Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 29, 2016

သဘာဝနဲ႔ ေဖာ္တဲ့ အားေဆးေတြလည္း ဒုကၡေပးႏိုင္ (သဘာဝနဲ့ ဖော်တဲ့ အားဆေးတွေလည်း ဒုက္ခပေးနိုင် )

(Credit: Reuters) 
သဘာဝနဲ႔ ​ေဖာ္စပ္ထားတယ္ ​ဆိုတဲ့ ​အားေဆးေတြကို ​ေသာက္ရာက ​ၾသစေၾတးလ် ​ႏိုင္ငံသား ​အနည္းဆုံး ​၆ ​ေယာက္ေလာက္ ​အစားထိုးခြဲစိတ္ကုသမႈ ​ခံယူခဲ့ရပါတယ္။

၂၀၁၁ ​ခုႏွစ္ေနာက္ပိုင္း ​Herbal ​supplement ​လို႔ေခၚတဲ့ ​သဘာဝ ​တိုင္းရင္းေဆးနည္းနဲ႔ ​ေဖာ္စပ္ထားတဲ့ ​အားတိုးေဆးေတြကို ​ေသာက္ရင္း ​အသဲေတြ ​လုံးဝ ​ပ်က္စီးသြားလို႔ ​အသဲအစားထိုး ​ကုသမႈ ​ခံယူခဲ့ရသူ ​၃ ​ဦးနဲ႔ ​ေက်ာက္ကပ္ ​အစားထိုး ​ကုသခံရသူ ​၃ ​ဦး ​ရွိတယ္လို႔ ​သိရပါတယ္။

Matthew ​Whitby ​ဆိုတဲ့ ​လူငယ္ေလးဟာ ​က်န္းမာေရး ​လိုက္စားလာၿပီးတဲ့ေနာက္ ​ၾကြက္သားေတြ ​ပိုမ်ားလာေအာင္ ​လက္ဖက္ကေန ​ထုတ္လုပ္ထားတဲ့ ​တိုင္းရင္းေဆးေတြကို ​မွီဝဲခဲ့ပါတယ္။

ဘယ္တိုင္းရင္း ​အားတိုးေဆးကို ​ေသာက္လို႔ ​အသဲနဲ႔ ​ေက်ာက္ကပ္ေတြကို ​ပ်က္စီးေစသလဲ ​ဆိုတာကို ​ဆရာဝန္ေတြက ​အတိအက် ​မသိရေသးပါဘူး။

ပိုၿပီး ​က်န္းမာေစဖို႔ ​အဲဒီ ​ေဆးေတြကို ​သုံးစြဲတာ ​ျဖစ္ေပမယ့္ ​ေဆးက ​အႏၱာရာယ္ ​ျဖစ္ေစႏိုင္တာေၾကာင့္ ​ေရွာင္ရွားသင့္တာကို ​ေရွာင္ရွားဖို႔ ​က်န္းမာေရး ​အာဏာပိုင္ေတြက ​သတိေပးထားပါတယ္။

ၾသစေၾတးလ် ​ႏိုင္ငံမွာ ​ခႏၶာကိုယ္ ​အစိတ္အပိုင္း ​လ်ဴဒါန္းတာေတြ ​အကန္႔အသတ္နဲ႔သာ ​ရွိတဲ့အတြက္ ​အသဲကို ​မပ်က္စီးေအာင္ ​ႀကိဳတင္ ​ကာကြယ္မႈေတြ ​လုပ္ဖို႔ ​တိုက္တြန္းထားပါတယ္။

ABC Radio Australia
http://www.radioaustralia.net.au/burmese
............
 (Credit: Reuters)
သဘာဝနဲ့ ​ဖော်စပ်ထားတယ် ​ဆိုတဲ့ ​အားဆေးတွေကို ​သောက်ရာက ​သြစတြေးလျ ​နိုင်ငံသား ​အနည်းဆုံး ​၆ ​ယောက်လောက် ​အစားထိုးခွဲစိတ်ကုသမှု ​ခံယူခဲ့ရပါတယ်။

၂၀၁၁ ​ခုနှစ်နောက်ပိုင်း ​Herbal ​supplement ​လို့ခေါ်တဲ့ ​သဘာဝ ​တိုင်းရင်းဆေးနည်းနဲ့ ​ဖော်စပ်ထားတဲ့ ​အားတိုးဆေးတွေကို ​သောက်ရင်း ​အသဲတွေ ​လုံးဝ ​ပျက်စီးသွားလို့ ​အသဲအစားထိုး ​ကုသမှု ​ခံယူခဲ့ရသူ ​၃ ​ဦးနဲ့ ​ကျောက်ကပ် ​အစားထိုး ​ကုသခံရသူ ​၃ ​ဦး ​ရှိတယ်လို့ ​သိရပါတယ်။

Matthew ​Whitby ​ဆိုတဲ့ ​လူငယ်လေးဟာ ​ကျန်းမာရေး ​လိုက်စားလာပြီးတဲ့နောက် ​ကြွက်သားတွေ ​ပိုများလာအောင် ​လက်ဖက်ကနေ ​ထုတ်လုပ်ထားတဲ့ ​တိုင်းရင်းဆေးတွေကို ​မှီဝဲခဲ့ပါတယ်။

ဘယ်တိုင်းရင်း ​အားတိုးဆေးကို ​သောက်လို့ ​အသဲနဲ့ ​ကျောက်ကပ်တွေကို ​ပျက်စီးစေသလဲ ​ဆိုတာကို ​ဆရာဝန်တွေက ​အတိအကျ ​မသိရသေးပါဘူး။

ပိုပြီး ​ကျန်းမာစေဖို့ ​အဲဒီ ​ဆေးတွေကို ​သုံးစွဲတာ ​ဖြစ်ပေမယ့် ​ဆေးက ​အန္တာရာယ် ​ဖြစ်စေနိုင်တာကြောင့် ​ရှောင်ရှားသင့်တာကို ​ရှောင်ရှားဖို့ ​ကျန်းမာရေး ​အာဏာပိုင်တွေက ​သတိပေးထားပါတယ်။

သြစတြေးလျ ​နိုင်ငံမှာ ​ခန္ဓာကိုယ် ​အစိတ်အပိုင်း ​လျူဒါန်းတာတွေ ​အကန့်အသတ်နဲ့သာ ​ရှိတဲ့အတွက် ​အသဲကို ​မပျက်စီးအောင် ​ကြိုတင် ​ကာကွယ်မှုတွေ ​လုပ်ဖို့ ​တိုက်တွန်းထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

No comments:

Post a Comment