Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 9, 2016

သဘာ၀ေဘးကယ္ဆယ္ေရး စီမံခန္႔ခဲြမႈ အားနည္း


နမ့္ဆန္ၿမိဳ႕ မီးအရွိန္ျပင္းျပင္းနဲ႔ ေလာင္ကၽြမ္းခဲ့ၿပီးေနာက္ (သတင္းဓါတ္ပံု- MOI)
 ျမန္မာႏုိင္ငံတြင္း ျပည္နယ္တုိင္း ေဒသအခ်ိဳ႕မွာ အခုရက္ပိုင္းအတြင္း မီးေလာင္မႈေတြ ဆိုးဆုိးရြားရြား ဆက္တိုက္ဆိုသလိုျဖစ္ပြားေနခဲ့ၿပီး အခ်ိန္မွီ စနစ္တက် မီးမၿငိႇမ္းသတ္ႏုိင္ခဲ့တဲ့အတြက္ ၿမိဳ႕လံုးကၽြတ္နီးပါး ျပာက်ခဲ့ရတဲ့ အျဖစ္ေတြ ၾကံဳခဲ့ရတာဟာ စနစ္တက်ျမိဳ႕ျပတည္ေဆာက္မႈ မရွိခဲ့လို႔ျဖစ္ၿပီး ျပည္သူေတြ ေရေဘး၊ မီးေဘး၊ သဘာဝေဘးအႏၱရာယ္ေတြနဲ႔ ႀကံဳလာရရင္ ဘယ္လိုစနစ္တက် ကူညီကယ္ဆယ္ေရးေတြ လုပ္ေဆာင္မယ္ဆိုတဲ့ စနစ္တက် စီမံကြပ္ကဲမႈေတြ မရွိခဲ့တာေၾကာင့္ျဖစ္တယ္လို႔ ၿမိဳ႕ျပစီမံကိန္းဆိုင္ရာ ပညာရွင္တစ္ဦးက ေျပာဆိုလုိက္ပါတယ္။

ဒါဟာလည္း အုပ္ခ်ဳပ္သူအစိုးရ အာဏာပိုင္ေတြ အဆက္ဆက္က ပညာရွင္ေတြကို တန္ဖိုးမထားခဲ့တာ၊ ပညာရွင္ေတြ ေမြးထုတ္ေပးမႈ အားနည္းခဲ့တာေတြေၾကာင့္ျဖစ္တယ္လို႔ ၿမိဳ႕ျပစီမံကိန္းဆိုင္ရာ အၾကံေပးပုဂၢိဳလ္ ၿမိဳ႕ျပပညာရွင္ေဒါက္တာေက်ာ္လတ္က ဗီြအိုေအျမန္မာပုိင္းက မဆုမြန္ရဲ႕ေမးျမန္းခ်က္ကို အခုလိုစေျဖပါတယ္။

“ၿမိဳ႕ျပပညာရွင္ေဒါက္တာေက်ာ္လတ္။ ။က်ေနာ္တို႔တိုင္းျပည္ရဲ႕ ျပႆနာကေတာ့ ၂ ခုျဖစ္ေနတယ္။ တစ္ က ဟုိအရင္တေလ်ာက္လံုး ႏွစ္ေပါင္း ၄-၅၀ အတြင္းမွာလည္း ဆံုးျဖတ္ပိုင္ခြင့္ရွိတဲ့ အထက္ကလူေတြက ကၽြမ္းက်င္သိနားလည္တဲ့ ပညာရွင္ေတြကို အသံုးမခ်ခဲ့တာ ပါတယ္ေပါ့ေနာ္။ ဒါ အဓိက အေရးႀကီးတဲ့ ကိစၥပဲ။ အထက္က ဆံုးျဖတ္ပိုင္ခြင့္ရွိတဲ့လူေတြက ကၽြမ္းက်င္တဲ့သူေတြရဲ႕ အႀကံဉာဏ္ေတြကို လက္ခံသင့္တယ္။ ဒါက တစ္ခ်က္။ ဒုတိယတခ်က္က ေတာ္ေတာ္မ်ားမ်ား ႏွစ္ေပါင္းမ်ားစြာအတြင္းမွာ ကၽြမ္းက်င္တဲ့ ပညာရွင္ေတြကို အသံုးမခ်ေတာ့ အခုလိုေပါ့ေနာ္ ကၽြမ္းက်င္တဲ့ ပညာရွင္ေတြ ဆိုတာကလည္း ျမန္မာျပည္မွာ အထူးသျဖင့္ ၂၀၀၀ ခုႏွစ္ပတ္၀န္းက်င္ေလာက္က စၿပီးေတာ့ ေတာ္ေတာ္မ်ားမ်ားနည္းသြားၾကၿပီ။ က်ေနာ္တို႔ ပညာရွင္ ဒီEngineering သင္တန္းေက်ာင္းေတြကလည္းပဲ ေမြးထုတ္လိုက္တာေတြက အရည္အခ်င္း၊ အရည္အေသြး ေတာ္ေတာ္ေလးေလွ်ာ့လာတယ္။ က်ေနာ္ျမင္တာကေတာ့ က်ေနာ္တို႔ တိုင္းျပည္ရဲ႕လိုအပ္ခ်က္က အစစအရာရာ Engineering Field မွာတင္ မကပဲနဲ႔ မကပဲနဲ႔ ဘက္ေပါင္းစံုမွာ ကၽြမ္းက်င္တဲ့လူေတြ ေလွ်ာ့နည္းေနတယ္ေပါ့ေနာ္။ အဲဒါေတြကိုလည္းပဲ ျဖစ္ႏိုင္လို႔ရွိရင္ေတာ့ အျပည္ျပည္ဆိုင္ရာ အဖြဲ႔အစည္းေတြကို က်ေနာ္တို႔ ေတာင္းပန္ခ်င္တာက က်ေနာ္တို႔လူေတြကို training ေပးၾကပါ။ သင္ေပးၾကပါ။ အဲဒါကို က်ေနာ္တို႔ေျပာေနတာပါပဲ။

မဆုမြန္။ ။ ဆရာ အခုက ေတာက္ေလ်ာက္ လိုေပါ့ေနာ္ မီးေဘး ကို တခ်ိဳ႕ေနရာ ၿမိဳ႕ေတြမွာ ျဖစ္ေနတယ္။ အဲဒီမွာ အဓိက ျပႆနာက ခုနကေျပာသလို မီးသတ္ကား၀င္ဖို႔ လံုေလာက္တဲ့ လမ္း space မရွိတဲ့ဟာမ်ိဳးေပါ့ေနာ္ ။ နမ့္ဆမ္ မွာျဖစ္သြားတာဆိုရင္လည္း အဲလိုျဖစ္သြားတာဆိုေတာ့ ဆရာ အဓိက အဲဒီျဖစ္ေနတာနဲ႔ ပတ္သက္ၿပီးေတာ့ ဘယ္လိုမ်ား အႀကံေပးခ်င္တာရွိပါသလဲရွင့္ ။ အထူးသျဖင့္ မီးေဘးေပါ့ေနာ္။

ၿမိဳ႕ျပပညာရွင္ေဒါက္တာေက်ာ္လတ္။ ။ က်ေနာ္တို႔ျမင္တာကေတာ့ ျမန္မာျပည္ရဲ႕ျပႆနာက က်ေနာ္တို႔ Norms ေတြ Standard ေတြ မရွိပဲနဲ႔ လုပ္ကိုင္ေနၾကတာေပါ့ေနာ္။ မသိပဲနဲ႔ မရွိပဲနဲ႔ လုပ္ကိုင္ေနၾကတာေပါ့ေနာ္။ အဲဒါသည္ ျမန္မာျပည္ရဲ႕ အဓိက အေဆာက္အဦးေတြလည္း တခါတေလလည္းၿပိဳတယ္၊ ယိုင္တာတို႔၊ မီးေလာင္လို႔ရွိရင္လည္း ထြက္ေျပးလို႔မရတာတို႔ ဆိုတဲ့ ကိစၥေတြက ေစာေစာက က်ေနာ္တို႔ေျပာတဲ့ norms ေတြ ၊ standard ေတြမရွိပဲနဲ႔ လုပ္ခဲ့တဲ့ ကိစၥေတြေပါ့။ မီးေဘးတင္မကပါဘူး လူေတြက မီးေဘး လိုပဲ ဆိုးတဲ့ လူေတြက က်န္းမာေရးနဲ႔ မညီညႊတ္တဲ့ အေဆာက္အဦးေတြမွာေတြ ေနထိုင္ရၾကတာေတြ လည္း အပါအ၀င္ေပါ့ေနာ္။ အခုက်ေနာ္တို႔ ဗိသုကာမ်ားအသင္းရယ္၊ ျမန္မာ engineering society ရယ္ ေပါင္းၿပီးေတာ့ ျမန္မာျပည္အတြက္ building code ဆိုတာ လုပ္ထားပါတယ္။အဲဒီ building code ဆိုတာမွာလည္းပဲ ေတာ္ေတာ္မ်ားမ်ားက ေစာေစာက က်ေနာ္ေျပာေနၾကတဲ့ လူေတြကို က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အေဆာက္အဦးေတြေဆာက္ၾကဖို႔ မီးေဘး၊ ဘာညာျဖစ္တယ္ဆိုလို႔ရွိရင္ လြတ္ေအာင္လုပ္ၾကဖို႔ ဆိုၿပီးေတာ့ အဲဒီ building code ေတြရွိပါတယ္။ သိုေသာ္ခက္ေနတာက အဲဒီလိုမ်ိဳး ၿမိဳ႕ ေသးေသးေလးဘာေတြက်ေတာ့ သူတို႔မသိၾကဘူး။ မသိတာလည္းပါတယ္။ သူတို႔မွာ ကၽြမ္းက်င္တဲ့ အင္ဂ်င္နီယာေတြ မရွိတာလည္းပါတယ္။ အဲဒါက ျမန္မာျပည္ တျပည္လံုးအတိုင္းအတာမွာ ျဖစ္ေနတဲ့ကိစၥေပါ့။

မဆုမြန္။ ။ ဆရာ -မေန႔က ပေလာင္ အုပ္ခ်ဳပ္ခြင့္ရေဒသကို ေမးတဲ့အခါမွာ သူတို႔က ျပည္ေထာင္စုအစိုးရဆီကေန ကၽြမ္းက်င္ပညာရွင္ေတြ ေတာင္းၿပီးမွ town plan ျပန္ဆြဲဖို႔ ၊ ေနာက္ၿပီးေတာ့ မူရင္းေနရာမွာ သူတို႔ကို ျပန္ခ်ဖို႔ေပါ့ေနာ္ ။ ဆိုေတာ့ ဒီလိုမီးက တၿမိဳ႕လံုးနီးပါးေလာက္ ျပာက်သြားတဲ့အခါမွာ အဲဒီလိုျပန္ၿပီးေတာ့ တည္ေဆာက္ေရးလုပ္တဲ့အခါမွာ ဒီလို သဘာ၀မီးေဘးေနာက္တႀကိမ္ျပန္ၿပီး ႀကံဳလာခဲ့ရလို႔ရွိရင္ ကာကြယ္ဖို႔အတြက္ ဆရာ ဘယ္လိုမ်ားအႀကံေပးခ်င္တာ ရွိပါသလဲရွင့္။

ၿမိဳ႕ျပပညာရွင္ေဒါက္တာေက်ာ္လတ္။ ။ ကၽြမ္းက်င္တဲ့ ပညာရွင္ေတြကို ေခၚၿပီးေတာ့ ကၽြမ္းက်င္ေသာ အဲဒီပညာရွင္ေတြကေနၿပီးေတာ့ အဲလို standard ေတြ norms ေတြနဲ႔ ပံုစံကို ဆြဲေပးၾကရင္ ျပည္နယ္အစိုးရေတြက လက္ခံၾကတယ္ဆိုရင္ေတာ့ ေနာင္ဒါမ်ိဳးေတြျဖစ္ဖို႔ အလားအလာနည္းသြားမွာေပါ့ေနာ္။ ကၽြမ္းက်င္တဲ့လူေတြက ၿမိဳ႕ျပစီမံကိန္းေရးဆြဲရာမွာ အဲဒီထဲမွာ သူတို႔က လမ္းေတြရဲ႕အက်ယ္တို႔ ၊ ေနာက္ၿပီးေတာ့ က်ေနာ္တို႔ေခၚေနၾကတဲ့ safe back distance လို႔ေခၚတာေပါ့ ၊ ဒီအေဆာက္အဦးေတြက အေနာက္ကို ဘယ္ေလာက္ေလာက္ထိ ဆုတ္ထားရမလဲတို႔၊ အေဆာက္အဦး တခုနဲ႔ တခု ေဘးခ်င္း အကြာအေ၀းတို႔ေပါ့ေနာ္။ အဲဒါေတြကို အေသးစိတ္ အဲဒီၿမိဳ႕မွာ zoning plan ရွိရမွာေပါ့။ အဲဒီ Zoning Plan ရွိရင္ေတာ့ အဲဒီအထဲမွာ တကယ္လို႔ မီးေတြ ဘာေတြေလာင္တယ္ဆိုရင္ ဘယ္လို ထြက္ေျပးရမလဲ၊ ဘယ္လို မီးသတ္ကားေတြ၀င္ရမလဲ စသျဖင့္ ဒါေတြကလည္းပဲ အေသးစိတ္ပါရမွာေပ့ါေနာ္။”

ဒါကေတာ့ ၿမိဳ႕ျပစီမံကိန္း ဆုိင္ရာ အၾကံေပးပုဂၢိဳလ္ ၿမိဳ႕ျပပညာရွင္ ေဒါက္တာေက်ာ္လတ္ကို ဗီြအိုေအ ျမန္မာပိုင္းက မဆုမြန္က ဆက္သြယ္ေမးျမန္းခဲ့တာပါ။

မဆုမြန္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.......

နမ့်ဆန်မြို့ မီးအရှိန်ပြင်းပြင်းနဲ့ လောင်ကျွမ်းခဲ့ပြီးနောက် (သတင်းဓါတ်ပုံ- MOI)
 မြန်မာနိုင်ငံတွင်း ပြည်နယ်တိုင်း ဒေသအချို့မှာ အခုရက်ပိုင်းအတွင်း မီးလောင်မှုတွေ ဆိုးဆိုးရွားရွား ဆက်တိုက်ဆိုသလိုဖြစ်ပွားနေခဲ့ပြီး အချိန်မှီ စနစ်တကျ မီးမငြိှမ်းသတ်နိုင်ခဲ့တဲ့အတွက် မြို့လုံးကျွတ်နီးပါး ပြာကျခဲ့ရတဲ့ အဖြစ်တွေ ကြုံခဲ့ရတာဟာ စနစ်တကျမြို့ပြတည်ဆောက်မှု မရှိခဲ့လို့ဖြစ်ပြီး ပြည်သူတွေ ရေဘေး၊ မီးဘေး၊ သဘာဝဘေးအန္တရာယ်တွေနဲ့ ကြံုလာရရင် ဘယ်လိုစနစ်တကျ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်မယ်ဆိုတဲ့ စနစ်တကျ စီမံကွပ်ကဲမှုတွေ မရှိခဲ့တာကြောင့်ဖြစ်တယ်လို့ မြို့ပြစီမံကိန်းဆိုင်ရာ ပညာရှင်တစ်ဦးက ပြောဆိုလိုက်ပါတယ်။

ဒါဟာလည်း အုပ်ချုပ်သူအစိုးရ အာဏာပိုင်တွေ အဆက်ဆက်က ပညာရှင်တွေကို တန်ဖိုးမထားခဲ့တာ၊ ပညာရှင်တွေ မွေးထုတ်ပေးမှု အားနည်းခဲ့တာတွေကြောင့်ဖြစ်တယ်လို့ မြို့ပြစီမံကိန်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မြို့ပြပညာရှင်ဒေါက်တာကျော်လတ်က ဗွီအိုအေမြန်မာပိုင်းက မဆုမွန်ရဲ့မေးမြန်းချက်ကို အခုလိုစဖြေပါတယ်။

“မြို့ပြပညာရှင်ဒေါက်တာကျော်လတ်။ ။ကျနော်တို့တိုင်းပြည်ရဲ့ ပြဿနာကတော့ ၂ ခုဖြစ်နေတယ်။ တစ် က ဟိုအရင်တလျောက်လုံး နှစ်ပေါင်း ၄-၅၀ အတွင်းမှာလည်း ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အထက်ကလူတွေက ကျွမ်းကျင်သိနားလည်တဲ့ ပညာရှင်တွေကို အသုံးမချခဲ့တာ ပါတယ်ပေါ့နော်။ ဒါ အဓိက အရေးကြီးတဲ့ ကိစ္စပဲ။ အထက်က ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့လူတွေက ကျွမ်းကျင်တဲ့သူတွေရဲ့ အကြံဉာဏ်တွေကို လက်ခံသင့်တယ်။ ဒါက တစ်ချက်။ ဒုတိယတချက်က တော်တော်များများ နှစ်ပေါင်းများစွာအတွင်းမှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေကို အသုံးမချတော့ အခုလိုပေါ့နော် ကျွမ်းကျင်တဲ့ ပညာရှင်တွေ ဆိုတာကလည်း မြန်မာပြည်မှာ အထူးသဖြင့် ၂၀၀၀ ခုနှစ်ပတ်ဝန်းကျင်လောက်က စပြီးတော့ တော်တော်များများနည်းသွားကြပြီ။ ကျနော်တို့ ပညာရှင် ဒီEngineering သင်တန်းကျောင်းတွေကလည်းပဲ မွေးထုတ်လိုက်တာတွေက အရည်အချင်း၊ အရည်အသွေး တော်တော်လေးလျှော့လာတယ်။ ကျနော်မြင်တာကတော့ ကျနော်တို့ တိုင်းပြည်ရဲ့လိုအပ်ချက်က အစစအရာရာ Engineering Field မှာတင် မကပဲနဲ့ မကပဲနဲ့ ဘက်ပေါင်းစုံမှာ ကျွမ်းကျင်တဲ့လူတွေ လျှော့နည်းနေတယ်ပေါ့နော်။ အဲဒါတွေကိုလည်းပဲ ဖြစ်နိုင်လို့ရှိရင်တော့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေကို ကျနော်တို့ တောင်းပန်ချင်တာက ကျနော်တို့လူတွေကို training ပေးကြပါ။ သင်ပေးကြပါ။ အဲဒါကို ကျနော်တို့ပြောနေတာပါပဲ။

မဆုမွန်။ ။ ဆရာ အခုက တောက်လျောက် လိုပေါ့နော် မီးဘေး ကို တချို့နေရာ မြို့တွေမှာ ဖြစ်နေတယ်။ အဲဒီမှာ အဓိက ပြဿနာက ခုနကပြောသလို မီးသတ်ကားဝင်ဖို့ လုံလောက်တဲ့ လမ်း space မရှိတဲ့ဟာမျိုးပေါ့နော် ။ နမ့်ဆမ် မှာဖြစ်သွားတာဆိုရင်လည်း အဲလိုဖြစ်သွားတာဆိုတော့ ဆရာ အဓိက အဲဒီဖြစ်နေတာနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုများ အကြံပေးချင်တာရှိပါသလဲရှင့် ။ အထူးသဖြင့် မီးဘေးပေါ့နော်။

မြို့ပြပညာရှင်ဒေါက်တာကျော်လတ်။ ။ ကျနော်တို့မြင်တာကတော့ မြန်မာပြည်ရဲ့ပြဿနာက ကျနော်တို့ Norms တွေ Standard တွေ မရှိပဲနဲ့ လုပ်ကိုင်နေကြတာပေါ့နော်။ မသိပဲနဲ့ မရှိပဲနဲ့ လုပ်ကိုင်နေကြတာပေါ့နော်။ အဲဒါသည် မြန်မာပြည်ရဲ့ အဓိက အဆောက်အဦးတွေလည်း တခါတလေလည်းပြိုတယ်၊ ယိုင်တာတို့၊ မီးလောင်လို့ရှိရင်လည်း ထွက်ပြေးလို့မရတာတို့ ဆိုတဲ့ ကိစ္စတွေက စောစောက ကျနော်တို့ပြောတဲ့ norms တွေ ၊ standard တွေမရှိပဲနဲ့ လုပ်ခဲ့တဲ့ ကိစ္စတွေပေါ့။ မီးဘေးတင်မကပါဘူး လူတွေက မီးဘေး လိုပဲ ဆိုးတဲ့ လူတွေက ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အဆောက်အဦးတွေမှာတွေ နေထိုင်ရကြတာတွေ လည်း အပါအဝင်ပေါ့နော်။ အခုကျနော်တို့ ဗိသုကာများအသင်းရယ်၊ မြန်မာ engineering society ရယ် ပေါင်းပြီးတော့ မြန်မာပြည်အတွက် building code ဆိုတာ လုပ်ထားပါတယ်။အဲဒီ building code ဆိုတာမှာလည်းပဲ တော်တော်များများက စောစောက ကျနော်ပြောနေကြတဲ့ လူတွေကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆောက်အဦးတွေဆောက်ကြဖို့ မီးဘေး၊ ဘာညာဖြစ်တယ်ဆိုလို့ရှိရင် လွတ်အောင်လုပ်ကြဖို့ ဆိုပြီးတော့ အဲဒီ building code တွေရှိပါတယ်။ သိုသော်ခက်နေတာက အဲဒီလိုမျိုး မြို့ သေးသေးလေးဘာတွေကျတော့ သူတို့မသိကြဘူး။ မသိတာလည်းပါတယ်။ သူတို့မှာ ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေ မရှိတာလည်းပါတယ်။ အဲဒါက မြန်မာပြည် တပြည်လုံးအတိုင်းအတာမှာ ဖြစ်နေတဲ့ကိစ္စပေါ့။

မဆုမွန်။ ။ ဆရာ -မနေ့က ပလောင် အုပ်ချုပ်ခွင့်ရဒေသကို မေးတဲ့အခါမှာ သူတို့က ပြည်ထောင်စုအစိုးရဆီကနေ ကျွမ်းကျင်ပညာရှင်တွေ တောင်းပြီးမှ town plan ပြန်ဆွဲဖို့ ၊ နောက်ပြီးတော့ မူရင်းနေရာမှာ သူတို့ကို ပြန်ချဖို့ပေါ့နော် ။ ဆိုတော့ ဒီလိုမီးက တမြို့လုံးနီးပါးလောက် ပြာကျသွားတဲ့အခါမှာ အဲဒီလိုပြန်ပြီးတော့ တည်ဆောက်ရေးလုပ်တဲ့အခါမှာ ဒီလို သဘာဝမီးဘေးနောက်တကြိမ်ပြန်ပြီး ကြံုလာခဲ့ရလို့ရှိရင် ကာကွယ်ဖို့အတွက် ဆရာ ဘယ်လိုများအကြံပေးချင်တာ ရှိပါသလဲရှင့်။

မြို့ပြပညာရှင်ဒေါက်တာကျော်လတ်။ ။ ကျွမ်းကျင်တဲ့ ပညာရှင်တွေကို ခေါ်ပြီးတော့ ကျွမ်းကျင်သော အဲဒီပညာရှင်တွေကနေပြီးတော့ အဲလို standard တွေ norms တွေနဲ့ ပုံစံကို ဆွဲပေးကြရင် ပြည်နယ်အစိုးရတွေက လက်ခံကြတယ်ဆိုရင်တော့ နောင်ဒါမျိုးတွေဖြစ်ဖို့ အလားအလာနည်းသွားမှာပေါ့နော်။ ကျွမ်းကျင်တဲ့လူတွေက မြို့ပြစီမံကိန်းရေးဆွဲရာမှာ အဲဒီထဲမှာ သူတို့က လမ်းတွေရဲ့အကျယ်တို့ ၊ နောက်ပြီးတော့ ကျနော်တို့ခေါ်နေကြတဲ့ safe back distance လို့ခေါ်တာပေါ့ ၊ ဒီအဆောက်အဦးတွေက အနောက်ကို ဘယ်လောက်လောက်ထိ ဆုတ်ထားရမလဲတို့၊ အဆောက်အဦး တခုနဲ့ တခု ဘေးချင်း အကွာအဝေးတို့ပေါ့နော်။ အဲဒါတွေကို အသေးစိတ် အဲဒီမြို့မှာ zoning plan ရှိရမှာပေါ့။ အဲဒီ Zoning Plan ရှိရင်တော့ အဲဒီအထဲမှာ တကယ်လို့ မီးတွေ ဘာတွေလောင်တယ်ဆိုရင် ဘယ်လို ထွက်ပြေးရမလဲ၊ ဘယ်လို မီးသတ်ကားတွေဝင်ရမလဲ စသဖြင့် ဒါတွေကလည်းပဲ အသေးစိတ်ပါရမှာပေ့ါနော်။”

ဒါကတော့ မြို့ပြစီမံကိန်း ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မြို့ပြပညာရှင် ဒေါက်တာကျော်လတ်ကို ဗွီအိုအေ မြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment