Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 29, 2016

သမၼတနဲ႔ ဒုသမၼတ ေရြးခ်ယ္္မည့္ရက္ ျပင္ဆင္မည္ (သမ္မတနဲ့ ဒုသမ္မတ ရွေးချယ််မည့်ရက် ပြင်ဆင်မည် )



အစုိးရသစ္ကုိ ဦးေဆာင္မယ့္ သမၼတေတြရဲ႕ အမည္စာရင္းကုိ မတ္လ ၁၇ ရက္ေန႔မွာ ေနာက္ဆုံးထား တင္သြင္းဖုိ႔ သတ္မွတ္ထားတာကုိ လႊတ္ေတာ္မွာ ျပင္ဆင္ဖုိ႔ စီစဥ္ေနပါတယ္။ ေရြးေကာက္ပဲြမွာ တခဲနက္ အႏုိင္ရထားၿပီး ဒုသမၼတေလာင္း ၂ ဦး တင္ေျမွာက္ခြင့္ ရထားတဲ့ အမ်ဳိးသား ဒီမုိကေရစီအဖဲြ႔ခ်ဳပ္ (NLD) ပါတီက အစုိးရသစ္ဖဲြ႔စည္းေရး အရွိန္ျမွင့္ ေဆာင္ရြက္ေနခ်ိန္မွာပဲ သမၼတေလာင္း အမည္စာရင္း တင္သြင္းမယ့္ အစီအစဥ္ အေျပာင္းအလဲလုပ္မယ့္ သတင္းေတြ ထြက္ေပၚလာတာပါ။ အျပည့္အစုံကုိေတာ့ ဆက္သြယ္စုံစမ္းထားတဲ့ ဗြီအုိေအ ျမန္မာပုိင္း သတင္းေထာက္ ေမခ က သတင္းေပးပုိ႔ ထားပါတယ္။

သမၼတတဦးအျဖစ္ ေရြးခ်ယ္မႈေတြ မတုိင္မီ ဒုတိယသမၼတ ၃ ဦး အမည္စာရင္း တင္သြင္းဖုိ႔ မတ္လ ၁၇ ရက္ေန႔မွာ သတ္မွတ္ထားေပမဲ့ အခုအခါ ျပင္ဆင္ဖုိ႔ စီစဥ္ေနၾကတာပါ။ အဂၤါေန႔မွာ က်င္းပမယ့္ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ ဒီကိစၥကုိ ေဆြးေႏြးမယ့္ အစီစဥ္ထည္႔သြင္းထားတယ္လုိ႔လည္း NLD ပါတီရဲ႕ မေကြးတိုင္း အမ်ိဳးသား လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာေက်ာ္ေငြက ေျပာပါတယ္။

“မနက္ျဖန္မွ ေၾကညာမွာ ဟုတ္တယ္ အဲလိုပါတယ္။ က်ေနာ္တို႔ေတြကိုေတာ့ ဘယ္သူမွေတြေတာ့မေျပာေသးဘူး ။ က်ေနာ္တို႔လည္း အဲဒီကိစၥ ဒါပဲ ေဆြးေႏြးေနတယ္လို႔ ထင္တာေပါ့ေလ။”

လႊတ္ေတာ္မွာ ဒုသမၼတေလာင္း သံုးဦးရဲ႕အမည္စာရင္းေတြကိုေတာ့ NLD နဲ႔ တပ္မေတာ္ ကိုယ္စားလွယ္ေတြ မူလက မတ္လ (၁၇) ရက္ေန႔မွာ တင္သြင္းဖို႔ စီစဥ္ထားၾကတာပါ။ ေရြးေကာက္ပဲြ အႏုိင္ရ NLD ပါတီကေတာ့ ျပည္သူ႔လႊတ္ေတာ္ အမတ္ေနရာ ၂၅၅ ေနရာ၊ အမ်ဳိးသားလႊတ္ေတာ္မွာ ၁၃၅ ေနရာ အႏုုိင္ရရွိထားတဲ့အတြက္ ဒုသမၼတ ၂ ဦး ေရြးခ်ယ္ခြင့္ရထားၿပီး၊ တပ္မေတာ္သား ကုိယ္စားလွယ္ေတြက ၁ ဦး ေရြးခ်ယ္ တင္ေျမွာက္ခြင့္ရမွာ ျဖစ္ပါတယ္။ NLD ပါတီ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ ကေတာ့ ဖဲြ႔စည္းပုံအေျခခံဥပေဒပုဒ္မ ၅၉-စ အရ လက္ရွိမွာ သမၼတတာ၀န္ယူခြင့္မရပဲ ျဖစ္ေနပါတယ္။

ဒါေပမဲ့လည္း တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ တုိ႔ မၾကာေသးခင္ လေတြအတြင္း ေတြ႔ဆုံမႈေတြေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ အစုိးရအဖဲြ႔ကုိ ဦးေဆာင္ႏုိင္မယ့္ အခြင့္အလန္းေတြ ပြင့္လာေတာ့ မယ္လုိ႔ ေမွ်ာ္လင့္ မႈေတြလည္း ထြက္ေပၚလာပါတယ္။ဒါေပမဲ့လည္း အခုအခါ ဒုသမၼတအမည္စာရင္း တင္သြင္းမယ့္ အစီအစဥ္ အေျပာင္းအလဲေတြ ျဖစ္လာ တာဟာ ေဒၚေအာင္ဆန္းစုၾကည္ သမၼတ တာ၀န္ယူခြင့္ယူဖုိ႔ ညွိႏႈိင္းမႈေတြ ေျပလည္မႈ မရတာေၾကာင့္ ျဖစ္ႏုိင္တယ္ လုိ႔လည္း ျမန္မာ့အေရးအကဲခတ္ ေလ့လာသူဦးစည္သူေအာင္ျမင့္ က သုံးသပ္ပါတယ္။

“ေဒၚေအာင္ဆန္းစုၾကည္ကို သမၼတအေနနဲ႔ တင္ေျမွာက္လို႔ရေအာင္ ပုဒ္မ ၅၉ ( စ ) ကိုေပါ့ေနာ္ လႊတ္ေတာ္ထဲမွာ ဆိုင္းငံ့တာတို႔ လုပ္ဖို႔အတြက္ကို တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ ညိွႏွိဳင္းမႈ ဘာညာဆိုၿပီးေတာ့မွ အခ်ိန္ယူတာတို႔ အဲဒီလိုမ်ိဳးယူဆတယ္။ အဲဒီေတာ့ အခုေလာေလာဆယ္ ေနာက္ဆံုးအေျခအေနမွာ အဲဒါက ညိွႏိွဳင္းလို႔ အဆင္မေျပဘူး။ ဒီအသြင္ကူးေျပာင္းေရးကာလမွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ သမၼတလုပ္ဖို႔ ႀကိဳးစားေတာ့မယ့္ ပံုမေပၚဘူး။ အဲဒါတခ်က္ေပါ့ေနာ္။ ဒုတိယတခ်က္က ၿပီးခဲ့တဲ့ရက္ပိုင္းက ေဒၚခင္စန္းလိွဳင္တင္တဲ့ အဆို ျပႆနာေပါ့ ။ အခု NLD ဘက္က ေနာက္ဆံုးအေျဖက သမၼတ တင္ေျမွာက္ေရးကိစၥ အစိုးရဖြဲ႔ေရးကိစၥကို အခ်ိန္ဆြဲထားဖို႔ ဘာအေၾကာင္းမွ မရရွိေတာ့ဘူး။ ေစာေစာ စီးစီသာ သမၼတ ၊ဒုသမၼတတို႔ေရြးထားၿပီးေတာ့ အစိုးရ အဖြဲ႔၀င္ေတြ ကိုလည္း ေရြးထား လိုက္မယ္ဆိုရင္ အဲဒီ မတ္လ ၃၀ ရက္ေန႔မတို္င္ခင္မွာ သူတို႔ ေကာင္းေကာင္းမြန္မြန္လုပ္ႏိုင္လိမ့္မယ္လို႔ ယူဆတဲ့ပံုေပၚတယ္။ ေနာင္တက္လာမယ့္ အစိုးရအတြက္ ပိုအဆင္ေျပႏိုင္တယ္လို႔ ပိုအခ်ိန္ေစာၿပီးေတာ့မွ လုပ္ရတယ္လို႔ထင္တယ္ေလ။”

NLD ပါတီကေတာ့ ျပည္နယ္နဲ႔ တုိင္းေဒသႀကီး အစုိးရေတြ ဖဲြ႔စည္းတဲ့အခါ တုိင္းရင္းသား လူနည္းစု ကုိယ္စားလွယ္ေတြကုိ ပါ၀င္ခြင့္ေပးမွာ ျဖစ္တယ္လုိ႔လည္း ေျပာဆုိထားတာပါ။ ဒါေပမဲ့လည္း ျပည္နယ္နဲ႔ တုိင္းေဒသႀကီး အစုိးရေတြရဲ႕ အႀကီးအကဲ တာ၀န္ေတြကုိေတာ့ NLD ပါတီက ကုိယ္စားလွယ္ေတြကုိသာ ခန္႔အပ္တာ၀န္ေပးမွာ ျဖစ္တယ္လုိ႔လည္း ေျပာဆုိထားပါတယ္။

မနက္ျဖန္ အဂၤါေန႔မွာ က်င္းပမယ့္ လႊတ္ေတာ္ အစည္းအေ၀းမွာ ဒီကိစၥကုိ ေဆြးေႏြးမွာ ျဖစ္တယ္လုိ႔လည္း ရခုိင္အမ်ဳိးသားပါတီ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေဖသန္း က ဗြီအုိေအကုိ ေျပာပါတယ္။ ေရြးေကာက္ပဲြမွာ တခဲနက္ အႏုိင္ရထားၿပီး ဒုသမၼတေလာင္း ၂ ဦး တင္ေျမွာက္ခြင့္ ရထားတဲ့ အမ်ဳိးသား ဒီမုိကေရစီအဖဲြ႔ခ်ဳပ္ (NLD) ပါတီက အစုိးရသစ္ဖဲြ႔စည္းေရး အရွိန္ျမွင့္ ေဆာင္ရြက္ေနခ်ိန္မွာပဲ သမၼတေလာင္း အမည္စာရင္း တင္သြင္းမယ့္ အစီအစဥ္ အေျပာင္းအလဲလုပ္မယ့္ အေျခအေနနဲ႔ ပတ္သက္လုိ႔မသိဂၤ ီထိုက္ကေမးျမန္းရာမွာ ဦးေဖသန္းက အခုလုိ စေျပာပါတယ္။

"ဦးေဖသန္း။ ။ မနက္ျဖန္ Agenda မွာ ေတြ႔တာကေတာ့ ဒီသမၼတ ေရြးခ်ယ္ေရးအစီအစဥ္ကို ရက္ဆြဲဖို႔ ေန႔ရက္ကို ျပင္ဆင္ သက္မွတ္မယ္ဆိုတဲ့ agenda တခုပါပါတယ္။ အရင္တုန္းကေတာ့ က်ေနာ္တို႔ မတ္လ ၁၇ ရက္ေန႔မွာ သမၼတ ေရြးခ်ယ္ေရးအစီအစဥ္ကို လႊတ္ေတာ္ ၂ ရပ္ သီးျခားခြဲၿပီးေတာ့ စတင္လုပ္ေဆာင္မယ္ဆိုၿပီးေတာ့ ေျပာထားပါတယ္။ အခုအခါက်ေတာ့ ျပန္ျပင္မလို႔နဲ႔တူပါတယ္။ ေရွ႕တိုးမလား၊ ေနာက္ဆုတ္မလားေတာ့မပါပါဘူး။ ဒါေပမယ့္ က်ေနာ့္အေနနဲ႔ ထင္တာကေပါ့ေနာ္ ဒီသမၼတေရြးခ်ယ္ေရးအစီအစဥ္ကို ေရွ႕ကို ဒီထက္ နည္းနည္းတိုးၿပီးေတာ့ ဒါမ်ိဳးက ေစာေစာစီးစီး လုပ္ခ်င္ပံုရပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အေျခအေနအရေပါ့ေနာ္ ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေဒၚေအာင္ဆန္းစုၾကည္မွာ အေျဖတခုရေလာက္ၿပီ၊ ၀န္ႀကီးေတြေရြးဖို႔ ျပည္ေထာင္စု ၀န္ႀကီးေတြေရြးဖို႔ ကိစၥလည္း အစီအစဥ္ ရာထားခ်က္ေတြၿပီးေလာက္ၿပီ။ အဲဒါနဲ႔ ဒီေန႔ရက္ကို ေရွ႕တိုးၿပီးေတာ့ သက္မွတ္တယ္၊ သက္မွတ္မယ္လို႔ က်ေနာ္ထင္တာေပါ့ေနာ္။ အဲလို သတ္မွတ္ လိုက္ရင္ေတာ့ က်ေနာ္တို႔ သမၼတက အျမန္ဆံုးျဖစ္လာမယ္။ ၿပီးေတာ့မွ တဆက္တည္းပဲ က်ေနာ္တို႔ ျပည္ေထာင္စု၀န္ႀကီးေတြ၊ ၀န္ႀကီး ဌာနေတြ ေရြးခ်ယ္ သက္မွတ္တဲ့လုပ္ငန္းစဥ္ေတြကို ဆက္လုပ္လို႔ရမယ္။ ၿပီးမွ က်ေနာ္တို႔ ျပည္နယ္ေတြ တိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ေတြကို ဆက္ၿပီးေတာ့ ေရြးဖို႔အစီအစဥ္ေတြ အမ်ားႀကီးရွိၿပီးေတာ့ အဲဒီလို ရက္ေရြ႕ၿပီးေတာ့ ေရွ႕ကို တိုးသက္မွတ္တာ လို႔ က်ေနာ္ယူဆပါတယ္။

မသိဂၤ ီထိုက္။ ။ ဟုတ္ကဲ့ ။ ဆရာ ဒီ သမၼတ အမည္စာရင္းနဲ႔ပတ္သက္ၿပီးေတာ့ေရာ ဆရာတို႔ ဘယ္ေလာက္ထိ သိထားပါၿပီလဲရွင့္။ ေဒၚေအာင္ဆန္းစုၾကည္ သမၼတ ျဖစ္ခြင့္ရေရာ နီးစပ္ပါသလား။

ဦးေဖသန္း။ ။ က်ေနာ္တို႔ကေတာ့ မီဒီယာ သတင္းေတြ အရေပါ့ဗ်ာ ေျပာရမယ္ ဆိုရင္ေတာ့ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ တို႔ အဲဒီကိစၥမွာ ေျပလည္မႈ သိပ္မရဘူးလို႔ က်ေနာ္တို႔ ၾကားပါတယ္။ ၿပီးေတာ့ ဒီ လက္ရွိအစိုးရနဲ႔လည္းပဲ နည္းနည္း အဖုအထစ္ေလးေတြရွိတာေပါ့ေနာ္။ ဟိုဘယ္လိုေျပာမလဲ ျဖစ္ပ်က္ခဲ့တဲ့ ကိစၥေတြဒါေတြလည္း ပါတာေပါ့။ ဒါေၾကာင့္မို႔လို႔ က်ေနာ္အထင္ကေတာ့ေပါ့ေနာ္ ၊ အထင္ပဲေျပာပါမယ္ သူ႔အေနနဲ႔ သမၼတျဖစ္ခြင့္ကို စြန္႔လြတ္လိုက္ၿပီလို႔ ယူဆတဲ့အတြက္နဲ႔ ဒီလိုေန႔စြဲကို ရက္ေရွ႕တိုးၿပီးေတာ့ သက္မွတ္တယ္လို႔ပဲ က်ေနာ္တို႔ ယူဆပါတယ္။ အဲဒါေၾကာင့္ က်ေနာ္တို႔ကေတာ့ မေျပာတက္ဘူးဗ်။ ဒါေပမယ့္ ဒါက ေဒၚေအာင္ဆန္းစုၾကည္ တေယာက္တည္းပဲ သိမယ့္ကိစၥပဲျဖစ္ပါတယ္။”

ေမခ, မသိဂႌထုိက္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
........


အစိုးရသစ်ကို ဦးဆောင်မယ့် သမ္မတတွေရဲ့ အမည်စာရင်းကို မတ်လ ၁၇ ရက်နေ့မှာ နောက်ဆုံးထား တင်သွင်းဖို့ သတ်မှတ်ထားတာကို လွှတ်တော်မှာ ပြင်ဆင်ဖို့ စီစဉ်နေပါတယ်။ ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရထားပြီး ဒုသမ္မတလောင်း ၂ ဦး တင်မြှောက်ခွင့် ရထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အစိုးရသစ်ဖွဲ့စည်းရေး အရှိန်မြှင့် ဆောင်ရွက်နေချိန်မှာပဲ သမ္မတလောင်း အမည်စာရင်း တင်သွင်းမယ့် အစီအစဉ် အပြောင်းအလဲလုပ်မယ့် သတင်းတွေ ထွက်ပေါ်လာတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မေခ က သတင်းပေးပို့ ထားပါတယ်။

သမ္မတတဦးအဖြစ် ရွေးချယ်မှုတွေ မတိုင်မီ ဒုတိယသမ္မတ ၃ ဦး အမည်စာရင်း တင်သွင်းဖို့ မတ်လ ၁၇ ရက်နေ့မှာ သတ်မှတ်ထားပေမဲ့ အခုအခါ ပြင်ဆင်ဖို့ စီစဉ်နေကြတာပါ။ အင်္ဂါနေ့မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဒီကိစ္စကို ဆွေးနွေးမယ့် အစီစဉ်ထည့်သွင်းထားတယ်လို့လည်း NLD ပါတီရဲ့ မကွေးတိုင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်ငွေက ပြောပါတယ်။

“မနက်ဖြန်မှ ကြေညာမှာ ဟုတ်တယ် အဲလိုပါတယ်။ ကျနော်တို့တွေကိုတော့ ဘယ်သူမှတွေတော့မပြောသေးဘူး ။ ကျနော်တို့လည်း အဲဒီကိစ္စ ဒါပဲ ဆွေးနွေးနေတယ်လို့ ထင်တာပေါ့လေ။”

လွှတ်တော်မှာ ဒုသမ္မတလောင်း သုံးဦးရဲ့အမည်စာရင်းတွေကိုတော့ NLD နဲ့ တပ်မတော် ကိုယ်စားလှယ်တွေ မူလက မတ်လ (၁၇) ရက်နေ့မှာ တင်သွင်းဖို့ စီစဉ်ထားကြတာပါ။ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီကတော့ ပြည်သူ့လွှတ်တော် အမတ်နေရာ ၂၅၅ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၁၃၅ နေရာ အနုုိင်ရရှိထားတဲ့အတွက် ဒုသမ္မတ ၂ ဦး ရွေးချယ်ခွင့်ရထားပြီး၊ တပ်မတော်သား ကိုယ်စားလှယ်တွေက ၁ ဦး ရွေးချယ် တင်မြှောက်ခွင့်ရမှာ ဖြစ်ပါတယ်။ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉-စ အရ လက်ရှိမှာ သမ္မတတာဝန်ယူခွင့်မရပဲ ဖြစ်နေပါတယ်။

ဒါပေမဲ့လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ မကြာသေးခင် လတွေအတွင်း တွေ့ဆုံမှုတွေကြောင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့ကို ဦးဆောင်နိုင်မယ့် အခွင့်အလန်းတွေ ပွင့်လာတော့ မယ်လို့ မျှော်လင့် မှုတွေလည်း ထွက်ပေါ်လာပါတယ်။ဒါပေမဲ့လည်း အခုအခါ ဒုသမ္မတအမည်စာရင်း တင်သွင်းမယ့် အစီအစဉ် အပြောင်းအလဲတွေ ဖြစ်လာ တာဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ တာဝန်ယူခွင့်ယူဖို့ ညှိနှိုင်းမှုတွေ ပြေလည်မှု မရတာကြောင့် ဖြစ်နိုင်တယ် လို့လည်း မြန်မာ့အရေးအကဲခတ် လေ့လာသူဦးစည်သူအောင်မြင့် က သုံးသပ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအနေနဲ့ တင်မြှောက်လို့ရအောင် ပုဒ်မ ၅၉ ( စ ) ကိုပေါ့နော် လွှတ်တော်ထဲမှာ ဆိုင်းငံ့တာတို့ လုပ်ဖို့အတွက်ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ညှိနှိုင်းမှု ဘာညာဆိုပြီးတော့မှ အချိန်ယူတာတို့ အဲဒီလိုမျိုးယူဆတယ်။ အဲဒီတော့ အခုလောလောဆယ် နောက်ဆုံးအခြေအနေမှာ အဲဒါက ညှိနှိုင်းလို့ အဆင်မပြေဘူး။ ဒီအသွင်ကူးပြောင်းရေးကာလမှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတလုပ်ဖို့ ကြိုးစားတော့မယ့် ပုံမပေါ်ဘူး။ အဲဒါတချက်ပေါ့နော်။ ဒုတိယတချက်က ပြီးခဲ့တဲ့ရက်ပိုင်းက ဒေါ်ခင်စန်းလှိုင်တင်တဲ့ အဆို ပြဿနာပေါ့ ။ အခု NLD ဘက်က နောက်ဆုံးအဖြေက သမ္မတ တင်မြှောက်ရေးကိစ္စ အစိုးရဖွဲ့ရေးကိစ္စကို အချိန်ဆွဲထားဖို့ ဘာအကြောင်းမှ မရရှိတော့ဘူး။ စောစော စီးစီသာ သမ္မတ ၊ဒုသမ္မတတို့ရွေးထားပြီးတော့ အစိုးရ အဖွဲ့ဝင်တွေ ကိုလည်း ရွေးထား လိုက်မယ်ဆိုရင် အဲဒီ မတ်လ ၃၀ ရက်နေ့မတို်င်ခင်မှာ သူတို့ ကောင်းကောင်းမွန်မွန်လုပ်နိုင်လိမ့်မယ်လို့ ယူဆတဲ့ပုံပေါ်တယ်။ နောင်တက်လာမယ့် အစိုးရအတွက် ပိုအဆင်ပြေနိုင်တယ်လို့ ပိုအချိန်စောပြီးတော့မှ လုပ်ရတယ်လို့ထင်တယ်လေ။”

NLD ပါတီကတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေ ဖွဲ့စည်းတဲ့အခါ တိုင်းရင်းသား လူနည်းစု ကိုယ်စားလှယ်တွေကို ပါ၀င်ခွင့်ပေးမှာ ဖြစ်တယ်လို့လည်း ပြောဆိုထားတာပါ။ ဒါပေမဲ့လည်း ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေရဲ့ အကြီးအကဲ တာဝန်တွေကိုတော့ NLD ပါတီက ကိုယ်စားလှယ်တွေကိုသာ ခန့်အပ်တာဝန်ပေးမှာ ဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။

မနက်ဖြန် အင်္ဂါနေ့မှာ ကျင်းပမယ့် လွှတ်တော် အစည်းအဝေးမှာ ဒီကိစ္စကို ဆွေးနွေးမှာ ဖြစ်တယ်လို့လည်း ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း က ဗွီအိုအေကို ပြောပါတယ်။ ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရထားပြီး ဒုသမ္မတလောင်း ၂ ဦး တင်မြှောက်ခွင့် ရထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အစိုးရသစ်ဖွဲ့စည်းရေး အရှိန်မြှင့် ဆောင်ရွက်နေချိန်မှာပဲ သမ္မတလောင်း အမည်စာရင်း တင်သွင်းမယ့် အစီအစဉ် အပြောင်းအလဲလုပ်မယ့် အခြေအနေနဲ့ ပတ်သက်လို့မသိင်္ဂ ီထိုက်ကမေးမြန်းရာမှာ ဦးဖေသန်းက အခုလို စပြောပါတယ်။

"ဦးဖေသန်း။ ။ မနက်ဖြန် Agenda မှာ တွေ့တာကတော့ ဒီသမ္မတ ရွေးချယ်ရေးအစီအစဉ်ကို ရက်ဆွဲဖို့ နေ့ရက်ကို ပြင်ဆင် သက်မှတ်မယ်ဆိုတဲ့ agenda တခုပါပါတယ်။ အရင်တုန်းကတော့ ကျနော်တို့ မတ်လ ၁၇ ရက်နေ့မှာ သမ္မတ ရွေးချယ်ရေးအစီအစဉ်ကို လွှတ်တော် ၂ ရပ် သီးခြားခွဲပြီးတော့ စတင်လုပ်ဆောင်မယ်ဆိုပြီးတော့ ပြောထားပါတယ်။ အခုအခါကျတော့ ပြန်ပြင်မလို့နဲ့တူပါတယ်။ ရှေ့တိုးမလား၊ နောက်ဆုတ်မလားတော့မပါပါဘူး။ ဒါပေမယ့် ကျနော့်အနေနဲ့ ထင်တာကပေါ့နော် ဒီသမ္မတရွေးချယ်ရေးအစီအစဉ်ကို ရှေ့ကို ဒီထက် နည်းနည်းတိုးပြီးတော့ ဒါမျိုးက စောစောစီးစီး လုပ်ချင်ပုံရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခြေအနေအရပေါ့နော် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်မှာ အဖြေတခုရလောက်ပြီ၊ ၀န်ကြီးတွေရွေးဖို့ ပြည်ထောင်စု ၀န်ကြီးတွေရွေးဖို့ ကိစ္စလည်း အစီအစဉ် ရာထားချက်တွေပြီးလောက်ပြီ။ အဲဒါနဲ့ ဒီနေ့ရက်ကို ရှေ့တိုးပြီးတော့ သက်မှတ်တယ်၊ သက်မှတ်မယ်လို့ ကျနော်ထင်တာပေါ့နော်။ အဲလို သတ်မှတ် လိုက်ရင်တော့ ကျနော်တို့ သမ္မတက အမြန်ဆုံးဖြစ်လာမယ်။ ပြီးတော့မှ တဆက်တည်းပဲ ကျနော်တို့ ပြည်ထောင်စုဝန်ကြီးတွေ၊ ၀န်ကြီး ဌာနတွေ ရွေးချယ် သက်မှတ်တဲ့လုပ်ငန်းစဉ်တွေကို ဆက်လုပ်လို့ရမယ်။ ပြီးမှ ကျနော်တို့ ပြည်နယ်တွေ တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေကို ဆက်ပြီးတော့ ရွေးဖို့အစီအစဉ်တွေ အများကြီးရှိပြီးတော့ အဲဒီလို ရက်ရွေ့ပြီးတော့ ရှေ့ကို တိုးသက်မှတ်တာ လို့ ကျနော်ယူဆပါတယ်။

မသိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ ။ ဆရာ ဒီ သမ္မတ အမည်စာရင်းနဲ့ပတ်သက်ပြီးတော့ရော ဆရာတို့ ဘယ်လောက်ထိ သိထားပါပြီလဲရှင့်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ရရော နီးစပ်ပါသလား။

ဦးဖေသန်း။ ။ ကျနော်တို့ကတော့ မီဒီယာ သတင်းတွေ အရပေါ့ဗျာ ပြောရမယ် ဆိုရင်တော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ အဲဒီကိစ္စမှာ ပြေလည်မှု သိပ်မရဘူးလို့ ကျနော်တို့ ကြားပါတယ်။ ပြီးတော့ ဒီ လက်ရှိအစိုးရနဲ့လည်းပဲ နည်းနည်း အဖုအထစ်လေးတွေရှိတာပေါ့နော်။ ဟိုဘယ်လိုပြောမလဲ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေဒါတွေလည်း ပါတာပေါ့။ ဒါကြောင့်မို့လို့ ကျနော်အထင်ကတော့ပေါ့နော် ၊ အထင်ပဲပြောပါမယ် သူ့အနေနဲ့ သမ္မတဖြစ်ခွင့်ကို စွန့်လွတ်လိုက်ပြီလို့ ယူဆတဲ့အတွက်နဲ့ ဒီလိုနေ့စွဲကို ရက်ရှေ့တိုးပြီးတော့ သက်မှတ်တယ်လို့ပဲ ကျနော်တို့ ယူဆပါတယ်။ အဲဒါကြောင့် ကျနော်တို့ကတော့ မပြောတက်ဘူးဗျ။ ဒါပေမယ့် ဒါက ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းပဲ သိမယ့်ကိစ္စပဲဖြစ်ပါတယ်။”

မေခ, မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment