အစုိးရသစ္နဲ႔ ျပည္သူ႕တာ၀န္မ်ား || ေဒါက္တာခင္ေမာင္ညိဳ ||

** ( ၁ ) **
“ႏုိ၀င္ဘာလမွ ေဖေဖာ္၀ါရီလအထိ သံုးလတာမွ် ေစာင့္စားရတဲ့ လႊတ္ေတာ္ႀကီး အသစ္ျဖစ္ေပၚလာၿပီဗ်”
ကုိဘသစ္က အားရပါးရ ေျပာေနေတာ့ သူ႕ကုိ ကၽြန္ေတာ္ ႏိႈးဆြလုိက္ပါသည္။
“ကုိဘသစ္က လႊတ္ေတာ္အသစ္လုိ႔ ဘာေၾကာင့္ေျပာတာလဲ။ အရင္ကလုိ တပ္မေတာ္သား ကုိယ္စားလွယ္ ၂၅ ရာခုိင္ႏႈန္း ပါ၀င္တဲ့ လႊတ္ေတာ္ပဲေလ”
“မွန္ပါတယ္ ဆရာညိဳရယ္။ ဓာတ္ျပားေဟာင္းႀကီး မဖြင့္ပါနဲ႔ေတာ့။ လႊတ္ေတာ္သစ္လုိ႔ ေျပာရတာကေတာ့ လူအသစ္ေတြနဲ႔ ေပၚလစီအသစ္ေတြနဲ႔ ေမွ်ာ္လင့္ခ်က္အသစ္ေတြကုိ ေမွ်ာ္လင့္ထားႏုိင္လာတာေၾကာင့္ေပါ့ဗ်”
ဟုတ္ပါသည္။ ကုိဘသစ္ေျပာေသာ လႊတ္ေတာ္သစ္အခင္းအက်င္းကုိ လႊတ္ေတာ္႐ုပ္သံလုိင္းတြင္ ေတြ႕ၾကရသည္။ လႊတ္ေတာ္သစ္မ်ားမွာ လႊတ္ေတာ္ဥကၠ႒မ်ားႏွင့္ လႊတ္ေတာ္ဒုဥကၠ႒မ်ားကုိ ေရြးခ်ယ္ၿပီးျဖစ္သည္။ ဒီေနာက္ေတာ့ ေရွ႕က က်ဳိင္းထမ္းကာ ေနာက္လုိက္ေသာ အစဥ္အလာေဟာင္းကုိ ျမင္ရပါသည္။
“ဒီက်ဳိင္းထမ္း လမ္းေလွ်ာက္သူ ေနာက္ကေန လႊတ္ေတာ္ဥကၠ႒ ၀င္လာတဲ့ အစဥ္အလာကုိေတာ့ ေ၀ဖန္ဖုိ႔ မသင့္ေသးဘူးလုိ႔ ထင္ပါတယ္။ လႊတ္ေတာ္ဟာ သူ႕ဘာသာသူ ခံ့ညားထည္၀ါၿပီး ေလးစားဖုိ႔လုိတဲ့ ဌာနတစ္ခုျဖစ္ဖုိ႔ အေရးႀကီးတယ္။ လႊတ္ေတာ္ဟာ ျပည္သူေတြကုိ ကုိယ္စားျပဳထားေတာ့ ျပည္သူေတြရဲ႕ ခံ့ညား
ထည္၀ါမႈကုိ ျပခ်င္လုိ႔ပဲ၊ ေခါင္းေပါင္းေတြ၊ ပု၀ါေတြ ၊ အမ်ဳိးသား ၀တ္စံုေတြနဲ႔ တက္ေရာက္တယ္ဆုိတာ ႐ိုေသမႈကုိျပတာပါပဲ”
ကုိဘသစ္သည္ လႊတ္ေတာ္၀င္လာသူမ်ားကုိ ေက်နပ္စြာ ၾကည့္ေနသည္။ ဒါေၾကာင့္ သူ႕ကုိ ထပ္စလုိက္ပါသည္။
“ခင္ဗ်ားေျပာတာ သေဘာတူပါတယ္။ ဒါေပမဲ့ ခံ့ညားတာကုိျပဖုိ႔ သက္သက္ လႊတ္ေတာ္တက္တာေတာ့ မဟုတ္ဘူးေနာ္”
“မဟုတ္ပါဘူး။ လႊတ္ေတာ္ကေန ဥပေဒျပ႒ာန္းတာေတြ၊ အတည္ျပဳတာမ်ဳိးေတြ၊ ျပည္သူ႕အေရးေတြ
အမ်ားႀကီး လုပ္ၾကရတာေပါ့။ ၿပီးေတာ့ လႊတ္ေတာ္ကေနပဲ အစုိးရဖြဲ႕စည္းမႈဆုိင္ရာေတြကုိ လုပ္ရတယ္။
လႊတ္ေတာ္ဆုိတာ တုိင္းျပည္တည္တာ၊ ႏုိင္ငံကုိ တည္ေဆာက္တာဗ်”
** ( ၂ ) **
သုိ႔ေသာ္ လႊတ္ေတာ္တက္သူမ်ားကုိ ၾကည့္ရသည္မွာ ေလးေလးေအးေအးႏွင့္ ပ်င္းစရာေကာင္းလွသည္။ ထုိ႔ေၾကာင့္ ကုိဘသစ္ကုိ “အင္း .... ဒါေပမဲ့ လႊတ္ေတာ္ဟာ ပ်င္းစရာ အလြန္ေကာင္းတာပဲ” ဟု ေျပာမိပါသည္။
ကုိဘသစ္ ရယ္ေနသည္။
“လႊတ္ေတာ္မွာ ဟာသေတြေျပာဖုိ႔ လာၾကတာ မဟုတ္ပါဘူး။ အတည္အခံ့ေတြ ေျပာၾကတာပါ။ အမွန္တရားေတြကုိ ေျပာၾကတာပါ။ ကၽြန္ေတာ္တုိ႔ ငယ္ငယ္ ႐ုပ္ေသးပြဲေတြမွာ ၀န္ႀကီးေလးပါး ထြက္လာၿပီး တုိင္းျပည္တည္တာ ၾကည့္ဖူးတယ္”
“အဲဒါလည္း ပ်င္းစရာေကာင္းတာပဲ”
“တုိင္းျပည္မတည္လုိ႔ မျဖစ္ဘူး။ လႊတ္ေတာ္ထဲမွာ ဒီလုိပဲ ေဆာင္ရြက္ၾကရတယ္။ ျပင္ပမွာေတာ့ တက္လာမယ့္ အစုိးရအတြက္ လုပ္စရာေတြ အမ်ားႀကီးပဲဗ်”
“တက္လာမယ့္ အစုိးရကုိ ေဒၚေအာင္ဆန္းစုၾကည္ ေခါင္းေဆာင္မွာပဲ မဟုတ္လား”
“မွန္ပါတယ္။ ဒီလုိပဲ သူ ေျပာခဲ့တာပဲ။ သူေျပာခဲ့တဲ့ စကားေတြထဲက ႏွစ္ခြန္းကုိ မွတ္မိေနတယ္။ ပထမအခ်က္က တုိင္းျပည္ကုိ ေမတၱာနဲ႔ အုပ္ခ်ဳပ္မယ္။ ၿပီးေတာ့ ေနာက္တစ္ခ်က္က ၿငိမ္းခ်မ္းေရးအတြက္ ရင္ၾကားေစ့ကာ ေဆာင္ရြက္သြားမယ္တဲ့။ သာမန္ၾကည့္ရင္ေတာ့ ဘာမွ မဟုတ္ဘူးလုိ႔ ထင္ရေပမယ့္ ဒါဟာ အင္မတန္ အေရးႀကီးတယ္။ ေဒၚစုဟာ ရည္ရြယ္ခ်က္အျပည့္နဲ႔ ေျပာသြားတာပါ”
“အင္း၊ ဘယ္လုိ ရည္ရြယ္ခ်က္ေတြနဲ႔ ဘယ္လုိ အေရးႀကီးတာလဲ”
“ေမတၱာနဲ႔ အုပ္ခ်ဳပ္မယ္ဆုိတာ ခင္ဗ်ားတုိ႔ ၊ ကၽြန္ေတာ္တုိ႔ ေ၀ဖန္ေနသလုိ မဟုတ္ဘူး။ ဥပမာ တပ္မေတာ္သာ ၂၅ ရာခုိင္ႏႈန္းကုိ ေမတၱာထားမယ္၊ အထူးသျဖင့္ တပ္မေတာ္နဲ႔ ညီညြတ္ေအာင္ ေဆာင္ရြက္မယ္”
“ဒါကုိ အေပးအယူ သေဘာမ်ဳိးလုိ႔ ထင္ေနၾကတယ္”
“ကၽြန္ေတာ္တုိ႔ႏုိင္ငံဟာ အ႐ုပ္တစ္႐ုပ္မွ မဟုတ္တာပဲ ဆရာညိဳရာ။ ဘယ္သူကမွ ေပးလုိ႔မရဘူး၊ ယူလုိ႔လည္း မရဘူး။ ခင္ဗ်ား စဥ္းစားၾကည့္ေလ၊ ဒီႏုိင္ငံဟာ ႏုိင္ငံေရးသမားေတြလည္း မပုိင္ဘူး၊ စစ္တပ္လည္း မပုိင္ဘူး။ ႏုိင္ငံေတာ္ဆုိတာ ျပည္သူေတြဗ်။ ျပည္သူကုိ အေပးအယူလုပ္လုိ႔ မရဘူး”
“သေဘာကုိ ေျပာတာ ကုိဘသစ္ရာ။ သူတုိ႔ပုိင္ ထင္လုိ႔ ေရာင္းစားၾကတာေတြ အမ်ားႀကီးပဲ မဟုတ္လား။ သစ္လံုးႀကီးေတြ၊ ေက်ာက္စိမ္းတံုးႀကီးေတြ၊ လယ္ေတြ၊ ေျမေတြ”
“အဲဒါကုိေျပာတာ။ ဒီကိစၥကုိ ညိွႏိႈင္းၾကမယ္။ ဒါေပမဲ့ ေမတၱာနဲ႔ ညိွႏိႈင္းမယ္၊ ေမတၱာနဲ႔ အုပ္ခ်ဳပ္မယ္ဆုိတာေပါ့”
“အင္း၊ ဘယ္လုိမ်ဳိးလဲ၊ က်ဳပ္ေတာ့ စိတ္ထဲ႐ႈပ္ေထြးေနတယ္”
“ေမတၱာဆုိတာ အက်ဳိးလုိလားျခင္းပါ။ အရင္လူေတြ အက်ဳိးစီးပြား ပ်က္သြားေအာင္လည္း မလုပ္ဘူး။ ေနာက္လူေတြကုိလည္း ေမတၱာထားၿပီး ေဆာင္ရြက္ဖုိ႔ လမ္းျပသြားမယ့္ သေဘာပါပဲ”
“အင္း၊ ဒီလုိ တစ္ေယာက္အက်ဳိး တစ္ေယာက္လုိလားတဲ့ ေမတၱာဆုိရင္ အေကာင္းဆံုးေပါ့။ ဒါမွလည္း ကၽြန္ေတာ္တုိ႔ ႏုိင္ငံ တုိးတက္မွာပဲ”
“ကၽြန္ေတာ္တုိ႔အားလံုး စံျပအျဖစ္ ထားရတဲ့ Role Model ေတြ ရွိတယ္။ ႏုိင္ငံေရးမွာ အေကာင္းဆံုး ေမတၱာတရားထားၿပီး ေဆာင္ရြက္သြားသူေတြေပ့ါေလ။ သူတုိ႔ကေတာ့ ဂႏီၵႀကီး၊ နယ္ဆင္မင္ဒဲလားနဲ႔ မာတင္လူသာကင္းဂ်ဴနီယာ တုိ႔ပဲ”
“မဟတၱမဂႏီၵဟာ ပညာတတ္ တစ္ေယာက္ပါ။ သူဟာ အိႏိၵယကုိ အဂၤလိပ္ေတြ မတရားကုိလုိနီျပဳထားတာကုိ သိတယ္။ ဒါဟာ မွားေနတယ္။ တြန္းလွန္ရမယ္ဆုိတာကုိ သေဘာေပါက္တယ္။ ဒါေပမဲ့ အၾကမ္းဖက္ ေတာ္လွန္ေရး မလုပ္ဘူး။ သူ႕လမ္းစဥ္ဟာ အင္မတန္ေကာင္းတယ္။ အိႏိၵယလူမ်ဳိးေတြအတြက္တင္ သာမက တစ္ကမၻာလံုးကုိပါ အက်ဳိးရွိေစခဲ့တယ္။ ဒီေနရာမွာ မီဒီယာရဲ႕ က႑ကုိလည္း ထည့္ေျပာခ်င္တယ္။ တကယ္ေတာ့ အေနာက္တုိင္း မီဒီယာေတြက ဂႏီၵရဲ႕ အေၾကာင္းေတြကုိ တေလးတစား ေရးသားေဖာ္ျပၾကတယ္”
“ဒီမီဒီယာေတြဟာ ကုိလုိနီနယ္ခ်ဲ႕ လူမ်ဳိးေတြပဲ မဟုတ္လား”
“ဟုတ္ပါတယ္။ သူတုိ႔ဟာ အဂၤလိပ္ ကုိလုိနီနယ္ခ်ဲ႕ေတြရဲ႕ လက္ကုိင္တုတ္ မျဖစ္ၾကဘူး။ အမွန္တရားကုိ ေလးစားၾကတယ္။ ဒါေၾကာင့္ မွန္မွန္ကန္ကန္ လုပ္တဲ့လူေတြဘက္က ရပ္တည္ၾကတယ္။ တကယ္လုိ႔ မီဒီယာေတြဟာ သူတုိ႔ရဲ႕ အရွင္သခင္ နယ္ခ်ဲ႕ဘုရင္ဘက္က လုိက္ေရးရင္ ဒီေလာက္ အက်ဳိးျဖစ္ထြန္းမွာ မဟုတ္ဘူး။ ကၽြန္ေတာ္ ဆုိလုိတာက အဂၤလိပ္ မီဒီယာေတြ၊ ျပင္သစ္မီဒီယာေတြ စတဲ့ အေနာက္တုိင္း မီဒီယာေတြေၾကာင့္ ကမၻာႀကီးမွာ ဂႏီၵလုိလူမ်ဳိးရဲ႕ လုပ္ရပ္ေတြကုိ သိလာၾကတာပါပဲ”
** ( ၃ ) **
စဥ္းစားစရာ မ်ားစြာျဖစ္ခဲ့သည္။ ကၽြန္ေတာ့္ေခါင္းထဲတြင္ မီဒီယာ၏ က႑ အေရးပါပံု ၀င္လာပါသည္။
“ဒီအေၾကာင္းကုိ ေနာက္မွေဆြးေႏြးပါမည္။ ခုေတာ့ ဂႏီၵရဲ႕နည္းလမ္းကုိယူၿပီး လူမည္းေခါင္းေဆာင္ မာတင္လူသာကင္းဂ်ဴနီယာဟာ လူျဖဴလူမည္း ခြဲျခားတဲ့စနစ္ segregation and racial discrimination ကုိ တုိက္ဖ်က္ခဲ့တာကုိ ေဆြးေႏြးခ်င္တယ္”
“ဟုတ္ကဲ့။ အေမရိကန္ေတြရဲ႕ အခြင့္အေရး (American civil rights movement ) ကုိ ဦးေဆာင္သူအျဖစ္ ႏုိဘယ္လ္ဆုရသူ မဟုတ္လား”
“ဟုတ္ပါတယ္။ ၁၆ ေယာက္ေျမာက္ အေမရိကန္သမၼတ အီဗရာဟင္လင္ကြန္း ႀကဳိးပမ္းမႈေၾကာင့္ လူမည္းေတြဟာ ၁၈၆၅ ခုႏွစ္မွာ ကၽြန္ဘ၀က လြတ္ေျမာက္ခဲ့တယ္။ ဒါေပမဲ့ ႏွစ္တစ္ရာတုိင္ လူမည္းေတြဟာ ခြဲျခားဆက္ဆံတာကုိ ခံေနရတယ္။ ဟုိတယ္မွာ ထမင္းအတူစားခြင့္မရွိဘူး။ ကားေတြ၊ ရထားေတြမွာ အတူစီးခြင့္မရွိဘူး။ ေက်ာင္းအတူေနလုိ႔ မရဘူး။ ပန္းၿခံေတြကုိေတာင္မွ လူျဖဴ၊ လူမည္း ပန္းၿခံ ခြဲျခားျခင္း ခံခဲ့ရတယ္။ ဒါကုိ မာတင္လူသာကင္းဂ်ဴနီယာ ဦးေဆာင္တဲ့ လူမည္းေတြဟာ တစ္ၿမဳိ႕၀င္ တစ္ၿမဳိ႕ထြက္ ဆႏၵထုတ္ေဖာ္ၾကတယ္။ အၾကမ္းမဖက္ၾကေပမယ့္ ဒီအတြက္ အဖမ္းခံရတာလည္း အမ်ားႀကီးပဲ။ ဒီလုိနဲ႔ တစ္ႏုိင္ငံလံုး လွည့္လည္သြားလုိက္ေတာ့ သူ႕သတင္းဟာ အေရးပါလာတယ္”
“သူလည္း အၾကမ္းမဖက္ ေတာ္လွန္ေရးဟာ ေအာင္ျမင္တာေပါ့”
“ေအာင္ျမင္ပါတယ္။ ေနာက္ဆံုး ၀ါရွင္တန္ဒီစီမွာ သူ မိန္႔ခြန္းေျပာေတာ့ လူမည္းေတြအျပင္ လူျဖဴေတြပါ လာေရာက္ နားေထာင္ၾကတယ္။ ဒီမိန္႔ခြန္းနဲ႔ သူ ေက်ာ္ၾကားသြားတယ္။ သူဟာ အဲဒီအခ်ိန္က အငယ္ဆံုး ႏုိဘယ္လ္ဆုရသူ ျဖစ္တယ္။ သူ ေဆာင္ရြက္တဲ့ အက်ဳိးေက်းဇူးကုိ ခင္ဗ်ားတုိ႔ ျမင္ရေနတာေပါ့”
“ဟုတ္ကဲ့ အက်ဳိးဆက္ကေတာ့ လူမည္းေတြ ေနရာရလာတာေပါ့”
“အမွန္ပဲ။ ေကာလင္းပါ၀ယ္တုိ႔၊ ကြန္ဒုိရီဇာ႐ုိက္တုိ႔ ဆုိတဲ့ လူမည္းေတြဟာ ႏုိင္ငံျခား၀န္ႀကီး (Secretary of State) ျဖစ္လာတယ္”
“ဒီေနရာက အေရးႀကီးတယ္ေလ။ ျမန္မာျပည္မွာဆုိ ဒီေနရာကုိ ကာကြယ္ေရးဦးစီးခ်ဳပ္က ခန္႔အပ္ရတာပဲ”
“သမၼတနဲ႔ ကာလံုတုိ႔ရဲ႕ သေဘာတူညီခ်က္ကုိ ရယူရတယ္။ ယေန႔ အေမရိကန္မွာ လူမည္းသမၼတ ျဖစ္လာတာ မာတင္လူသာကင္းေၾကာင့္ပဲလုိ႔ ဆုိႏုိင္တယ္”
“ဒါနဲ႔ ခင္ဗ်ားေျပာတဲ့ ဒုတိယအခ်က္ဆုိတာ ေျပာျပေပးပါဦး”
** ( ၄ ) **
ကုိဘသစ္ ေခတၱနားကာ လက္ဖက္ရည္ေသာက္ၿပီး ဆက္လက္ ေဆြးေႏြးပါသည္။
“ကၽြန္ေတာ္ ေျပာခ်င္တာက ေဒၚစုဟာ လြတ္လပ္ေရးရကတည္းက မၿငိမ္းခ်မ္းတဲ့ႏုိင္ငံကုိ ၿငိမ္းခ်မ္းေရးရေအာင္ ႀကဳိးပမ္းသြားမယ္ဆုိတာကုိ ေျပာခ်င္တာပါ”
“တကယ္ ၿငိမ္းခ်မ္းေရးရမယ္လုိ႔ ခင္ဗ်ား ယံုၾကည္လား”
“ေဒၚစုရဲ႕ ဖခင္ ဗုိလ္ခ်ဳပ္ေအာင္ဆန္းက ပင္လုံညီလာခံမွာ တုိင္းရင္းသားေတြနဲ႔ ခ်စ္ၾကည္ေရး ေဆာင္ရြက္ခဲ့တယ္။ အဲဒီတုန္းက ေအာင္ျမင္ခဲ့တာပဲ”
“မွန္ပါတယ္။ ဒီေန႔မွာ အေျခအေန မတူေတာ့ဘူး။ အဓိကကေတာ့ လက္နက္ကုိင္ အဖြဲ႕အစည္းေတြဟာ သူတုိ႔ရထားတဲ့ အခြင့္အလမ္းေတြကုိ လက္လႊတ္မခံခ်င္ၾကေတာ့ဘူး”
“ဘယ္လုိရၾကတာလဲ”
“ဒီလုိပဲေလ၊ ဆင္းရဲတဲ့ႏုိင္ငံေတြမွာ ေငြဟာ အေရးပါတယ္။ အဓိကက်တယ္။ ေငြေနာက္လုိက္တဲ့အခါ တရားတာ ၊ မတရားတာကုိ မၾကည့္ၾကေတာ့ဘူး။ ဒီေနရာမွာ ဌာနဆုိင္ရာေတြလည္း ပါတယ္”
“မွန္ပါတယ္”
“ဘိန္းေတြ၊ ေက်ာက္စိမ္းေတြ၊ လုပ္ပုိင္ခြင့္ေတြ၊ အခြန္အခေတြ အမ်ားႀကီးကုိ တရားမ၀င္ ရေနတယ္။ ဒီပမာဏဟာ အင္မတန္မ်ားတယ္။ သူတုိ႔ လက္လႊတ္ဆံုး႐ံႈးခံဖုိ႔ ခက္ေနတယ္။ လူ ေတာ္ေတာ္မ်ားမ်ား ပါ၀င္ပတ္သက္ေနတယ္။ တရားဥပေဒ လက္တံမမီတဲ့ေနရာဆုိ ပုိဆုိးတာေပါ့။ လက္နက္ကလည္း အာဏာ၊ ေငြကလည္း အာဏာပဲ။ ပမာဏက အင္မတန္ႀကီးတာကုိး”
“ဒါက စိန္ေခၚမႈပါပဲ။ အစုိးရသစ္အတြက္ စိန္ေခၚမႈျဖစ္တယ္။ ဒါေပမဲ့ အစုိးရတစ္ခုတည္ လုပ္လုိ႔မရဘူး။ ျပည္သူေတြ ပါ၀င္ပတ္သက္ဖုိ႔ အေရးႀကီးတယ္။ အထူးသျဖင့္ မီဒီယာေတြ ပံ့ပုိးရမယ္”
“ပံ့ပုိးမွာေပါ့။ ကေလာင္စြမ္းနဲ႔ ကူညီၾကပါစုိ႔”
ေဒါက္တာခင္ေမာင္ညိဳ
The Ladies News Journal
................................
အစိုးရသစ်နဲ့ ပြည်သူ့တာဝန်များ
|| ဒေါက်တာခင်မောင်ညို ||
** ( ၁ ) **
“နို၀င်ဘာလမှ ဖေဖော်ဝါရီလအထိ သုံးလတာမျှ စောင့်စားရတဲ့ လွှတ်တော်ကြီး အသစ်ဖြစ်ပေါ်လာပြီဗျ”
ကိုဘသစ်က အားရပါးရ ပြောနေတော့ သူ့ကို ကျွန်တော် နှိုးဆွလိုက်ပါသည်။
“ကိုဘသစ်က လွှတ်တော်အသစ်လို့ ဘာကြောင့်ပြောတာလဲ။ အရင်ကလို တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါ၀င်တဲ့ လွှတ်တော်ပဲလေ”
“မှန်ပါတယ် ဆရာညိုရယ်။ ဓာတ်ပြားဟောင်းကြီး မဖွင့်ပါနဲ့တော့။ လွှတ်တော်သစ်လို့ ပြောရတာကတော့ လူအသစ်တွေနဲ့ ပေါ်လစီအသစ်တွေနဲ့ မျှော်လင့်ချက်အသစ်တွေကို မျှော်လင့်ထားနိုင်လာတာကြောင့်ပေါ့ဗျ”
ဟုတ်ပါသည်။ ကိုဘသစ်ပြောသော လွှတ်တော်သစ်အခင်းအကျင်းကို လွှတ်တော်ရုပ်သံလိုင်းတွင် တွေ့ကြရသည်။ လွှတ်တော်သစ်များမှာ လွှတ်တော်ဥက္ကဋ္ဌများနှင့် လွှတ်တော်ဒုဥက္ကဋ္ဌများကို ရွေးချယ်ပြီးဖြစ်သည်။ ဒီနောက်တော့ ရှေ့က ကျိုင်းထမ်းကာ နောက်လိုက်သော အစဉ်အလာဟောင်းကို မြင်ရပါသည်။
“ဒီကျိုင်းထမ်း လမ်းလျှောက်သူ နောက်ကနေ လွှတ်တော်ဥက္ကဋ္ဌ ၀င်လာတဲ့ အစဉ်အလာကိုတော့ ဝေဖန်ဖို့ မသင့်သေးဘူးလို့ ထင်ပါတယ်။ လွှတ်တော်ဟာ သူ့ဘာသာသူ ခံ့ညားထည်ဝါပြီး လေးစားဖို့လိုတဲ့ ဌာနတစ်ခုဖြစ်ဖို့ အရေးကြီးတယ်။ လွှတ်တော်ဟာ ပြည်သူတွေကို ကိုယ်စားပြုထားတော့ ပြည်သူတွေရဲ့ ခံ့ညားထည်ဝါမှုကို ပြချင်လို့ပဲ၊ ခေါင်းပေါင်းတွေ၊ ပုဝါတွေ ၊ အမျိုးသား ၀တ်စုံတွေနဲ့ တက်ရောက်တယ်ဆိုတာ ရိုသေမှုကိုပြတာပါပဲ”
ကိုဘသစ်သည် လွှတ်တော်ဝင်လာသူများကို ကျေနပ်စွာ ကြည့်နေသည်။ ဒါကြောင့် သူ့ကို ထပ်စလိုက်ပါသည်။
“ခင်ဗျားပြောတာ သဘောတူပါတယ်။ ဒါပေမဲ့ ခံ့ညားတာကိုပြဖို့ သက်သက် လွှတ်တော်တက်တာတော့ မဟုတ်ဘူးနော်”
“မဟုတ်ပါဘူး။ လွှတ်တော်ကနေ ဥပဒေပြဋ္ဌာန်းတာတွေ၊ အတည်ပြုတာမျိုးတွေ၊ ပြည်သူ့အရေးတွေ အများကြီး လုပ်ကြရတာပေါ့။ ပြီးတော့ လွှတ်တော်ကနေပဲ အစိုးရဖွဲ့စည်းမှုဆိုင်ရာတွေကို လုပ်ရတယ်။ လွှတ်တော်ဆိုတာ တိုင်းပြည်တည်တာ၊ နိုင်ငံကို တည်ဆောက်တာဗျ”
** ( ၂ ) **
သို့သော် လွှတ်တော်တက်သူများကို ကြည့်ရသည်မှာ လေးလေးအေးအေးနှင့် ပျင်းစရာကောင်းလှသည်။ ထို့ကြောင့် ကိုဘသစ်ကို “အင်း .... ဒါပေမဲ့ လွှတ်တော်ဟာ ပျင်းစရာ အလွန်ကောင်းတာပဲ” ဟု ပြောမိပါသည်။
ကိုဘသစ် ရယ်နေသည်။
“လွှတ်တော်မှာ ဟာသတွေပြောဖို့ လာကြတာ မဟုတ်ပါဘူး။ အတည်အခံ့တွေ ပြောကြတာပါ။ အမှန်တရားတွေကို ပြောကြတာပါ။ ကျွန်တော်တို့ ငယ်ငယ် ရုပ်သေးပွဲတွေမှာ ၀န်ကြီးလေးပါး ထွက်လာပြီး တိုင်းပြည်တည်တာ ကြည့်ဖူးတယ်”
“အဲဒါလည်း ပျင်းစရာကောင်းတာပဲ”
“တိုင်းပြည်မတည်လို့ မဖြစ်ဘူး။ လွှတ်တော်ထဲမှာ ဒီလိုပဲ ဆောင်ရွက်ကြရတယ်။ ပြင်ပမှာတော့ တက်လာမယ့် အစိုးရအတွက် လုပ်စရာတွေ အများကြီးပဲဗျ”
“တက်လာမယ့် အစိုးရကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှာပဲ မဟုတ်လား”
“မှန်ပါတယ်။ ဒီလိုပဲ သူ ပြောခဲ့တာပဲ။ သူပြောခဲ့တဲ့ စကားတွေထဲက နှစ်ခွန်းကို မှတ်မိနေတယ်။ ပထမအချက်က တိုင်းပြည်ကို မေတ္တာနဲ့ အုပ်ချုပ်မယ်။ ပြီးတော့ နောက်တစ်ချက်က ငြိမ်းချမ်းရေးအတွက် ရင်ကြားစေ့ကာ ဆောင်ရွက်သွားမယ်တဲ့။ သာမန်ကြည့်ရင်တော့ ဘာမှ မဟုတ်ဘူးလို့ ထင်ရပေမယ့် ဒါဟာ အင်မတန် အရေးကြီးတယ်။ ဒေါ်စုဟာ ရည်ရွယ်ချက်အပြည့်နဲ့ ပြောသွားတာပါ”
“အင်း၊ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ဘယ်လို အရေးကြီးတာလဲ”
“မေတ္တာနဲ့ အုပ်ချုပ်မယ်ဆိုတာ ခင်ဗျားတို့ ၊ ကျွန်တော်တို့ ဝေဖန်နေသလို မဟုတ်ဘူး။ ဥပမာ တပ်မတော်သာ ၂၅ ရာခိုင်နှုန်းကို မေတ္တာထားမယ်၊ အထူးသဖြင့် တပ်မတော်နဲ့ ညီညွတ်အောင် ဆောင်ရွက်မယ်”
“ဒါကို အပေးအယူ သဘောမျိုးလို့ ထင်နေကြတယ်”
“ကျွန်တော်တို့နိုင်ငံဟာ အရုပ်တစ်ရုပ်မှ မဟုတ်တာပဲ ဆရာညိုရာ။ ဘယ်သူကမှ ပေးလို့မရဘူး၊ ယူလို့လည်း မရဘူး။ ခင်ဗျား စဉ်းစားကြည့်လေ၊ ဒီနိုင်ငံဟာ နိုင်ငံရေးသမားတွေလည်း မပိုင်ဘူး၊ စစ်တပ်လည်း မပိုင်ဘူး။ နိုင်ငံတော်ဆိုတာ ပြည်သူတွေဗျ။ ပြည်သူကို အပေးအယူလုပ်လို့ မရဘူး”
“သဘောကို ပြောတာ ကိုဘသစ်ရာ။ သူတို့ပိုင် ထင်လို့ ရောင်းစားကြတာတွေ အများကြီးပဲ မဟုတ်လား။ သစ်လုံးကြီးတွေ၊ ကျောက်စိမ်းတုံးကြီးတွေ၊ လယ်တွေ၊ မြေတွေ”
“အဲဒါကိုပြောတာ။ ဒီကိစ္စကို ညှိနှိုင်းကြမယ်။ ဒါပေမဲ့ မေတ္တာနဲ့ ညှိနှိုင်းမယ်၊ မေတ္တာနဲ့ အုပ်ချုပ်မယ်ဆိုတာပေါ့”
“အင်း၊ ဘယ်လိုမျိုးလဲ၊ ကျုပ်တော့ စိတ်ထဲရှုပ်ထွေးနေတယ်”
“မေတ္တာဆိုတာ အကျိုးလိုလားခြင်းပါ။ အရင်လူတွေ အကျိုးစီးပွား ပျက်သွားအောင်လည်း မလုပ်ဘူး။ နောက်လူတွေကိုလည်း မေတ္တာထားပြီး ဆောင်ရွက်ဖို့ လမ်းပြသွားမယ့် သဘောပါပဲ”
“အင်း၊ ဒီလို တစ်ယောက်အကျိုး တစ်ယောက်လိုလားတဲ့ မေတ္တာဆိုရင် အကောင်းဆုံးပေါ့။ ဒါမှလည်း ကျွန်တော်တို့ နိုင်ငံ တိုးတက်မှာပဲ”
“ကျွန်တော်တို့အားလုံး စံပြအဖြစ် ထားရတဲ့ Role Model တွေ ရှိတယ်။ နိုင်ငံရေးမှာ အကောင်းဆုံး မေတ္တာတရားထားပြီး ဆောင်ရွက်သွားသူတွေပေ့ါလေ။ သူတို့ကတော့ ဂန္ဒီကြီး၊ နယ်ဆင်မင်ဒဲလားနဲ့ မာတင်လူသာကင်းဂျူနီယာ တို့ပဲ”
“မဟတ္တမဂန္ဒီဟာ ပညာတတ် တစ်ယောက်ပါ။ သူဟာ အိန္ဒိယကို အင်္ဂလိပ်တွေ မတရားကိုလိုနီပြုထားတာကို သိတယ်။ ဒါဟာ မှားနေတယ်။ တွန်းလှန်ရမယ်ဆိုတာကို သဘောပေါက်တယ်။ ဒါပေမဲ့ အကြမ်းဖက် တော်လှန်ရေး မလုပ်ဘူး။ သူ့လမ်းစဉ်ဟာ အင်မတန်ကောင်းတယ်။ အိန္ဒိယလူမျိုးတွေအတွက်တင် သာမက တစ်ကမ္ဘာလုံးကိုပါ အကျိုးရှိစေခဲ့တယ်။ ဒီနေရာမှာ မီဒီယာရဲ့ ကဏ္ဍကိုလည်း ထည့်ပြောချင်တယ်။ တကယ်တော့ အနောက်တိုင်း မီဒီယာတွေက ဂန္ဒီရဲ့ အကြောင်းတွေကို တလေးတစား ရေးသားဖော်ပြကြတယ်”
“ဒီမီဒီယာတွေဟာ ကိုလိုနီနယ်ချဲ့ လူမျိုးတွေပဲ မဟုတ်လား”
“ဟုတ်ပါတယ်။ သူတို့ဟာ အင်္ဂလိပ် ကိုလိုနီနယ်ချဲ့တွေရဲ့ လက်ကိုင်တုတ် မဖြစ်ကြဘူး။ အမှန်တရားကို လေးစားကြတယ်။ ဒါကြောင့် မှန်မှန်ကန်ကန် လုပ်တဲ့လူတွေဘက်က ရပ်တည်ကြတယ်။ တကယ်လို့ မီဒီယာတွေဟာ သူတို့ရဲ့ အရှင်သခင် နယ်ချဲ့ဘုရင်ဘက်က လိုက်ရေးရင် ဒီလောက် အကျိုးဖြစ်ထွန်းမှာ မဟုတ်ဘူး။ ကျွန်တော် ဆိုလိုတာက အင်္ဂလိပ် မီဒီယာတွေ၊ ပြင်သစ်မီဒီယာတွေ စတဲ့ အနောက်တိုင်း မီဒီယာတွေကြောင့် ကမ္ဘာကြီးမှာ ဂန္ဒီလိုလူမျိုးရဲ့ လုပ်ရပ်တွေကို သိလာကြတာပါပဲ”
** ( ၃ ) **
စဉ်းစားစရာ များစွာဖြစ်ခဲ့သည်။ ကျွန်တော့်ခေါင်းထဲတွင် မီဒီယာ၏ ကဏ္ဍ အရေးပါပုံ ၀င်လာပါသည်။
“ဒီအကြောင်းကို နောက်မှဆွေးနွေးပါမည်။ ခုတော့ ဂန္ဒီရဲ့နည်းလမ်းကိုယူပြီး လူမည်းခေါင်းဆောင် မာတင်လူသာကင်းဂျူနီယာဟာ လူဖြူလူမည်း ခွဲခြားတဲ့စနစ် segregation and racial discrimination ကို တိုက်ဖျက်ခဲ့တာကို ဆွေးနွေးချင်တယ်”
“ဟုတ်ကဲ့။ အမေရိကန်တွေရဲ့ အခွင့်အရေး (American civil rights movement ) ကို ဦးဆောင်သူအဖြစ် နိုဘယ်လ်ဆုရသူ မဟုတ်လား”
“ဟုတ်ပါတယ်။ ၁၆ ယောက်မြောက် အမေရိကန်သမ္မတ အီဗရာဟင်လင်ကွန်း ကြိုးပမ်းမှုကြောင့် လူမည်းတွေဟာ ၁၈၆၅ ခုနှစ်မှာ ကျွန်ဘဝက လွတ်မြောက်ခဲ့တယ်။ ဒါပေမဲ့ နှစ်တစ်ရာတိုင် လူမည်းတွေဟာ ခွဲခြားဆက်ဆံတာကို ခံနေရတယ်။ ဟိုတယ်မှာ ထမင်းအတူစားခွင့်မရှိဘူး။ ကားတွေ၊ ရထားတွေမှာ အတူစီးခွင့်မရှိဘူး။ ကျောင်းအတူနေလို့ မရဘူး။ ပန်းခြံတွေကိုတောင်မှ လူဖြူ၊ လူမည်း ပန်းခြံ ခွဲခြားခြင်း ခံခဲ့ရတယ်။ ဒါကို မာတင်လူသာကင်းဂျူနီယာ ဦးဆောင်တဲ့ လူမည်းတွေဟာ တစ်မြို့ဝင် တစ်မြို့ထွက် ဆန္ဒထုတ်ဖော်ကြတယ်။ အကြမ်းမဖက်ကြပေမယ့် ဒီအတွက် အဖမ်းခံရတာလည်း အများကြီးပဲ။ ဒီလိုနဲ့ တစ်နိုင်ငံလုံး လှည့်လည်သွားလိုက်တော့ သူ့သတင်းဟာ အရေးပါလာတယ်”
“သူလည်း အကြမ်းမဖက် တော်လှန်ရေးဟာ အောင်မြင်တာပေါ့”
“အောင်မြင်ပါတယ်။ နောက်ဆုံး ၀ါရှင်တန်ဒီစီမှာ သူ မိန့်ခွန်းပြောတော့ လူမည်းတွေအပြင် လူဖြူတွေပါ လာရောက် နားထောင်ကြတယ်။ ဒီမိန့်ခွန်းနဲ့ သူ ကျော်ကြားသွားတယ်။ သူဟာ အဲဒီအချိန်က အငယ်ဆုံး နိုဘယ်လ်ဆုရသူ ဖြစ်တယ်။ သူ ဆောင်ရွက်တဲ့ အကျိုးကျေးဇူးကို ခင်ဗျားတို့ မြင်ရနေတာပေါ့”
“ဟုတ်ကဲ့ အကျိုးဆက်ကတော့ လူမည်းတွေ နေရာရလာတာပေါ့”
“အမှန်ပဲ။ ကောလင်းပါ၀ယ်တို့၊ ကွန်ဒိုရီဇာရိုက်တို့ ဆိုတဲ့ လူမည်းတွေဟာ နိုင်ငံခြားဝန်ကြီး (Secretary of State) ဖြစ်လာတယ်”
“ဒီနေရာက အရေးကြီးတယ်လေ။ မြန်မာပြည်မှာဆို ဒီနေရာကို ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ရတာပဲ”
“သမ္မတနဲ့ ကာလုံတို့ရဲ့ သဘောတူညီချက်ကို ရယူရတယ်။ ယနေ့ အမေရိကန်မှာ လူမည်းသမ္မတ ဖြစ်လာတာ မာတင်လူသာကင်းကြောင့်ပဲလို့ ဆိုနိုင်တယ်”
“ဒါနဲ့ ခင်ဗျားပြောတဲ့ ဒုတိယအချက်ဆိုတာ ပြောပြပေးပါဦး”
** ( ၄ ) **
ကိုဘသစ် ခေတ္တနားကာ လက်ဖက်ရည်သောက်ပြီး ဆက်လက် ဆွေးနွေးပါသည်။
“ကျွန်တော် ပြောချင်တာက ဒေါ်စုဟာ လွတ်လပ်ရေးရကတည်းက မငြိမ်းချမ်းတဲ့နိုင်ငံကို ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းသွားမယ်ဆိုတာကို ပြောချင်တာပါ”
“တကယ် ငြိမ်းချမ်းရေးရမယ်လို့ ခင်ဗျား ယုံကြည်လား”
“ဒေါ်စုရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံညီလာခံမှာ တိုင်းရင်းသားတွေနဲ့ ချစ်ကြည်ရေး ဆောင်ရွက်ခဲ့တယ်။ အဲဒီတုန်းက အောင်မြင်ခဲ့တာပဲ”
“မှန်ပါတယ်။ ဒီနေ့မှာ အခြေအနေ မတူတော့ဘူး။ အဓိကကတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ သူတို့ရထားတဲ့ အခွင့်အလမ်းတွေကို လက်လွှတ်မခံချင်ကြတော့ဘူး”
“ဘယ်လိုရကြတာလဲ”
“ဒီလိုပဲလေ၊ ဆင်းရဲတဲ့နိုင်ငံတွေမှာ ငွေဟာ အရေးပါတယ်။ အဓိကကျတယ်။ ငွေနောက်လိုက်တဲ့အခါ တရားတာ ၊ မတရားတာကို မကြည့်ကြတော့ဘူး။ ဒီနေရာမှာ ဌာနဆိုင်ရာတွေလည်း ပါတယ်”
“မှန်ပါတယ်”
“ဘိန်းတွေ၊ ကျောက်စိမ်းတွေ၊ လုပ်ပိုင်ခွင့်တွေ၊ အခွန်အခတွေ အများကြီးကို တရားမဝင် ရနေတယ်။ ဒီပမာဏဟာ အင်မတန်များတယ်။ သူတို့ လက်လွှတ်ဆုံးရှုံးခံဖို့ ခက်နေတယ်။ လူ တော်တော်များများ ပါ၀င်ပတ်သက်နေတယ်။ တရားဥပဒေ လက်တံမမီတဲ့နေရာဆို ပိုဆိုးတာပေါ့။ လက်နက်ကလည်း အာဏာ၊ ငွေကလည်း အာဏာပဲ။ ပမာဏက အင်မတန်ကြီးတာကိုး”
“ဒါက စိန်ခေါ်မှုပါပဲ။ အစိုးရသစ်အတွက် စိန်ခေါ်မှုဖြစ်တယ်။ ဒါပေမဲ့ အစိုးရတစ်ခုတည် လုပ်လို့မရဘူး။ ပြည်သူတွေ ပါ၀င်ပတ်သက်ဖို့ အရေးကြီးတယ်။ အထူးသဖြင့် မီဒီယာတွေ ပံ့ပိုးရမယ်”
“ပံ့ပိုးမှာပေါ့။ ကလောင်စွမ်းနဲ့ ကူညီကြပါစို့”
ဒေါက်တာခင်မောင်ညို
The Ladies News Journal
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)