Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, February 28, 2016

ကမၻာ႔ဘဏ္၏ ေငြေခ်း၀န္ေဆာင္မႈကုမၼဏီမွ ျမန္မာ့ၾသဘာဂရုတြင္ ေဒၚလာ ၁၀ သန္း ရင္းႏွီးျမွပ္ႏွံမည္ (ကမ္ဘာ့ဘဏ်၏ ငွေချေးဝန်ဆောင်မှုကုမ္မဏီမှ မြန်မာ့သြဘာဂရုတွင် ဒေါ်လာ ၁၀ သန်း ရင်းနှီးမြှပ်နှံမည် )



ကမၻာ႔ဘဏ္၏ ပုဂၢလိက ေငြေခ်း၀န္ေဆာင္မႈျဖစ္ေသာ ႏုိင္ငံတကာ ဘ႑ာေရးေကာ္ပုိေရးရွင္း (IFC) သည္ ျမန္မာႏုိင္ငံမွ စုိက္ပ်ဳိးေမြးျမဴေရး အေျခခံ စီးပြားေရး လုပ္ငန္းတစ္ခုျဖစ္ေသာ ျမန္မာ့ၾသဘာဂ႐ုအား ေဒၚလာ ၁၀ သန္း ကူညီေထာက္ပံ့ရန္ အဆုိျပဳခဲ့သည္။ ထုိေငြအား ေခ်းေငြအျဖစ္မွ အစုရွယ္ယာအျဖစ္ ေျပာင္းလဲရန္ စီစဥ္ထားသည္ဟု ဆုိသည္။ ျမန္မာ့ၾသဘာဂ႐ု သည္ ေျမၾသဇာႏွင့္ မ်ဳိးေစ့ကဲ့သုိ႔ စုိက္ပ်ဳိးေရး လုပ္ငန္းသံုး ထုတ္ကုန္မ်ား ထုတ္လုပ္ေနသည့္အျပင္ အေသးစားေငြေခ်းလုပ္ငန္းလည္း လုပ္ကုိင္လ်က္ရွိသည္။

IFC ၏ ေခ်းေငြက စက္႐ံုသစ္တစ္႐ံု တည္ေဆာက္မည့္ ျမန္မာ့ၾသဘာ၏ ေဒၚလာ ၂၅ သန္းတန္ စီမံကိန္းကုိ အေကာင္အထည္ေဖာ္ ႏုိင္ေစမည္ ျဖစ္သည္။ ထုိ႔ျပင္ ထုတ္ကုန္မ်ား ထုပ္ပုိးသုိေလွာင္မႈ အရည္အေသြး၊ မ်ဳိးေစ့ ထုတ္လုပ္မႈႏွင့္ အေသးစား ေငြေခ်းလုပ္ငန္းမ်ား ျမွင့္တင္ရန္လည္း အေထာက္အပံ့ ျဖစ္ေစမည္ဟု IFC ကဆုိသည္။

ျမန္မာ့ၾသဘာ၏ စက္႐ံုသစ္ စက္ပစၥည္းကိရိယာသစ္မ်ားႏွင့္ သုိေလွာင္႐ံုသစ္မ်ားကုိ ရန္ကုန္ၿမဳိ႕ရွိ စက္မႈဇုန္တစ္ခုတြင္ တည္ေဆာက္မည္ျဖစ္သည္။ ေျမၾသဇာ ျဖန္႔ျဖဴးေရးလုပ္ငန္းမ်ား၊ အျခား သုိေလွာင္႐ံုမ်ားႏွင့္ အေသးစား ေခ်းေငြလုပ္ငန္းမ်ားကုိ ျမန္မာႏုိင္ငံအႏွံ႔တြင္ တည္ေထာင္သြားမည္ဟု ဆုိသည္။

၁၉၉၅ တြင္ စတင္တည္ေထာင္ခဲံသည့္ ျမန္မာ့ၾသဘာဂ႐ုကုိ ဦးသတုိးဟိန္းက ဦးေဆာင္လ်က္ရွိၿပီး မိသားစု၀င္မ်ားႏွင့္အတူ ပူးတြဲပုိင္ဆုိင္သည္။ IFC သည္ ျမန္မာ့ၾသဘာ၏ အေသးစား ေခ်းေငြ လုပ္ငန္းတြင္လည္း အႀကံေပးအျဖစ္ ေဆာင္ရြက္လ်က္ရွိၿပီး မူ၀ါဒမ်ား ခ်မွတ္ အေကာင္အထည္ေဖာ္ျခင္း၊ လုိအပ္ေသာ သင္တန္းမ်ား ေပးျခင္းတုိ႔ ေဆာင္ရြက္လ်က္ရွိသည္။

IFC သည္ ျမန္မာႏုိင္ငံရွိ လုပ္ငန္းမ်ားအား ေခ်းေငြႏွင့္ အစုရွယ္ယာပံုစံ ႏွစ္မ်ဳိးလံုးျဖင့္ အကူအညီေပးလ်က္ရွိသည္။ ထုိအကူအညီမ်ားထဲတြင္ ျမန္မာ့စက္မႈ ဆိပ္ကမ္း အဆင့္ျမွင့္တင္ေရးအတြက္ ေဒၚလာသန္း ၂၀၀ အကူအညီ၊ စီးတီးမတ္ဂ႐ု၏ လုပ္ငန္းခ်ဲ႕ထြင္ရန္ ေဒၚလာ ၂၅ သန္း အကူအညီႏွင့္ Sembcorp ႏွင့္ MMID တုိ႔၏ ဂက္စ္တာဘုိင္ ဓာတ္အားေပးစက္႐ံု စီမံကိန္းအတြက္ ေဒၚလာ သန္း ၄၀ အကူအညီတုိ႔ ပါ၀င္သည္။

KHTun
The Ladies News
https://www.facebook.com/News.TheLadies
...........


ကမ္ဘာ့ဘဏ်၏ ပုဂ္ဂလိက ငွေချေးဝန်ဆောင်မှုဖြစ်သော နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) သည် မြန်မာနိုင်ငံမှ စိုက်ပျိုးမွေးမြူရေး အခြေခံ စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သော မြန်မာ့သြဘာဂရုအား ဒေါ်လာ ၁၀ သန်း ကူညီထောက်ပံ့ရန် အဆိုပြုခဲ့သည်။ ထိုငွေအား ချေးငွေအဖြစ်မှ အစုရှယ်ယာအဖြစ် ပြောင်းလဲရန် စီစဉ်ထားသည်ဟု ဆိုသည်။ မြန်မာ့သြဘာဂရု သည် မြေသြဇာနှင့် မျိုးစေ့ကဲ့သို့ စိုက်ပျိုးရေး လုပ်ငန်းသုံး ထုတ်ကုန်များ ထုတ်လုပ်နေသည့်အပြင် အသေးစားငွေချေးလုပ်ငန်းလည်း လုပ်ကိုင်လျက်ရှိသည်။

IFC ၏ ချေးငွေက စက်ရုံသစ်တစ်ရုံ တည်ဆောက်မည့် မြန်မာ့သြဘာ၏ ဒေါ်လာ ၂၅ သန်းတန် စီမံကိန်းကို အကောင်အထည်ဖော် နိုင်စေမည် ဖြစ်သည်။ ထို့ပြင် ထုတ်ကုန်များ ထုပ်ပိုးသိုလှောင်မှု အရည်အသွေး၊ မျိုးစေ့ ထုတ်လုပ်မှုနှင့် အသေးစား ငွေချေးလုပ်ငန်းများ မြှင့်တင်ရန်လည်း အထောက်အပံ့ ဖြစ်စေမည်ဟု IFC ကဆိုသည်။

မြန်မာ့သြဘာ၏ စက်ရုံသစ် စက်ပစ္စည်းကိရိယာသစ်များနှင့် သိုလှောင်ရုံသစ်များကို ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခုတွင် တည်ဆောက်မည်ဖြစ်သည်။ မြေသြဇာ ဖြန့်ဖြူးရေးလုပ်ငန်းများ၊ အခြား သိုလှောင်ရုံများနှင့် အသေးစား ချေးငွေလုပ်ငန်းများကို မြန်မာနိုင်ငံအနှံ့တွင် တည်ထောင်သွားမည်ဟု ဆိုသည်။

၁၉၉၅ တွင် စတင်တည်ထောင်ခဲံသည့် မြန်မာ့သြဘာဂရုကို ဦးသတိုးဟိန်းက ဦးဆောင်လျက်ရှိပြီး မိသားစုဝင်များနှင့်အတူ ပူးတွဲပိုင်ဆိုင်သည်။ IFC သည် မြန်မာ့သြဘာ၏ အသေးစား ချေးငွေ လုပ်ငန်းတွင်လည်း အကြံပေးအဖြစ် ဆောင်ရွက်လျက်ရှိပြီး မူဝါဒများ ချမှတ် အကောင်အထည်ဖော်ခြင်း၊ လိုအပ်သော သင်တန်းများ ပေးခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။

IFC သည် မြန်မာနိုင်ငံရှိ လုပ်ငန်းများအား ချေးငွေနှင့် အစုရှယ်ယာပုံစံ နှစ်မျိုးလုံးဖြင့် အကူအညီပေးလျက်ရှိသည်။ ထိုအကူအညီများထဲတွင် မြန်မာ့စက်မှု ဆိပ်ကမ်း အဆင့်မြှင့်တင်ရေးအတွက် ဒေါ်လာသန်း ၂၀၀ အကူအညီ၊ စီးတီးမတ်ဂရု၏ လုပ်ငန်းချဲ့ထွင်ရန် ဒေါ်လာ ၂၅ သန်း အကူအညီနှင့် Sembcorp နှင့် MMID တို့၏ ဂက်စ်တာဘိုင် ဓာတ်အားပေးစက်ရုံ စီမံကိန်းအတွက် ဒေါ်လာ သန်း ၄၀ အကူအညီတို့ ပါ၀င်သည်။

KHTun
The Ladies News
https://www.facebook.com/News.TheLadies

No comments:

Post a Comment