Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 9, 2016

ေက်ာင္းသားေတြအမႈ ရံုးထုတ္ စစ္ေဆးစဥ္ ရုန္းရင္းဆန္ ခတ္ျဖစ္ပြား

သာယာဝတီအက်ဥ္းေထာင္မွာ ဖမ္းဆီးခံထားရတဲ့ ေက်ာင္းသားေက်ာင္းသူနဲ႔ ဝန္းရံသူေတြကို ႏိုဝင္ဘာလ ၃ ရက္ေန႔က ေတြ႔ရစဥ္။ Photo: Kyaw Zaw Win/ RFA
လက္ပံတန္းေက်ာင္းသားသပိတ္က ဖမ္းဆီးခံေက်ာင္းသားေတြနဲ႔ ဝန္းရံသူေတြကို သာယာဝတီခရိုင္တရားရံုးမွာ ဒီကေန႔ ရံုးထုတ္စစ္ေဆးစဥ္မွာ ရုန္းရင္း ဆန္ခတ္မႈ ျဖစ္ပြားခဲ့တဲ့အတြက္ တရားရံုးစစ္ေဆးမႈ ရပ္နားလိုက္ရတယ္ လို႔ သိရပါတယ္။

တရားလိုျပသက္ေသ ရဲအုပ္ကိုအမႈစစ္ေနစဥ္အတြင္း ေက်ာင္းသားတခ်ိဳ႕အေပၚ တရားသူႀကီးက ၿခိမ္းေျခာက္ေျပာ ဆိုခဲ့တာနဲ႔ပတ္သက္ၿပီး မေက်မနပ္ျဖစ္ရာကေန အခုလုိ ရုန္းရင္းဆန္ခတ္ျဖစ္ပြားခဲ့ေၾကာင္း ဒီကေန႔ ရံုးခ်ိန္းကို သြားေရာက္ခဲ့တဲ့ ဖမ္းဆီးခံေက်ာင္းသား ကိုရဲဝင့္ေအာင္ရဲ့ ဖခင္ စာေရးဆရာစံထြန္းက ေျပာပါတယ္။

"၁ နာရီ ၄၅ မိနစ္မွာ စၿပီးေတာ့ျဖစ္တာေပါ့ေနာ္၊ ရုန္းရင္းဆန္ခတ္ျဖစ္တယ္၊ ေက်ာင္းသားတခ်ိဳ႕က အျပင္ ထြက္ၿပီးအိမ္သာသြားတာကို ျပန္ဝင္ခိုင္းတယ္၊ ဝင္ခိုင္းတဲ့ အခါမွာ တရားသူႀကီးက ရဲနဲ႔ဖမ္းခ်ဳပ္လို႔ရတယ္၊ ရဲနဲ႔အေရးယူမယ္ဘာညာေျပာလိုက္တဲ့အခ်ိန္မွာ ေက်ာင္းသားေတြကနဂိုတည္းက ေပါက္ကြဲေနေတာ့ စိတ္ခံစား မႈေတြက အသီးသီးရွိေနၾကေတာ့ အကုန္လံုးမခံမရပ္ႏိုင္ျဖစ္ၿပီးေတာ့ ေက်ာင္းသားေတြကစ ၿပီးေတာ့ေအာ္တယ္၊ ဖမ္းခ်င္လဲဖမ္း၊ ခ်ဳပ္ခ်င္လဲခ်ဳပ္၊ ေထာင္ခ် လဲ ေထာင္ခ်ဆိုၿပီးေတာ့ ဗကသသီခ်င္းေတြ ဆိုၾကတာေပါ့ေနာ္၊ တရားသူႀကီးကဆက္မစစ္ေတာ့ဘူး၊ ရပ္လိုက္တယ္၊ ရံုးခ်ိန္း ၁၆ ရက္ေန႔ကို ခ်ိန္းပါတယ္ ခင္ဗ်"

ဒီကေန႔ရံုးခ်ိန္းမွာ လက္ပံတန္းေက်ာင္းသားသပိတ္က ဖမ္းဆီးခံေနရသူေတြထဲက ဝန္းရံသူတစ္ဦးျဖစ္တဲ့ ကိုေအာင္မ်ိဳးဦးဆိုသူကို အာမခံေပးလိုက္တယ္ လို႔လဲ ေျပာပါတယ္။ ဒီကေန႔တရားရံုးခ်ိန္းမွာ တရားလိုျပသက္ေသ ရဲအုပ္ရန္လင္းနုိင္ကို ေက်ာင္းသားေတြရဲ့ ေရွ႕ေနဦးေဌးက အမႈအတြက္စစ္ေဆးေမးျမန္းမႈေတြ မၿပီးျပတ္တဲ့ အတြက္ ေရွ႕သီတင္းပါတ္အတြင္း ဆက္လက္စစ္ေဆးမွာ ျဖစ္တယ္လို႔ သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese
.........
 သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားကျောင်းသူနဲ့ ဝန်းရံသူတွေကို နိုဝင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Zaw Win/ RFA
လက်ပံတန်းကျောင်းသားသပိတ်က ဖမ်းဆီးခံကျောင်းသားတွေနဲ့ ဝန်းရံသူတွေကို သာယာဝတီခရိုင်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်စစ်ဆေးစဉ်မှာ ရုန်းရင်း ဆန်ခတ်မှု ဖြစ်ပွားခဲ့တဲ့အတွက် တရားရုံးစစ်ဆေးမှု ရပ်နားလိုက်ရတယ် လို့ သိရပါတယ်။

တရားလိုပြသက်သေ ရဲအုပ်ကိုအမှုစစ်နေစဉ်အတွင်း ကျောင်းသားတချို့အပေါ် တရားသူကြီးက ခြိမ်းခြောက်ပြော ဆိုခဲ့တာနဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်ရာကနေ အခုလို ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း ဒီကနေ့ ရုံးချိန်းကို သွားရောက်ခဲ့တဲ့ ဖမ်းဆီးခံကျောင်းသား ကိုရဲဝင့်အောင်ရဲ့ ဖခင် စာရေးဆရာစံထွန်းက ပြောပါတယ်။

"၁ နာရီ ၄၅ မိနစ်မှာ စပြီးတော့ဖြစ်တာပေါ့နော်၊ ရုန်းရင်းဆန်ခတ်ဖြစ်တယ်၊ ကျောင်းသားတချို့က အပြင် ထွက်ပြီးအိမ်သာသွားတာကို ပြန်ဝင်ခိုင်းတယ်၊ ဝင်ခိုင်းတဲ့ အခါမှာ တရားသူကြီးက ရဲနဲ့ဖမ်းချုပ်လို့ရတယ်၊ ရဲနဲ့အရေးယူမယ်ဘာညာပြောလိုက်တဲ့အချိန်မှာ ကျောင်းသားတွေကနဂိုတည်းက ပေါက်ကွဲနေတော့ စိတ်ခံစား မှုတွေက အသီးသီးရှိနေကြတော့ အကုန်လုံးမခံမရပ်နိုင်ဖြစ်ပြီးတော့ ကျောင်းသားတွေကစ ပြီးတော့အော်တယ်၊ ဖမ်းချင်လဲဖမ်း၊ ချုပ်ချင်လဲချုပ်၊ ထောင်ချ လဲ ထောင်ချဆိုပြီးတော့ ဗကသသီချင်းတွေ ဆိုကြတာပေါ့နော်၊ တရားသူကြီးကဆက်မစစ်တော့ဘူး၊ ရပ်လိုက်တယ်၊ ရုံးချိန်း ၁၆ ရက်နေ့ကို ချိန်းပါတယ် ခင်ဗျ"

ဒီကနေ့ရုံးချိန်းမှာ လက်ပံတန်းကျောင်းသားသပိတ်က ဖမ်းဆီးခံနေရသူတွေထဲက ဝန်းရံသူတစ်ဦးဖြစ်တဲ့ ကိုအောင်မျိုးဦးဆိုသူကို အာမခံပေးလိုက်တယ် လို့လဲ ပြောပါတယ်။ ဒီကနေ့တရားရုံးချိန်းမှာ တရားလိုပြသက်သေ ရဲအုပ်ရန်လင်းနိုင်ကို ကျောင်းသားတွေရဲ့ ရှေ့နေဦးဌေးက အမှုအတွက်စစ်ဆေးမေးမြန်းမှုတွေ မပြီးပြတ်တဲ့ အတွက် ရှေ့သီတင်းပါတ်အတွင်း ဆက်လက်စစ်ဆေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment