Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 9, 2016

လက္ပံေတာင္းေတာင္ ေဒသခံမ်ား သံဆူးႀကိဳးမ်ား ဖယ္ရွားၿပီး ဆႏၵျပ


ဝမ္ေပါင္ကုမၸဏီေရွ႕မွာ ဇန္နဝါရီလ ၁၆ ရက္ေန႔က လက္ပံေတာင္း ေဒသခံေတာင္သူေတြ သီးႏွံေလ်ာ္ေၾကးရရွိဖို႔ ေတာင္းဆို ဆႏၵျပစဥ္။ ဓါတ္ပံု - ေဒသခံတစ္ဦး
စစ္ကိုင္းတုိင္းေဒသႀကီး ဆားလင္းႀကီးၿမိဳ႕နယ္က လက္ပံေတာင္းေတာင္ေၾကးနီ စီမံကိန္းအတြက္ သိမ္းယူထားတဲ႔ေျမေတြကို သီးႏွံေလ်ာ္ေၾကးေပးဖုိ႔ ဆႏၵျပေတာင္းဆုိ တဲ့ ေဒသခံေတာင္သူ ၂၀၀ ေလာက္ဟာ မေန႔က ဝမ္ေပါင္ကုမၸဏီေရွ႕မွာ ကာရံထားတဲ့ သံဆူးႀကိဳးေတြကို ဖယ္ရွားၿပီး ကုမၸဏီေရွ႕အထိ သြားေရာက္ဆႏၵျပၾကပါတယ္။

ကုမၸဏီေရွ႕မွာ ရဲ၀န္ထမ္းေတြ သံုးထပ္စီၿပီး တားထားတယ္လို႔ ဆႏၵျပရာမွာပါ၀င္တဲ့ တံုရြာက ေတာင္သူ ေဒၚအမာခ်ိဳက ေျပာပါတယ္။

"ခရိုင္အုပ္ခ်ဳပ္ေရးမွဴးက မတားဘူးလို႔ေတာ့ေျပာတာပဲ၊ ခုထိေတာ့ တားထားတာပဲ၊ အထဲကိုဝင္လို႔မရပါဘူး၊ သံဆူးႀကိဳးေတြကာထားပါတယ္၊ တရုတ္ႏွစ္သစ္ကူးေန႔ ဆိုေတာ့ ဒီမွာတရုတ္ေတြမရွိၾကဘူး၊ ျပန္သြားၾကတယ္"

ေဒသခံေတြက အနက္ေရာင္ဝတ္စံုေတြ ဆင္တူဝတ္ၿပီး ျမန္မာ့စီးပြားေရးဦးပိုင္၊ ဝမ္ေပါင္ ကုမၸဏီနဲ႔ ရဲတပ္ဖဲြ႔ဝင္ေတြရဲ့ ပံုစံစကၠဴရုပ္ေတြကို ကုမၸဏီေရွ႕မွာ မီးရိႈ႕ခဲ႔ၾကပါတယ္။

ဆႏၵျပပဲြမွာ တံုရြာ၊ မုိးႀကိဳးျပင္၊ ေဖာင္းတကာေက်းရြာေတြက ေဒသခံေတြ ပါ၀င္ၿပီး လက္ပံေတာင္းေတာင္ေၾကးနီစီမံကိန္း ခ်က္ခ်င္းရုပ္သိမ္းဖို႔၊ သိမ္းဆည္းခံထား ရတဲ့ လယ္ယာေျမေတြ ျပန္ရဖုိ႔၊ သီးႏွံေလ်ာ္ေၾကးရရွိဖို႔၊ ေဒၚခင္၀င္းကို သတ္တဲ႔တရားခံ ေဖာ္ထုတ္ေပးဖုိ႔၊ မီးေလာင္ဗံုးတရားခံ အျမန္ဆံုးေဖာ္ထုတ္ေပးဖို႔ စတဲ႔ေၾကြးေၾကာ္သံ ေတြနဲ႔ ဆႏၵျပခဲ႔ၾကတာျဖစ္ပါတယ္။

လက္ပံေတာင္းေတာင္ စီမံကိန္းေၾကာင္႔ တံုရြာ၊ မုိးႀကိဳျပင္၊ ေဖာင္းတကာ စတဲ႔ေက်းရြာအုပ္စုက လယ္ယာေျမေတြဟာ ၀မ္ေပါင္ကုမၸဏီၿခံစည္းရံုးခတ္တဲ႔အထဲ ပါသြားၿပီး အခုခ်ိန္အထိ ေလ်ာ္ေၾကးမရေသးတဲ႔အတြက္ ဆႏၵျပေတာင္းဆုိေနတာလုိ႔ သိရပါတယ္။

အခု ေတာင္သူေတြ ေတာင္းဆုိေနတာက ၂၀၁၅ ခုနွစ္အတြက္ သီးနွံေလ်ာ္ေၾကးျဖစ္ၿပီး ၂၀၁၄ ခုနွစ္က သီးနွံေလ်ာ္ေၾကး တစ္ဧကကို က်ပ္ ႏွစ္သိန္း ကေန ေလးသိန္းအထိ ရရိွတယ္လို႔သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese
...................

ဝမ်ပေါင်ကုမ္ပဏီရှေ့မှာ ဇန်နဝါရီလ ၁၆ ရက်နေ့က လက်ပံတောင်း ဒေသခံတောင်သူတွေ သီးနှံလျော်ကြေးရရှိဖို့ တောင်းဆို ဆန္ဒပြစဉ်။ ဓါတ်ပုံ - ဒေသခံတစ်ဦး
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းအတွက် သိမ်းယူထားတဲ့မြေတွေကို သီးနှံလျော်ကြေးပေးဖို့ ဆန္ဒပြတောင်းဆို တဲ့ ဒေသခံတောင်သူ ၂၀၀ လောက်ဟာ မနေ့က ဝမ်ပေါင်ကုမ္ပဏီရှေ့မှာ ကာရံထားတဲ့ သံဆူးကြိုးတွေကို ဖယ်ရှားပြီး ကုမ္ပဏီရှေ့အထိ သွားရောက်ဆန္ဒပြကြပါတယ်။

ကုမ္ပဏီရှေ့မှာ ရဲဝန်ထမ်းတွေ သုံးထပ်စီပြီး တားထားတယ်လို့ ဆန္ဒပြရာမှာပါ၀င်တဲ့ တုံရွာက တောင်သူ ဒေါ်အမာချိုက ပြောပါတယ်။

"ခရိုင်အုပ်ချုပ်ရေးမှူးက မတားဘူးလို့တော့ပြောတာပဲ၊ ခုထိတော့ တားထားတာပဲ၊ အထဲကိုဝင်လို့မရပါဘူး၊ သံဆူးကြိုးတွေကာထားပါတယ်၊ တရုတ်နှစ်သစ်ကူးနေ့ ဆိုတော့ ဒီမှာတရုတ်တွေမရှိကြဘူး၊ ပြန်သွားကြတယ်"

ဒေသခံတွေက အနက်ရောင်ဝတ်စုံတွေ ဆင်တူဝတ်ပြီး မြန်မာ့စီးပွားရေးဦးပိုင်၊ ဝမ်ပေါင် ကုမ္ပဏီနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပုံစံစက္ကူရုပ်တွေကို ကုမ္ပဏီရှေ့မှာ မီးရှို့ခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ တုံရွာ၊ မိုးကြိုးပြင်၊ ဖောင်းတကာကျေးရွာတွေက ဒေသခံတွေ ပါ၀င်ပြီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ချက်ချင်းရုပ်သိမ်းဖို့၊ သိမ်းဆည်းခံထား ရတဲ့ လယ်ယာမြေတွေ ပြန်ရဖို့၊ သီးနှံလျော်ကြေးရရှိဖို့၊ ဒေါ်ခင်ဝင်းကို သတ်တဲ့တရားခံ ဖော်ထုတ်ပေးဖို့၊ မီးလောင်ဗုံးတရားခံ အမြန်ဆုံးဖော်ထုတ်ပေးဖို့ စတဲ့ကြွေးကြော်သံ တွေနဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

လက်ပံတောင်းတောင် စီမံကိန်းကြောင့် တုံရွာ၊ မိုးကြိုပြင်၊ ဖောင်းတကာ စတဲ့ကျေးရွာအုပ်စုက လယ်ယာမြေတွေဟာ ၀မ်ပေါင်ကုမ္ပဏီခြံစည်းရုံးခတ်တဲ့အထဲ ပါသွားပြီး အခုချိန်အထိ လျော်ကြေးမရသေးတဲ့အတွက် ဆန္ဒပြတောင်းဆိုနေတာလို့ သိရပါတယ်။

အခု တောင်သူတွေ တောင်းဆိုနေတာက ၂၀၁၅ ခုနှစ်အတွက် သီးနှံလျော်ကြေးဖြစ်ပြီး ၂၀၁၄ ခုနှစ်က သီးနှံလျော်ကြေး တစ်ဧကကို ကျပ် နှစ်သိန်း ကနေ လေးသိန်းအထိ ရရှိတယ်လို့သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment