Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 4, 2016

ပန္းတေနာ္တြင္ ေဒသခံရြာသားမ်ားႏွင့္ ရဲတပ္ဖြဲ႔ ပဋိပကၡျဖစ္၊ ရြာသားတဦး ဓားဒဏ္ရာရ





ဧရာ၀တီတိုင္းေဒသႀကီး မအူပင္ခ႐ုိင္ ပန္းတေနာ္ၿမိဳ႕နယ္ ခႏြဲကဘိုေက်းရြာအုပ္စု ခႏြဲကဘုိရြာမမွာ ေဖေဖာ္၀ါရီ ၃ ရက္ ညပိုင္းက ရဲတပ္ဖြဲ႔နဲ႔ ေဒသခံ ရြာသားေတြအၾကား ပဋိပကၡ ျဖစ္ပြားခဲ့ရာ ရဲတပ္ဖြဲ႔က အနည္းဆံုး ေသနတ္ ၁၀ ခ်က္ခန္႔ ပစ္ေဖာက္ခဲ့ၿပီး ရြာသားတဦး ဓားဒဏ္ရာနဲ႔ ပန္းတေနာ္ ျပည္သူ႔ေဆး႐ုံမွာ တက္ေရာက္ကုသေနရပါတယ္။

အဲဒီ ပဋိပကၡျဖစ္စဥ္အတြင္း ရဲတပ္ဖြဲ႔၀င္တဦးက လက္၀ဲဘက္ ခ်ဳိင္းေအာက္ကုိ ဓားနဲ႔ထိုးသြင္းခဲ့တာျဖစ္ေၾကာင္း ကာယကံရွင္ လူနာ ကို၀င္းေက်ာ္စုိးက ဒီဗီြဘီကို အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

ဖိုးလမင္းကုမၸဏီက လုပ္ပိုင္ခြင့္ရရွိထားတဲ့ အင္းထဲက ငါးေတြကို ေဒသခံရြာသားေတြက ၀င္ေရာက္လုယက္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ပိုင္ရွင္ျဖစ္သူ ဦးက်င္ၿငိမ္းက တိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ အပါအ၀င္ အုပ္ခ်ဳပ္ေရးပိုင္းက တာ၀န္ရိွသူမ်ားထံ ၿပီးခဲ့တဲ့ ဇန္န၀ါရီလက တိုင္ၾကားခဲ့သလို သက္ဆိုင္ရာ ရဲစခန္းမွာလည္း အမႈဖြင့္ခဲ့ပါတယ္။

အဲဒီလို အမႈဖြင့္တိုင္ၾကားခဲ့ရာမွာ အသက္ ၈ ႏွစ္အရြယ္ ကေလးငယ္ အပါအ၀င္ ေဒသခံရြာသား ၁၀၀ ေက်ာ္ ပါ၀င္ခဲ့ၿပီး ေဖေဖာ္၀ါရီ ၃ ရက္ေန႔ မနက္ ၄ နာရီေလာက္မွာ တိုင္ၾကားခံရသူေတြထဲက လူ ၂ ဦးကို ရဲတပ္ဖြဲ႔၀င္အင္အား ၁၀၀ နီးပါးနဲ႔ အင္အားသုံး ၀င္ေရာက္ဖမ္းဆီးခဲ့ၾကပါတယ္။

အဲဒီလို ဖမ္းဆီးမႈျဖစ္ပြားၿပီးေနာက္ ည ၈ နာရီေက်ာ္အခ်ိန္မွာ ပန္းတေနာ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မႉး ဦးေဆာင္တဲ့ ရဲတပ္ဖြဲ႔အင္အား ၁၀၀ ေလာက္ဟာ ဖမ္းဆီးဖို႔ က်န္ေနေသးတဲ့ တျခားရြာသားေတြကို ဆက္လက္ဖမ္းဆီးဖို႔ ႀကိဳးစားခဲ့ရာမွာ ခႏြဲကဘိုရြာမ ဆယ္အိမ္မႉးျဖစ္သူက အင္အားသုံး မဖမ္းဆီးဖို႔ ေျပာဆိုခဲ့တာက စတင္ၿပီး ခႏဲြကဘုိ နယ္ေျမရဲစခန္းမႉး ရဲအုပ္ စန္းယုႏိုင္က ေျခာက္လုံးျပဴးေသနတ္နဲ႔ ထိုးခ်ိန္ခဲ့တဲ့အထိ ျဖစ္ပြားခဲ့ပါတယ္။

ဒီ့ေနာက္ ရြာသားေတြနဲ႔ ရဲတပ္ဖြဲ႔ေတြအၾကား ႐ုန္းရင္းဆန္ခတ္ ျဖစ္ပြားခဲ့ၿပီး ရဲတပ္ဖြဲ႔ဘက္က ရြာသားတဦးကို ဓားနဲ႔ထိုးခဲ့ၿပီး ေသနတ္ပစ္ေဖာက္မႈေတြ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

ခႏြဲကဘုိ ရဲစခန္းမႉး ရဲအုပ္စန္းယုႏိုင္ကုိ ဒီဗီြဘီက ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ မအားလပ္ေသးေၾကာင္း ေျပာဆိုၿပီး ဖုန္းခ်သြားပါတယ္။

“အခုလို အစိုးရတရပ္ေျပာင္းလဲဖို႔ စပ္ကူးမပ္ကူးကာလမွာ ရဲတပ္ဖြဲ႔၀င္အင္အား အလံုးအရင္းသံုးၿပီး ရြာသားေတြကို ၀င္ေရာက္ဖမ္းဆီးတာ၊ ေသနတ္ပစ္ေဖာက္တာေတြထိ ျပဳလုပ္လာတာကိုေတာ့ က်ေနာ့္အေနနဲ႔ လက္မခံပါဘူး၊ ဒီျဖစ္ရပ္ဟာ တည္ၿငိမ္ေနတဲ့ေဒသကို မတည္မၿငိမ္ျဖစ္ေအာင္ လုပ္လိုက္တဲ့ ပံုစံမ်ိဳးလို႔ ျမင္ပါတယ္။ ဒီျဖစ္ရပ္ရဲ႕ ေနာက္ကြယ္မွာ ဘယ္သူေတြ ရွိေနသလဲဆိုတဲ့ အခ်က္ကိုလည္း စံုစမ္းေဖာ္ထုတ္ဖို႔ လိုတယ္လို႔ ထင္ပါတယ္” လို႔ ပန္းတေနာ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမန္းညြန္႔သိန္းက ဆိုပါတယ္။

သတင္းဓာတ္ပုံ – လင္းဆက္ေအာင္
http://burmese.dvb.no/archives/133985

.............................................................

ပန်းတနော်တွင် ဒေသခံရွာသားများနှင့် ရဲတပ်ဖွဲ့ ပဋိပက္ခဖြစ်၊ ရွာသားတဦး ဓားဒဏ်ရာရ

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ခနွဲကဘိုကျေးရွာအုပ်စု ခနွဲကဘိုရွာမမှာ ဖေဖော်ဝါရီ ၃ ရက် ညပိုင်းက ရဲတပ်ဖွဲ့နဲ့ ဒေသခံ ရွာသားတွေအကြား ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့က အနည်းဆုံး သေနတ် ၁၀ ချက်ခန့် ပစ်ဖောက်ခဲ့ပြီး ရွာသားတဦး ဓားဒဏ်ရာနဲ့ ပန်းတနော် ပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသနေရပါတယ်။

အဲဒီ ပဋိပက္ခဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင်တဦးက လက်ဝဲဘက် ချိုင်းအောက်ကို ဓားနဲ့ထိုးသွင်းခဲ့တာဖြစ်ကြောင်း ကာယကံရှင် လူနာ ကိုဝင်းကျော်စိုးက ဒီဗွီဘီကို အတည်ပြု ပြောကြားခဲ့ပါတယ်။

ဖိုးလမင်းကုမ္ပဏီက လုပ်ပိုင်ခွင့်ရရှိထားတဲ့ အင်းထဲက ငါးတွေကို ဒေသခံရွာသားတွေက ၀င်ရောက်လုယက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပိုင်ရှင်ဖြစ်သူ ဦးကျင်ငြိမ်းက တိုင်းဒေသကြီး ၀န်ကြီးချုပ် အပါအဝင် အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူများထံ ပြီးခဲ့တဲ့ ဇန်နဝါရီလက တိုင်ကြားခဲ့သလို သက်ဆိုင်ရာ ရဲစခန်းမှာလည်း အမှုဖွင့်ခဲ့ပါတယ်။

အဲဒီလို အမှုဖွင့်တိုင်ကြားခဲ့ရာမှာ အသက် ၈ နှစ်အရွယ် ကလေးငယ် အပါအဝင် ဒေသခံရွာသား ၁၀၀ ကျော် ပါ၀င်ခဲ့ပြီး ဖေဖော်ဝါရီ ၃ ရက်နေ့ မနက် ၄ နာရီလောက်မှာ တိုင်ကြားခံရသူတွေထဲက လူ ၂ ဦးကို ရဲတပ်ဖွဲ့ဝင်အင်အား ၁၀၀ နီးပါးနဲ့ အင်အားသုံး ၀င်ရောက်ဖမ်းဆီးခဲ့ကြပါတယ်။

အဲဒီလို ဖမ်းဆီးမှုဖြစ်ပွားပြီးနောက် ည ၈ နာရီကျော်အချိန်မှာ ပန်းတနော်မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့ ရဲတပ်ဖွဲ့အင်အား ၁၀၀ လောက်ဟာ ဖမ်းဆီးဖို့ ကျန်နေသေးတဲ့ တခြားရွာသားတွေကို ဆက်လက်ဖမ်းဆီးဖို့ ကြိုးစားခဲ့ရာမှာ ခနွဲကဘိုရွာမ ဆယ်အိမ်မှူးဖြစ်သူက အင်အားသုံး မဖမ်းဆီးဖို့ ပြောဆိုခဲ့တာက စတင်ပြီး ခနွဲကဘို နယ်မြေရဲစခန်းမှူး ရဲအုပ် စန်းယုနိုင်က ခြောက်လုံးပြူးသေနတ်နဲ့ ထိုးချိန်ခဲ့တဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။

ဒီ့နောက် ရွာသားတွေနဲ့ ရဲတပ်ဖွဲ့တွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဘက်က ရွာသားတဦးကို ဓားနဲ့ထိုးခဲ့ပြီး သေနတ်ပစ်ဖောက်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ခနွဲကဘို ရဲစခန်းမှူး ရဲအုပ်စန်းယုနိုင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မအားလပ်သေးကြောင်း ပြောဆိုပြီး ဖုန်းချသွားပါတယ်။

“အခုလို အစိုးရတရပ်ပြောင်းလဲဖို့ စပ်ကူးမပ်ကူးကာလမှာ ရဲတပ်ဖွဲ့ဝင်အင်အား အလုံးအရင်းသုံးပြီး ရွာသားတွေကို ၀င်ရောက်ဖမ်းဆီးတာ၊ သေနတ်ပစ်ဖောက်တာတွေထိ ပြုလုပ်လာတာကိုတော့ ကျနော့်အနေနဲ့ လက်မခံပါဘူး၊ ဒီဖြစ်ရပ်ဟာ တည်ငြိမ်နေတဲ့ဒေသကို မတည်မငြိမ်ဖြစ်အောင် လုပ်လိုက်တဲ့ ပုံစံမျိုးလို့ မြင်ပါတယ်။ ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ ဘယ်သူတွေ ရှိနေသလဲဆိုတဲ့ အချက်ကိုလည်း စုံစမ်းဖော်ထုတ်ဖို့ လိုတယ်လို့ ထင်ပါတယ်” လို့ ပန်းတနော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမန်းညွန့်သိန်းက ဆိုပါတယ်။

သတင်းဓာတ်ပုံ – လင်းဆက်အောင်
http://burmese.dvb.no/archives/133985

No comments:

Post a Comment