Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, February 27, 2016

ကြၽန္ေတာ္ရဲ ့ဘာသာျပန္ျခင္း

တေန႔က က်ေနာ္ ေရႊဝါေျမမွာထိုင္ေနတုန္း
ကေလးမတစ္ေယာက္ ေရာက္လာျပီး အကူအညီလာေတာင္းတယ္… …

“ေလးသန္… သမီးကို အဂၤလိပ္စာေၾကာင္းေလး နွစ္ေၾကာင္း ဘာသာျပန္ေပးပါလား”
“အင္း…”

“သမီးကို ခ်စ္ေရးဆိုေနတ့ဲ ေကာင္ေလးက Viber ကေန ပို႔လိုက္တာ၊ သမီးကလည္း အဂၤလိပ္လို သိပ္နားမလည္လို႔ ေလးသန္ကို အကူအညီေတာင္းရတာပါ”
“ရပါတယ္၊ ဘယ္စာေၾကာင္းလဲ ျပေလ”

ကေလးမက အဂၤလိပ္စာေလး ၂ ေၾကာင္းျပတယ္… …

“If you be my star
I’ll be your sky တ့ဲ ေလးသန္”

“ဒါေလးမ်ား လြယ္ပါတယ္သမီးရဲ႕၊ စကားလံုးတစ္လံုးျခင္း ရွင္းျပမယ္”
“ဟုတ္… ”

“if ဆိုတာ တကယ္လို႔ ဆိုတ့ဲ အဓိပၸယ္”
“ဟုတ္…”

“you က မင္း။ I က ငါ။ star က ၾကယ္ ေလ”
“ဟုတ္က့ဲ၊ အ့ဲဒီေလာက္ေတာ့ သမီးရိုးတိုးရိတ္တိတ္ သိတယ္ ေလးသန္”

“အင္း… your က မင္းရဲ႕တ့ဲ။ sky ဆိုတာက ေကာင္းကင္၊ အ့ဲဟာေတြ ေပါင္းလိုက္ေတာ့…”
“ေပါင္းလိုက္ေတာ့ ဘာတ့ဲလဲ ေလးသန္”

“တကယ္လို႔ မင္းသာ ငါ့အတြက္ က်ယ္မယ္ဆိုရင္… ငါ မင္းကို ေကာင္းေကာင္းကင္မယ္ တ့ဲ”

“ရႊမ္… အ့ဲလိုဂ်ီးလား”

“အင္း… ”
“ရၿပီေလးသန္ ေက်းဇူးပဲ၊ အ့ဲေသနာေကာင္နဲ႔ သမီးနဲ႔ ေတြ႔မယ္၊ ဟြင္း ဟြင္း ငါ့ကို စာမတတ္ေပမတတ္ဆိုၿပီး မဟုတ္တယုတ္ လာေျပာတ့ဲေကာင္ ငါ့အခ်စ္ေတာ့ မရဘူးေဟ့ လက္ဝါးပဲရမယ္”… ဆိုျပီး ေဇာင့္ ေဇာင့္ နဲ႔ ထြက္သြားပါေလေရာ

အမငီး ပါးေတက်ိန္းထာ
.
.
ရမ္းဘာသာျပန္တ့ဲ – သန္၄ကုိ
......................
ကျွန်တော်ရဲ. ဘာသာပြန်ခြင်း

တနေ့က ကျနော် ရွှေဝါမြေမှာထိုင်နေတုန်း
ကလေးမတစ်ယောက် ရောက်လာပြီး အကူအညီလာတောင်းတယ်… …

“လေးသန်… သမီးကို အင်္ဂလိပ်စာကြောင်းလေး နှစ်ကြောင်း ဘာသာပြန်ပေးပါလား”
“အင်း…”

“သမီးကို ချစ်ရေးဆိုနေတဲ့ ကောင်လေးက Viber ကနေ ပို့လိုက်တာ၊ သမီးကလည်း အင်္ဂလိပ်လို သိပ်နားမလည်လို့ လေးသန်ကို အကူအညီတောင်းရတာပါ”
“ရပါတယ်၊ ဘယ်စာကြောင်းလဲ ပြလေ”

ကလေးမက အင်္ဂလိပ်စာလေး ၂ ကြောင်းပြတယ်… …

“If you be my star
I’ll be your sky တဲ့ လေးသန်”

“ဒါလေးများ လွယ်ပါတယ်သမီးရဲ့၊ စကားလုံးတစ်လုံးခြင်း ရှင်းပြမယ်”
“ဟုတ်… ”

“if ဆိုတာ တကယ်လို့ ဆိုတဲ့ အဓိပ္ပယ်”
“ဟုတ်…”

“you က မင်း။ I က ငါ။ star က ကြယ် လေ”
“ဟုတ်ကဲ့၊ အဲ့ဒီလောက်တော့ သမီးရိုးတိုးရိတ်တိတ် သိတယ် လေးသန်”

“အင်း… your က မင်းရဲ့တဲ့။ sky ဆိုတာက ကောင်းကင်၊ အဲ့ဟာတွေ ပေါင်းလိုက်တော့…”
“ပေါင်းလိုက်တော့ ဘာတဲ့လဲ လေးသန်”

“တကယ်လို့ မင်းသာ ငါ့အတွက် ကျယ်မယ်ဆိုရင်… ငါ မင်းကို ကောင်းကောင်းကင်မယ် တဲ့”

“ရွှမ်… အဲ့လိုဂျီးလား”

“အင်း… ”
“ရပြီလေးသန် ကျေးဇူးပဲ၊ အဲ့သေနာကောင်နဲ့ သမီးနဲ့ တွေ့မယ်၊ ဟွင်း ဟွင်း ငါ့ကို စာမတတ်ပေမတတ်ဆိုပြီး မဟုတ်တယုတ် လာပြောတဲ့ကောင် ငါ့အချစ်တော့ မရဘူးဟေ့ လက်ဝါးပဲရမယ်”… ဆိုပြီး ဇောင့် ဇောင့် နဲ့ ထွက်သွားပါလေရော

အမငီး ပါးတေကျိန်းထာ
.
.
ရမ်းဘာသာပြန်တဲ့ – သန်၄ကို

No comments:

Post a Comment