Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 8, 2016

၅၉(စ) ကို ဒေါ်အောင်ဆန်းစုကြည်ဘာကြောင့်ပြင်ချင်သလဲ( ၁၂-၇-၁၄ ပခုက္ကူဟောပြောပွဲ)



ကျွန်မက ၅၉(စ)နဲ့ပတ်သက်ပြီး နဲနဲရှင်းပြချင်ပါတယ်။
၅၉(စ)ဟာ သမ္မတ ဖြစ်ရမဲ့ သူရဲ့ အရည်ချင်း ကန့်သန့်ချက်ပေါ့နော် ။
ဘာလဲဆိုတော့ သမ္မတဖြစ်ရမဲ့သူရဲ့ သားသမီး ချွေးမစသည်ဖြင့် နိုင်ငံခြားသားမဖြစ်ရဘူးဆိုတာပါ။
  တစ်ချို့က ပြောကျတယ် ကျွန်မသားနှစ်ယောက် မြန်မာနိုင်ငံသားခံယူလိုက်ရင် ကျွန်မသမ္မတ ဖြစ်လို့ ရပြီပေါ့ ။ကျွန်မပြောမယ် ကျွန်မ သမ္မတ ဖြစ်တာမဖြစ်တာဟာ အဓိက မဟုတ်ဘူး။
 အဓိက က ဥပဒေကြောင်းရ မမျှတလို့ ပြင်တာ။  ဘယ်လိုမကြိုက်တာလဲဆိုရင် ကျွန်မသားတွေဟာ နဂိုက မြန်မာနိုင်ငံသား လက်မှတ်ရနေပြီးသား။ ၁၉၉၈နောက်ပိုင်း ကျွန်မအကျယ်ချုပ်ကျတော့ ကျွန်မသားတွေကို အရင်အစိုးရက နိုင်ငံသားလက်မှတ်တွေရုတ်သိမ်းလိုက်တယ်။ အဲ့နောက်ပိုင်း ကျွန်မသားတွေ ဗြိတိသျှနိုင်ငံသားဖြစ်သွားတယ်။ ဒါတွေထားပါ ကျွန်မဘာမှ မပြောလိုဘူး ။
ကျွန်မပြောချင်တာ လူတစ်ယောက်ဟာ အသက် ၁၈နှစ်ပြည့်ရင် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လွတ်လပ်ခွင့်ရှိ­ရပါတယ် ဥပမာ အသက်၁၈နှစ်ပြည့်ပီးသားတစ်ယောက် ပြစ်မှုကျူးလွန်ရင် သူဘာသာသူ ဥပဒေကြောင်းရခံရမှာပါ။မိဘက အစားဝင်ခံလို့မရပါဘူး။  ဥပဒေကြောင်း အရ အသက်၁၈ပြည့်လျှင် မိဘနဲ့သားသမီးက မသက်ဆိုင်ဘူး။ ဒါဥပဒေကြောင်းအရနော်။  မိဘ သားသမီး သံယောဇဉ်က တခြားဆက်နွယ်မှု ဒီလို
ဥပဒေကြောင်းအရ ရှိနေတဲ့ ကိစ္စကို ဘာကြောင့် သူတပါးကို လွှမ်းမိုးချင်တဲ့ သားသမီး ချွေးမ သမက်
 နိုင်ငံခြားသား ဖြစ်ရင် သမ္မတ မဖြစ်ရဆိုတဲ့ ဥပဒေကို မကြိုက်တာ။
ကျွန်မ သမ္မတဖြစ်တာ မဖြစ်တာ ကိစ္စမဟုတ်ဘူး။ ဖြစ်ရင်တော့ နိုင်ငံဒီထက် တိုးတက်မယ် ထင်ပါတယ်။
ဒါ ကျွန်မအမြင်သက်သက်ပါ ။ကျွန်မဖြစ်ရင်လည်း ကျွန်မကြိုးစားသွားမှာပါ။
ဒီလို သူတပါးကို လွှမ်းမိုးထားတဲ့ ဥပဒေမျိုးရှိနေတာ အာဏာရှင်ဆန်တယ်လို့ ကျွန်မမြင်တယ်.  အဲ့ဒီတော့ အာဏာရှင်ဆန်တဲ့ ဥပဒေကို ပြင်ဖို့ လက်မှတ်ထိုးကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်
ပခုက္ကူဟောပြောပွဲ
၁၂.၇.၂၀၁၄

No comments:

Post a Comment