CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Saturday, February 20, 2016
ထိုင္းႏိုင္ငံ ေဘာ္ေထာင္းၿမိဳ႕၌ ျမန္မာလုပ္သားႏွစ္ဦး ဆီကန္ထဲ သန္႔ရွင္းေရးလုပ္ရင္း ေသဆံုး
ထိုင္းႏုိင္ငံ ေဘာ္ေထာင္းၿမိဳ႕ ေပၚေထာင္းရပ္ကြက္ရွိ သံုးၿပီးသား ဆီအေဟာင္းကိုျပန္လည္ျပဳျပင္ ထုတ္လုပ္သည့့္ ဖါးမိုးဆားပိတိုးဓာတုကုမၸဏီလီမိတက္၏ ဆီတိုင္ကီထဲသို႔ စက္ရံုလုပ္သားႏွစ္ဦး သန္႔ရွင္းေရး ၀င္လုပ္ရင္း ေသဆံုးမႈ ေဖေဖာ္ဝါရီလ(၁၈)ရက္ေန႔က ျဖစ္ပြားေၾကာင္း ခၽြန္ပူးလီးရဲတပ္ဖြဲ႕မွ သိရသည္။
အဆိုပါ ကုမၸဏီဝင္းထဲရိွ ဆီတိုင္ကီအေဟာင္းေဘးနားတြင္ အလုပ္သမားမ်ား စုအံုေနသည့္အတြက္ ဝင္ေရာက္စစ္ေဆးရာမွ ဆီတိုင္ကီထဲတြင္ အလုပ္သမား(၂)ဦးေသဆံုးေနသည္ကို ေတြ႔ရျခင္းျဖစ္ၿပီး အဆိုပါ ရုပ္အေလာင္းမ်ားအား ေဘာ္ေထာင္းကူညီေရးအသင္းမွ ဆယ္ယူေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ယင္းအလုပ္သမား ႏွစ္ေယာက္သည္ ျမန္မာႏိုင္ငံသားျဖစ္ၿပီး အသက္(၂၅) ႏွစ္မွ အသက္(၃၀)ၾကား အရြယ္မ်ားျဖစ္ေၾကာင္း သိရသည္။
အေလာင္းမ်ားအား ဆရာဝန္မွ ခြဲစိတ္ၾကည့္ရာ ေအာက္ဆီဂ်င္မရဘဲ ေသဆံုးျခင္းျဖစ္ေၾကာင္း အတည္ျပဳေပးခဲ့သည္။
အဆိုပါ ေသဆံုးမႈႏွင့္ ပတ္သက္၍ အလုပ္သမားမ်ားကို စံုစမ္းစစ္ေဆးရာ အလုပ္သမားတစ္ေယာက္သည္ သံုးၿပီးသားဆီအေဟာင္း ဆယ္ရာခိုင္ႏႈန္းခန္႔က်န္ေနသည့္ ဆီတိုင္ကီထဲတြင္ သန္႔ရွင္းေရးလုပ္ေနရာမွ အခ်ိန္ၾကာသြားၿပီး ျပန္မလာသည့္အတြက္ ေနာက္ထပ္ အလုပ္သမားတစ္ေယာက္က ဆင္းၿပီးရွာေဖြရာမွ ႏွစ္ဦးလံုး အသက္ဆံုးရံႈးသြားျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း။ ။ နန္းေမာက္ကြမ္
Tachileik News Agency
http://www.tachileik.net/2016/02/bhn.html
...............
ထိုင်းနိုင်ငံ ဘော်ထောင်းမြို့ ပေါ်ထောင်းရပ်ကွက်ရှိ သုံးပြီးသား ဆီအဟောင်းကိုပြန်လည်ပြုပြင် ထုတ်လုပ်သည့့် ဖါးမိုးဆားပိတိုးဓာတုကုမ္ပဏီလီမိတက်၏ ဆီတိုင်ကီထဲသို့ စက်ရုံလုပ်သားနှစ်ဦး သန့်ရှင်းရေး ၀င်လုပ်ရင်း သေဆုံးမှု ဖေဖော်ဝါရီလ(၁၈)ရက်နေ့က ဖြစ်ပွားကြောင်း ချွန်ပူးလီးရဲတပ်ဖွဲ့မှ သိရသည်။
အဆိုပါ ကုမ္ပဏီဝင်းထဲရှိ ဆီတိုင်ကီအဟောင်းဘေးနားတွင် အလုပ်သမားများ စုအုံနေသည့်အတွက် ဝင်ရောက်စစ်ဆေးရာမှ ဆီတိုင်ကီထဲတွင် အလုပ်သမား(၂)ဦးသေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ပြီး အဆိုပါ ရုပ်အလောင်းများအား ဘော်ထောင်းကူညီရေးအသင်းမှ ဆယ်ယူပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအလုပ်သမား နှစ်ယောက်သည် မြန်မာနိုင်ငံသားဖြစ်ပြီး အသက်(၂၅) နှစ်မှ အသက်(၃၀)ကြား အရွယ်များဖြစ်ကြောင်း သိရသည်။
အလောင်းများအား ဆရာဝန်မှ ခွဲစိတ်ကြည့်ရာ အောက်ဆီဂျင်မရဘဲ သေဆုံးခြင်းဖြစ်ကြောင်း အတည်ပြုပေးခဲ့သည်။
အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ အလုပ်သမားများကို စုံစမ်းစစ်ဆေးရာ အလုပ်သမားတစ်ယောက်သည် သုံးပြီးသားဆီအဟောင်း ဆယ်ရာခိုင်နှုန်းခန့်ကျန်နေသည့် ဆီတိုင်ကီထဲတွင် သန့်ရှင်းရေးလုပ်နေရာမှ အချိန်ကြာသွားပြီး ပြန်မလာသည့်အတွက် နောက်ထပ် အလုပ်သမားတစ်ယောက်က ဆင်းပြီးရှာဖွေရာမှ နှစ်ဦးလုံး အသက်ဆုံးရှုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
သတင်း။ ။ နန်းမောက်ကွမ်
Tachileik News Agency
http://www.tachileik.net/2016/02/bhn.html
ထိုင္းႏိုင္ငံ ေဘာ္ေထာင္းၿမိဳ႕၌ ျမန္မာလုပ္သားႏွစ္ဦး ဆီကန္ထဲ သန္႔ရွင္းေရးလုပ္ရင္း ေသဆံုး
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
February 20, 2016
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
February 20, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment