Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 22, 2016

ထိုင္းေတာ္ဝင္သမီးေတာ္အတြက္ ေဒၚလာေလးေသာင္းတန္ အိမ္သာ

ထိုင္းႏိုင္ငံရဲ႕ ေတာ္ဝင္သမီးေတာ္အတြက္ ေဒၚလာေလးေသာင္းခန္႔ တန္ဖိုး႐ွိတဲ့ အိမ္သာကို ကေမၻာဒီးယားအစိုးရက ေဆာက္လုပ္ေပးထားတယ္လို႔ သိရပါတယ္။ ထိုင္းဘုရင့္သမီးေတာ္ မဟာ ခ်က္ကရီ သီရိဒံုဟာ ကေမၻာဒီးယားႏုိင္ငံကို အလည္အပတ္လာေရာက္မွာျဖစ္ပါတယ္။

အဆိုပါအိမ္သာရဲ႕ အက်ယ္အဝန္းအဟာ ၈ ကုဗမီတာ က်ယ္ဝန္းၿပီး ေလေအးေပးစက္အျပည့္ တပ္ဆင္ထားပါတယ္။ သီရိဒံုအတြက္ အိမ္သာကို သီတင္းႏွစ္ပတ္ၾကာ အခ်ိန္ယူေဆာက္လုပ္ခဲ့ရတယ္လို႔လည္း သိရပါတယ္။ အိမ္သာရဲ႕ ေဆာက္လုပ္မႈ ကုန္က်ေငြဟာ ကေမၻာဒီးယားႏိုင္ငံရဲ႕ ပ်မ္းမွ် တစ္ႏွစ္စာဝင္ေငြထက္ ၆၆ ဆ ပိုမိုမ်ားျပားေနပါတယ္။ အိမ္သာေဆာက္လုပ္မႈကို ထုိင္းႏိုင္ငံရဲ႕ ေဆာက္လုပ္ေရးအဖြဲ႔အစည္းႀကီးျဖစ္တဲ့ SCG က တာဝန္ယူေဆာက္လုပ္ေပးခဲ့ၿပီး ထိုင္းႏိုင္ငံထုတ္ အေကာင္းဆံုး ပစၥည္းေတြကိုသာ အသံုးျပဳထားတယ္လို႔လည္း သိရပါတယ္။ ထိုင္းေတာ္ဝင္မင္းသမီး မဟာ ခ်က္ကရီ သီရိဒံုဟာ ကေမၻာဒီးယားမွာ သံုးရက္တာ လာေရာက္လည္ပတ္မွာျဖစ္ပါတယ္။

Source : The Guardian
Credit: duwun
......................
ထိုင်းတော်ဝင်သမီးတော်အတွက် ဒေါ်လာလေးသောင်းတန် အိမ်သာ

အိမ်သာရဲ့ အကျယ်အဝန်းအဟာ ၈ ကုဗမီတာ ကျယ်ဝန်းပြီး လေအေးပေးစက်အပြည့် တပ်ဆင်ထားပါတယ်။
ထိုင်းနိုင်ငံရဲ့ တော်ဝင်သမီးတော်အတွက် ဒေါ်လာလေးသောင်းခန့် တန်ဖိုးရှိတဲ့ အိမ်သာကို ကမ္ဘောဒီးယားအစိုးရက ဆောက်လုပ်ပေးထားတယ်လို့ သိရပါတယ်။ ထိုင်းဘုရင့်သမီးတော် မဟာ ချက်ကရီ သီရိဒုံဟာ ကမ္ဘောဒီးယားနိုင်ငံကို အလည်အပတ်လာရောက်မှာဖြစ်ပါတယ်။

အဆိုပါအိမ်သာရဲ့ အကျယ်အဝန်းအဟာ ၈ ကုဗမီတာ ကျယ်ဝန်းပြီး လေအေးပေးစက်အပြည့် တပ်ဆင်ထားပါတယ်။ သီရိဒုံအတွက် အိမ်သာကို သီတင်းနှစ်ပတ်ကြာ အချိန်ယူဆောက်လုပ်ခဲ့ရတယ်လို့လည်း သိရပါတယ်။ အိမ်သာရဲ့ ဆောက်လုပ်မှု ကုန်ကျငွေဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ ပျမ်းမျှ တစ်နှစ်စာဝင်ငွေထက် ၆၆ ဆ ပိုမိုများပြားနေပါတယ်။ အိမ်သာဆောက်လုပ်မှုကို ထိုင်းနိုင်ငံရဲ့ ဆောက်လုပ်ရေးအဖွဲ့အစည်းကြီးဖြစ်တဲ့ SCG က တာဝန်ယူဆောက်လုပ်ပေးခဲ့ပြီး ထိုင်းနိုင်ငံထုတ် အကောင်းဆုံး ပစ္စည်းတွေကိုသာ အသုံးပြုထားတယ်လို့လည်း သိရပါတယ်။ ထိုင်းတော်ဝင်မင်းသမီး မဟာ ချက်ကရီ သီရိဒုံဟာ ကမ္ဘောဒီးယားမှာ သုံးရက်တာ လာရောက်လည်ပတ်မှာဖြစ်ပါတယ်။

Source : The Guardian
Credit: duwun

No comments:

Post a Comment