Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 29, 2016

ဒု သမၼတေလာင္း ၃ ဦး အမည္စာရင္း သတ္မွတ္ရက္ထက္ တစ္ပတ္ေစာႏိုင္ (ဒု သမ္မတလောင်း ၃ ဦး အမည်စာရင်း သတ်မှတ်ရက်ထက် တစ်ပတ်စောနိုင် )

ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ ပံုမွန္အစည္းအေဝး က်င္းပေနစဥ္။ Photo: RFA
ႏုိင္ငံေတာ္သမၼတကို ေရြးခ်ယ္တင္ေျမွာက္ဖို႔အတြက္ ဒုတိယသမၼတေလာင္း ၃ ဦးအမည္စာရင္း တင္သြင္းႏုိင္ေရး ေဆြးေႏြးမယ့္ သက္ဆုိင္ရာ လႊတ္ေတာ္ကိုယ္စားလွယ္ အစုအဖဲြ႔အလိုက္ အစည္းအေဝးေတြ က်င္းပမယ့္ရက္ကို ျပင္ဆင္သတ္မွတ္မယ္လို႔ သိရပါတယ္။

လာမယ့္ မတ္လ ၁၇ ရက္ေန႔မွာ သက္ဆုိင္ရာ လႊတ္ေတာ္ကိုယ္စားလွယ္ အစုအဖဲြ႔အလိုက္ အစည္းအေဝးေတြ စတင္က်င္းပဖို႔ ေၾကညာထားရာကေန ျပင္ဆင္မွာျဖစ္ၿပီး ၁၇ ရက္ထက္ ေရွ႕တစ္ပတ္ ေစာသြားႏုိင္တယ္လို႔ ရခိုင္အမ်ဳိးသားပါတီ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝ က ေျပာပါတယ္။

"မနက္ျဖန္က်ရင္ ျပည္ေထာင္စုလႊတ္ေတာ္မွာ အစုအဖြဲ႔ဖြဲ႔ဖို႔ ရက္ကိုသတ္မွတ္ေပးမယ္ အန္တီတို႔ကို ဒုသမၼတေရြးဖို႔အတြက္ ဘယ္ေန႔ကိုေရြးပါဆိုၿပီး အန္တီတို႔ကို ရက္သတ္မွတ္ေပးမွာ၊ တစ္ပတ္ထပ္တိုးမယ္ လို႔ၾကားတယ္၊ မနက္ျဖန္မွ ေၾကညာတဲ့အေပၚမွာမူတည္ၿပီး အန္တီတို႔ ၇ ရက္ေန႔ဆို ၇ ရက္ေန႔တင္ ထားမယ္၊ ၈ ရက္ေန႔ေလာက္ေရြးမယ္ေပါ့ သေဘာတစ္ခုကေပါ့ေနာ္"

မနက္ျဖန္မွာက်င္းပမယ့္ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ ေၾကညာမွာျဖစ္တယ္လို႔ အစည္းအေဝး အစီအစဥ္လ်ာထားခ်က္မွာ ပါရွိတာျဖစ္ပါတယ္။

ႏုိင္ငံေတာ္သမၼတကို ေရြးခ်ယ္ဖို႔အတြက္ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္အစုအဖြဲ႔၊ အမ်ိဳးသားလႊတ္ေတာ္ ကုိယ္စားလွယ္အစုအဖြဲ႔နဲ႔ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ ႏွစ္ခုေပါင္းက တပ္မေတာ္သားကုိယ္စားလွယ္ အစုအဖြဲ႔ စုစုေပါင္း အဖဲြ႔ ၃ ဖဲြ႔က ဒုတိယသမၼတေလာင္း အမည္စာရင္းေတြကို တင္သြင္းရမွာ ျဖစ္ပါတယ္။

အဲ့ဒီထဲကမွ ႏုိင္ငံေတာ္သမၼတ တစ္ဦးကုိ ေရြးခ်ယ္တင္ေျမွာက္မွာျဖစ္ၿပီး က်န္တဲ့ ၂ ဦးက ဒုတိယသမၼတေတြအျဖစ္ တင္ေျမွာက္ခံရမွာ ျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
..............
ဥပဒေရေးရာ ကော်မရှင်နဲ့ လွှတ်ေ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ကျင်းပနေစဉ်။ Photo: RFA
နိုင်ငံတော်သမ္မတကို ရွေးချယ်တင်မြှောက်ဖို့အတွက် ဒုတိယသမ္မတလောင်း ၃ ဦးအမည်စာရင်း တင်သွင်းနိုင်ရေး ဆွေးနွေးမယ့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့အလိုက် အစည်းအဝေးတွေ ကျင်းပမယ့်ရက်ကို ပြင်ဆင်သတ်မှတ်မယ်လို့ သိရပါတယ်။

လာမယ့် မတ်လ ၁၇ ရက်နေ့မှာ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့အလိုက် အစည်းအဝေးတွေ စတင်ကျင်းပဖို့ ကြေညာထားရာကနေ ပြင်ဆင်မှာဖြစ်ပြီး ၁၇ ရက်ထက် ရှေ့တစ်ပတ် စောသွားနိုင်တယ်လို့ ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ပြောပါတယ်။

"မနက်ဖြန်ကျရင် ပြည်ထောင်စုလွှတ်တော်မှာ အစုအဖွဲ့ဖွဲ့ဖို့ ရက်ကိုသတ်မှတ်ပေးမယ် အန်တီတို့ကို ဒုသမ္မတရွေးဖို့အတွက် ဘယ်နေ့ကိုရွေးပါဆိုပြီး အန်တီတို့ကို ရက်သတ်မှတ်ပေးမှာ၊ တစ်ပတ်ထပ်တိုးမယ် လို့ကြားတယ်၊ မနက်ဖြန်မှ ကြေညာတဲ့အပေါ်မှာမူတည်ပြီး အန်တီတို့ ရ ရက်နေ့ဆို ရ ရက်နေ့တင် ထားမယ်၊ ၈ ရက်နေ့လောက်ရွေးမယ်ပေါ့ သဘောတစ်ခုကပေါ့နော်"

မနက်ဖြန်မှာကျင်းပမယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ကြေညာမှာဖြစ်တယ်လို့ အစည်းအဝေး အစီအစဉ်လျာထားချက်မှာ ပါရှိတာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတကို ရွေးချယ်ဖို့အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့နဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှစ်ခုပေါင်းက တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့ စုစုပေါင်း အဖွဲ့ ၃ ဖွဲ့က ဒုတိယသမ္မတလောင်း အမည်စာရင်းတွေကို တင်သွင်းရမှာ ဖြစ်ပါတယ်။

အဲ့ဒီထဲကမှ နိုင်ငံတော်သမ္မတ တစ်ဦးကို ရွေးချယ်တင်မြှောက်မှာဖြစ်ပြီး ကျန်တဲ့ ၂ ဦးက ဒုတိယသမ္မတတွေအဖြစ် တင်မြှောက်ခံရမှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmeseတာ်ဆိုင်ရာအဖွဲ့များ အသစ်ဖွဲ့စည်း

No comments:

Post a Comment