာေတာင္းပန္သြားပါတယ္" ဟု ဦးဟန္သာျမင္႔က ေျပာသည္။
ေဒၚေအာင္ဆန္းစုၾကည္ သမၼတျဖစ္ႏုိင္ရန္ လႊတ္ေတာ္ တြင္ ပုဒ္မ ၅၉(စ) ကို ဆုိင္းငံ့ထားမည့္ အေရးႀကီးအဆိုတင္သြင္းမည္ဟု သတင္းမ်ားထြက္ ေပၚေနခ်ိန္ ၌ ရဲလြင္ျမင့္(Ye Lwin Myint)အမည္ ျဖင့္ ေဖ့စ္ဘြတ္ခ္အသံုးျပဳတစ္ဦးက
‘‘ဖြ မဆုိစေကာင္း ၅၉ (စ)ႀကီး ဆုိင္းငံ့လုိက္တယ္ဆုိပါစုိ႔။ AWM ဒါမွမဟုတ္ AS 50 တစ္လက္ေလာက္ရယ္ ေလ့က်င့္ခ်ိန္ တစ္လေလာက္ရယ္ပဲေပး ပါ။ ေသေအာင္သတ္ေပးပါ့မယ္။(အတည္ေျပာတာပါ)’’ဟု လူမႈကြန္ရက္ တြင္ ေဖေဖာ္ဝါရီ ၃ ရက္က ေရးသားခဲ႔ျခင္းျဖစ္သည္။
ရဲလြင္ျမင္႔ကုိ အေရးယူရန္ ႏုိင္ငံေရးအသုိင္းအ၀ုိင္းက ေတာင္းဆုိခဲ့ေသာ္လည္း တရားလုိျပဳ တုိင္ၾကားသူ မရွိေသးေသာေၾကာင့္ဟုဆုိကာ ရဲတပ္ဖြဲ႔က အမႈဖြင္႔ စစ္ေဆးခဲ႔ျခင္းမရွိေခ်။
7Daydaily
...............
Breaking News >>>>
ဒေါ်အောင်ဆန်းစုကြည်ကိုလုပ်ကြံမည်ဟုခြိမ်းခြောက်ခဲ့သူက ဒီချုပ်ရုံးချုပ်တွင်လာရောက်တောင်းပန်
၅၉(စ) ကို ဆိုင်းငံ့လိုက်ပါက ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံမည်ဟု ဖေ့စ်ဘွတ်ခ်တွင် ရေးသားခဲ့သူက ၄င်း၏ အမှားကို ခွင့်လွှတ်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်သို့ ယနေ့လာရောက်တောင်းပန်ခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ (ဖေဖော်ဝါရီ ၈ရက်) မွန်းလွဲ၂ နာရီ ခွဲခန့်က လာရောက်တောင်းပန်ခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဟန်သာမြင့်က ပြောသည်။
" လာတောင်းပန်တာ မှန်ပါတယ်။ ကျတော်က သက်သေအနေနဲ့ နေပေးတာပါ။ ဦးဉာဏ်ဝင်းဆီမှာ လာတောင်းပန်သွားပါတယ်" ဟု ဦးဟန်သာမြင့်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ရန် လွှတ်တော် တွင် ပုဒ်မ ၅၉(စ) ကို ဆိုင်းငံ့ထားမည့် အရေးကြီးအဆိုတင်သွင်းမည်ဟု သတင်းများထွက် ပေါ်နေချိန် ၌ ရဲလွင်မြင့်(Ye Lwin Myint)အမည် ဖြင့် ဖေ့စ်ဘွတ်ခ်အသုံးပြုတစ်ဦးက
‘‘ဖွ မဆိုစကောင်း ၅၉ (စ)ကြီး ဆိုင်းငံ့လိုက်တယ်ဆိုပါစို့။ AWM ဒါမှမဟုတ် AS 50 တစ်လက်လောက်ရယ် လေ့ကျင့်ချိန် တစ်လလောက်ရယ်ပဲပေး ပါ။ သေအောင်သတ်ပေးပါ့မယ်။(အတည်ပြောတာပါ)’’ဟု လူမှုကွန်ရက် တွင် ဖေဖော်ဝါရီ ၃ ရက်က ရေးသားခဲ့ခြင်းဖြစ်သည်။
ရဲလွင်မြင့်ကို အရေးယူရန် နိုင်ငံရေးအသိုင်းအဝိုင်းက တောင်းဆိုခဲ့သော်လည်း တရားလိုပြု တိုင်ကြားသူ မရှိသေးသောကြောင့်ဟုဆိုကာ ရဲတပ်ဖွဲ့က အမှုဖွင့် စစ်ဆေးခဲ့ခြင်းမရှိချေ။
7Daydaily

No comments:

Post a Comment