Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 16, 2016

ကန္-အာဆီယံထိပ္သီးညီလာခံမွာ လူ႔အခြင့္ေရးကိစၥ ေတာင္းဆုိဆႏၵျပ


အေမရိကန္ျပည္ေထာင္စု ကယ္လီဖိုးနီးယားျပည္နယ္ Rancho Mirage ၿမိဳ႕က Sunnylands မွာ အေရွ႕ေတာင္အာရွႏုိင္ငံမ်ားအသင္း ASEAN အဖြဲ႔၀င္ ၁၀ ႏုိင္ငံက ေခါင္းေဆာင္ေတြကို တနလၤာေန႔က သမၼတ ဘရက္ခ္ အိုဘားမား လက္ခံႀကိဳဆိုခ်ိန္မွာပဲ - ထိပ္သီးညီလာခံ အျပင္ဘက္မွာရွိေနၾကတဲ့ ဆႏၵျပသူေတြက - ေခါင္းေဆာင္ေတြေဆြးေႏြးမယ့္ အေၾကာင္းအရာေတြထဲမွာ လူ႔အခြင့္အေရးကိစၥက ဦးစားေပး ထည့္သြင္းဖုိ႔ တိုက္တြန္းခဲ့ၾကပါတယ္။

သမၼတ အိုဘားမားကေတာ့ ႏွစ္ရက္ၾကာ က်င္းပမယ့္ ဒီထိပ္သီးညီလာခံကို တက္ေရာက္လာၾကတဲ့  အာဆီယံေခါင္းေဆာင္ေတြကို - ကုန္သြယ္ေရး၊ လံုၿခံဳေရးနဲ႔ အာရွ-ပစိဖိတ္ေဒသမွာ ခ်ိန္ခြင္လွ်ာညိႇမယ့္ အေမရိကန္အစိုးရရဲ႕ ႏုိင္ငံျခားမူ၀ါဒေတြကို ေျပာဆိုခဲ့တာပါ။

ဒီလိုေဆာင္ရြက္ရာမွာ ေဒသတည္ၿငိမ္ေရးနဲ႔ သာယာ၀ေျပာေရးမွာ အေရးပါတဲ့ အေရွ႕ေတာင္အာရွနဲ႔ ASEAN အသင္း၀င္ႏိုင္ငံေတြနဲ႔ ပူးေပါင္း ေဆာင္ရြက္ဖို႔အျပင္ ႏိုင္ငံတိုင္းကလိုက္နာႏုိင္တဲ့ ေဒသဆိုင္ရာ သေဘာတူညီခ်က္ စည္းမ်ဥ္းစည္းကမ္းေတြ ခ်မွတ္ႏုိင္ေရး ဘံုရည္မွန္းခ်က္ေတြ ပါ၀င္တယ္လို႔လည္း သမၼတ အိုဘားမားက ေျပာၾကားသြားပါတယ္။

ထိပ္သီးညီလာခံကို ရာန႔ဲခ်ီၿပီးဆႏၵျပၾကသူေတြထဲမွာ ႏွစ္ေပါင္း ၃၀ ၾကာ ႏိုင္ငံေရးအာဏာကို ခ်ဳပ္ကိုင္ထားတဲ့ ၀န္ႀကီးခ်ဳပ္ ဟြန္ဆန္ရဲ႕ ကေမာၻဒီးယား ႏိုင္ငံက လူအမ်ားစု ပါ၀င္သလို၊ ဗီယက္နမ္ရဲ႕လႊမ္းမိုးမႈကို ဆန္႔က်င္တဲ့ လာအုိႏုိ္င္ငံသားေတြလည္း ပါ၀င္ပါတယ္။ ဒါ့အျပင္ လြတ္လပ္မႈ အျပည့္အ၀ရွိတဲ့ အေမရိကန္ျပည္ေထာင္စုကို Prayut Chan-o-cha လို ထိုင္းႏိုင္ငံက အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီးေဟာင္းအေနနဲ႔ လာေရာက္ဖို႔ မသင့္ဘူးလို႔လည္း ဆႏၵျပသူေတြက ေျပာဆိုၾကပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

...................................


အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Rancho Mirage မြို့က Sunnylands မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN အဖွဲ့ဝင် ၁၀ နိုင်ငံက ခေါင်းဆောင်တွေကို တနင်္လာနေ့က သမ္မတ ဘရက်ခ် အိုဘားမား လက်ခံကြိုဆိုချိန်မှာပဲ - ထိပ်သီးညီလာခံ အပြင်ဘက်မှာရှိနေကြတဲ့ ဆန္ဒပြသူတွေက - ခေါင်းဆောင်တွေဆွေးနွေးမယ့် အကြောင်းအရာတွေထဲမှာ လူ့အခွင့်အရေးကိစ္စက ဦးစားပေး ထည့်သွင်းဖို့ တိုက်တွန်းခဲ့ကြပါတယ်။

သမ္မတ အိုဘားမားကတော့ နှစ်ရက်ကြာ ကျင်းပမယ့် ဒီထိပ်သီးညီလာခံကို တက်ရောက်လာကြတဲ့  အာဆီယံခေါင်းဆောင်တွေကို - ကုန်သွယ်ရေး၊ လုံခြုံရေးနဲ့ အာရှ-ပစိဖိတ်ဒေသမှာ ချိန်ခွင်လျှာညှိမယ့် အမေရိကန်အစိုးရရဲ့ နိုင်ငံခြားမူဝါဒတွေကို ပြောဆိုခဲ့တာပါ။

ဒီလိုဆောင်ရွက်ရာမှာ ဒေသတည်ငြိမ်ရေးနဲ့ သာယာဝပြောရေးမှာ အရေးပါတဲ့ အရှေ့တောင်အာရှနဲ့ ASEAN အသင်းဝင်နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့အပြင် နိုင်ငံတိုင်းကလိုက်နာနိုင်တဲ့ ဒေသဆိုင်ရာ သဘောတူညီချက် စည်းမျဉ်းစည်းကမ်းတွေ ချမှတ်နိုင်ရေး ဘုံရည်မှန်းချက်တွေ ပါ၀င်တယ်လို့လည်း သမ္မတ အိုဘားမားက ပြောကြားသွားပါတယ်။

ထိပ်သီးညီလာခံကို ရာနဲ့ချီပြီးဆန္ဒပြကြသူတွေထဲမှာ နှစ်ပေါင်း ၃၀ ကြာ နိုင်ငံရေးအာဏာကို ချုပ်ကိုင်ထားတဲ့ ၀န်ကြီးချုပ် ဟွန်ဆန်ရဲ့ ကမ္ဘောဒီးယား နိုင်ငံက လူအများစု ပါ၀င်သလို၊ ဗီယက်နမ်ရဲ့လွှမ်းမိုးမှုကို ဆန့်ကျင်တဲ့ လာအိုနို်င်ငံသားတွေလည်း ပါ၀င်ပါတယ်။ ဒါ့အပြင် လွတ်လပ်မှု အပြည့်အဝရှိတဲ့ အမေရိကန်ပြည်ထောင်စုကို Prayut Chan-o-cha လို ထိုင်းနိုင်ငံက အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်းအနေနဲ့ လာရောက်ဖို့ မသင့်ဘူးလို့လည်း ဆန္ဒပြသူတွေက ပြောဆိုကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment