Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 22, 2016

ဂံုးေက်ာ္တံတားတစင္းလ်င္ က်ပ္သန္းေပါင္း ၁၀၀ နီးပါး အလြဲသံုးစားလုပ္ခဲ့သည္ ကို ေတြ႕ ရွိ

ရန္ကုန္၊ေဖေဖာ္ဝါရီ ၂၂ ။ ။ ရန္ကုန္တိုင္းေဒသႀကီးတြင္
တည္ေဆာက္ခဲ့သည့္ ဂံုးေက်ာ္တံတားတစ္စင္းလွ်င္ က်ပ္သန္း ၁၀၀နီးပါး အလြဲသံုးစားလုပ္ခဲ့သည္ကိုေတြ႔ရွိရေၾကာင္း
တိုင္းေဒသႀကီး ဘ႑ာေရးစီမံကိန္းႏွင့္စီးပြားေရးေကာ္မတီ
ဥကၠဌ ေဒၚစႏၵာမင္းက ျမန္မာႏိုင္ငံစာရင္းစစ္ခ်ဳပ္ရံုး၏ အစီအရင္ခံစာကို ကိုးကားၿပီး RFA ကစီစဥ္တင္ဆက္သည့္ တနဂၤေႏြ
စကားတြင္ ေျပာၾကားသည္။

၂၀၁၄ – ၂၀၁၅ ခုႏွစ္ ဘ႑ာေရးႏွစ္တြင္တည္ေဆာက္ခဲ့သည့္ ဂံုးေက်ာ္တံတားႏွစ္စင္းတြင္ စံခ်ိန္စံညႊန္းမမီွဘဲ အရည္အေသြးေလွ်ာ့ေဆာက္ထားျခင္း၊ပစၥည္းမ်ား၏ေစ်းႏႈန္းမွာ ေဒသအတြင္းေစ်းႏႈန္းမ်ား ထက္မ်ားေနျခင္း၊တြက္ခ်က္မႈ မွားယြင္းျခင္း၊လိုအပ္သည္ထက္ ပစၥည္းမ်ားပိုဝယ္ထားျခ င္းမ်ိဳးမ်ား ေတြ႔ရွိရေၾကာင္း ၎ကဆိုသည္။

“ဂံုးေက်ာ္တံတာတစ္စင္းမွာ က်ပ္ ၉၃.၃၈သန္းေတာင္ ပိုေတာင္းထားတာေတြ႔ရတယ္ ဘယ္သူေတြက မွားယြင္းေနလဲၾကည့္လိုက္ေတာ့ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္က က်ပ္ ၀.၁၄သန္း ၊ေရႊေတာင္ဖြံ႔ၿဖိဳးေရး ကုမၸဏီက က်ပ္ ၅.၆၅၇သန္း၊ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းက က်ပ္ ၈၇.၅၈၇သန္း ကို စရင္းစစ္ခ်ဳပ္ရံုးက ေတြ႔ရွိထားတာျဖစ္တဲ့အတြက္ဒီေငြေတြကို ျပန္သြင္းေပးပါလို႔ေျပာထားတာကို ေတြ႔ရပါတယ္။” ရန္ကုန္တိုင္းေဒသႀကီး ဘ႑ာေရးစီမံကိန္းႏွင့္စီးပြားေရးေကာ္မတီဥကၠဌ ေဒၚစႏၵာမင္းက ေျပာၾကားသည္။

ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္တြင္ ဘ႑ာေရးစီမံကိန္းႏွင့္စီးပြားေရးေကာ္မတီဖြဲ႕စည္းၿပီးေနာက္ လာမည့္ဘ႑ာေရးႏွစ္ ဘတ္ဂ်က္ကိုစိစစ္ေပးႏိုင္ရန္အတြက္ ၂၀၁၅-၂၀၁၆ခုႏွစ္ ဘ႑ာေရးႏွစ္က စရင္းစစ္ခ်ဳပ္ရံုး၏ အစီအရင္ခံစာကိုေလ့လာရာမွ ေငြစရင္းအမွားမ်ား၊ေငြစရင္းၿပီးသည့္ပံုစံျဖင့္ အစိုးရတံဆိပ္တံုးမ်ား႐ိုက္ႏွိပ္ထားကာ ဘဏ္ကို အမွန္တကယ္ေပးသြင္းမႈမရွိဘဲ ထိန္ခ်ိန္ထားသည့္ မသမာမႈျပဳသည့္သေဘာမ်ားကို ေတြ႕ရေၾကာင္း ၎ကဆိုသည္။

စရင္းစစ္ခ်ဳပ္ရံုးအေနျဖင့္ ရာႏႈန္းျပည္စရင္းမ်ားကို စစ္ေဆးႏုိင္ျခင္းမရွိဘဲ ခြင့္ျပဳရံပံုေငြအမ်ားႀကီး သံုးထားသည့္ဌာနႏွင့္ အမ်ားျပည္သူႏွင့္သက္ဆိုင္သည့္ ဌာနမ်ားကိုသာ စစ္ေဆးႏိုင္ေၾကာင္း ေရးသားထား သည္ကိုေတြ႔ရေၾကာင္း၊သို႔ျဖစ္၍ ရန္ကုန္တိုင္းေဒသႀကီးတြင္ ေငြအေျမာက္အမ်ားသံုးသည့္ စည္ပင္သာယာကို ေသေသခ်ာခ်ာစစ္ေဆးရန္လိုေၾကာင္း ၎ကေထာက္ျပသည္။

” ကၽြန္မစစ္ထားတာမဟုတ္ဘူး စာရင္းစစ္ရံုးရဲ႕အစီအရင္ခံစာမွာေတြ႔ေနရတာ မေတြ႔တဲ႕ အပိုင္းေတြ
အမ်ားႀကီးရွိေသးတယ္” ဟု၎က ဆိုသည္။

စာရင္းစစ္ခ်ဳပ္ရံုး၏ အစီအရင္ခံစာတြင္ ယင္းကိစၥမ်ားကို ျပဳျပင္တည့္မတ္ရန္လိုေၾကာင္း သာေရးသားထား
သည့္အတြက္ ေနာက္အစိုးရလက္ထက္တြင္ ထိထိေရာက္ေရာက္အေရးယူရန္ တိုက္တြန္းသြား
မည္ျဖစ္ေၾကာင္း ၎ကဆိုသည္။
Mizzima
...............
 ဂုံးကျော်တံတားတစင်းလျင် ကျပ်သန်းပေါင်း ၁၀၀ နီးပါး အလွဲသုံးစားလုပ်ခဲ့သည် ကို တွေ့ ရှိ

ရန်ကုန်၊ဖေဖော်ဝါရီ ၂၂ ။ ။ ရန်ကုန်တိုင်းဒေသကြီးတွင် တည်ဆောက်ခဲ့သည့် ဂုံးကျော်တံတားတစ်စင်းလျှင် ကျပ်သန်း ၁၀၀နီးပါး အလွဲသုံးစားလုပ်ခဲ့သည်ကိုတွေ့ရှိရကြောင်း တိုင်းဒေသကြီး ဘဏ္ဍာရေးစီမံကိန်းနှင့်စီးပွားရေးကော်မတီဥက္ကဌ ဒေါ်စန္ဒာမင်းက မြန်မာနိုင်ငံစာရင်းစစ်ချုပ်ရုံး၏ အစီအရင်ခံစာကို ကိုးကားပြီး RFA ကစီစဉ်တင်ဆက်သည့် တနင်္ဂနွေစကားတွင် ပြောကြားသည်။

၂၀၁၄ – ၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်တွင်တည်ဆောက်ခဲ့သည့် ဂုံးကျော်တံတားနှစ်စင်းတွင် စံချိန်စံညွှန်းမမှီဘဲ အရည်အသွေးလျှော့ဆောက်ထားခြင်း၊ပစ္စည်းများ၏စျေးနှုန်းမှာ ဒေသအတွင်းစျေးနှုန်းများ ထက်များနေခြင်း၊တွက်ချက်မှု မှားယွင်းခြင်း၊လိုအပ်သည်ထက် ပစ္စည်းများပိုဝယ်ထားခြ င်းမျိုးများ တွေ့ရှိရကြောင်း ၎င်းကဆိုသည်။

“ဂုံးကျော်တံတာတစ်စင်းမှာ ကျပ် ၉၃.၃၈သန်းတောင် ပိုတောင်းထားတာတွေ့ရတယ် ဘယ်သူတွေက မှားယွင်းနေလဲကြည့်လိုက်တော့ ရန်ကုန်မြို့တော်စည်ပင်က ကျပ် ၀.၁၄သန်း ၊ရွှေတောင်ဖွံ့ဖြိုးရေး ကုမ္ပဏီက ကျပ် ၅.၆၅၇သန်း၊မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကျပ် ၈၇.၅၈၇သန်း ကို စရင်းစစ်ချုပ်ရုံးက တွေ့ရှိထားတာဖြစ်တဲ့အတွက်ဒီငွေတွေကို ပြန်သွင်းပေးပါလို့ပြောထားတာကို တွေ့ရပါတယ်။” ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးစီမံကိန်းနှင့်စီးပွားရေးကော်မတီဥက္ကဌ ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဘဏ္ဍာရေးစီမံကိန်းနှင့်စီးပွားရေးကော်မတီဖွဲ့စည်းပြီးနောက် လာမည့်ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ကိုစိစစ်ပေးနိုင်ရန်အတွက် ၂၀၁၅-၂၀၁၆ခုနှစ် ဘဏ္ဍာရေးနှစ်က စရင်းစစ်ချုပ်ရုံး၏ အစီအရင်ခံစာကိုလေ့လာရာမှ ငွေစရင်းအမှားများ၊ငွေစရင်းပြီးသည့်ပုံစံဖြင့် အစိုးရတံဆိပ်တုံးများရိုက်နှိပ်ထားကာ ဘဏ်ကို အမှန်တကယ်ပေးသွင်းမှုမရှိဘဲ ထိန်ချိန်ထားသည့် မသမာမှုပြုသည့်သဘောများကို တွေ့ရကြောင်း ၎င်းကဆိုသည်။

စရင်းစစ်ချုပ်ရုံးအနေဖြင့် ရာနှုန်းပြည်စရင်းများကို စစ်ဆေးနိုင်ခြင်းမရှိဘဲ ခွင့်ပြုရံပုံငွေအများကြီး သုံးထားသည့်ဌာနနှင့် အများပြည်သူနှင့်သက်ဆိုင်သည့် ဌာနများကိုသာ စစ်ဆေးနိုင်ကြောင်း ရေးသားထား သည်ကိုတွေ့ရကြောင်း၊သို့ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးတွင် ငွေအမြောက်အများသုံးသည့် စည်ပင်သာယာကို သေသေချာချာစစ်ဆေးရန်လိုကြောင်း ၎င်းကထောက်ပြသည်။

” ကျွန်မစစ်ထားတာမဟုတ်ဘူး စာရင်းစစ်ရုံးရဲ့အစီအရင်ခံစာမှာတွေ့နေရတာ မတွေ့တဲ့ အပိုင်းတွေ
အများကြီးရှိသေးတယ်” ဟု၎င်းက ဆိုသည်။

စာရင်းစစ်ချုပ်ရုံး၏ အစီအရင်ခံစာတွင် ယင်းကိစ္စများကို ပြုပြင်တည့်မတ်ရန်လိုကြောင်း သာရေးသားထား
သည့်အတွက် နောက်အစိုးရလက်ထက်တွင် ထိထိရောက်ရောက်အရေးယူရန် တိုက်တွန်းသွား
မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
Mizzima

No comments:

Post a Comment