Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 2, 2016

သခ်ၤာညံ့ေသာေက်ာင္းသားအီးအေလးခ်ိန္ ခ်ိန္တြယ္ပံု


တခါက...
သခၤ်ာဆရာတစ္ေယာက္ဆီမွာ ေက်ာင္းသားေလးႏွစ္ေယာက္ က်ဴရွင္ယူျပီး စာသင္ေနသတ့ဲ။
ခက္တာက...
ေက်ာင္းႀကီးမွာ စာေမးပြဲေျဖတိုင္းတစ္ေယာက္က သခၤ်ာအမွတ္ျပည့္ရၿပီး
ေနာက္တစ္ေယာက္ကေတာ့ ၇၀ ေလာက္ပဲရတယ္။
ဒီေတာ့
အမွတ္နည္းတ့ဲေက်ာင္းသားက က်ဴရွင္ဆရာကို ေမးတယ္... ...
'ဆရာ... က်ေနာ္တို႔ ႏွစ္ေယာက္ ဆရာ႔ဆီမွာ က်ဴရွင္ယူၾကတယ္၊ သူအတန္းမွန္သလို က်ေနာ္လည္းမွန္တယ္ သူအိမ္စာလုပ္သလို က်ေနာ္လည္းလုပ္တယ္ သူႀကိဳးစားသေလာက္ က်ေနာ္လည္း ႀကိဳးစားတယ္၊ ဒါနဲ႔မ်ား စာေမးပြဲမွာ ဘာလို႔ က်ေနာ္က အမွတ္နည္းရတာလဲ ဆရာ၊ က်ေနာ္မသိေအာင္မ်ား သူ႔ကုိတစ္ေယာက္ထဲ ခြဲျပီး အခ်ိန္ပုိသင္ေပးေနတာလား'
ဆိုေတာ့... ...
ဆရာက တပည့္မိုက္ကုိ ၿပံဳးုျပီးၾကည့္ရင္း ေျပာတယ္... ...
"သူ အမွတ္ပုိရေအာင္ ဆရာဘယ္တံုးကမွ ခြဲျခားျပီး မသင္ခ့ဲဘူး င့ါတပည့္"
"ဒါဆို သူကဘာလို႔ က်ေနာ္႔ထက္ အၿမဲတမ္း အမွတ္မ်ားေနတာလဲ ဆရာ"
"မင္းတို႔ ႏွစ္ေယာက္ဗိုက္ထဲက ခ်ီးအေလးခ်ိန္ မတူလို႔ကြ၊ ပုိေလးတ့ဲအီးကုိ ပါႏိုင္တ့ဲေကာင္က ပုိျပီး စာေတာ္တယ္"
"ဗ်ာ..."
"ဟုတ္တယ္.... မယံုရင္ မနက္ဖန္မနက္ အိပ္ရာထလို႔ အီးပါတ့ဲအခါ အဲဒီအီးကုိ ခ်ိန္ခ့ဲၾက၊ ဘယ္သူက အီးပိုမ်ားမ်ားပါႏိုင္လဲ၊ ဘယ္သူ႔အီးက ပိုေလးလဲ ၾကည့္ၾကတာေပ့ါ၊ ဟုတ္ျပီလား"
"ဟုတ္က့ဲ..."
ဆိုျပီး ေက်ာင္းသားႏွစ္ေယာက္ျပန္သြားတယ္။
ေနာက္ရက္ က်ဴရွင္လာတက္ေတာ့ ဆရာကေမးတယ္... ...
"ေျပာပါအံုး မင္းတို႔ရဲ႕ အီး အေလးခ်ိန္ေတြ"
စာည့ံတ့ဲေက်ာင္းသားက ေျဖတယ္... ...
"က်ေနာ္ဟာကေတာ့ ဂရမ္ ၁၅၀ ေလာက္ရိွတယ္ ဆရာ"
စာေတာ္တ့ဲ ေက်ာင္းသားက ေျဖတယ္... ...
"၈၅ ဂရမ္ ရိွပါတယ္ဆရာ"
အဲဒီမွာ...
စာည့ံတ့ဲေက်ာင္းသားက 'ဘယ့္ႏွယ့္ရိွစ' ဆိုတ့ဲ မ်က္ႏွာေပးနဲ႔ ဆရာကုိၾကည့္ရင္း ေျပာတယ္... ...
"ဆရာေျပာေတာ့ စာေတာ္ရင္ ပုိမ်ားမယ္ ပိုေလးရမယ္ဆို၊ ခု ဘယ့္ႏွယ့္လဲ"
ဆရာက တပည့္ကုိ ခြင့္လႊတ္တ့ဲ အၿပံဳးနဲ႔ၾကည့္ရင္း ေျဖတယ္... ...
"ငါ့တပည့္... မင္းရဲ႕ အီးအေလးခ်ိန္ ၁၅၀ ဂရမ္ကုိ သိရေအာင္ မင္းဘယ္လို ခ်ိန္ခ့ဲလဲ"
"ပလပ္စတစ္အိတ္ထဲ ပါခ်တယ္၊ ျပီးေတာ့ ခ်ိန္ခြင္ေပၚတင္ျပီး ခ်ိန္လိုက္တာပဲေလ"
"အဲလိုလုပ္ေတာ့ အဆင္ေျပရဲ႕လား"
"နည္းနည္းေတာ့ ဟိုေပဒီေပနဲ႔ ညစ္ပတ္တာေပ့ါ၊ နံလည္း နံတာေပ့ါ ေဝါ့ ေျပာရင္း ရြံလာျပီ"
"ကဲ... ဟုတ္ျပီး ေနာက္တစ္ေယာက္ကေရာ 85 ဂရမ္ရေအာင္ ဘယ္လိုခ်ိန္ခ့ဲလဲ"
"က်ေနာ္က အီးမပါခင္ ကုိယ့္အေလးခ်ိန္ကုိ ခ်ိန္လိုက္တယ္ဆရာ၊ အီးပါျပီး ျပန္ခ်ိန္လိုက္တယ္၊ အေလးခ်ိန္ ၂ ခု ျခားနားလိုက္တ့ဲအခါ ထြက္သြားတ့ဲ အီးအေလးခ်ိန္ကုိ ရပါတယ္"
"ေအး... ဆရာေျပာခ်င္တာက အဲဒါပဲ၊ တကယ္ေတာ့ အီး အေလးခ်ိန္ေၾကာင့္ စာည့ံစာေတာ္ ျဖစ္တယ္ဆိုတာ မဟုတ္ပါဘူး၊ ဒီ ညစ္ပတ္ နံေစာ္ေနတ့ဲ မစင္ေတြကုိ လက္နဲ႔ မကိုင္ပဲ၊ ဘာကရိကထမွ မမ်ားေအာင္ သူ႔အေလးခ်ိန္ကုိ သိႏိုင္တ့ဲ စဥ္းစားေတြးေခၚတတ္တ့ဲ ကုိယ္ပိုင္ဥာဏ္ကုိ သံုးတတ္ မသံုးတတ္ဆိုတာ ထင္ရွားေစခ်င္လို႔ ဆရာက ခိုင္းလိုက္တာပါ၊ ဘယ္သူက ပုိေတာ္တယ္ဆိုတာ သိဖို႔ ဗိုက္ထဲက အီးနဲ႔ မဆိုင္ဘူး၊ အီးအေလးခ်ိန္ကုိ အလြယ္တကူ သိေအာင္ လုပ္ႏိုင္တ့ဲ ေခါင္းထဲကဦးေႏွာက္နဲ႔ပဲ ဆိုင္တယ္ င့ါတပည့္"
ဆိုေတာ့... ...
အမွတ္နည္းတ့ဲ တပည့္ ေခါင္းငိုက္စိုက္က်ျပီး ဝန္ခံသြားတယ္... ...
"က်ေနာ္မွားပါတယ္ ဆရာ..."
K'CHO CLAN News and Media
...............
တခါက...
သင်္ချာဆရာတစ်ယောက်ဆီမှာ ကျောင်းသားလေးနှစ်ယောက် ကျူရှင်ယူပြီး စာသင်နေသတဲ့။
ခက်တာက...
ကျောင်းကြီးမှာ စာမေးပွဲဖြေတိုင်း
တစ်ယောက်က သင်္ချာအမှတ်ပြည့်ရပြီး
နောက်တစ်ယောက်ကတော့ ရ၀ လောက်ပဲရတယ်။
ဒီတော့
အမှတ်နည်းတဲ့ကျောင်းသားက ကျူရှင်ဆရာကို မေးတယ်... ...
'ဆရာ... ကျနော်တို့ နှစ်ယောက် ဆရာ့ဆီမှာ ကျူရှင်ယူကြတယ်၊ သူအတန်းမှန်သလို ကျနော်လည်းမှန်တယ် သူအိမ်စာလုပ်သလို ကျနော်လည်းလုပ်တယ် သူကြိုးစားသလောက် ကျနော်လည်း ကြိုးစားတယ်၊ ဒါနဲ့များ စာမေးပွဲမှာ ဘာလို့ ကျနော်က အမှတ်နည်းရတာလဲ ဆရာ၊ ကျနော်မသိအောင်များ သူ့ကိုတစ်ယောက်ထဲ ခွဲပြီး အချိန်ပိုသင်ပေးနေတာလား'
ဆိုတော့... ...
ဆရာက တပည့်မိုက်ကို ပြုံးုပြီးကြည့်ရင်း ပြောတယ်... ...
"သူ အမှတ်ပိုရအောင် ဆရာဘယ်တုံးကမှ ခွဲခြားပြီး မသင်ခဲ့ဘူး င့ါတပည့်"
"ဒါဆို သူကဘာလို့ ကျနော့်ထက် အမြဲတမ်း အမှတ်များနေတာလဲ ဆရာ"
"မင်းတို့ နှစ်ယောက်ဗိုက်ထဲက ချီးအလေးချိန် မတူလို့ကွ၊ ပိုလေးတဲ့အီးကို ပါနိုင်တဲ့ကောင်က ပိုပြီး စာတော်တယ်"
"ဗျာ..."
"ဟုတ်တယ်.... မယုံရင် မနက်ဖန်မနက် အိပ်ရာထလို့ အီးပါတဲ့အခါ အဲဒီအီးကို ချိန်ခဲ့ကြ၊ ဘယ်သူက အီးပိုများများပါနိုင်လဲ၊ ဘယ်သူ့အီးက ပိုလေးလဲ ကြည့်ကြတာပေ့ါ၊ ဟုတ်ပြီလား"
"ဟုတ်ကဲ့..."
ဆိုပြီး ကျောင်းသားနှစ်ယောက်ပြန်သွားတယ်။
နောက်ရက် ကျူရှင်လာတက်တော့ ဆရာကမေးတယ်... ...
"ပြောပါအုံး မင်းတို့ရဲ့ အီး အလေးချိန်တွေ"
စာည့ံတဲ့ကျောင်းသားက ဖြေတယ်... ...
"ကျနော်ဟာကတော့ ဂရမ် ၁၅၀ လောက်ရှိတယ် ဆရာ"
စာတော်တဲ့ ကျောင်းသားက ဖြေတယ်... ...
"၈၅ ဂရမ် ရှိပါတယ်ဆရာ"
အဲဒီမှာ...
စာည့ံတဲ့ကျောင်းသားက 'ဘယ့်နှယ့်ရှိစ' ဆိုတဲ့ မျက်နှာပေးနဲ့ ဆရာကိုကြည့်ရင်း ပြောတယ်... ...
"ဆရာပြောတော့ စာတော်ရင် ပိုများမယ် ပိုလေးရမယ်ဆို၊ ခု ဘယ့်နှယ့်လဲ"
ဆရာက တပည့်ကို ခွင့်လွှတ်တဲ့ အပြံုးနဲ့ကြည့်ရင်း ဖြေတယ်... ...
"ငါ့တပည့်... မင်းရဲ့ အီးအလေးချိန် ၁၅၀ ဂရမ်ကို သိရအောင် မင်းဘယ်လို ချိန်ခဲ့လဲ"
"ပလပ်စတစ်အိတ်ထဲ ပါချတယ်၊ ပြီးတော့ ချိန်ခွင်ပေါ်တင်ပြီး ချိန်လိုက်တာပဲလေ"
"အဲလိုလုပ်တော့ အဆင်ပြေရဲ့လား"
"နည်းနည်းတော့ ဟိုပေဒီပေနဲ့ ညစ်ပတ်တာပေ့ါ၊ နံလည်း နံတာပေ့ါ ဝေါ့ ပြောရင်း ရွံလာပြီ"
"ကဲ... ဟုတ်ပြီး နောက်တစ်ယောက်ကရော 85 ဂရမ်ရအောင် ဘယ်လိုချိန်ခဲ့လဲ"
"ကျနော်က အီးမပါခင် ကိုယ့်အလေးချိန်ကို ချိန်လိုက်တယ်ဆရာ၊ အီးပါပြီး ပြန်ချိန်လိုက်တယ်၊ အလေးချိန် ၂ ခု ခြားနားလိုက်တဲ့အခါ ထွက်သွားတဲ့ အီးအလေးချိန်ကို ရပါတယ်"
"အေး... ဆရာပြောချင်တာက အဲဒါပဲ၊ တကယ်တော့ အီး အလေးချိန်ကြောင့် စာည့ံစာတော် ဖြစ်တယ်ဆိုတာ မဟုတ်ပါဘူး၊ ဒီ ညစ်ပတ် နံစော်နေတဲ့ မစင်တွေကို လက်နဲ့ မကိုင်ပဲ၊ ဘာကရိကထမှ မများအောင် သူ့အလေးချိန်ကို သိနိုင်တဲ့ စဉ်းစားတွေးခေါ်တတ်တဲ့ ကိုယ်ပိုင်ဉာဏ်ကို သုံးတတ် မသုံးတတ်ဆိုတာ ထင်ရှားစေချင်လို့ ဆရာက ခိုင်းလိုက်တာပါ၊ ဘယ်သူက ပိုတော်တယ်ဆိုတာ သိဖို့ ဗိုက်ထဲက အီးနဲ့ မဆိုင်ဘူး၊ အီးအလေးချိန်ကို အလွယ်တကူ သိအောင် လုပ်နိုင်တဲ့ ခေါင်းထဲကဦးနှောက်နဲ့ပဲ ဆိုင်တယ် င့ါတပည့်"
ဆိုတော့... ...
အမှတ်နည်းတဲ့ တပည့် ခေါင်းငိုက်စိုက်ကျပြီး ဝန်ခံသွားတယ်... ...
"ကျနော်မှားပါတယ် ဆရာ..."
K'CHO CLAN News and Media

No comments:

Post a Comment