Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 22, 2016

ေနာက္ စကၠန္႕ ၆၀ မွာ သင္ ဘာေၾကာင့္ ေသဆုံးသြားႏုိင္တာလဲ

တရားသေဘာ ႐ႈေထာင့္ကမဟုတ္ဘဲ လက္႐ွိအခ်ိန္ကေန ေနာက္ စကၠန္႕ ၆၀ အတြင္း လူတစ္ေယာက္ ေသဆုံးသြားႏုိင္တဲ့ အေျခအေနအခ်ဳိ႕ ႐ွိေနပါတယ္။

ေကြးေသာလက္ မဆန္႕ခင္၊ ဆန္႕ေသာလက္ မေကြးခင္ ဆုိတဲ့ ျမန္မာစကားပုံတစ္ခု ႐ွိပါတယ္။ ေသျခင္းတရားဆုိတာ အခ်ိန္မေ႐ြး ႀကဳံေတြ႕ႏုိင္ဆုိတဲ့ တရားသေဘာ ျဖစ္ပါတယ္။ အမွန္ပါပဲ။ ကမာၻႀကီးမွာ ေနထုိင္ေနသူ အားလုံးဟာ အခ်ိန္မေ႐ြး ေသဆုံးသြားႏုိင္ပါတယ္။

တရားသေဘာ ႐ႈေထာင့္ကမဟုတ္ဘဲ လက္႐ွိအခ်ိန္ကေန ေနာက္ စကၠန္႕ ၆၀ အတြင္း လူတစ္ေယာက္ ေသဆုံးသြားႏုိင္တဲ့ အေျခအေနအခ်ဳိ႕ကုိ အခုလုိ ေတြ႕ရပါတယ္။

ၿဂိဳဟ္ေပါက္ကြဲမႈမ်ား

စၾကဝဠာထဲမွာ ႐ွိေနတဲ့ ေနကဲ့သို႕ေသာ ၿဂဳိဟ္ေတြရဲ႕ ေပါက္ကြဲမႈျဖစ္စဥ္ကေန ထြက္ေပၚလာတဲ့ အစိတ္အပုိင္းတစ္ခုက လူသားေတြေနထုိင္တဲ့ ကမာၻႀကီးကုိ သူ႕ရဲ႕ ၿဂဳိဟ္ပတ္လမ္းေၾကာင္းကေန လြင့္ထြက္သြားႏုိင္ပါတယ္။

အကယ္၍ စကၠန္႕ ၆၀ တုိင္းမွာ အဲဒီလၿဂဳိဟ္ေပါင္း ၁,၈၀၀ မွာ ေပါက္ကြဲမႈျဖစ္စဥ္ ျဖစ္ေလ့႐ွိတယ္ဆုိတာ သိရရင္ ကမာၻႀကီးေပၚမွာ ေနထုိင္တဲ့ လူသားေတြ တုန္လႈပ္သြားပါလိမ့္မယ္။ လူသားေတြ ေနထုိင္တဲ့ ကမာၻႀကီးဟာ ၿဂဳိဟ္ေပါက္ကြဲမႈေၾကာင့္လည္း အခ်ိန္မေ႐ြး လႈပ္ခါသြားႏုိင္ၿပီး အသက္ေဘးအႏၱရာယ္ ႀကဳံရႏုိင္ပါသတဲ့။

မုိးႀကဳိးပစ္ျခင္း

မုိးႀကဳိးပစ္တာကုိ လူတုိင္း သိၾကပါလိမ့္မယ္။ ကမာၻတစ္ဝန္းမွာ လူေတြ၊ တိရိစာၦန္ေတြ အမ်ားအျပားဟာ မုိးႀကဳိးပစ္ခံရၿပီး ေသဆုံးေလ့႐ွိပါတယ္။
တစ္ကယ္ေတာ့ မုိးႀကဳိးပစ္ျခင္းက လူအမ်ားစု သိထားတာထက္ ပုိေၾကာက္စရာ ေကာင္းလွပါတယ္။ ဘာေၾကာင့္လည္းဆုိေတာ့ စကၠန္႕ ၆၀ တုိင္းမွာ အႀကိမ္ေပါင္း ၃၆၀ အထိ မုိးႀကဳိးပစ္ေလ့႐ွိလုိ႕ပါပဲ။

ငလ်င္လႈပ္ျခင္း

ငလ်င္လႈပ္ျခင္းက အဆုိးဆုံး သဘာဝ ေဘးအႏၱရာယ္တစ္ခု ျဖစ္ပါတယ္။ ငလ်င္ေၾကာင့္ လူ႕အသက္ေပါင္းမ်ားစြာ ဆုံး႐ႈံးရသလုိ အိုးမဲ့အိမ္မဲ့ ျဖစ္မႈေတြနဲ႕အတူ လူမႈဘဝေတြလည္း ပ်က္စီးရေလ့႐ွိပါတယ္။
ငလ်င္လႈပ္ခတ္မႈ ႀကီးႀကီးမားမားေတြ ျဖစ္ေပၚတဲ့အခါ ဒီ သဘာဝေဘးအႏၱရာယ္ကုိ လူသားေတြက ေၾကာက္႐ြံ႕ထိတ္လန္႕ေလ့႐ွိပါတယ္။ တစ္ကယ္တမ္းမွာေတာ့ ကမာၻႀကီးဟာ စကၠန္႕ ၆၀ တုိင္းမွာ ၅ ႀကိမ္ လႈပ္ခါေနပါသတဲ့။

ေသဆုံးမႈႏႈန္း
လူေတြဟာ မေတာ္တဆျဖစ္မႈ၊ တုိက္ခုိက္ခံရမႈ၊ သဘာဝေဘးဒဏ္ စတဲ့ အေၾကာင္းေတြေၾကာင့္ ေန႕စဥ္ ေသဆုံးေနၾကပါတယ္။
ဒါေပမယ့္ စကၠန္႕ ၆၀ တုိင္းမွာ လူ ၁၀၇ ဦး ေသဆုံးေနတာ ျဖစ္တဲ့အတြက္ ေနာက္ စကၠန္႕ ၆၀ ဆုိရင္ သင္ အသက္႐ွိေနအုံးမလား မေျပာႏုိင္ပါဘူး။

ဆဲလ္ ေသဆုံးမႈ
လူေတြရဲ႕ ခႏၶာကုိယ္မွာ ဆဲလ္ေပါင္း ေျမာက္ျမားစြာ ႐ွိေနပါတယ္။ အဲဒီ ဆဲလ္ေတြဟာလည္း စကၠန္႕ ၆၀ တုိင္းမွာ ေသဆုံးသြားေလ့႐ွိပါတယ္။ လူတစ္ေယာက္ရဲ႕ ခႏၶာကုိယ္မွာ႐ွိတဲ့ ဆဲလ္အေရအတြက္ သန္း ၃၀၀ ဟာ စကၠန္႕ ၆၀ တုိင္းမွာ ေသဆုံးသြားတယ္လုိ႕ ဆုိပါတယ္။
သုိ႕ေသာ္လည္း ဆဲလ္ေတြ အဲဒီေလာက္ပမာဏ ေသဆုံးသြားလုိ႕ လူတစ္ဦး ေသဆုံးသြားတာမ်ဳိးေတာ့လည္း မဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆုိေတာ့ လူတစ္ဦးရဲ႕ ခႏၶာကိုယ္မွာ ဆဲလ္ အေရအတြက္ေပါင္း ၅၀ ကေန ၁၀၀ ထရီလီယံအထိ ႐ွိေနတာေၾကာင့္ ျဖစ္ပါတယ္။ လူ႕ခႏၶာကုိယ္မွာ႐ွိတဲ့ ဆဲလ္ေတြ ေန႕စဥ္နဲ႕အမွ် ေသဆုံးတာေၾကာင့္ လူေတြဟာ အသက္ႀကီးလာၿပီး အုိမင္းရင့္ေရာ္လာၾကတာပါ။
Source & Photo: Reason
Credit: duwun
...................
နောက် စက္ကန့် ၆၀ မှာ သင် ဘာကြောင့် သေဆုံးသွားနိုင်တာလဲ

တရားသဘော ရှုထောင့်ကမဟုတ်ဘဲ လက်ရှိအချိန်ကနေ နောက် စက္ကန့် ၆၀ အတွင်း လူတစ်ယောက် သေဆုံးသွားနိုင်တဲ့ အခြေအနေအချို့ ရှိနေပါတယ်။

ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင် ဆိုတဲ့ မြန်မာစကားပုံတစ်ခု ရှိပါတယ်။ သေခြင်းတရားဆိုတာ အချိန်မရွေး ကြုံတွေ့နိုင်ဆိုတဲ့ တရားသဘော ဖြစ်ပါတယ်။ အမှန်ပါပဲ။ ကမ္ဘာကြီးမှာ နေထိုင်နေသူ အားလုံးဟာ အချိန်မရွေး သေဆုံးသွားနိုင်ပါတယ်။

တရားသဘော ရှုထောင့်ကမဟုတ်ဘဲ လက်ရှိအချိန်ကနေ နောက် စက္ကန့် ၆၀ အတွင်း လူတစ်ယောက် သေဆုံးသွားနိုင်တဲ့ အခြေအနေအချို့ကို အခုလို တွေ့ရပါတယ်။
ဂြိုဟ်ပေါက်ကွဲမှုများ

စကြဝဠာထဲမှာ ရှိနေတဲ့ နေကဲ့သို့သော ဂြိုဟ်တွေရဲ့ ပေါက်ကွဲမှုဖြစ်စဉ်ကနေ ထွက်ပေါ်လာတဲ့ အစိတ်အပိုင်းတစ်ခုက လူသားတွေနေထိုင်တဲ့ ကမ္ဘာကြီးကို သူ့ရဲ့ ဂြိုဟ်ပတ်လမ်းကြောင်းကနေ လွင့်ထွက်သွားနိုင်ပါတယ်။

အကယ်၍ စက္ကန့် ၆၀ တိုင်းမှာ အဲဒီလဂြိုဟ်ပေါင်း ၁,၈၀၀ မှာ ပေါက်ကွဲမှုဖြစ်စဉ် ဖြစ်လေ့ရှိတယ်ဆိုတာ သိရရင် ကမ္ဘာကြီးပေါ်မှာ နေထိုင်တဲ့ လူသားတွေ တုန်လှုပ်သွားပါလိမ့်မယ်။ လူသားတွေ နေထိုင်တဲ့ ကမ္ဘာကြီးဟာ ဂြိုဟ်ပေါက်ကွဲမှုကြောင့်လည်း အချိန်မရွေး လှုပ်ခါသွားနိုင်ပြီး အသက်ဘေးအန္တရာယ် ကြုံရနိုင်ပါသတဲ့။

မိုးကြိုးပစ်ခြင်း

မိုးကြိုးပစ်တာကို လူတိုင်း သိကြပါလိမ့်မယ်။ ကမ္ဘာတစ်ဝန်းမှာ လူတွေ၊ တိရိစ္ဆာန်တွေ အများအပြားဟာ မိုးကြိုးပစ်ခံရပြီး သေဆုံးလေ့ရှိပါတယ်။
တစ်ကယ်တော့ မိုးကြိုးပစ်ခြင်းက လူအများစု သိထားတာထက် ပိုကြောက်စရာ ကောင်းလှပါတယ်။ ဘာကြောင့်လည်းဆိုတော့ စက္ကန့် ၆၀ တိုင်းမှာ အကြိမ်ပေါင်း ၃၆၀ အထိ မိုးကြိုးပစ်လေ့ရှိလို့ပါပဲ။

ငလျင်လှုပ်ခြင်း

ငလျင်လှုပ်ခြင်းက အဆိုးဆုံး သဘာဝ ဘေးအန္တရာယ်တစ်ခု ဖြစ်ပါတယ်။ ငလျင်ကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးရသလို အိုးမဲ့အိမ်မဲ့ ဖြစ်မှုတွေနဲ့အတူ လူမှုဘဝတွေလည်း ပျက်စီးရလေ့ရှိပါတယ်။
ငလျင်လှုပ်ခတ်မှု ကြီးကြီးမားမားတွေ ဖြစ်ပေါ်တဲ့အခါ ဒီ သဘာဝဘေးအန္တရာယ်ကို လူသားတွေက ကြောက်ရွံ့ထိတ်လန့်လေ့ရှိပါတယ်။ တစ်ကယ်တမ်းမှာတော့ ကမ္ဘာကြီးဟာ စက္ကန့် ၆၀ တိုင်းမှာ ၅ ကြိမ် လှုပ်ခါနေပါသတဲ့။

သေဆုံးမှုနှုန်း
လူတွေဟာ မတော်တဆဖြစ်မှု၊ တိုက်ခိုက်ခံရမှု၊ သဘာဝဘေးဒဏ် စတဲ့ အကြောင်းတွေကြောင့် နေ့စဉ် သေဆုံးနေကြပါတယ်။
ဒါပေမယ့် စက္ကန့် ၆၀ တိုင်းမှာ လူ ၁၀၇ ဦး သေဆုံးနေတာ ဖြစ်တဲ့အတွက် နောက် စက္ကန့် ၆၀ ဆိုရင် သင် အသက်ရှိနေအုံးမလား မပြောနိုင်ပါဘူး။

ဆဲလ် သေဆုံးမှု
လူတွေရဲ့ ခန္ဓာကိုယ်မှာ ဆဲလ်ပေါင်း မြောက်မြားစွာ ရှိနေပါတယ်။ အဲဒီ ဆဲလ်တွေဟာလည်း စက္ကန့် ၆၀ တိုင်းမှာ သေဆုံးသွားလေ့ရှိပါတယ်။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်အရေအတွက် သန်း ၃၀၀ ဟာ စက္ကန့် ၆၀ တိုင်းမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
သို့သော်လည်း ဆဲလ်တွေ အဲဒီလောက်ပမာဏ သေဆုံးသွားလို့ လူတစ်ဦး သေဆုံးသွားတာမျိုးတော့လည်း မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူတစ်ဦးရဲ့ ခန္ဓာကိုယ်မှာ ဆဲလ် အရေအတွက်ပေါင်း ၅၀ ကနေ ၁၀၀ ထရီလီယံအထိ ရှိနေတာကြောင့် ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေ နေ့စဉ်နဲ့အမျှ သေဆုံးတာကြောင့် လူတွေဟာ အသက်ကြီးလာပြီး အိုမင်းရင့်ရော်လာကြတာပါ။
Source & Photo: Reason
Credit: duwun

No comments:

Post a Comment