Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 15, 2016

ၾကက္ဖႀကီးကို ႐ုံးထုတ္ၿပီ

အစိုးရနဲ႔ စစ္တပ္ ေခါင္းေဆာင္ ေတြရဲ့ ပုံ ေတြ ကို ေလွာင္ေျပာင္တဲ့ပုံေတြ လုပ္ၿပီး ေဖ့စ္ဘြတ္မွာ ျဖန္ေဝ ခဲ့တယ္ လို႔ စြပ္စြဲခံရ
အင္တာနက္ စာမ်က္ႏွာေပၚမွာ စစ္တပ္ ေခါင္းေဆာင္ေတြ နဲ႔ အစိုးရ အသိုင္း အဝိုင္းကို ေဝဖန္ တိုက္ခိုက္သူ ၾကက္ဖႀကီး လို႔ စြပ္စြဲ ခံရတဲ့ ကိုလွဖုန္း ကို တနလၤာ ေန႔က မရမ္းကုန္း ၿမိဳ႕နယ္ တရား႐ုံး မွာ ပထမဆုံး ႐ုံးထုတ္ခဲ့ ပါတယ္။

အစိုးရနဲ႔ စစ္တပ္ ဖက္က ေခါင္းေဆာင္ ေတြရဲ့ ႐ုပ္ပုံ ေတြကို ေလွာင္ေျပာင္ သေရာ္တဲ့ ပုံေတြ အျဖစ္ ျပဳျပင္ ဖန္တီးၿပီး ေဖ့စ္ဘြတ္ လူမွု ကြန္ရက္ စာမ်က္ႏွာမွာ ျဖန္ေဝ ခဲ့တယ္ ဆိုၿပီး သူ႔ကို ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္မွ ဒုဗိုလ္မွူးႀကီး တစ္ဦးက တရားလိုျပဳ အမွုဖြင့္ ထားခဲ့တာ ျဖစ္ပါတယ္။

အင္တာနက္ စာမ်က္ႏွာ ေပၚမွာ စစ္တပ္ ေခါင္းေဆာင္ေတြ နဲ႔ အစိုးရ အသိုင္း အဝိုင္းကို ေဝဖန္ တိုက္ခိုက္ လို႔ဆိုၿပီး တရားစြဲ ဖမ္းဆီး ခံရတာဟာ ကိုလွဖုန္း အပါဆို ရင္ ၅ ေယာက္ ရွိ သြားၿပီ ျဖစ္ပါတယ္။

ကိုလွဖုန္း ဟာ ေဖ့ဘုတ္ လူမွု ကြန္ရက္ ကေန စစ္တပ္နဲ႔ အစိုးရ ကို တိုက္ခိုက္သူ ၾကက္ဖႀကီး ျဖစ္တယ္ ဆိုၿပီး ၿပီးခဲတဲ့ ေဖေဖာ္ဝါရီလ ၁ဝရက္ေန႔ က မနက္ပိုင္း မွာ ေနအိမ္ကို လာေရာက္ၿပီး ဖမ္းဆီး သြားတာ ျဖစ္ပါတယ္။

အင္တာနက္ စာမ်က္ႏွာ ေပၚမွာ အခုလို အစိုးရကို တိုက္ခိုက္ သူေတြ ရွိသလို ေဒၚေအာင္ဆန္းစုၾကည္ ကို အသေရ ဖ်က္တဲ့ ပုံေတြ အသက္ အႏၲရာယ္ ၿခိမ္းေျခာက္ တာေတြလည္း ရွိပါတယ္။

လာမယ့္ ေဖဖဝါရီ လ ၂၄ ရက္ ေန႔မွာေတာ့ ဒီအမွုကို တရားလို အျဖစ္ တိုင္ၾကားသူ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္မွ ဒုဗိုလ္မွူးႀကီး စိုးဝင္းေမာ္ကို စတင္ စစ္ေဆးဖို႔ ရွိေနပါတယ္။

BBC Burmese
http://www.bbc.com/burmese

................................................


အစိုးရနဲ့ စစ်တပ် ခေါင်းဆောင် တွေရဲ့ ပုံ တွေ ကို လှောင်ပြောင်တဲ့ပုံတွေ လုပ်ပြီး ဖေ့စ်ဘွတ်မှာ ဖြန်ဝေ ခဲ့တယ် လို့ စွပ်စွဲခံရ
အင်တာနက် စာမျက်နှာပေါ်မှာ စစ်တပ် ခေါင်းဆောင်တွေ နဲ့ အစိုးရ အသိုင်း အဝိုင်းကို ဝေဖန် တိုက်ခိုက်သူ ကြက်ဖကြီး လို့ စွပ်စွဲ ခံရတဲ့ ကိုလှဖုန်း ကို တနင်္လာ နေ့က မရမ်းကုန်း မြို့နယ် တရားရုံး မှာ ပထမဆုံး ရုံးထုတ်ခဲ့ ပါတယ်။

အစိုးရနဲ့ စစ်တပ် ဖက်က ခေါင်းဆောင် တွေရဲ့ ရုပ်ပုံ တွေကို လှောင်ပြောင် သရော်တဲ့ ပုံတွေ အဖြစ် ပြုပြင် ဖန်တီးပြီး ဖေ့စ်ဘွတ် လူမှု ကွန်ရက် စာမျက်နှာမှာ ဖြန်ဝေ ခဲ့တယ် ဆိုပြီး သူ့ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး တစ်ဦးက တရားလိုပြု အမှုဖွင့် ထားခဲ့တာ ဖြစ်ပါတယ်။

အင်တာနက် စာမျက်နှာ ပေါ်မှာ စစ်တပ် ခေါင်းဆောင်တွေ နဲ့ အစိုးရ အသိုင်း အဝိုင်းကို ဝေဖန် တိုက်ခိုက် လို့ဆိုပြီး တရားစွဲ ဖမ်းဆီး ခံရတာဟာ ကိုလှဖုန်း အပါဆို ရင် ၅ ယောက် ရှိ သွားပြီ ဖြစ်ပါတယ်။

ကိုလှဖုန်း ဟာ ဖေ့ဘုတ် လူမှု ကွန်ရက် ကနေ စစ်တပ်နဲ့ အစိုးရ ကို တိုက်ခိုက်သူ ကြက်ဖကြီး ဖြစ်တယ် ဆိုပြီး ပြီးခဲတဲ့ ဖေဖော်ဝါရီလ ၁ဝရက်နေ့ က မနက်ပိုင်း မှာ နေအိမ်ကို လာရောက်ပြီး ဖမ်းဆီး သွားတာ ဖြစ်ပါတယ်။

အင်တာနက် စာမျက်နှာ ပေါ်မှာ အခုလို အစိုးရကို တိုက်ခိုက် သူတွေ ရှိသလို ဒေါ်အောင်ဆန်းစုကြည် ကို အသရေ ဖျက်တဲ့ ပုံတွေ အသက် အန္တရာယ် ခြိမ်းခြောက် တာတွေလည်း ရှိပါတယ်။

လာမယ့် ဖေဖဝါရီ လ ၂၄ ရက် နေ့မှာတော့ ဒီအမှုကို တရားလို အဖြစ် တိုင်ကြားသူ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး စိုးဝင်းမော်ကို စတင် စစ်ဆေးဖို့ ရှိနေပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment