Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 29, 2016

ညီညြတ္ေရးအတြက္ ေပးဆပ္ ၾကဖို႔ ေဒၚေအာင္ဆန္းစုၾကည္ တိုက္တြန္း (ညီညွတ်ရေးအတွက် ပေးဆပ် ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း )

အမ်ိဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ တုိင္းရင္းသား လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ေဖေဖာ္ဝါရီလ ၂၉ ရက္ေန႔က ေနျပည္ေတာ္ စည္ပင္ရိပ္သာမွာ ေတြ႔ဆံုစဥ္။ Photo: Win Ko Ko Latt/RFA
ျပည္ေထာင္စုအတြက္ အားလံုးက လိုခ်င္တာေတြ ေတာင္းဆိုေနမယ္ဆုိရင္ ညီညြတ္ေရးကို တည္ေဆာက္ႏိုင္မွာ မဟုတ္သလို အားလံုးက ေပးဆပ္မႈနဲ႔ ခ်ဥ္းကပ္မွသာ ညီညြတ္ေရးကို ေရာက္နုိင္မွာျဖစ္ေၾကာင္း အမ်ိဳးသား ဒီမိုကေရစီအဖဲြ႕ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ က ေျပာပါတယ္။

ဒီကေန႔ ေနျပည္ေတာ္ စည္ပင္ဧည့္ရိပ္သာမွာ တိုင္းရင္းသား လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ေတြ႕ဆံုပဲြ မွာ ေဒၚေအာင္ဆန္းစုၾကည္က အဖြင့္မိန္႔ခြန္းေျပာၾကားစဥ္ ထည့္သြင္းေျပာတာ ျဖစ္ပါတယ္။

"ကိုယ္ဘာလိုခ်င္လဲဆိုတာပဲ ပထမေတာင္းဆိုမယ္ဆိုလို႔ရင္ အားလံုးက ငါဒါလိုခ်င္တယ္၊ ငါဒါလိုခ်င္တယ္ဆိုရင္ ဘယ္လိုလုပ္ က်မတို႔ ညီညႊတ္မႈရမလဲ၊ က်မျဖစ္ေစခ်င္တာက အားလံုးက ဒီျပည္ေထာင္စုႀကီး ခိုင္မာဖို႔ အတြက္ ျပည္ေထာင္စုႀကီး သာယာဖို႔အတြက္ က်ေနာ္တို႔က ဒါေပးလို႔ရတယ္၊ က်မတို႔ကေတာ့ ဒါေပးလို႔ရတယ္၊ က်မတို႔ ေပးခ်င္တယ္၊ က်ေနာ္တို႔ ေပးခ်င္တယ္ ဆိုတဲ့ စိတ္ဓါတ္နဲ႔ ဒီကိစၥကို ခ်ဥ္းကပ္ေစခ်င္တယ္"

အန္အယ္လ္ဒီရဲ႕ မဟာမိတ္ တိုင္းရင္းသားနုိင္ငံေရးပါတီေတြဟာ ၂၀၁၀ ေရြးေကာက္ပဲြတုန္းက အတူတူမ၀င္ဖို႔ ရပ္တည္ေပးခဲ့တာျဖစ္ေၾကာင္း၊ အဲ့ဒီအတြက္ ေလးစားမိေၾကာင္းလည္း ေျပာပါတယ္။

ျပည္ေထာင္စုကို ဘယ္လိုပံုစံမ်ိဳးနဲ႔ ထူေထာင္ၾကမလဲ ဘယ္လိုလုပ္ၾကမလဲဆိုတာကို အၾကံေပးဖို႔ကို လည္း ေဒၚေအာင္ဆန္းစုၾကည္က တက္ေရာက္လာတဲ့ တုိင္းရင္းသား လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ဖိတ္ေခၚလိုက္ပါတယ္။

ဒါ့အျပင္ ျပည္ေထာင္စုလို႔ ေျပာၾကတဲ့အခါ ေနာင္လာေနာက္သားေတြကို ဘယ္လိုျပည္ေထာင္စုမ်ိဳးကို ထားခဲ့မလဲ၊ နုိင္ငံေရးတင္မကဘဲ လူမႈေရးအရ ဘယ္လိုျပည္ေထာင္စုမ်ိဳးကို ထားခဲ့မလဲဆိုတာကိုလည္း ထည့္သြင္းစဥ္းစား ရမွာျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ဒီအတြင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဗဟိုအလုပ္အမူေဆာင္အဖြဲ႔ရဲ႕ အတြင္းေရးမွဴးအဖြဲ႔ ဖြဲ႔စည္းဘို႔ မေန႔ကက်င္းပတဲ႔ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႔ အစည္းအေ၀းကဆံုးျဖတ္လိုက္ၿပီး ဒိီကေန႔ ဖြဲ႔စည္းလိုက္တယ္လို႔  NLD ပါတီရံုးက ထုတ္ျပန္ပါတယ္။

ထုတ္ျပန္ထားတဲ့စာမွာ အဖြဲ႔ခ်ဳပ္အမာခံပါတီ၀င္အမ်ားအစုမွာ ေရြးေကာက္ပြဲအနိုင္ရရွိၿပီး လႊတ္ေတာ္တြင္း ေရာက္ရွိသြားတာေၾကာင့္ ပါတီရဲ႕လုပ္ငန္းစဥ္ေတြ အားေလ်ာ႔မသြားေအာင္ ႀကီးၾကပ္ေဆာင္ရြက္နိုင္ေရးအတြက္ အတြင္းေရးမွဴးအဖြဲ႔ကို ဖြဲ႔စည္းရတာျဖစ္တယ္လို႔ ဆိုပါတယ္။

အဖြဲ႔ကို ပါတီ ဗဟိုေကာ္မတီ၀င္ ၅ ဥိီးနဲ႔ ဖြဲ႔စည္းလိုက္တာျဖစ္ၿပီး ဦး၀င္းထိန္၊ ဦး၀င္းျမင္႔၊ ေဒါက္တာေဇာ္ျမင္႔ေမာင္၊ ဦးဥာဏ္၀င္းနဲ႔ ဦးဟံသာျမင္ တို႔နဲ႔ ဖြဲ႔စည္းလိုက္ပါတယ္။

အလားတူ ပါတီက အရံဗဟို အလုပ္အမႈေဆာင္ေကာ္မတီ၀င္ မန္းေဂ်ာ္နီကို ဗဟိုေကာ္မတီ၀င္အျဖစ္ တာ၀န္ေပးအပ္လိုက္တယ္လို႔လဲ NLD ဗဟိုလုပ္အမႈေဆာင္အဖြဲ႔က ဒီကေန႔ ေန႔စြဲနဲ႔ သီးျခားထုတ္ျပန္ထားပါတယ္။

RFA Burmese
http://www.rfa.org/burmese
................
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က နေပြည်တော် စည်ပင်ရိပ်သာမှာ တွေ့ဆုံစဉ်။ Photo: Win Ko Ko Latt/RFA
ပြည်ထောင်စုအတွက် အားလုံးက လိုချင်တာတွေ တောင်းဆိုနေမယ်ဆိုရင် ညီညွတ်ရေးကို တည်ဆောက်နိုင်မှာ မဟုတ်သလို အားလုံးက ပေးဆပ်မှုနဲ့ ချဉ်းကပ်မှသာ ညီညွတ်ရေးကို ရောက်နိုင်မှာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ဒီကနေ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောတာ ဖြစ်ပါတယ်။

"ကိုယ်ဘာလိုချင်လဲဆိုတာပဲ ပထမတောင်းဆိုမယ်ဆိုလို့ရင် အားလုံးက ငါဒါလိုချင်တယ်၊ ငါဒါလိုချင်တယ်ဆိုရင် ဘယ်လိုလုပ် ကျမတို့ ညီညွှတ်မှုရမလဲ၊ ကျမဖြစ်စေချင်တာက အားလုံးက ဒီပြည်ထောင်စုကြီး ခိုင်မာဖို့ အတွက် ပြည်ထောင်စုကြီး သာယာဖို့အတွက် ကျနော်တို့က ဒါပေးလို့ရတယ်၊ ကျမတို့ကတော့ ဒါပေးလို့ရတယ်၊ ကျမတို့ ပေးချင်တယ်၊ ကျနော်တို့ ပေးချင်တယ် ဆိုတဲ့ စိတ်ဓါတ်နဲ့ ဒီကိစ္စကို ချဉ်းကပ်စေချင်တယ်"

အန်အယ်လ်ဒီရဲ့ မဟာမိတ် တိုင်းရင်းသားနိုင်ငံရေးပါတီတွေဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက အတူတူမဝင်ဖို့ ရပ်တည်ပေးခဲ့တာဖြစ်ကြောင်း၊ အဲ့ဒီအတွက် လေးစားမိကြောင်းလည်း ပြောပါတယ်။

ပြည်ထောင်စုကို ဘယ်လိုပုံစံမျိုးနဲ့ ထူထောင်ကြမလဲ ဘယ်လိုလုပ်ကြမလဲဆိုတာကို အကြံပေးဖို့ကို လည်း ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်လာတဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်လိုက်ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုလို့ ပြောကြတဲ့အခါ နောင်လာနောက်သားတွေကို ဘယ်လိုပြည်ထောင်စုမျိုးကို ထားခဲ့မလဲ၊ နိုင်ငံရေးတင်မကဘဲ လူမှုရေးအရ ဘယ်လိုပြည်ထောင်စုမျိုးကို ထားခဲ့မလဲဆိုတာကိုလည်း ထည့်သွင်းစဉ်းစား ရမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒီအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမူဆောင်အဖွဲ့ရဲ့ အတွင်းရေးမှူးအဖွဲ့ ဖွဲ့စည်းဘို့ မနေ့ကကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကဆုံးဖြတ်လိုက်ပြီး ဒိီကနေ့ ဖွဲ့စည်းလိုက်တယ်လို့  NLD ပါတီရုံးက ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ထားတဲ့စာမှာ အဖွဲ့ချုပ်အမာခံပါတီဝင်အများအစုမှာ ရွေးကောက်ပွဲအနိုင်ရရှိပြီး လွှတ်တော်တွင်း ရောက်ရှိသွားတာကြောင့် ပါတီရဲ့လုပ်ငန်းစဉ်တွေ အားလျော့မသွားအောင် ကြီးကြပ်ဆောင်ရွက်နိုင်ရေးအတွက် အတွင်းရေးမှူးအဖွဲ့ကို ဖွဲ့စည်းရတာဖြစ်တယ်လို့ ဆိုပါတယ်။

အဖွဲ့ကို ပါတီ ဗဟိုကော်မတီဝင် ၅ ဥိီးနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပြီး ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဦးဉာဏ်ဝင်းနဲ့ ဦးဟံသာမြင် တို့နဲ့ ဖွဲ့စည်းလိုက်ပါတယ်။

အလားတူ ပါတီက အရံဗဟို အလုပ်အမှုဆောင်ကော်မတီဝင် မန်းဂျော်နီကို ဗဟိုကော်မတီဝင်အဖြစ် တာဝန်ပေးအပ်လိုက်တယ်လို့လဲ NLD ဗဟိုလုပ်အမှုဆောင်အဖွဲ့က ဒီကနေ့ နေ့စွဲနဲ့ သီးခြားထုတ်ပြန်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

"ကိုယ္ဘာလိုခ်င္လဲဆိုတာပဲ ပထမေတာင္းဆိုမယ္ဆိုလို႔ရင္ အားလံုးက ငါဒါလိုခ်င္တယ္၊ ငါဒါလိုခ်င္တယ္ဆိုရင္ ဘယ္လိုလုပ္ က်မတို႔ ညီညႊ...

Posted by The Melting Pot 4 U on Monday, 29 February 2016

No comments:

Post a Comment