ျမန္မာေတြ စားသံုးေနတဲ့ င႐ုတ္ဆီနဲ ့က်န္းမာေရး ဆိုးက်ဳိးမ်ား


     မႏြယ္ႏြယ္ေအးက င႐ုတ္ အခ်ဥ္ရည္ကို အရမ္းႀကိဳက္တဲ့ သူတစ္ေယာက္ပါ။ ေခါက္ဆြဲေၾကာ္၊ ေခါက္ဆြဲသုပ္ စားရင္လည္း င႐ုတ္ခ်ဥ္ရည္ ရႊဲရႊဲေလး။ ၀က္သားတုတ္ထိုး စားလည္း င႐ုတ္ခ်ဥ္ရည္နဲ႔မွ။ ထမင္းသုပ္စား ရင္ေတာင္ င႐ုတ္ခ်ဥ္ရည္ ထည့္ၿပီး နယ္စားရ တာကို ႏွစ္သက္သူ။ င႐ုတ္ခ်ဥ္ရည္ အရမ္းႀကိဳက္တဲ့ မႏြယ္ႏြယ္ေအး တစ္ေယာက္ င႐ုတ္ခ်ဥ္ကို အၿပီးအပိုင္ စြန္႔လႊတ္လိုက္တဲ့ေန႔ ကေတာ့ ဇန္န၀ါရီလ (၁၄) ရက္ေန႔ ကပါ။

          အဲဒီေန႔က မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာမွာ င႐ုတ္ဆီ လုပ္ငန္း တစ္ခုကို စစ္ေဆးတာနဲ႔ ပတ္သက္ၿပီး ေဖာ္ျပထားတဲ့ င႐ုတ္ဆီ ထုတ္လုပ္တဲ့ လုပ္ငန္းဓာတ္ပံု ေတြကို ေတြ႕ၿပီးေနာက္ င႐ုတ္ခ်ဥ္ရည္ကုိ တစ္သက္လံုး မစားေတာ့ဘူးလို႔ မႏြယ္ႏြယ္ေအးက စိတ္ပိုင္းျဖတ္လိုက္ တာပါ။

          မႏၲေလးၿမိဳ႕ေတာ္ စည္ပင္က စစ္ေဆး ေဖာ္ထုတ္ခဲ့တဲ့ င႐ုတ္ဆီ လုပ္ငန္းတြင္ အသုံးျပဳတဲ့ ကုန္ၾကမ္း ပစၥည္းေတြ မွန္ကန္မႈ မရွိျခင္း၊ က်န္းမာေရးအား ဆုိးရြားစြာ ထိခုိက္ႏုိင္တဲ့ ကုန္ၾကမ္း ပစၥည္းမ်ား ျဖစ္ေနျခင္း၊ ထုတ္လုပ္မႈ အဆင့္ဆင့္တြင္ စားသုံးသူေတြ အတြက္ ေဘးအႏၲရာယ္ မကင္းရွင္းသည္ သာမက င႐ုတ္ဆီ ထုတ္လုပ္သည့္ ေနရာသည္ မီးေဘးအႏၲရာယ္ စုိးရိမ္ရတဲ့ အေနအထားမွာ ရွိေနျခင္း ျဖစ္တယ္။ အဆုိးဆုံးမွာ စားသုံးသူေတြရဲ႕ က်န္းမာေရးကုိ ဆုိးက်ဳိးေပး ႏုိင္တဲ့ အမ်ဳိးအမည္ မသိ ဓာတုေဗဒ အခ်ဥ္မႈန္႔ ေတြကုိ ေရာေႏွာ က်ဳိခ်က္ ထားျခင္း ျဖစ္ပါတယ္။

           အဲဒီလို ပံုစံနဲ႔ ထုတ္လုပ္တယ္ ဆိုတာ အရင္က မသိခဲ့ဘူး။ ပံုေတြ ျမင္လိုက္ ေတာ့မွ ေတာ္ေတာ္ စိတ္ကုန္ သြားတယ္။ ဒီတစ္ခုတည္းတင္ မဟုတ္ဘူး။ ကိုယ္ေန႔စဥ္ စားေသာက္ ေနတဲ့ အစားအေသာက္ ေတြေတာင္ သံသယ၀င္ လာတယ္။ စားသံုးသူေတြ အတြက္ ဘယ္ေလာက္မ်ား အႏၲရာယ္မ်ား လိုက္မလဲလို႔။ ေသခ်ာတာ ကေတာ့ င႐ုတ္ခ်ဥ္ကေတာ့ လံုး၀ျပတ္ သြားတယ္ လို႔ ခ်မ္းျမသာစည္ ၿမိဳ႕နယ္မွာ ေနထိုင္တဲ့ မႏြယ္ႏြယ္ေအးက ေျပာပါတယ္။

          ေန႔စဥ္ ေသာက္သံုးေနတဲ့ ေရသန္႔က စၿပီး ေန႔စဥ္ ဟင္းခ်က္ရာမွာ အသံုးျပဳတဲ့ ဆီ၊ ငပိ၊ င႐ုတ္သီးမႈန္႔၊ သီးႏွံ စတဲ့ စားေသာက္ကုန္ အစားအေသာက္ေတြကို အခု ေနာက္ပိုင္းမွာ စိတ္ခ်လက္ခ် သံုးစြဲဖို႔ မရဲေတာ့ဘဲ စားသံုးသူေတြ အေနနဲ႔ စိုးရိမ္မႈ ေတြရွိ လာၾက တာပါ။ ဒါ့အျပင္ အစားအေသာက္နဲ႔ ေဆး၀ါး ကြပ္ကဲမႈ ဦးစီးဌာန က ေစ်းကြက္မွာ စစ္ေဆးေတြ႕ရွိတဲ့ စံမညီ၊ စားသံုးရန္ မသင့္ဆိုတဲ့ ထုတ္ျပန္တဲ့ အစားအေသာက္ေတြ မွာလည္း အမ်ားစုက ေန႔စဥ္ အသံုး ျပဳေနရတဲ့ စားေသာက္ကုန္ေတြ ပါ၀င္ေန တာကို ေတြ႕ရ ပါတယ္။ ေခတ္မီ ဓာတုေဆး ပစၥည္းေတြ ေပါမ်ား လာတဲ့ ယေန႔ေခတ္မွာ အသီးအႏွံက အစ သဘာ၀သစ္သီး ဆိုတာ ရွားပါး လာၿပီး ေစ်းကြက္မွာ ေရာင္းပန္းလွ ႏိုင္ဖို႔ သီးႏွံစိမ္းေတြ ကိုပါ ဓာတုေဗဒ ေဆးရည္သုတ္လိမ္း ေရာင္းခ် တာေတြ ပါရွိလာတယ္။

           သားျဖစ္သူကို ေကၽြးခ်င္လို႔ ငွက္ေပ်ာသီးသြား ၀ယ္တယ္။ ကိုယ္ေရွ႕မွာပဲ ငွက္ေပ်ာသီး အစိမ္းကို ေဆးရည္ေတြ စိမ္ေနတယ္။ ၀ယ္လာတဲ့ ငွက္ေပ်ာသီးက အခြံ ကေတာ့ ၀င္းမွည့္ေနတယ္။ အထဲက အသားက အစိမ္းအတိုင္းပဲ။ ဒါသမား႐ိုးက် မဟုတ္ဘူး။ အစိမ္းကို အျမန္မွည့္ေအာင္ ေဆးရည္စိမ္တယ္။ သမား႐ုိးက် မဟုတ္ရင္ေတာ့ ဘယ္အရာမွ စိတ္မခ် ရဘူး။ သဘာ၀ အမွည့္က ပိုေကာင္းေပမယ့္လည္း အခု ေနာက္ပိုင္း အသီးအႏွံ မွန္သမွ်ကလည္း ေဆးစိမ္၊ ေဆးထိုးမွည့္ၿပီး ေရာင္းၾကေတာ့ စားတာေတာ့ အစာေပမယ့္ အဆိပ္ စားေနရသလို ျဖစ္ေနတယ္ လို႔ ကုမၸဏီ၀န္ထမ္း ျဖစ္သူ ကိုမင္းမင္းက ေျပာတယ္။

          လက္ရွိမွာ အစားအေသာက္ ေဘးအႏၲရာယ္ ကင္းရွင္းေရးနဲ႔ ပတ္သက္ၿပီး အစားအေသာက္နဲ႔ ပတ္သက္ၿပီး အဓိက တာ၀န္ရွိတဲ့ အစား အေသာက္ႏွင့္ ေဆး၀ါး ကြပ္ကဲေရး ဦးစီးဌာန(FDA) အျပင္ စည္ပင္သာယာေရး ေကာ္မတီ၊ စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာန လက္ေအာက္မွာ ရွိတဲ့ ကုန္သြယ္မႈ ျမႇင့္တင္ေရးႏွင့္ စားသံုးသူ ေရးရာ ဦးစီးဌာနတို႔က အစားအေသာက္နဲ႔ ပတ္သက္ၿပီး ပညာေပး လုပ္ငန္းေတြ၊ ေစ်းကြက္မွာ စားသံုးရန္ မသင့္တဲ့ အစားအေသာက္ ေတြကို စစ္ေဆးတာမ်ဳိးေတြ ေဆာင္ရြက္ ေနေပမယ့္လည္း တကယ့္ လက္ေတြ႕မ ွာေတာ့ ထိေရာက္မႈ အားနည္းေနတယ္။

           ဌာနဆိုင္ရာ အခ်င္းခ်င္း ကလည္း ခ်ိတ္ဆက္မႈ အားနည္းတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ role ကို ကြဲကြဲျပားျပား မယူဘူး။ အဲဒါက မထိေရာက္ဘူး။ mapping ေသခ်ာ လုပ္ၿပီး သူ႔တာ၀န္၊ ကိုယ့္တာ၀န္ ေသခ်ာ ခြဲၿပီးေတာ့ တံဆိပ္ ဆိုလည္း တံဆိပ္၊ လိုင္စင္ ဆိုလည္း လိုင္စင္၊ ဘယ္သူက ဘယ္ဟာကို ေပးထားတယ္။ စည္ပင္က လိုင္စင္ေပးထား တာဆို အဲဒီ တံဆိပ္နဲ႔ ထုတ္တဲ့ ပါကင္ေတြက အေရာင္ တစ္မ်ဳိး၊ FDA ကဆို အေရာင္ တစ္မ်ဳိး၊ ႏိုင္ငံျခားက ၀င္လာတာ ဆိုရင္ ပါကင္က အေရာင္တစ္မ်ဳိး ၾကည့္လိုက္တာနဲ႔ ခ်က္ခ်င္း ဘယ္သူ တာ၀န္ယူလဲ ဆိုတာ ခြဲႏိုင္တာတို႔၊ ပင္ရင္းကို ျမန္ျမန္ ထိလြယ္မွပဲ လုပ္တဲ့ သူလည္း ေၾကာက္မယ္။ ျပႆနာေပၚ ရင္လည္း ခ်က္ခ်င္း အရင္းအျမစ္ကို ကိုင္ႏိုင္မယ္ ဆိုရင္ လုပ္တဲ့ သူက မလုပ္ရဲေတာ့ဘူး ေပါ့လို႔ ျမန္မာ စားသံုးသူမ်ား သမဂၢမွ အတြင္းေရးမွဴး ဦးေမာင္ေမာင္က ေျပာပါတယ္။

          အစားအေသာက္ ထုတ္ကုန္ေတြနဲ႔ ပတ္သက္ၿပီး အႏၲရာယ္ ကင္းရွင္းေၾကာင္း ေထာက္ခံခ်က္ လက္မွတ္ကို က်န္းမာေရး ၀န္ႀကီးဌာန လက္ေအာက္မွာ ရွိတဲ့ အစားအေသာက္နဲ႔ ေဆး၀ါး ကြပ္ကဲမႈ ဦးစီး ဌာန (FDA) က ထုတ္ေပးေန ပါတယ္။ (FDA) အေနနဲ႔ ျပည္တြင္းမွာ စားေသာက္ကုန္ ထုတ္လုပ္တဲ့ လုပ္ငန္းေတြက ေထာက္ခံခ်က္ ေလွ်ာက္ထား လာရင္ ထုတ္လုပ္တဲ့ လုပ္ငန္း၊ စက္႐ံု၊ အလုပ္႐ံုဟာ အနိမ့္ဆံုး အားျဖင့္ ေကာင္းမြန္တဲ့ ထုတ္လုပ္မႈ က်င့္စဥ္နဲ႔ ညီၫြတ္ဖို႔၊ အဲဒီလုပ္ငန္း ကေန ထုတ္လုပ္ လိုက္တဲ့ စားေသာက္ကုန္က ဒီစားေသာက္ကုန္ အတြက္ သတ္မွတ္ ထားတဲ့ အေသးစိတ္ အခ်က္အလက္ (Quality Safety Specification) နဲ႔ ကိုက္ညီျခင္း ရွိမရွိ ဓာတ္ခြဲ စစ္ေဆးတယ္။ ၿပီးရင္ စားေသာက္ကုန္ရဲ႕ အမွတ္တံဆိပ္ဟာ သတ္မွတ္ခ်က္ေတြနဲ႔ ကိုက္ညီဖို႔ကို စိစစ္ၿပီး ဒီအပိုင္းေတြ အားလံုး ျပည္စံု ညီၫြတ္မွသာ FDA က အစားအေသာက္ ထုတ္လုပ္မႈ ေထာက္ခံခ်က္ကို ထုတ္ေပးတယ္။ ဒါေပမဲ့ ေစ်းကြက္ထဲမွာ ေရာင္းခ်ေနတဲ့ အစားအေသာက္ ထုတ္ကုန္ အခ်ဳိ႕ ကေတာ့ FDA ေထာက္ခံခ်က္ မယူဘဲ ထုတ္လုပ္ ေရာင္းခ်ၾက တာေတြလည္း ရွိေနတယ္။ ဒါေတြကို ေသခ်ာ စိစစ္ၾကပ္မတ္ ေပးဖို႔ စားသံုးသူေတြက ဆႏၵရွိၾကတယ္။ ဒါ့အျပင္ စားသံုးသူေတြ အေနနဲ႔ စားေသာက္ကုန္ေတြ ကို အႏၲရာယ္ ကင္းရွင္းစြာနဲ႔ အရည္အေသြး အျပည့္ စိတ္ခ်လက္ခ် စားသံုးႏိုင္ဖို႔ ဆိုရင္ သက္ဆိုင္ရာ ဌာနေတြ အေနနဲ႔ ထုတ္ကုန္ တစ္ခုကို ေစ်းကြက္ထဲ ေရာက္မွ အႏၲရာယ္ ရွိမရွိ စစ္ေဆး တာထက္ စထုတ္တဲ့ ပင္ရင္းမွာ ပါ၀င္တဲ့ ကုန္ၾကမ္း ထုတ္လုပ္မႈ ျဖစ္စဥ္မွာ ကတည္းက စိစစ္ ၾကပ္မတ္ဖို႔က အေရးႀကီးေၾကာင္း ပညာရွင္ အခ်ဳိ႕ က ေထာက္ျပတယ္။

          pre market  မွာကတည္းက ကုန္ၾကမ္းေတြကို ေတာက္ေလွ်ာက္ monitor လုပ္ၿပီး GMP (ေကာင္းမြန္ေသာ ထုတ္လုပ္မႈ က်င့္စဥ္) နဲ႔ လုပ္ၿပီး ေစာင့္ၾကည့္ၿပီး ထုတ္လာတဲ့ ထုတ္ကုန္ ဆိုရင္ ကုိယ္က အခ်ိန္မေရြး ေရွာင္တခင္ စစ္ေဆးလို႔ ရတယ္။ ေစာင့္ၾကည့္လို႔ ရတယ္။ အဲဒီလိုဆိုရင္ ထုတ္ကုန္ေတြက အကုန္ စိတ္ခ် ရမယ္။ အခုဟာက အဲဒီလို မျဖစ္ဘူး။ ကၽြန္ေတာ္တို႔က အဲဒီလိုမ်ဳိး ရွိေစခ်င္တယ္။ ထုတ္ကုန္ တစ္ခု ေစ်းကြက္ ထဲေရာက္မွ စစ္ေဆးတာထက္ ထုတ္ကုန္ကို မထုတ္ခင္မွာ ကုန္ၾကမ္းမွာ ကတည္းက ေသခ်ာ စနစ္တက် ေဆာင္ရြက္ျခင္း ရွိမရွိ စစ္ေဆးမယ္ ဆိုရင္ ပိုထိေရာက္မယ္ လို႔ ျမန္မာ စားသံုးသူမ်ားသမဂၢမွ အတြင္းေရးမွဴး ဦးေမာင္ေမာင္က ေျပာပါတယ္။

          ျပည္တြင္း စားေသာက္ကုန္ေတြ အျပင္ နယ္စပ္က ၀င္လာတဲ့ အစားအေသာက္ေတြ ကိုလည္း ေသခ်ာ စိစစ္ဖို႔ လိုတယ္။ တရား၀င္ FDA ေထာက္ခံခ်က္ ယူၿပီး ၀င္လာတဲ့ အစားအေသာက္ေတြက ျပႆနာ မရွိ ေပမယ့္ ေမွာင္ခို လမ္းေၾကာင္းကေန ၀င္လာတဲ့ အစားအေသာက္ေတြက စစ္ေဆးမႈ မရွိလို႔ အႏၲရာယ္ ရွိႏိုင္တဲ့ အတြက္ နယ္စပ္ ကုန္သြယ္ေရးကို ေသခ်ာ ၾကပ္မတ္ဖို႔လည္း လိုအပ္ေနတယ္။ FDA အေနနဲ႔ ျပည္တြင္းကို တင္သြင္း လာတဲ့ အစားအေသာက္ေတြနဲ႔ ပတ္သက္ၿပီး ျပည္တြင္းကို မတင္သြင္းမီမွာ စီးပြားကူးသန္း ကေန တင္သြင္းခြင့္ ေထာက္ခံခ်က္ ထုတ္ေပးဖို႔ စိစစ္တယ္။ တင္သြင္းမယ့္ စားေသာက္ကုန္နဲ႔ ပတ္သက္တဲ့ တစ္ဖက္ ႏိုင္ငံက ထုတ္ေပးတဲ့ စာရြက္စာတမ္းေတြကို စိစစ္ျခင္းနဲ႔ အတူ သေဘၤာ မတင္မီ နမူနာကို ဓာတ္ခြဲ စစ္ေဆးျခင္း ေတြ ေဆာင္ရြက္တယ္။ သတ္မွတ္ခ်က္ေတြနဲ႔ ကိုက္ညီရင္ တင္သြင္းခြင့္ အတြက္ ေထာက္ခံေပးၿပီး ဒုတိယ အဆင့္ အေနနဲ႔ ကေတာ့ တင္သြင္းခြင့္ရလို႔ တင္သြင္းလာတဲ့ စားေသာက္ကုန္ေတြ ဆိပ္ကမ္း၊ နယ္စပ္ စခန္းကို ေရာက္ရွိ လာတဲ့ အခါမွာ ကိုယ္စားျပဳ နမူနာေတြကို ေကာက္ယူ ဓာတ္ခြဲ စစ္ေဆးတယ္။ သေဘၤာတင္ စာရြက္ စာတမ္း အေထာက္အထားေတြ ကိုပါ စိစစ္ရပါတယ္။ စိစစ္ခ်က္အရ တင္သြင္း လာတဲ့ ေထာက္ခံခ်က္ လတ္မွတ္ျပ ႏိုင္သူ ကိုသာ အေကာက္ခြန္ ဦးစီးဌာနက အေကာက္ခြန္ ေပးေဆာင္ေစၿပီး ပစၥည္းထုတ္ယူ ေရာင္းခ်ခြင့္ ေပးတဲ့ စနစ္ကို က်င့္သံုးတယ္။ တရား၀င္ မဟုတ္ဘဲ ေမွာင္ခို လမ္းေၾကာင္း ကေန ေစ်းကြက္ထဲ ေရာက္လာတဲ့ စားေသာက္ကုန္ေတြ ကိုလည္း ေစ်းကြက္ ထဲမွာ လိုက္လံ စစ္ေဆးတာမ်ဳိးေတြ၊ ေဆာင္ရြက္ တာေတြလည္း ရွိတယ္လို႔  အစားအေသာက္နဲ႔  ေဆး၀ါး ကြပ္ကဲေရး ဦးစီးဌာနထံ ကေန သိရတယ္။

          ျမန္မာလူမ်ဳိးေတြဟာ အစားအစာ စားတဲ့ အခါမွာ တလြဲ အယူအဆနဲ႔ အႏၲရာယ္ကို ဖိတ္ေခၚေန ပါတယ္။ ဟင္းခ်က္ ရင္လည္း အေရာင္ေလးပါမွ ငပိ၊ ငါးေျခာက္၊ လက္ဖက္၊ ထန္းလ်က္ ေတြေတာင္ ဆိုးေဆးက မကင္း။

          ရာသီဥတု ဆိုးရြာလာၿပီး၊ ေလထု ေျမထု ေရထုမွာပါ အဆိပ္အေတာက္ေတြ ေပၚမ်ားလာတဲ့ ေခတ္ႀကီး ထဲမွာ က်န္းမာေရးကို အသိ သတိထား ၪာဏ္နဲ႔ ပညာနဲ႔ယွဥ္ကာ ဂ႐ုျပဳ စားသုံးဖို႔ လိုလာေန ပါၿပီ။ အသက္ရွည္ က်န္းမာဖို႔ အတြက္ မႏြယ္ႏြယ္ေအးလိုပဲ မစားသင့္တဲ့ အစားအေသာက္ေတြကုိ မစားဖုိ႔ လုိၿပီး ေန႔စဥ္ အစားအေသာက္ ေတြမွာ က်န္းမာေရးနဲ႔ ညီမညီ လူကုိ အႏၲရာယ္ ျပဳမျပဳ သတိထား ခ်င့္ခ်ိန္ဖုိ႔ ျမန္မာ ျပည္သူေတြ လိုအပ္ေနပါတယ္။

သက္စုေအာင္
Messenger News Journal
http://www.messengerdaily.com/

...............................................


     မနွယ်နွယ်အေးက ငရုတ် အချဉ်ရည်ကို အရမ်းကြိုက်တဲ့ သူတစ်ယောက်ပါ။ ခေါက်ဆွဲကြော်၊ ခေါက်ဆွဲသုပ် စားရင်လည်း ငရုတ်ချဉ်ရည် ရွှဲရွှဲလေး။ ၀က်သားတုတ်ထိုး စားလည်း ငရုတ်ချဉ်ရည်နဲ့မှ။ ထမင်းသုပ်စား ရင်တောင် ငရုတ်ချဉ်ရည် ထည့်ပြီး နယ်စားရ တာကို နှစ်သက်သူ။ ငရုတ်ချဉ်ရည် အရမ်းကြိုက်တဲ့ မနွယ်နွယ်အေး တစ်ယောက် ငရုတ်ချဉ်ကို အပြီးအပိုင် စွန့်လွှတ်လိုက်တဲ့နေ့ ကတော့ ဇန်နဝါရီလ (၁၄) ရက်နေ့ ကပါ။

          အဲဒီနေ့က မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ငရုတ်ဆီ လုပ်ငန်း တစ်ခုကို စစ်ဆေးတာနဲ့ ပတ်သက်ပြီး ဖော်ပြထားတဲ့ ငရုတ်ဆီ ထုတ်လုပ်တဲ့ လုပ်ငန်းဓာတ်ပုံ တွေကို တွေ့ပြီးနောက် ငရုတ်ချဉ်ရည်ကို တစ်သက်လုံး မစားတော့ဘူးလို့ မနွယ်နွယ်အေးက စိတ်ပိုင်းဖြတ်လိုက် တာပါ။

          မန္တလေးမြို့တော် စည်ပင်က စစ်ဆေး ဖော်ထုတ်ခဲ့တဲ့ ငရုတ်ဆီ လုပ်ငန်းတွင် အသုံးပြုတဲ့ ကုန်ကြမ်း ပစ္စည်းတွေ မှန်ကန်မှု မရှိခြင်း၊ ကျန်းမာရေးအား ဆိုးရွားစွာ ထိခိုက်နိုင်တဲ့ ကုန်ကြမ်း ပစ္စည်းများ ဖြစ်နေခြင်း၊ ထုတ်လုပ်မှု အဆင့်ဆင့်တွင် စားသုံးသူတွေ အတွက် ဘေးအန္တရာယ် မကင်းရှင်းသည် သာမက ငရုတ်ဆီ ထုတ်လုပ်သည့် နေရာသည် မီးဘေးအန္တရာယ် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေခြင်း ဖြစ်တယ်။ အဆိုးဆုံးမှာ စားသုံးသူတွေရဲ့ ကျန်းမာရေးကို ဆိုးကျိုးပေး နိုင်တဲ့ အမျိုးအမည် မသိ ဓာတုဗေဒ အချဉ်မှုန့် တွေကို ရောနှော ကျိုချက် ထားခြင်း ဖြစ်ပါတယ်။

           အဲဒီလို ပုံစံနဲ့ ထုတ်လုပ်တယ် ဆိုတာ အရင်က မသိခဲ့ဘူး။ ပုံတွေ မြင်လိုက် တော့မှ တော်တော် စိတ်ကုန် သွားတယ်။ ဒီတစ်ခုတည်းတင် မဟုတ်ဘူး။ ကိုယ်နေ့စဉ် စားသောက် နေတဲ့ အစားအသောက် တွေတောင် သံသယဝင် လာတယ်။ စားသုံးသူတွေ အတွက် ဘယ်လောက်များ အန္တရာယ်များ လိုက်မလဲလို့။ သေချာတာ ကတော့ ငရုတ်ချဉ်ကတော့ လုံးဝပြတ် သွားတယ် လို့ ချမ်းမြသာစည် မြို့နယ်မှာ နေထိုင်တဲ့ မနွယ်နွယ်အေးက ပြောပါတယ်။

          နေ့စဉ် သောက်သုံးနေတဲ့ ရေသန့်က စပြီး နေ့စဉ် ဟင်းချက်ရာမှာ အသုံးပြုတဲ့ ဆီ၊ ငပိ၊ ငရုတ်သီးမှုန့်၊ သီးနှံ စတဲ့ စားသောက်ကုန် အစားအသောက်တွေကို အခု နောက်ပိုင်းမှာ စိတ်ချလက်ချ သုံးစွဲဖို့ မရဲတော့ဘဲ စားသုံးသူတွေ အနေနဲ့ စိုးရိမ်မှု တွေရှိ လာကြ တာပါ။ ဒါ့အပြင် အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာန က စျေးကွက်မှာ စစ်ဆေးတွေ့ရှိတဲ့ စံမညီ၊ စားသုံးရန် မသင့်ဆိုတဲ့ ထုတ်ပြန်တဲ့ အစားအသောက်တွေ မှာလည်း အများစုက နေ့စဉ် အသုံး ပြုနေရတဲ့ စားသောက်ကုန်တွေ ပါ၀င်နေ တာကို တွေ့ရ ပါတယ်။ ခေတ်မီ ဓာတုဆေး ပစ္စည်းတွေ ပေါများ လာတဲ့ ယနေ့ခေတ်မှာ အသီးအနှံက အစ သဘာဝသစ်သီး ဆိုတာ ရှားပါး လာပြီး စျေးကွက်မှာ ရောင်းပန်းလှ နိုင်ဖို့ သီးနှံစိမ်းတွေ ကိုပါ ဓာတုဗေဒ ဆေးရည်သုတ်လိမ်း ရောင်းချ တာတွေ ပါရှိလာတယ်။

           သားဖြစ်သူကို ကျွေးချင်လို့ ငှက်ပျောသီးသွား ၀ယ်တယ်။ ကိုယ်ရှေ့မှာပဲ ငှက်ပျောသီး အစိမ်းကို ဆေးရည်တွေ စိမ်နေတယ်။ ၀ယ်လာတဲ့ ငှက်ပျောသီးက အခွံ ကတော့ ၀င်းမှည့်နေတယ်။ အထဲက အသားက အစိမ်းအတိုင်းပဲ။ ဒါသမားရိုးကျ မဟုတ်ဘူး။ အစိမ်းကို အမြန်မှည့်အောင် ဆေးရည်စိမ်တယ်။ သမားရိုးကျ မဟုတ်ရင်တော့ ဘယ်အရာမှ စိတ်မချ ရဘူး။ သဘာဝ အမှည့်က ပိုကောင်းပေမယ့်လည်း အခု နောက်ပိုင်း အသီးအနှံ မှန်သမျှကလည်း ဆေးစိမ်၊ ဆေးထိုးမှည့်ပြီး ရောင်းကြတော့ စားတာတော့ အစာပေမယ့် အဆိပ် စားနေရသလို ဖြစ်နေတယ် လို့ ကုမ္ပဏီဝန်ထမ်း ဖြစ်သူ ကိုမင်းမင်းက ပြောတယ်။

          လက်ရှိမှာ အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ပတ်သက်ပြီး အစားအသောက်နဲ့ ပတ်သက်ပြီး အဓိက တာဝန်ရှိတဲ့ အစား အသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန(FDA) အပြင် စည်ပင်သာယာရေး ကော်မတီ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန လက်အောက်မှာ ရှိတဲ့ ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူ ရေးရာ ဦးစီးဌာနတို့က အစားအသောက်နဲ့ ပတ်သက်ပြီး ပညာပေး လုပ်ငန်းတွေ၊ စျေးကွက်မှာ စားသုံးရန် မသင့်တဲ့ အစားအသောက် တွေကို စစ်ဆေးတာမျိုးတွေ ဆောင်ရွက် နေပေမယ့်လည်း တကယ့် လက်တွေ့မ ှာတော့ ထိရောက်မှု အားနည်းနေတယ်။

           ဌာနဆိုင်ရာ အချင်းချင်း ကလည်း ချိတ်ဆက်မှု အားနည်းတယ်။ တစ်ယောက်နဲ့ တစ်ယောက် role ကို ကွဲကွဲပြားပြား မယူဘူး။ အဲဒါက မထိရောက်ဘူး။ mapping သေချာ လုပ်ပြီး သူ့တာဝန်၊ ကိုယ့်တာဝန် သေချာ ခွဲပြီးတော့ တံဆိပ် ဆိုလည်း တံဆိပ်၊ လိုင်စင် ဆိုလည်း လိုင်စင်၊ ဘယ်သူက ဘယ်ဟာကို ပေးထားတယ်။ စည်ပင်က လိုင်စင်ပေးထား တာဆို အဲဒီ တံဆိပ်နဲ့ ထုတ်တဲ့ ပါကင်တွေက အရောင် တစ်မျိုး၊ FDA ကဆို အရောင် တစ်မျိုး၊ နိုင်ငံခြားက ၀င်လာတာ ဆိုရင် ပါကင်က အရောင်တစ်မျိုး ကြည့်လိုက်တာနဲ့ ချက်ချင်း ဘယ်သူ တာဝန်ယူလဲ ဆိုတာ ခွဲနိုင်တာတို့၊ ပင်ရင်းကို မြန်မြန် ထိလွယ်မှပဲ လုပ်တဲ့ သူလည်း ကြောက်မယ်။ ပြဿနာပေါ် ရင်လည်း ချက်ချင်း အရင်းအမြစ်ကို ကိုင်နိုင်မယ် ဆိုရင် လုပ်တဲ့ သူက မလုပ်ရဲတော့ဘူး ပေါ့လို့ မြန်မာ စားသုံးသူများ သမဂ္ဂမှ အတွင်းရေးမှူး ဦးမောင်မောင်က ပြောပါတယ်။

          အစားအသောက် ထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး အန္တရာယ် ကင်းရှင်းကြောင်း ထောက်ခံချက် လက်မှတ်ကို ကျန်းမာရေး ၀န်ကြီးဌာန လက်အောက်မှာ ရှိတဲ့ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲမှု ဦးစီး ဌာန (FDA) က ထုတ်ပေးနေ ပါတယ်။ (FDA) အနေနဲ့ ပြည်တွင်းမှာ စားသောက်ကုန် ထုတ်လုပ်တဲ့ လုပ်ငန်းတွေက ထောက်ခံချက် လျှောက်ထား လာရင် ထုတ်လုပ်တဲ့ လုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံဟာ အနိမ့်ဆုံး အားဖြင့် ကောင်းမွန်တဲ့ ထုတ်လုပ်မှု ကျင့်စဉ်နဲ့ ညီညွတ်ဖို့၊ အဲဒီလုပ်ငန်း ကနေ ထုတ်လုပ် လိုက်တဲ့ စားသောက်ကုန်က ဒီစားသောက်ကုန် အတွက် သတ်မှတ် ထားတဲ့ အသေးစိတ် အချက်အလက် (Quality Safety Specification) နဲ့ ကိုက်ညီခြင်း ရှိမရှိ ဓာတ်ခွဲ စစ်ဆေးတယ်။ ပြီးရင် စားသောက်ကုန်ရဲ့ အမှတ်တံဆိပ်ဟာ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီဖို့ကို စိစစ်ပြီး ဒီအပိုင်းတွေ အားလုံး ပြည်စုံ ညီညွတ်မှသာ FDA က အစားအသောက် ထုတ်လုပ်မှု ထောက်ခံချက်ကို ထုတ်ပေးတယ်။ ဒါပေမဲ့ စျေးကွက်ထဲမှာ ရောင်းချနေတဲ့ အစားအသောက် ထုတ်ကုန် အချို့ ကတော့ FDA ထောက်ခံချက် မယူဘဲ ထုတ်လုပ် ရောင်းချကြ တာတွေလည်း ရှိနေတယ်။ ဒါတွေကို သေချာ စိစစ်ကြပ်မတ် ပေးဖို့ စားသုံးသူတွေက ဆန္ဒရှိကြတယ်။ ဒါ့အပြင် စားသုံးသူတွေ အနေနဲ့ စားသောက်ကုန်တွေ ကို အန္တရာယ် ကင်းရှင်းစွာနဲ့ အရည်အသွေး အပြည့် စိတ်ချလက်ချ စားသုံးနိုင်ဖို့ ဆိုရင် သက်ဆိုင်ရာ ဌာနတွေ အနေနဲ့ ထုတ်ကုန် တစ်ခုကို စျေးကွက်ထဲ ရောက်မှ အန္တရာယ် ရှိမရှိ စစ်ဆေး တာထက် စထုတ်တဲ့ ပင်ရင်းမှာ ပါ၀င်တဲ့ ကုန်ကြမ်း ထုတ်လုပ်မှု ဖြစ်စဉ်မှာ ကတည်းက စိစစ် ကြပ်မတ်ဖို့က အရေးကြီးကြောင်း ပညာရှင် အချို့ က ထောက်ပြတယ်။

          pre market  မှာကတည်းက ကုန်ကြမ်းတွေကို တောက်လျှောက် monitor လုပ်ပြီး GMP (ကောင်းမွန်သော ထုတ်လုပ်မှု ကျင့်စဉ်) နဲ့ လုပ်ပြီး စောင့်ကြည့်ပြီး ထုတ်လာတဲ့ ထုတ်ကုန် ဆိုရင် ကိုယ်က အချိန်မရွေး ရှောင်တခင် စစ်ဆေးလို့ ရတယ်။ စောင့်ကြည့်လို့ ရတယ်။ အဲဒီလိုဆိုရင် ထုတ်ကုန်တွေက အကုန် စိတ်ချ ရမယ်။ အခုဟာက အဲဒီလို မဖြစ်ဘူး။ ကျွန်တော်တို့က အဲဒီလိုမျိုး ရှိစေချင်တယ်။ ထုတ်ကုန် တစ်ခု စျေးကွက် ထဲရောက်မှ စစ်ဆေးတာထက် ထုတ်ကုန်ကို မထုတ်ခင်မှာ ကုန်ကြမ်းမှာ ကတည်းက သေချာ စနစ်တကျ ဆောင်ရွက်ခြင်း ရှိမရှိ စစ်ဆေးမယ် ဆိုရင် ပိုထိရောက်မယ် လို့ မြန်မာ စားသုံးသူများသမဂ္ဂမှ အတွင်းရေးမှူး ဦးမောင်မောင်က ပြောပါတယ်။

          ပြည်တွင်း စားသောက်ကုန်တွေ အပြင် နယ်စပ်က ၀င်လာတဲ့ အစားအသောက်တွေ ကိုလည်း သေချာ စိစစ်ဖို့ လိုတယ်။ တရားဝင် FDA ထောက်ခံချက် ယူပြီး ၀င်လာတဲ့ အစားအသောက်တွေက ပြဿနာ မရှိ ပေမယ့် မှောင်ခို လမ်းကြောင်းကနေ ၀င်လာတဲ့ အစားအသောက်တွေက စစ်ဆေးမှု မရှိလို့ အန္တရာယ် ရှိနိုင်တဲ့ အတွက် နယ်စပ် ကုန်သွယ်ရေးကို သေချာ ကြပ်မတ်ဖို့လည်း လိုအပ်နေတယ်။ FDA အနေနဲ့ ပြည်တွင်းကို တင်သွင်း လာတဲ့ အစားအသောက်တွေနဲ့ ပတ်သက်ပြီး ပြည်တွင်းကို မတင်သွင်းမီမှာ စီးပွားကူးသန်း ကနေ တင်သွင်းခွင့် ထောက်ခံချက် ထုတ်ပေးဖို့ စိစစ်တယ်။ တင်သွင်းမယ့် စားသောက်ကုန်နဲ့ ပတ်သက်တဲ့ တစ်ဖက် နိုင်ငံက ထုတ်ပေးတဲ့ စာရွက်စာတမ်းတွေကို စိစစ်ခြင်းနဲ့ အတူ သင်္ဘော မတင်မီ နမူနာကို ဓာတ်ခွဲ စစ်ဆေးခြင်း တွေ ဆောင်ရွက်တယ်။ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရင် တင်သွင်းခွင့် အတွက် ထောက်ခံပေးပြီး ဒုတိယ အဆင့် အနေနဲ့ ကတော့ တင်သွင်းခွင့်ရလို့ တင်သွင်းလာတဲ့ စားသောက်ကုန်တွေ ဆိပ်ကမ်း၊ နယ်စပ် စခန်းကို ရောက်ရှိ လာတဲ့ အခါမှာ ကိုယ်စားပြု နမူနာတွေကို ကောက်ယူ ဓာတ်ခွဲ စစ်ဆေးတယ်။ သင်္ဘောတင် စာရွက် စာတမ်း အထောက်အထားတွေ ကိုပါ စိစစ်ရပါတယ်။ စိစစ်ချက်အရ တင်သွင်း လာတဲ့ ထောက်ခံချက် လတ်မှတ်ပြ နိုင်သူ ကိုသာ အကောက်ခွန် ဦးစီးဌာနက အကောက်ခွန် ပေးဆောင်စေပြီး ပစ္စည်းထုတ်ယူ ရောင်းချခွင့် ပေးတဲ့ စနစ်ကို ကျင့်သုံးတယ်။ တရားဝင် မဟုတ်ဘဲ မှောင်ခို လမ်းကြောင်း ကနေ စျေးကွက်ထဲ ရောက်လာတဲ့ စားသောက်ကုန်တွေ ကိုလည်း စျေးကွက် ထဲမှာ လိုက်လံ စစ်ဆေးတာမျိုးတွေ၊ ဆောင်ရွက် တာတွေလည်း ရှိတယ်လို့  အစားအသောက်နဲ့  ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနထံ ကနေ သိရတယ်။

          မြန်မာလူမျိုးတွေဟာ အစားအစာ စားတဲ့ အခါမှာ တလွဲ အယူအဆနဲ့ အန္တရာယ်ကို ဖိတ်ခေါ်နေ ပါတယ်။ ဟင်းချက် ရင်လည်း အရောင်လေးပါမှ ငပိ၊ ငါးခြောက်၊ လက်ဖက်၊ ထန်းလျက် တွေတောင် ဆိုးဆေးက မကင်း။

          ရာသီဥတု ဆိုးရွာလာပြီး၊ လေထု မြေထု ရေထုမှာပါ အဆိပ်အတောက်တွေ ပေါ်များလာတဲ့ ခေတ်ကြီး ထဲမှာ ကျန်းမာရေးကို အသိ သတိထား  ဉာဏ်နဲ့ ပညာနဲ့ယှဉ်ကာ ဂရုပြု စားသုံးဖို့ လိုလာနေ ပါပြီ။ အသက်ရှည် ကျန်းမာဖို့ အတွက် မနွယ်နွယ်အေးလိုပဲ မစားသင့်တဲ့ အစားအသောက်တွေကို မစားဖို့ လိုပြီး နေ့စဉ် အစားအသောက် တွေမှာ ကျန်းမာရေးနဲ့ ညီမညီ လူကို အန္တရာယ် ပြုမပြု သတိထား ချင့်ချိန်ဖို့ မြန်မာ ပြည်သူတွေ လိုအပ်နေပါတယ်။

သက်စုအောင်
Messenger News Journal
http://www.messengerdaily.com/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)