Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 29, 2016

ေဒၚစု ႏိုင္ငံျခားေရး ဝန္ႀကီး ျဖစ္လာႏိုင္( ဒေါ်စု နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာနိုင်)

ေဒၚေအာင္ဆန္းစုၾကည္သာ ႏိုင္ငံျခားေရး ဝန္ႀကီးျဖစ္ရင္ ႏိုင္ငံတကာမွာ ျမန္မာကို ကိုယ္စားျပဳႏိုင္မယ္ (Credit: AFP) 
အမ်ဳိးသား ​ဒီမိုကေရစီ ​အဖြဲ႔ခ်ဳပ္ ​ပါတီ ​NLD ​ေခါင္းေဆာင္ ​ေဒၚေအာင္ဆန္းစုၾကည္က ​ႏိုင္ငံျခားေရးရာ ​ဝန္ႀကီးရာထူးကို ​ရယူႏိုင္တယ္လို႔ ​သတင္းေတြမွာ ​ေရးသားေနၾကပါတယ္။

ျမန္မာ့ႏိုင္ငံေရး ​ေလ့လာသူေတြကေတာ့ ​ႏိုင္ငံျခားေရး ​ဝန္ႀကီး ​ရာထူးရခဲ့မယ္ဆိုရင္ ​ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ​ကာကြယ္ေရးနဲ႔ ​လုံၿခဳံေရး ​ေကာင္စီ ​(ကာလုံ) ​မွာ ​သမၼတ၊ ​ဒုသမၼတေတြနဲ႔အျပင္ ​စစ္ဦးစီးခ်ဳပ္နဲ႔အတူ ​ပါဝင္ခြင့္ရမယ့္အေနအထား ​ရွိတယ္လို႔ ​ဆိုပါတယ္။

ဒါ့အျပင္ ​စစ္တပ္ ​ဝန္ႀကီးေတြ ​ေနရာယူထားမယ့္ ​ျပည္တြင္းေရး ​ဝန္ႀကီးဌာနက ​ဝန္ႀကီးေတြ၊ ​ကာကြယ္ေရး ​ဝန္ႀကီးနဲ႔ ​နယ္စပ္ေရးရာ ​ဝန္ႀကီးေတြနဲ႔ ​တန္းတူ ​ကာလုံမွာ ​ပါဝင္ခြင့္ ​ရမွာ ​ျဖစ္ပါတယ္။

ဒါ့အျပင္ ​ေဒၚေအာင္ဆန္းစုၾကည္ကသာ ​ႏိုင္ငံျခားေရး ​ဝန္ႀကီး ​ရာထူးကို ​ရရွိရင္ ​ႏိုင္ငံတကာမွာ ​ျမန္မာကို ​ကိုယ္စားျပဳႏိုင္မွာ ​ျဖစ္သလို ​အေရးႀကီးတဲ့ ​ညီလာခံေတြမွာလည္း ​သမၼတနဲ႔ ​အတူတူ ​တက္ေရာက္ႏိုင္မွာ ​ျဖစ္ပါတယ္။

ဒါေပမဲ့ ​ႏိုင္ငံျခားေရး ​ဝန္ႀကီး ​ျဖစ္လာရင္ ​ေဒၚေအာင္ဆန္းစုၾကည္က ​NLD ​ပါတီ ​ေရးရာမွာ ​ပါဝင္ခြင့္ရမွာ ​မဟုတ္ေတာ့တဲ့အတြက္ ​ပါတီေခါင္းေဆာင္ ​အသစ္ ​လိုအပ္လာႏိုင္ပါတယ္။ ​ဒါေပမဲ့ ​ပါတီေခါင္းေဆာင္သစ္ကလည္း ​ေဒၚေအာင္ဆန္းစုၾကည္ရဲ့ ​ညႊန္ၾကားခ်က္နဲ႔ ​လွဳပ္ရွားမယ့္သူကို ​ေရြးရင္ ​ျဖစ္ႏိုင္တယ္လို႔ ​သုံးသပ္ေနၾကပါတယ္။

ျမန္မာ ​သမၼတ ​ဘယ္သူ ​ျဖစ္မလဲ ​ဆိုတာကို ​ေစာင့္ဆိုင္းေနခ်ိန္မွာပဲ ​ေဒၚေအာင္ဆန္းစုၾကည္က ​ႏိုင္ငံျခားေရး ​ဝန္ႀကီး ​ရာထူးကို ​လက္ခံႏိုင္တယ္ဆိုတဲ့ ​သတင္းေတြ ​ထြက္ေပၚေနတယ္လို႔ ​Straits ​Times ​သတင္းမွာ ​ပါရွိပါတယ္။

မတ္လ ​၁၇ ​ရက္ေန႔က်ရင္ ​သမၼတအျဖစ္ ​ဘယ္သူ႔ကို ​ရာထားသလဲ ​ဆိုတာကို ​ထုတ္ေျပာမယ္လို႔ ​NLD ​ပါတီက ​အရင္တုန္းက ​ေျပာခဲ့ဖူးေပမယ့္ ​အခုအခါမွာ ​သတ္မွတ္ရက္ထက္ ​ေစာၿပီး  ​မတ္လ ​၁၀ ​ရက္ေန႔မွာ ​ေၾကညာမယ္လို႔ ​သိရပါတယ္။

ABC Radio Australia
http://www.radioaustralia.net.au/burmese
...........
 ဒေါ်အောင်ဆန်းစုကြည်သာ နိုင်ငံခြားရေး ဝန်ကြီးဖြစ်ရင် နိုင်ငံတကာမှာ မြန်မာကို ကိုယ်စားပြုနိုင်မယ် (Credit: AFP)
အမျိုးသား ​ဒီမိုကရေစီ ​အဖွဲ့ချုပ် ​ပါတီ ​NLD ​ခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်က ​နိုင်ငံခြားရေးရာ ​ဝန်ကြီးရာထူးကို ​ရယူနိုင်တယ်လို့ ​သတင်းတွေမှာ ​ရေးသားနေကြပါတယ်။

မြန်မာ့နိုင်ငံရေး ​လေ့လာသူတွေကတော့ ​နိုင်ငံခြားရေး ​ဝန်ကြီး ​ရာထူးရခဲ့မယ်ဆိုရင် ​ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ​ကာကွယ်ရေးနဲ့ ​လုံခြုံရေး ​ကောင်စီ ​(ကာလုံ) ​မှာ ​သမ္မတ၊ ​ဒုသမ္မတတွေနဲ့အပြင် ​စစ်ဦးစီးချုပ်နဲ့အတူ ​ပါဝင်ခွင့်ရမယ့်အနေအထား ​ရှိတယ်လို့ ​ဆိုပါတယ်။

ဒါ့အပြင် ​စစ်တပ် ​ဝန်ကြီးတွေ ​နေရာယူထားမယ့် ​ပြည်တွင်းရေး ​ဝန်ကြီးဌာနက ​ဝန်ကြီးတွေ၊ ​ကာကွယ်ရေး ​ဝန်ကြီးနဲ့ ​နယ်စပ်ရေးရာ ​ဝန်ကြီးတွေနဲ့ ​တန်းတူ ​ကာလုံမှာ ​ပါဝင်ခွင့် ​ရမှာ ​ဖြစ်ပါတယ်။

ဒါ့အပြင် ​ဒေါ်အောင်ဆန်းစုကြည်ကသာ ​နိုင်ငံခြားရေး ​ဝန်ကြီး ​ရာထူးကို ​ရရှိရင် ​နိုင်ငံတကာမှာ ​မြန်မာကို ​ကိုယ်စားပြုနိုင်မှာ ​ဖြစ်သလို ​အရေးကြီးတဲ့ ​ညီလာခံတွေမှာလည်း ​သမ္မတနဲ့ ​အတူတူ ​တက်ရောက်နိုင်မှာ ​ဖြစ်ပါတယ်။

ဒါပေမဲ့ ​နိုင်ငံခြားရေး ​ဝန်ကြီး ​ဖြစ်လာရင် ​ဒေါ်အောင်ဆန်းစုကြည်က ​NLD ​ပါတီ ​ရေးရာမှာ ​ပါဝင်ခွင့်ရမှာ ​မဟုတ်တော့တဲ့အတွက် ​ပါတီခေါင်းဆောင် ​အသစ် ​လိုအပ်လာနိုင်ပါတယ်။ ​ဒါပေမဲ့ ​ပါတီခေါင်းဆောင်သစ်ကလည်း ​ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​ညွှန်ကြားချက်နဲ့ ​လှုပ်ရှားမယ့်သူကို ​ရွေးရင် ​ဖြစ်နိုင်တယ်လို့ ​သုံးသပ်နေကြပါတယ်။

မြန်မာ ​သမ္မတ ​ဘယ်သူ ​ဖြစ်မလဲ ​ဆိုတာကို ​စောင့်ဆိုင်းနေချိန်မှာပဲ ​ဒေါ်အောင်ဆန်းစုကြည်က ​နိုင်ငံခြားရေး ​ဝန်ကြီး ​ရာထူးကို ​လက်ခံနိုင်တယ်ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်နေတယ်လို့ ​Straits ​Times ​သတင်းမှာ ​ပါရှိပါတယ်။

မတ်လ ​၁၇ ​ရက်နေ့ကျရင် ​သမ္မတအဖြစ် ​ဘယ်သူ့ကို ​ရာထားသလဲ ​ဆိုတာကို ​ထုတ်ပြောမယ်လို့ ​NLD ​ပါတီက ​အရင်တုန်းက ​ပြောခဲ့ဖူးပေမယ့် ​အခုအခါမှာ ​သတ်မှတ်ရက်ထက် ​စောပြီး  ​မတ်လ ​၁၀ ​ရက်နေ့မှာ ​ကြေညာမယ်လို့ ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

No comments:

Post a Comment