Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, February 20, 2016

ယူေကေထာက္လွမ္းေရးမွ ေပးအပ္ခဲ့သည့္ သက္ေသအေထာက္အထားေၾကာင့္ ၀င္းႏွင့္ေဇာ္ ေသဒဏ္ခ်မွတ္ခံရဟု ဆုိ



ထုိင္းႏုိင္ငံ ခုိေတာင္ကၽြန္းတြင္ ၿဗိတိန္ႏုိင္ငံသား ၂ ဦး အသတ္ခံရသည့္အမႈအတြက္ အေရးပါေသာ သက္ေသအေထာက္အထားကုိ ယူေက အမ်ဳိးသား ရာဇ၀တ္မႈ ေအဂ်င္စီ (NCA) က ထုိင္းႏုိင္ငံသုိ႔ ေပးအပ္ရာတြင္ ထုိသက္ေသ အေထာက္အထားကုိ အသံုးျပဳ၍ တရားခံကုိ ေသဒဏ္ေပးျခင္းမျပဳဆုိသည့္ စာျဖင့္ အာမခံမႈ ေတာင္းခံခဲ့ျခင္း မရွိဟုဆုိသည္။

ခုိေတာင္ကၽြန္းတြင္ ၿဗိတိန္ခရီးသြားႏွစ္ဦး ျဖစ္သည့္ ေဒးဗစ္ေမလာႏွင့္ ဟန္နာ၀ွစ္တာရစ္တုိ႔အား သတ္ျဖတ္မႈအတြက္ ျမန္မာ ေရႊ႕ေျပာင္းလုပ္သားႏွစ္ဦးျဖစ္ေသာ ကုိေဇာ္လင္းႏွင့္ ကုိေ၀ၿဖဳိးတုိ႔ကုိ ေသဒဏ္ခ်မွတ္ရာတြင္ NCA က ေပးအပ္ခဲ့သည့္ မုိဘုိင္းဖုန္း သက္ေသကုိ ထည့္သြင္း အသံုးျပဳခဲ့သည္ဟု ဆုိသည္။ ေသဆံုးသူ ေဒးဗစ္ေမလာ၏ iPhone အား သံသယရွိသူႏွစ္ဦးႏွင့္ ဆက္ႏြယ္ေနေသာ ေနရာတစ္ခုတြင္ ပ်က္စီးလ်က္ ေတြ႕ရွိခဲ့ရၿပီး ထုိဖုန္း၏ serial number ကုိ NCA က ထုိင္းရဲတပ္ဖြဲ႕ထံ ႏုတ္ျဖင့္ ေျပာၾကားခဲ့သည္။

ၿဗိတိန္ရဲတပ္ဖြဲ႕အေနျဖင့္ ေသဒဏ္စနစ္ အသံုးျပဳေသာ ႏုိင္ငံတစ္ခုသုိ႔ သက္ေသခံ အေထာက္အထား တစ္စံုတစ္ခု ေပးအပ္မည္ဆုိပါက ၀န္ႀကီးဌာန၏ အထူးခြင့္ျပဳခ်က္ျဖစ္ေစ၊ လက္ခံမည့္ ႏုိင္ငံက အမႈတြင္ သံသယရွိသူကုိ ေသဒဏ္ခ်မွတ္မည္ မဟုတ္ဆုိသည့္ စာျဖင့္ အာမခံခ်က္ျဖစ္ေစ ရရွိရန္ လုိအပ္သည္။

ခၽြင္းခ်က္အျဖစ္ ထုိသက္ေသ အေထာက္အထားသည္ ၿဗိတိန္ ႏုိင္ငံသားမ်ား၏ အသက္ကုိကာကြယ္ရန္ႏွင့္ အေထာက္အထား၏ ဂုဏ္သိကၡာကုိ ကာကြယ္ရန္ လုိအပ္ပါက သက္ဆုိင္ရာ အစုိးရဌာနမ်ားႏွင့္ တုိင္ပင္ကာ ေပးအပ္ႏုိင္သည္ဟု ဆုိသည္။ NCA သည္ ခုိေတာင္ကၽြန္းအမႈတြင္ လူသတ္သမားကုိ အပစ္ေပးႏုိင္ျခင္း မရွိပါက ၿဗိတိန္ခရီးသြားမ်ားအတြက္ အႏၱရာယ္ရွိႏုိင္သည္ဟု ဆံုးျဖတ္ကာ ထုိခၽြင္းခ်က္ သတ္မွတ္ခ်က္အရ ေပးအပ္ခဲ့ျခင္း ျဖစ္ၿပီး တရား႐ံုးတြင္ အသံုးျပဳရန္မဟုတ္ဘဲ အမႈစံုစမ္းစစ္ေဆးရာတြင္ အသံုးျပဳရန္ ရည္ရြယ္ ေပးအပ္ျခင္း ျဖစ္သည္ဟု ဆုိသည္။

ခုိေတာင္လူသတ္မႈအား တရား႐ံုး စစ္ေဆးခ်က္မ်ားကုိ ဘာသာျပန္ထားသည့္ စာမ်ားအရ ေသဆံုးသူ ေဒးဗစ္ေမလာ၏ ဖုန္းအား ျမန္မာေရႊ႕ေျပာင္း လုပ္သားႏွစ္ဦး၏ သူငယ္ခ်င္း တစ္ဦးအခန္းတြင္ ေတြ႕ရွိခဲ့သည္ဟု ဆုိသည္။ ေ၀ၿဖဳိးက ထုိဖုန္းအား အခင္းျဖစ္ပြားသည့္ ေနရာအနီးတြင္ ေတြ႕ရွိ ေကာက္ယူခဲ့ျခင္းျဖစ္ၿပီး ဖုန္း၏ password ကုိ မသိသျဖင့္ သူငယ္ခ်င္း အိမ္တြင္ အားသြင္းရန္ ထားခဲ့ျခင္းျဖစ္သည္ဟုဆုိသည္။ လူသတ္မႈအေၾကာင္း ၾကားသိခ်ိန္တြင္ ယင္း၏ သူငယ္ခ်င္းျဖစ္သူက ဖုန္းကုိ ဖ်က္ဆီးရန္ ႀကဳိးစားခဲ့ေသာ္လည္း ပ်က္စီးေနသည့္ ဖုန္းကုိ ေနအိမ္ေနာက္ေဖး ၿခံ၀င္းအတြင္း၌ ရဲက ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

အမႈတြင္ ဖုန္းသက္ေသ ရွာေဖြေတြ႕ရွိသည့္ ပံုစံအေပၚ ေမးခြန္းထုတ္ စရာမ်ား ရွိသည္ဟု တရားခံမ်ားအတြက္ လုိက္လံ ေဆာင္ရြက္ေပးေနသည့္ ၿဗိတိန္ႏုိင္ငံသား လူ႕အခြင့္အေရး လႈပ္ရွားသူ အန္ဒီေဟာက ေျပာၾကား သည္။

“စြပ္စြဲခံရသူရဲ႕ သူငယ္ခ်င္းအိမ္မွာ ေသဆံုးသူရဲ႕ ဖုန္းကုိ ေတြ႕ရွိ သိမ္းဆည္း ခဲ့တယ္ဆိုရာမွာ သိမ္းဆည္းပံုကုိ ဓာတ္ပံု႐ုိက္ မွတ္တမ္းတင္ထားတာ မရွိပါဘူး။ ဖုန္းေတြရွိ ပံုေတြကုိ ရဲတပ္ဖြဲ႕က ရွင္းျပတာနဲ႔ တရား႐ံုးမွာ တင္ျပတဲ့ ပံုစံမွာလည္း ကြဲလြဲခ်က္ေတြ ရွိပါတယ္” ဟု အန္ဒီေဟာက ဆုိသည္။

စံုစမ္းစစ္ေဆးသူမ်ားကမူ ဖုနး္မွာ ေသဆံုးသူ ေဒးဗစ္ေမလာပုိင္ျဖစ္ၿပီး အေလာင္းတည္ရွိသည့္ အေနအထားအရ တရားခံ ေျပာၾကား သည့္ ေနရာတြင္ ေတြ႕ရွိခဲ့သည္ဆုိျခင္းမွာ မျဖစ္ႏုိင္ဟု ေျပာၾကားခဲ့သည္။ လူသတ္လက္နက္ဟု ေဖာ္ျပထားသည့္ တူရြင္းျပားတြင္ ေတြ႕ရွိခဲ့ေသာ ဒီအန္ေအနမူနာမွာ ျမန္မာလုပ္သား ႏွစ္ဦးႏွင့္ ကုိက္ညီျခင္းမရွိဟု ယင္းတုိ႔၏ ေရွ႕ေနက ေျပာၾကားခဲ့သည္။

ထုိင္းႏုိင္ငံ၌ ထိပ္တန္း မႈခင္းေဗဒ ေဆးပညာရွင္ကလည္း အမႈ၏ ဒီအန္ေအ နမူနာကုိ ကုိင္တြယ္ပံုမွာ ဆုိးဆုိး၀ါး၀ါး မွားယြင္းေနခဲ့ၿပီး တန္ဖုိးမဲ့ေစသည္ဟု တရား႐ံုးအား ေျပာၾကားခဲ့သည္။

KHTun
Ref - Bangkok Post
The Ladies News
https://www.facebook.com/News.TheLadies
.......


ထိုင်းနိုင်ငံ ခိုတောင်ကျွန်းတွင် ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရသည့်အမှုအတွက် အရေးပါသော သက်သေအထောက်အထားကို ယူကေ အမျိုးသား ရာဇဝတ်မှု အေဂျင်စီ (NCA) က ထိုင်းနိုင်ငံသို့ ပေးအပ်ရာတွင် ထိုသက်သေ အထောက်အထားကို အသုံးပြု၍ တရားခံကို သေဒဏ်ပေးခြင်းမပြုဆိုသည့် စာဖြင့် အာမခံမှု တောင်းခံခဲ့ခြင်း မရှိဟုဆိုသည်။

ခိုတောင်ကျွန်းတွင် ဗြိတိန်ခရီးသွားနှစ်ဦး ဖြစ်သည့် ဒေးဗစ်မေလာနှင့် ဟန်နာဝှစ်တာရစ်တို့အား သတ်ဖြတ်မှုအတွက် မြန်မာ ရွှေ့ပြောင်းလုပ်သားနှစ်ဦးဖြစ်သော ကိုဇော်လင်းနှင့် ကိုဝေဖြိုးတို့ကို သေဒဏ်ချမှတ်ရာတွင် NCA က ပေးအပ်ခဲ့သည့် မိုဘိုင်းဖုန်း သက်သေကို ထည့်သွင်း အသုံးပြုခဲ့သည်ဟု ဆိုသည်။ သေဆုံးသူ ဒေးဗစ်မေလာ၏ iPhone အား သံသယရှိသူနှစ်ဦးနှင့် ဆက်နွယ်နေသော နေရာတစ်ခုတွင် ပျက်စီးလျက် တွေ့ရှိခဲ့ရပြီး ထိုဖုန်း၏ serial number ကို NCA က ထိုင်းရဲတပ်ဖွဲ့ထံ နုတ်ဖြင့် ပြောကြားခဲ့သည်။

ဗြိတိန်ရဲတပ်ဖွဲ့အနေဖြင့် သေဒဏ်စနစ် အသုံးပြုသော နိုင်ငံတစ်ခုသို့ သက်သေခံ အထောက်အထား တစ်စုံတစ်ခု ပေးအပ်မည်ဆိုပါက ၀န်ကြီးဌာန၏ အထူးခွင့်ပြုချက်ဖြစ်စေ၊ လက်ခံမည့် နိုင်ငံက အမှုတွင် သံသယရှိသူကို သေဒဏ်ချမှတ်မည် မဟုတ်ဆိုသည့် စာဖြင့် အာမခံချက်ဖြစ်စေ ရရှိရန် လိုအပ်သည်။

ချွင်းချက်အဖြစ် ထိုသက်သေ အထောက်အထားသည် ဗြိတိန် နိုင်ငံသားများ၏ အသက်ကိုကာကွယ်ရန်နှင့် အထောက်အထား၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် လိုအပ်ပါက သက်ဆိုင်ရာ အစိုးရဌာနများနှင့် တိုင်ပင်ကာ ပေးအပ်နိုင်သည်ဟု ဆိုသည်။ NCA သည် ခိုတောင်ကျွန်းအမှုတွင် လူသတ်သမားကို အပစ်ပေးနိုင်ခြင်း မရှိပါက ဗြိတိန်ခရီးသွားများအတွက် အန္တရာယ်ရှိနိုင်သည်ဟု ဆုံးဖြတ်ကာ ထိုချွင်းချက် သတ်မှတ်ချက်အရ ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး တရားရုံးတွင် အသုံးပြုရန်မဟုတ်ဘဲ အမှုစုံစမ်းစစ်ဆေးရာတွင် အသုံးပြုရန် ရည်ရွယ် ပေးအပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ခိုတောင်လူသတ်မှုအား တရားရုံး စစ်ဆေးချက်များကို ဘာသာပြန်ထားသည့် စာများအရ သေဆုံးသူ ဒေးဗစ်မေလာ၏ ဖုန်းအား မြန်မာရွှေ့ပြောင်း လုပ်သားနှစ်ဦး၏ သူငယ်ချင်း တစ်ဦးအခန်းတွင် တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ဝေဖြိုးက ထိုဖုန်းအား အခင်းဖြစ်ပွားသည့် နေရာအနီးတွင် တွေ့ရှိ ကောက်ယူခဲ့ခြင်းဖြစ်ပြီး ဖုန်း၏ password ကို မသိသဖြင့် သူငယ်ချင်း အိမ်တွင် အားသွင်းရန် ထားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ လူသတ်မှုအကြောင်း ကြားသိချိန်တွင် ယင်း၏ သူငယ်ချင်းဖြစ်သူက ဖုန်းကို ဖျက်ဆီးရန် ကြိုးစားခဲ့သော်လည်း ပျက်စီးနေသည့် ဖုန်းကို နေအိမ်နောက်ဖေး ခြံဝင်းအတွင်း၌ ရဲက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အမှုတွင် ဖုန်းသက်သေ ရှာဖွေတွေ့ရှိသည့် ပုံစံအပေါ် မေးခွန်းထုတ် စရာများ ရှိသည်ဟု တရားခံများအတွက် လိုက်လံ ဆောင်ရွက်ပေးနေသည့် ဗြိတိန်နိုင်ငံသား လူ့အခွင့်အရေး လှုပ်ရှားသူ အန်ဒီဟောက ပြောကြား သည်။

“စွပ်စွဲခံရသူရဲ့ သူငယ်ချင်းအိမ်မှာ သေဆုံးသူရဲ့ ဖုန်းကို တွေ့ရှိ သိမ်းဆည်း ခဲ့တယ်ဆိုရာမှာ သိမ်းဆည်းပုံကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ထားတာ မရှိပါဘူး။ ဖုန်းတွေရှိ ပုံတွေကို ရဲတပ်ဖွဲ့က ရှင်းပြတာနဲ့ တရားရုံးမှာ တင်ပြတဲ့ ပုံစံမှာလည်း ကွဲလွဲချက်တွေ ရှိပါတယ်” ဟု အန်ဒီဟောက ဆိုသည်။

စုံစမ်းစစ်ဆေးသူများကမူ ဖုနး်မှာ သေဆုံးသူ ဒေးဗစ်မေလာပိုင်ဖြစ်ပြီး အလောင်းတည်ရှိသည့် အနေအထားအရ တရားခံ ပြောကြား သည့် နေရာတွင် တွေ့ရှိခဲ့သည်ဆိုခြင်းမှာ မဖြစ်နိုင်ဟု ပြောကြားခဲ့သည်။ လူသတ်လက်နက်ဟု ဖော်ပြထားသည့် တူရွင်းပြားတွင် တွေ့ရှိခဲ့သော ဒီအန်အေနမူနာမှာ မြန်မာလုပ်သား နှစ်ဦးနှင့် ကိုက်ညီခြင်းမရှိဟု ယင်းတို့၏ ရှေ့နေက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၌ ထိပ်တန်း မှုခင်းဗေဒ ဆေးပညာရှင်ကလည်း အမှု၏ ဒီအန်အေ နမူနာကို ကိုင်တွယ်ပုံမှာ ဆိုးဆိုးဝါးဝါး မှားယွင်းနေခဲ့ပြီး တန်ဖိုးမဲ့စေသည်ဟု တရားရုံးအား ပြောကြားခဲ့သည်။

KHTun
Ref - Bangkok Post
The Ladies News
https://www.facebook.com/News.TheLadies

No comments:

Post a Comment