Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, February 2, 2016
ဂျာဟာခန် ဖေဖော်ဝါရီ ၂
အိန္ဒိယနိုင်ငံ ဂျာဟာခန်ပြည်နယ်ရှိ ဂျန်ရှက်ဒ်ပါမြို့ရှိ ဆေးရုံတွင် မုဒိမ်းကျင့်ခံရ မှုကြောင့်ဆေးကုသမှုခံယူနေသောအသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ဆေးရုံလုံခြုံရေးများက မုဒိမ်းကျင့်မှုဖြစ်ပွား ခဲ့ကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြသည်။
အဆိုပါဖြစ်စဉ်ပေါ်ထွက်လာပြီးနောက် တွင် ကိုးလ်ကတ္တားမြို့အပါအဝင် အိန္ဒိယ နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် အမျိုးသမီး များဘဝလုံခြုံမှုကို ခြိမ်းခြောက်သည့် ဖြစ်စဉ်များ ဖြစ်ပွားနေခြင်းကို အကာ အကွယ်ပေးနိုင်ခြင်းမရှိသည့် အိန္ဒိယအစိုးရ နှင့် အိန္ဒိယတရားရေးဌာနတို့၏ စွမ်းဆောင် ရည် အားနည်းချက်များကို ဆန့်ကျင်သည့် ဆန္ဒပြမှုများပေါ်ထွက်ခဲ့ပြီး ဆန္ဒပြသူဦးရေ မှာ သောင်းဂဏာန်းခန့်ရှိခဲ့သည်ဟု ကိုးလ် ကတ္တားရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။
NG (Ref: Daily Mail)
The Union Daily
http://uniondaily.net
.........................................
အိန္ဒိယတွင် မုဒိမ်းကျင့်ခံရမှုကြောင့် ဆေးကုသမှုခံယူနေသော အမျိုးသမီးငယ်ကို ဆေးရုံလုံခြုံရေးများက မုဒိမ်းကျင့်မှုဖြစ်ပွား
ဂျာဟာခန် ဖေဖော်ဝါရီ ၂
အိန္ဒိယနိုင်ငံ ဂျာဟာခန်ပြည်နယ်ရှိ ဂျန်ရှက်ဒ်ပါမြို့ရှိ ဆေးရုံတွင် မုဒိမ်းကျင့်ခံရ မှုကြောင့်ဆေးကုသမှုခံယူနေသောအသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ဆေးရုံလုံခြံုရေးများက မုဒိမ်းကျင့်မှုဖြစ်ပွား ခဲ့ကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြသည်။
အဆိုပါ အမျိုးသမီးငယ်ကို သူမ၏ အိမ်နီးချင်း ဆယ်ကျော်သက်တစ်ဦးက မုဒိမ်းကျင့်ခဲ့ခြင်းကြောင့် ဆေးရုံတွင် ဆေး ကုသမှုခံယူနေစဉ်အတွင်း ဆေးရုံလုံခြံုရေး များက လူရှင်းသည့်ညအချိန်တွင် မုဒိမ်း ကျင့်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟုဂျန်ရှက်ဒ် ပါ ရဲတပ်ဖွဲ့က အတည်ပြုထားသည်။ ဂျန် ရှက်ဒ်ပါရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ချန်ဒန်ဂျာက''မုဒိမ်းကျင့်ခံရလို့ ဆေးရုံ တက်ဆေးကုသမှုခံယူနေတဲ့အမျိုးသမီးငယ် တစ်ဦးကို ဆေးရုံလုံခြံုရေးတွေက မုဒိမ်း ကျင့်ခဲ့တယ်ဆိုတဲ့ တိုင်ကြားမှုကို လက်ခံ ရရှိထားပါတယ်။တရားလိုရဲ့ဆေးစစ်ချက် အဖြေကို စောင့်ဆိုင်းနေပါတယ်။ ဆေးစစ် ချက်အဖြေရရင် လိုအပ်တဲ့စစ်ဆေးမှုတွေ စတင်ပြုလုပ်သွားမှာပါ''ဟု ပြောသည်။
အဆိုပါဖြစ်စဉ်ပေါ်ထွက်လာပြီးနောက် တွင် ကိုးလ်ကတ္တားမြို့အပါအဝင် အိန္ဒိယ နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် အမျိုးသမီး များဘဝလုံခြံုမှုကို ခြိမ်းခြောက်သည့် ဖြစ်စဉ်များ ဖြစ်ပွားနေခြင်းကို အကာ အကွယ်ပေးနိုင်ခြင်းမရှိသည့် အိန္ဒိယအစိုးရ နှင့် အိန္ဒိယတရားရေးဌာနတို့၏ စွမ်းဆောင် ရည် အားနည်းချက်များကို ဆန့်ကျင်သည့် ဆန္ဒပြမှုများပေါ်ထွက်ခဲ့ပြီး ဆန္ဒပြသူဦးရေ မှာ သောင်းဂဏာန်းခန့်ရှိခဲ့သည်ဟု ကိုးလ် ကတ္တားရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။
NG (Ref: Daily Mail)
The Union Daily
http://uniondaily.net
No comments:
Post a Comment