Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 9, 2016

ျပည္ေထာင္စုလႊတ္ေတာ္ ဥပေဒၾကမ္း ပူးေပါင္းေကာ္မတီဖြဲ႔စည္း

လႊတ္ေတာ္အစည္းအေဝး တက္ေရာက္လာတဲ့ ကိုယ္စားလွယ္အသစ္ေတြကို ေတြ႔ရစဥ္ ။  Photo: Myo Thant Khaing/RFA
ျပည္ေထာင္စုလႊတ္ေတာ္ ဥပေဒၾကမ္းပူးေပါင္းေကာ္မတီကုိ ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္ကုိယ္စား လွယ္ ၁၅ ဦး နဲ႔ ဖဲြ႔စည္းေၾကာင္း ျပည္ေထာင္စု လႊတ္ေတာ္ နာယက မန္း၀င္းခုိင္သန္းက ဒီကေန႔ ေၾကညာလိုက္ ပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္ ဥပေဒၾကမ္းပူးေပါင္းေကာ္မတီဥကၠဌအျဖစ္ ျပည္ေထာင္စု လႊတ္ေတာ္ဒုတိယ နာယက ဦးေအးသာေအာင္၊ ဒုဥကၠဌ နဲ႔ အတြင္းေရးမွဴး တာ၀န္ေပးအပ္ခံရသူေတြအမည္စာရင္းကို လႊတ္ေတာ္နာယက မန္း၀င္းခုိင္သန္းက လႊတ္ေတာ္မွာ ေၾကညာခဲ့ပါတယ္။

"ဥပေဒၾကမ္းပူးေပါင္းေကာ္မတီမွာ ဥကၠဌတာဝန္ကို ဒုတိယ နာယက ဦးေအးသာေအာင္၊ ဒုဥကၠဌ ၁ အျဖစ္ စစ္ကိုင္းတိုင္းေဒသႀကီး မဲဆႏၵနယ္ အမွတ္ ၆ က ဦးေဇာ္မင္းအားလည္းေကာင္း၊ ဒုဥကၠဌ ၂ အျဖစ္ ေနာင္ခ်ိဳ မဲဆႏၵနယ္က ဦးထြန္းေအာင္ ေခၚ ဦးထြန္းထြန္းဟိန္အားလည္းေကာင္း၊ အတြင္းေရးမွဴးအျဖစ္ ရန္ကုန္ တိုင္းေဒသႀကီး မဲဆႏၵနယ္ အမွတ္ ၃ က ေဒါက္တာျမတ္ဥာဏစိုးအားလည္းေကာင္း၊ တြဲဖက္ အတြင္းေရးမွဴး အျဖစ္ က်ိဳင္းတံုမဲဆႏၵနယ္က ဦးစတီဗင္အား လည္းေကာင္း၊ က်န္ရွိတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ ၁ဝ ဦး အား ေကာ္မတီအဖြဲ႔ဝင္မ်ားအျဖစ္လည္းေကာင္း တာဝန္ေပးအပ္ဖြဲ႔စည္းသြားမွာျဖစ္ေၾကာင္းနဲ႔ မနက္ျဖန္ က်င္းပျပဳလုပ္မယ့္ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးမွာ လႊတ္ေတာ္ရဲ႕သေဘာတူညီခ်က္ရယူၿပီး ဆက္လက္ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း အသိေပးတင္ျပအပ္ပါတယ္"

ဖြဲ႔စည္းပုံအေျခခံဥပေဒကို ျပင္ဆင္ဖို႔ လုုိအပ္လာတဲ့အခါ ဥပေဒၾကမ္းပူးေပါင္းေကာ္မတီ က တာ၀န္ယူၿပီး ေဆာင္ ရြက္ေပးရမွာျဖစ္ေၾကာင္း ေကာ္မတီရဲ့ အတြင္းေရးမွဴးအျဖစ္ တာ၀န္ေပးခံရတဲ့ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စား လွယ္ ေဒါက္တာျမတ္ဥာဏစိုးက လႊတ္ေတာ္မွာ တင္ျပခဲ့ပါတယ္။

"ဖြဲ႔စည္းပံုအေျခခံ ဥပေဒကိုျပင္ဆင္တဲ့အခါမွာလည္း ဥပေဒၾကမ္းပူးေပါင္းေကာ္မတီကပဲ တာဝန္ယူၿပီးေတာ့ ေဆာင္ရြက္ရမွာျဖစ္ပါတယ္၊  ဥပေဒၾကမ္း ပူးေပါင္းေကာ္မတီ ရဲ႕လုပ္ငန္းတာဝန္ေတြကို တင္ျပပါမယ္၊ နည္းဥပေဒ ၁၃၅ မွာေတာ့ ဖြဲ႔စည္းပံုအေျခခံ ဥပေဒကိုျပင္ဆင္ရန္ ဥပေဒမူၾကမ္းႏွင့္ ဆက္လ်ဥ္းၿပီး လႊတ္ေတာ္အစည္းအေဝးတြင္ ေဆြးေႏြးျခင္းမျပဳမိ အေသးစိတ္ေလ့လာစိစစ္ရန္ နာယကသည္ ျပည္သူ႔လႊတ္ေတာ္ ဥပေဒၾကမ္းေကာ္မတီႏွင့္ အမ်ိဳးသား လႊတ္ေတာ္ ဥပေဒၾကမ္းေကာ္မတီတို႔အား ကာလသတ္မွတ္ၿပီး ပူးေပါင္းေကာ္မတီဖြဲ႔စည္းၿပီး ေလ့လာစိစစ္ေစရမည္၊ နည္းဥပေဒ ၁၃၆ မွာေဖာ္ျပထားတာ ကေတာ့ ဖြဲ႔စည္းပံုအေျခခံဥပေဒကို ျပင္ဆင္သည့္ဥပေဒမူၾကမ္း ကို စတင္ေဆြးေႏြးျခင္းမျပဳမိ နည္းဥပေဒမူၾကမ္းႏွင့္ ပူးေပါင္းေကာ္မတီေလ့လာ စိစစ္ခ်က္တို႔ကို လႊတ္ေတာ္နာယက ကသတ္မွတ္သည့္နည္းလမ္းအတိုင္း လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားထံ ျပည္ေထာင္စုလႊတ္ေတာ္ရံုးက ႀကိဳတင္ေဝငွထားရမယ္ လို႔ ျပဌာန္းထားပါတယ္"

ျပည္ေထာင္စုလႊတ္ေတာ္ဥပေဒၾကမ္းပူးေပါင္းေကာ္မတီဟာ ဥပေဒၾကမ္းေတြကို ေဆြးေႏြးအတည္မျပဳခင္ အေသးစိတ္ေလ႔လာစီစစ္ၿပီး ေကာ္မတီ ရဲ႕သေဘာထားမွတ္ခ်က္ အစီရင္ခံစာကုိ လႊတ္ေတာ္ထံ ပံုမွန္တင္သြင္းရတာ ျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
...........
 လွှတ်တော်အစည်းအဝေး တက်ရောက်လာတဲ့ ကိုယ်စားလှယ်အသစ်တွေကို တွေ့ရစဉ် ။  Photo: Myo Thant Khaing/RFA
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ၁၅ ဦး နဲ့ ဖွဲ့စည်းကြောင်း ပြည်ထောင်စု လွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ဒီကနေ့ ကြေညာလိုက် ပါတယ်။

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဥက္ကဌအဖြစ် ပြည်ထောင်စု လွှတ်တော်ဒုတိယ နာယက ဦးအေးသာအောင်၊ ဒုဥက္ကဌ နဲ့ အတွင်းရေးမှူး တာဝန်ပေးအပ်ခံရသူတွေအမည်စာရင်းကို လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက လွှတ်တော်မှာ ကြေညာခဲ့ပါတယ်။

"ဥပဒေကြမ်းပူးပေါင်းကော်မတီမှာ ဥက္ကဌတာဝန်ကို ဒုတိယ နာယက ဦးအေးသာအောင်၊ ဒုဥက္ကဌ ၁ အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၆ က ဦးဇော်မင်းအားလည်းကောင်း၊ ဒုဥက္ကဌ ၂ အဖြစ် နောင်ချို မဲဆန္ဒနယ်က ဦးထွန်းအောင် ခေါ် ဦးထွန်းထွန်းဟိန်အားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၃ က ဒေါက်တာမြတ်ဉာဏစိုးအားလည်းကောင်း၊ တွဲဖက် အတွင်းရေးမှူး အဖြစ် ကျိုင်းတုံမဲဆန္ဒနယ်က ဦးစတီဗင်အား လည်းကောင်း၊ ကျန်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် ၁ဝ ဦး အား ကော်မတီအဖွဲ့ဝင်များအဖြစ်လည်းကောင်း တာဝန်ပေးအပ်ဖွဲ့စည်းသွားမှာဖြစ်ကြောင်းနဲ့ မနက်ဖြန် ကျင်းပပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ရဲ့သဘောတူညီချက်ရယူပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါတယ်"

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ လုုိအပ်လာတဲ့အခါ ဥပဒေကြမ်းပူးပေါင်းကော်မတီ က တာဝန်ယူပြီး ဆောင် ရွက်ပေးရမှာဖြစ်ကြောင်း ကော်မတီရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ပေးခံရတဲ့ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

"ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်တဲ့အခါမှာလည်း ဥပဒေကြမ်းပူးပေါင်းကော်မတီကပဲ တာဝန်ယူပြီးတော့ ဆောင်ရွက်ရမှာဖြစ်ပါတယ်၊  ဥပဒေကြမ်း ပူးပေါင်းကော်မတီ ရဲ့လုပ်ငန်းတာဝန်တွေကို တင်ပြပါမယ်၊ နည်းဥပဒေ ၁၃၅ မှာတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်ရန် ဥပဒေမူကြမ်းနှင့် ဆက်လျဉ်းပြီး လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးခြင်းမပြုမိ အသေးစိတ်လေ့လာစိစစ်ရန် နာယကသည် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီတို့အား ကာလသတ်မှတ်ပြီး ပူးပေါင်းကော်မတီဖွဲ့စည်းပြီး လေ့လာစိစစ်စေရမည်၊ နည်းဥပဒေ ၁၃၆ မှာဖော်ပြထားတာ ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်ဥပဒေမူကြမ်း ကို စတင်ဆွေးနွေးခြင်းမပြုမိ နည်းဥပဒေမူကြမ်းနှင့် ပူးပေါင်းကော်မတီလေ့လာ စိစစ်ချက်တို့ကို လွှတ်တော်နာယက ကသတ်မှတ်သည့်နည်းလမ်းအတိုင်း လွှတ်တော် ကိုယ်စားလှယ်များထံ ပြည်ထောင်စုလွှတ်တော်ရုံးက ကြိုတင်ဝေငှထားရမယ် လို့ ပြဌာန်းထားပါတယ်"

ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော်မတီဟာ ဥပဒေကြမ်းတွေကို ဆွေးနွေးအတည်မပြုခင် အသေးစိတ်လေ့လာစီစစ်ပြီး ကော်မတီ ရဲ့သဘောထားမှတ်ချက် အစီရင်ခံစာကို လွှတ်တော်ထံ ပုံမှန်တင်သွင်းရတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment