Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 4, 2016

ဆီြဒင္ႏိုင္ငံသားတစ္ဦး ပုဂံတြင္ လုယက္ခံရ

By ၿငိမ္းခ်မ္း On Thu, 2016-02-04 06:30

ပုဂံေရွးေဟာင္းယဥ္ ေက်းမႈနယ္ေျမသို႔ လာေရာက္လည္ပတ္သည့္ ဆီြဒင္ႏုိင္ငံသား တစ္ဦးသည္ အလိုေတာ္ျပည့္ ဘုရားအနီးတြင္ ကင္မရာႏွင့္ျမန္မာက်ပ္ ေငြ ခုနစ္ေသာင္းေက်ာ္ပါရိွေသာ အိတ္လုယက္ခံရေၾကာင္း သတင္းရရွိသည္။
ေဖေဖာ္ဝါရီ ၃ ရက္ ညေန ၅နာရီခြဲတြင္ ေနဝင္ခ်ိန္ၾကည့္႐ႈရန္ ထြက္လာသည့္ ဆြီဒင္ႏုိင္ငံသား ကို ဆိုင္ကယ္ျဖင့္ လာေရာက္ ေသာ လူငယ္ႏွစ္ဦးက အလိုေတာ္ ျပည့္ဘုရားအနီး၌ လုယက္သြားျခင္းျဖစ္ေၾကာင္း ကမၻာလွည့္ ခရီးသြားေစာင့္ေရွာက္ေရးရဲတပ္ ဖြဲ႕(ပုဂံ)မွ သတင္းရရွိသည္။
‘‘အလိုေတာ္ျပည့္ဘုရားနဲ႔ ထီးလိုမင္းလိုဘုရားၾကားထဲမွာ လုယက္ခံရတယ္လို႔သိရတယ္။ ဆြီဒင္ႏုိင္ငံသားပါ။ ကင္မရာတစ္ လံုးနဲ႔ ပိုက္ဆံခုနစ္ေသာင္းေက်ာ္ ပါသြားတယ္လို႔ သိရပါတယ္။ ဆိုင္ကယ္နဲ႔လာတဲ့ လူငယ္ႏွစ္ေယာက္ က လုသြားတာလို႔ သိထားပါ တယ္’’ဟု ကမၻာလွည့္ခရီးသြား ေစာင့္ေရွာက္ေရးရဲတပ္ဖြဲ႕(ပုဂံ)မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
၂၀၁၃ အတြင္းက ပုဂံၿမိဳ႕သို႔ လာေရာက္လည္ပတ္ေသာ ကမၻာ လွည့္ခရီးသြားမ်ား ပစၥည္းလု ယက္ခံရမႈ ရွစ္ႀကိမ္ႏွင့္ ၂၀၁၄ တြင္ႏွစ္ႀကိမ္ လုယက္ခံရသည္။ ၂၀၁၅ တြင္ ကမၻာလွည့္ခရီးသြားမ်ား ပစၥည္းလုယက္မႈခံရျခင္းမရွိဘဲ ယခု ၂၀၁၆ တြင္ ပထမဆံုးအႀကိမ္ အျဖစ္ ျပန္လည္ျဖစ္ပြားျခင္း ျဖစ္ သည္။
‘‘ပုဂံမွာ ဒီလိုမျဖစ္တာေတြ ေတာ္ေတာ္ၾကာၿပီ။ အဲဒါေၾကာင့္ ရဲေတြလည္း တုိးခ်ထားတာ။ အခု တစ္ခါထပ္ျဖစ္တာေပါ့။ ႏုိင္ငံျခား သားေတြအေနနဲ႔လည္းသတိထား ၿပီး ဆင္ျခင္ဖုိ႔လိုတယ္။ လူျပတ္တဲ့ ေနရာေတြကို သတိထားသြားလာ သင့္တာေပါ့။ ပုဂံကလည္း အရင္ လိုမဟုတ္ေတာ့ဘူး။ ပတ္ဝန္းက်င္ေဒသေတြကေန အလုပ္လာလုပ္ တဲ့ သူေတြနဲ႔လူေတြက ေရာေနၿပီ’’ ဟု ပုဂံေဒသတြင္း ဧည့္လမ္းၫႊန္ အသင္းဥကၠ႒ ဦးေဇာ္ဝင္းခ်ိဳက ေျပာသည္။
ပုဂံၿမိဳ႕၌ ကမၻာလွည့္ခရီး သြားမ်ား ပစၥည္းလုယက္ခံရမႈအ ႀကိမ္တိုင္းတြင္ အသက္(၂၀)အ ရြယ္ခန္႔ လူငယ္မ်ားကသာ ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သတင္းရရွိ သည္။
ပုဂံၿမိဳ႕တြင္ ကမၻာလွည့္ခရီး သြားမ်ား လုယက္ခံရမႈမ်ားေၾကာင့္ ကမၻာလွည့္ခရီးသြား ေစာင့္ေရွာက္ ေရးရဲတပ္ဖြဲ႕ကို ၂၀၁၃ မတ္လက ခ်ထားခဲ့သည္။ လက္ရွိတြင္ ပုဂံၿမိဳ႕သို႔ ကမၻာလွည့္ခရီးသြားမ်ား တစ္ရက္လွ်င္ ၇၀၀ ေက်ာ္ လာေရာက္ေနေၾကာင္း သတင္းရရွိသည္။
7Day News Journal
..................
ဆွီဒင်နိုင်ငံသားတစ်ဦး ပုဂံတွင် လုယက်ခံရ
By ငြိမ်းချမ်း On Thu, 2016-02-04 06:30

ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေသို့ လာရောက်လည်ပတ်သည့် ဆွီဒင်နိုင်ငံသား တစ်ဦးသည် အလိုတော်ပြည့် ဘုရားအနီးတွင် ကင်မရာနှင့်မြန်မာကျပ် ငွေ ခုနစ်သောင်းကျော်ပါရှိသော အိတ်လုယက်ခံရကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၃ ရက် ညနေ ၅နာရီခွဲတွင် နေဝင်ချိန်ကြည့်ရှုရန် ထွက်လာသည့် ဆွီဒင်နိုင်ငံသား ကို ဆိုင်ကယ်ဖြင့် လာရောက် သော လူငယ်နှစ်ဦးက အလိုတော် ပြည့်ဘုရားအနီး၌ လုယက်သွားခြင်းဖြစ်ကြောင်း ကမ္ဘာလှည့် ခရီးသွားစောင့်ရှောက်ရေးရဲတပ် ဖွဲ့(ပုဂံ)မှ သတင်းရရှိသည်။
‘‘အလိုတော်ပြည့်ဘုရားနဲ့ ထီးလိုမင်းလိုဘုရားကြားထဲမှာ လုယက်ခံရတယ်လို့သိရတယ်။ ဆွီဒင်နိုင်ငံသားပါ။ ကင်မရာတစ် လုံးနဲ့ ပိုက်ဆံခုနစ်သောင်းကျော် ပါသွားတယ်လို့ သိရပါတယ်။ ဆိုင်ကယ်နဲ့လာတဲ့ လူငယ်နှစ်ယောက် က လုသွားတာလို့ သိထားပါ တယ်’’ဟု ကမ္ဘာလှည့်ခရီးသွား စောင့်ရှောက်ရေးရဲတပ်ဖွဲ့(ပုဂံ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၁၃ အတွင်းက ပုဂံမြို့သို့ လာရောက်လည်ပတ်သော ကမ္ဘာ လှည့်ခရီးသွားများ ပစ္စည်းလု ယက်ခံရမှု ရှစ်ကြိမ်နှင့် ၂၀၁၄ တွင်နှစ်ကြိမ် လုယက်ခံရသည်။ ၂၀၁၅ တွင် ကမ္ဘာလှည့်ခရီးသွားများ ပစ္စည်းလုယက်မှုခံရခြင်းမရှိဘဲ ယခု ၂၀၁၆ တွင် ပထမဆုံးအကြိမ် အဖြစ် ပြန်လည်ဖြစ်ပွားခြင်း ဖြစ် သည်။
‘‘ပုဂံမှာ ဒီလိုမဖြစ်တာတွေ တော်တော်ကြာပြီ။ အဲဒါကြောင့် ရဲတွေလည်း တိုးချထားတာ။ အခု တစ်ခါထပ်ဖြစ်တာပေါ့။ နိုင်ငံခြား သားတွေအနေနဲ့လည်းသတိထား ပြီး ဆင်ခြင်ဖို့လိုတယ်။ လူပြတ်တဲ့ နေရာတွေကို သတိထားသွားလာ သင့်တာပေါ့။ ပုဂံကလည်း အရင် လိုမဟုတ်တော့ဘူး။ ပတ်ဝန်းကျင်ဒေသတွေကနေ အလုပ်လာလုပ် တဲ့ သူတွေနဲ့လူတွေက ရောနေပြီ’’ ဟု ပုဂံဒေသတွင်း ဧည့်လမ်းညွှန် အသင်းဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက ပြောသည်။
ပုဂံမြို့၌ ကမ္ဘာလှည့်ခရီး သွားများ ပစ္စည်းလုယက်ခံရမှုအ ကြိမ်တိုင်းတွင် အသက်(၂၀)အ ရွယ်ခန့် လူငယ်များကသာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။
ပုဂံမြို့တွင် ကမ္ဘာလှည့်ခရီး သွားများ လုယက်ခံရမှုများကြောင့် ကမ္ဘာလှည့်ခရီးသွား စောင့်ရှောက် ရေးရဲတပ်ဖွဲ့ကို ၂၀၁၃ မတ်လက ချထားခဲ့သည်။ လက်ရှိတွင် ပုဂံမြို့သို့ ကမ္ဘာလှည့်ခရီးသွားများ တစ်ရက်လျှင် ရ၀၀ ကျော် လာရောက်နေကြောင်း သတင်းရရှိသည်။
7Day News Journal

No comments:

Post a Comment