Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 29, 2016

ဘူးသီးေတာင္ၿမိဳ႕နယ္ ပညာေရးဌာန၌ ဝန္ထမ္းေခၚယူရာတြင္ ေလဘာဖိုးႏွင့္ ေလွ်ာက္လႊာဖိုး ေငြေသာင္းခ်ီေပးခဲ့ရ



ေဖေဖာ္၀ါရီ ၂၉

ဘူးသီးေတာင္ၿမိဳ႕နယ္ ပညာေရးဌာန၌ ဝန္ထမ္းမ်ားခန္႔ထားႏုိင္ရန္ ေလွ်ာက္လႊာေခၚယူရာတြင္ ေငြေသာင္းခ်ီေပးေဆာင္ရကာ ေလွ်ာက္လႊာမ်ားကို ေထာင္ႏွင့္ခ်ီၿပီး ထုတ္ေပးခဲ့ရေၾကာင္း သိရသည္။

အဆုိပါဝန္ထမ္းေခၚယူရာတြင္ ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္း ဝန္ထမ္း ၇ ဦးသာ ခန္႔ထားရန္ျဖစ္ေသာ္လည္း လူေထာင္ႏွင့္ခ်ီ၍ ေလွ်ာက္လႊာတင္ခဲ့ၾကကာ ေလွ်ာက္လႊာထုတ္ယူစဥ္က ေငြမေပးရေသာ္လည္း ေလွ်ာက္လႊာတင္သည့္ အခ်ိန္တြင္ေငြ ၂၀၀၀ က်ပ္အား ေပးေဆာင္ခဲ့ရၿပီး ေလဘာလုပ္ရန္ အခ်ိန္မရသည့္အတြက္ ေလဘာလုပ္ေပးမည္ဟုဆိုကာ ေငြ ၁၀၀၀၀ က်ပ္ကိုလည္း ေပးေဆာင္ခဲ့ရေၾကာင္း စာေမးပြဲဝင္ေရာက္ေျဖဆိုခဲ့သူမ်ားထံမွသိရသည္။

“ က်မတို႔ ေလ်ွာက္လႊာတင္ေတာ့ ေလဘာက စစ္ေတြကိုသြားလုပ္ရမယ္။ အခ်ိန္မမီေတာ့ဘူး။ ဒီေတာ့ သူတို႔လုပ္ေပးမယ္္ဆိုတဲ့အတြက္ ေငြ ၁၀၀၀၀ ကိုေပးခဲ့ရတယ္။ ေနာက္ ေလွ်ာက္လႊာတင္ေတာ့မွ ၂၀၀၀ ေပးခဲ့ရတယ္။ က်မတို႔က ေမာင္ေတာမွာ ေျဖဆိုရတာျဖစ္တယ္။ အားလံုးေတာ့ ေငြ ၃၀၀၀၀ ေလာက္ကိုကုန္က်ခဲ့တယ္။ ”ဟု ဘူးသီးေတာင္ၿမိဳ႕နယ္ ေစတီေတာင္ေက်းရြာမွ စာေရးဝန္ထမ္းေနရာကို ဝင္ေရာက္ေျဖဆိုခဲ့သူတစ္ဦးကေျပာသည္။

ယခုကဲ့သို႔ ပညာေရးဌာနမွတာဝန္ခံၿပီး ေငြေတာင္းယူကာ ေလဘာျပဳလုပ္ေပးမည္ဟုဆိုသည္မွာ ပြင့္လင့္ျမင္သာမႈမရွိဘဲ လူေထာင္ႏွင့္ခ်ီေလ်ွာက္ထားၾကသည့္အလုပ္အတြက္ ခန္႔အပ္မည့္သူအေရအတြက္ႏွင့္ႏွဳိင္းယွဥ္ပါက မလုပ္သင့္သည့္အလုပ္တစ္ခုျဖစ္ေၾကာင္း ဘူးသီးေတာင္ၿမိဳ႕နယ္မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းေအာင္သိန္းကေျပာသည္။

“ က်ေနာ္တို႔ၾကားရတာကေတာ့ ေလာေလာဆယ္မွာ အနီးကပ္ျဖစ္ေနတဲ့အတြက္ေၾကာင့္ ေလဘာကိုဘယ္သူမွ သြားမလုပ္ႏိုင္ၾကဘူး။ အဲဒါေၾကာင့္ ေလဘာလုပ္ေပးမယ္ဆိုၿပီး ေငြတစ္ေသာင္းစီ လက္ခံေၾကာင္းၾကားပါတယ္။ ၿပီးေတာ့ အခုလိုလက္ခံၿပီးေနာက္ပိုင္း အဲဒီအထဲက ၇၅ ရာခိုင္ႏွဳန္းေလာက္ကို ခန္႔ေပးမယ္ဆိုရင္ေတာ့ ေကာင္းမယ္။ အခုက လူတစ္ေထာင္ေလွ်ာက္လႊာတင္တဲ့အထဲက လူ ၇ ဦးကိုသာခန္႔အပ္မယ္ဆိုေတာ့ ဒါဟာေလွ်ာက္လႊာကိုလည္း အကန္႔အသတ္နဲ႔ပဲ ေခၚသင့္တယ္လို႔ထင္တယ္။ ” ဟု ဦးထြန္းေအာင္သိန္း ကဆိုသည္။

ယင္းအေၾကာင္းအရာႏွင့္ပတ္သက္ၿပီး ရခိုင္ျပည္နယ္ပညာေရးမွဴးမွ ေငြမေကာက္ခံရန္ ညြန္ၾကားထားၿပီး ေလဘာဆိုသည္မွာလည္း မိမိိတို႔ဌာနႏွင့္ မသက္ဆိုင္ေၾကာင္းလည္း ျပည္နယ္ပညာေရးၾကားေရးမွဴးဦးလွစိန္ထြန္းက ဆိုသည္။
“ လူတစ္ရာေလွ်ာက္ရင္ ေလဘာတစ္ရာပါရပါမယ္။ ခန္႔မဲ့သူက တစ္ေယာက္ပဲျဖစ္ျဖစ္ေပါ့။ က်ေနာ္တို႔အေနနဲ႔ကေတာ့ ဒီလိုမလုပ္နဲလို႔ေျပာၿပီးသားျဖစ္တယ္။ ဒီေတာ့ ဒီကိစၥကို တကယ္လုပ္တယ္ မလုပ္ဘူးဆိုတာကို စံုစမ္းသြားမယ္။ ” ဟု ျပည္နယ္ပညာေရးမွဴး ဦးလွစိန္ထြန္းက ေျပာၾကားသည္။

အဆုိပါစာေမးပြဲကို ေဖေဖၚဝါရီလ ၂၁ ရက္ေန႔ကေျဖဆိုခဲ့ၾကၿပီး ေခၚယူခဲ့သည့္ဝန္ထမ္းေနရာမ်ားမွာ စာေရး၊ ယာဥ္ေမာင္း ၅ ၊ စာကူးစက္လွည့္အကူ၊ စက္ေမာင္း ၅ ၊ လုပ္သားသိပၸံခန္း၊ ေက်ာင္းရံုးအကူ၊ သန္႔ရွင္းေရး အကူ၊ လုပ္သားဥယ်ာဥ္ႏွင့္အေထြေထြလုပ္သားမ်ားတို႔ျဖစ္ၿပီး ဘူးသီးေတာင္ၿမိဳ႕နယ္တြင္ လုပ္သားသိပၸံခန္းႏွင့္ လုပ္သားဥယ်ာဥ္တို႔မွာ ေနရာလြတ္မရွိေၾကာင္းလည္း သတင္းရရွိသည္။

Development Media Group
https://www.facebook.com/DevelopmentNJ
..............


ဖေဖော်ဝါရီ ၂၉

ဘူးသီးတောင်မြို့နယ် ပညာရေးဌာန၌ ဝန်ထမ်းများခန့်ထားနိုင်ရန် လျှောက်လွှာခေါ်ယူရာတွင် ငွေသောင်းချီပေးဆောင်ရကာ လျှောက်လွှာများကို ထောင်နှင့်ချီပြီး ထုတ်ပေးခဲ့ရကြောင်း သိရသည်။

အဆိုပါဝန်ထမ်းခေါ်ယူရာတွင် ဘူးသီးတောင်မြို့နယ်အတွင်း ဝန်ထမ်း ရ ဦးသာ ခန့်ထားရန်ဖြစ်သော်လည်း လူထောင်နှင့်ချီ၍ လျှောက်လွှာတင်ခဲ့ကြကာ လျှောက်လွှာထုတ်ယူစဉ်က ငွေမပေးရသော်လည်း လျှောက်လွှာတင်သည့် အချိန်တွင်ငွေ ၂၀၀၀ ကျပ်အား ပေးဆောင်ခဲ့ရပြီး လေဘာလုပ်ရန် အချိန်မရသည့်အတွက် လေဘာလုပ်ပေးမည်ဟုဆိုကာ ငွေ ၁၀၀၀၀ ကျပ်ကိုလည်း ပေးဆောင်ခဲ့ရကြောင်း စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သူများထံမှသိရသည်။

“ ကျမတို့ လျှောက်လွှာတင်တော့ လေဘာက စစ်တွေကိုသွားလုပ်ရမယ်။ အချိန်မမီတော့ဘူး။ ဒီတော့ သူတို့လုပ်ပေးမယ််ဆိုတဲ့အတွက် ငွေ ၁၀၀၀၀ ကိုပေးခဲ့ရတယ်။ နောက် လျှောက်လွှာတင်တော့မှ ၂၀၀၀ ပေးခဲ့ရတယ်။ ကျမတို့က မောင်တောမှာ ဖြေဆိုရတာဖြစ်တယ်။ အားလုံးတော့ ငွေ ၃၀၀၀၀ လောက်ကိုကုန်ကျခဲ့တယ်။ ”ဟု ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာမှ စာရေးဝန်ထမ်းနေရာကို ဝင်ရောက်ဖြေဆိုခဲ့သူတစ်ဦးကပြောသည်။

ယခုကဲ့သို့ ပညာရေးဌာနမှတာဝန်ခံပြီး ငွေတောင်းယူကာ လေဘာပြုလုပ်ပေးမည်ဟုဆိုသည်မှာ ပွင့်လင့်မြင်သာမှုမရှိဘဲ လူထောင်နှင့်ချီလျှောက်ထားကြသည့်အလုပ်အတွက် ခန့်အပ်မည့်သူအရေအတွက်နှင့်နှိုင်းယှဉ်ပါက မလုပ်သင့်သည့်အလုပ်တစ်ခုဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကပြောသည်။

“ ကျနော်တို့ကြားရတာကတော့ လောလောဆယ်မှာ အနီးကပ်ဖြစ်နေတဲ့အတွက်ကြောင့် လေဘာကိုဘယ်သူမှ သွားမလုပ်နိုင်ကြဘူး။ အဲဒါကြောင့် လေဘာလုပ်ပေးမယ်ဆိုပြီး ငွေတစ်သောင်းစီ လက်ခံကြောင်းကြားပါတယ်။ ပြီးတော့ အခုလိုလက်ခံပြီးနောက်ပိုင်း အဲဒီအထဲက ရ၅ ရာခိုင်နှုန်းလောက်ကို ခန့်ပေးမယ်ဆိုရင်တော့ ကောင်းမယ်။ အခုက လူတစ်ထောင်လျှောက်လွှာတင်တဲ့အထဲက လူ ရ ဦးကိုသာခန့်အပ်မယ်ဆိုတော့ ဒါဟာလျှောက်လွှာကိုလည်း အကန့်အသတ်နဲ့ပဲ ခေါ်သင့်တယ်လို့ထင်တယ်။ ” ဟု ဦးထွန်းအောင်သိန်း ကဆိုသည်။

ယင်းအကြောင်းအရာနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ပညာရေးမှူးမှ ငွေမကောက်ခံရန် ညွန်ကြားထားပြီး လေဘာဆိုသည်မှာလည်း မိမိိတို့ဌာနနှင့် မသက်ဆိုင်ကြောင်းလည်း ပြည်နယ်ပညာရေးကြားရေးမှူးဦးလှစိန်ထွန်းက ဆိုသည်။
“ လူတစ်ရာလျှောက်ရင် လေဘာတစ်ရာပါရပါမယ်။ ခန့်မဲ့သူက တစ်ယောက်ပဲဖြစ်ဖြစ်ပေါ့။ ကျနော်တို့အနေနဲ့ကတော့ ဒီလိုမလုပ်နဲလို့ပြောပြီးသားဖြစ်တယ်။ ဒီတော့ ဒီကိစ္စကို တကယ်လုပ်တယ် မလုပ်ဘူးဆိုတာကို စုံစမ်းသွားမယ်။ ” ဟု ပြည်နယ်ပညာရေးမှူး ဦးလှစိန်ထွန်းက ပြောကြားသည်။

အဆိုပါစာမေးပွဲကို ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ကဖြေဆိုခဲ့ကြပြီး ခေါ်ယူခဲ့သည့်ဝန်ထမ်းနေရာများမှာ စာရေး၊ ယာဉ်မောင်း ၅ ၊ စာကူးစက်လှည့်အကူ၊ စက်မောင်း ၅ ၊ လုပ်သားသိပ္ပံခန်း၊ ကျောင်းရုံးအကူ၊ သန့်ရှင်းရေး အကူ၊ လုပ်သားဥယျာဉ်နှင့်အထွေထွေလုပ်သားများတို့ဖြစ်ပြီး ဘူးသီးတောင်မြို့နယ်တွင် လုပ်သားသိပ္ပံခန်းနှင့် လုပ်သားဥယျာဉ်တို့မှာ နေရာလွတ်မရှိကြောင်းလည်း သတင်းရရှိသည်။

Development Media Group
https://www.facebook.com/DevelopmentNJ

No comments:

Post a Comment